အဝတ်လျှော်ရာမှာ အရမ်းအသုံးတည့်တဲ့ ရှာလကာရည် အနံ့ဆိုးတွေ အစွန်းအထင်းတွေကို ဖယ်ရှားရှင်းလင်းပေးနိုင်တဲ့ အစွမ်းရှိပါတယ်။ ရှာလကာရည်ကို အဝတ်လျှော်တဲ့ အခါ အသုံးပြုပေးရင် ရလာမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို brightside မှာ အခုလိုဖော်ပြထားပါတယ်။ – တောက်ပလာစေ အဝတ်အစားအဖြူတွေ ကြာလာတော့ ညစ်ထေးလာတယ်ဆိုရင် ရှာလကာရည် သုံးပြီး လျှော်ကြည့်ပါ။ ရှာလကာရည်သုံးစိမ်တာပဲ ဖြစ်ဖြစ်၊အဝတ် လျှော်စက်ထဲကို ရှာလကာရည် ထည့်လျှော် ဖြစ်ဖြစ် လုပ်ကြည့်ပါ။ ညစ်ထေးနေတာတွေကို ဖယ်ရှားပြီး တောက်ပ လာစေမှာပါ။ -အနံ့ဆိုးတွေကို ဖယ်ရှားပေး အဝတ်အစားတွေကို ဝတ်ပါများရင် ချွေးနံ့တွေ စွဲကပ်နေတတ်ပါတယ်။ အဲဒီလို အခါမျိုးတွေမှာလည်း ရှာလကာရည်ကို သုံးပေးလို့ရပါတယ်။ ရှာလကာရည်နဲ့ ရေ ကို အချိုးကျ အညီအမျှ ရောပြီး နံနေတဲ့ အဝတ်အစားကို မိနစ် […]
Author: Achawlaymyar
သင့်အကြောင်းကို တစ်စုံတစ်ဦးကတွေးနေပြီဆိုရင် ခံစားရမယ့်နိမိတ်များ
သင့်အကြောင်းကို တစ်စုံတစ်ဦးကတွေးနေပြီဆိုရင် ခံစားရမယ့်နိမိတ်များ တစ်စုံတစ်ယောက်က သင့်အကြောင်းတွေးနေတာကို သိနိုင်မယ်ထင်လား? သိရောသိချင်လား? ခုပြောပြမယ့် အချက်တွေကသင့်အကြောင်းကို တစ်ယောက်ယောက်ကေတွးနေတဲ့အခါ သင့်မှာ ခံစားနေရမယ့် လက္ခဏာတွေဖြစ်ပါတယ်။ သင့်အကြောင်းတွေးတယ်ဆိုတာမှာ သင့်ကိုချစ်လို့ဖြစ်စေ မုန်းလို့ဖြစ်စေတွေးနေနိုင်ပါတယ်။ တကယ်လို့သင့်ကို ရန်ပြုဖို့ထိတွေးနေတယ်ဆိုရင် ဒီအချက်လေးတွေကိုသိထားတော့သင်သတိထားနိုင်တာပေါ့.ကဲ..ဘယ်လိုတွေခံစားရမလဲ ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်.. နှာချေခြင်း ဒီယုံကြည်မှုကတော့ အာရှနိုင်ငံတွေမှာအမြစ်တွယ်နေတဲ့ ယုံကြည်မှုလေးပါနော်..တစ်စုံတစ်ဦးကသင့်အကြောင်းတွေးနေတဲ့အခါ သင့်နှာခေါင်းဟာယားယံစပြုလာပြီးမကြာခင်ထပ်ခါထပ်ခါနှာချေမှုကိုဖြစ်စေလိမ့်မယ်တဲ့။ ဒါကနေမကောင်းတဲ့ အချိန်အတွက်တော့အကျုံးမဝင်ပါဘူးနော်။ အအေးပတ်တာလည်း မရှိ နှာခေါင်းယားယံလောက်အောင် ရှုရှိုက်စရာလည်းမရှိပဲ အသားလွတ်ကြီးနှာတွေထချနေရင်တော့တစ်စုံတစ်ဦးရဲ့ အတွေးဗဟိုမှာသင်ရောက်နေပြီလို့ဆိုပါတယ်။ သူတို့ဘာကိုတွေးနေလဲဆိုတာ ထပ်ပြောရမယ်ဆိုရင်၂ ခါနှာချေတာဟာ တစ်စုံတစ်ဦးက သင့်မကောင်းကြောင်းပြောနေပြီ ဆိုတာပါပဲ။ ၃ ခါနဲ့အထက်နှာချေတာကတော့ သင့်ကောင်းကြောင်းတွေကိုတွေးနေတယ်လို့ဖော်ပြပါတယ်။ ဒါမှမဟုတ်တစ်စုံတစ်ယောက်က သင့်ကိလွမ်းနေပြီး သင့်ကိုချစ်နေတယ်လို့ဆိုပါတယ်။ အဲ့ဒီလူကဘယ်သူလဲဆိုတာကို ခန့်မှန်းတဲ့နည်းလမ်းလေးကိုလည်းပြောပြဦးမယ်နော်.. ရိုးရာအစဉ်အလာနည်းလေးအရဆို သင့်ဘေးကလူတစ်ယောက်ယောက်ကို သူကြိုက်တဲ့ဏန်း၃လုံးပါတဲ့နံပါတ်တစ်ခုကိုပေးဖို့ပြောပါ ဒါကို အခြေခံထားပြီးတွက်ချက်ရင် သင့်အကြောင်းကိုတွေးနေတဲ့သူကို ခန့်မှန်းလို့ရနိုင်ပါတယ်တဲ့..ဘယ်လို တွက်ချက်မလဲဆိုတော့သင့်ကို […]
သားကနှစ်နဲ့ချီစွန့်ပစ်ခြံတဲ့ အဘွားအိုကိုခေါ်ယူပြီး နားကြားကိရိယာလေး တပ်ပေးခဲ့တဲ့ ပရဟိတသမားများ
သားကနှစ်နဲ့ချီစွန့်ပစ်ခြံတဲ့ အဘွားအိုကိုခေါ်ယူပြီး နားကြားကိရိယာလေး တပ်ပေးခဲ့တဲ့ ပရဟိတသမားများ ယခုလိုကိုဗစ်ကပ်ရောဂါတွေကြောင့် စီးပွားရေးမပြေလည်တဲ့ အချိန်ကာလကြီးမှာ မြန်မာပြည်သူတွေဟာ ဒုက္ခတွေရောက်ပြီး အခက်အခဲတွေများစွာကို ရင်ဆိုင်နေရပါတယ်။ ပရဟိတသမားတွေ၊အဆင်ပြေတဲ့လူတွေကလည်း စားဝတ်နေရေး အဆင်မပြေကြတဲ့ ပြည်သူတွေကို သူတို့တတ်နိုင်သလောက် ကူညီမှုတွေ ပြုလုပ်ပေးနေကြပါတယ်။ မော်လမြိုင်မြို့က အသက် (၇၀) အရွယ်ရှိ အဘွားအိုတစ်ဦးဟာ ချွေးမဖြစ်သူနဲ့မတည့်တာကြောင့် သားဖြစ်သူရဲ့ နှစ်နဲ့ချီစွန့်ပစ်ခြင်းကို ခံထားရပါတယ်။ အဆိုပါအဘွားအိုတစ်ဦးဟာ ပြိုကျလုနီးပါးဖြစ်နေတဲ့ လိုင်းခန်းလေးမှာ တစ်ယောက်တည်းနေထိုင်နေရတာ ဖြစ်ပြီး စားဝတ်နေရေးအခက်အခဲကို ရင်ဆိုင်နေရတာပဲ ဖြစ်ပါတယ်။ယခုမှာတော့ ပရဟိတသမားတွေက ဒုက္ခရောက်နေတဲ့ အဆိုပါ အဘွားအိုကို မြဆည်းဆာဘိုးဘွားရိပ်သာဆီ သွားရောက်ခေါ်ဆောင်လာခဲ့ပြီး ပြုစုစောင့်ရှောက်ပေးထားခဲ့ပါတယ်။ သားဖြစ်သူရဲ့ စွန့်ပစ်ခြင်းကို ခံထားရတဲ့ အဆိုပါအဘွားအိုဟာ အကြားအာရုံချို့တဲ့နေတဲ့ ဝေဒနာကို ခံစားနေရတာပဲ ဖြစ်ပါတယ်။ နားသိပ်မကြားတဲ့ အဆိုပါအဘွားအိုအတွက် ပရဟိတသမားတွေက နားကြားကိရိယာ( […]
ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူတွေ သတင်း လူမူကွန်ရက်မှာ ပျံ့နှံ့နေ
Electrical Engineering ဘွဲ့ကို အသက် ၉ နှစ်နဲ့ ရရှိတော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေး
HomenewsElectrical Engineering ဘွဲ့ကို အသက် ၉ နှစ်နဲ့ ရရှိတော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေး Electrical Engineering ဘွဲ့ကို အသက် ၉ နှစ်နဲ့ ရရှိတော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေး တစ်ခါတရံမှာ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေက နယ်ပယ် တစ်ခုမှာ ပုံမှန်ထက် ထူးချွန်နေ တတ်ပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်လာပြီး “ငါ့ဘဝကြီးမှာ ဘာတွေ လုပ်ပြီးပြီလဲ ” လို့ တွေးမိတတ် ပါတယ်။ ဒါပေမယ့် လူတိုင်းက သူတို့ ကျင်လည်ရာ နယ်ပယ်မှာ အောင်မြင်အောင် ကြိုးစားတယ် ဆိုတာကိုတော့ လက်ခံရ မှာပါ။ ကိုယ့်မှာလည်း သူ မတူတဲ့ အရည်အချင်း တစ်ရပ်က အမြဲတမ်း […]
လမ်းဘေးတွင် စမတ်ကျကျဝတ်စားပြီး သခင်ဖြစ်သူကို စျေးရောင်းကူခဲ့သော ချစ်စဖွယ် ခွေးလေး
ခွေးလေးများသည် လူသားတို့ဆီကနေ အချစ်ခံရဆုံးနှင့် အနီးကပ်ဆုံးနေရသော တိရစ္ဆာန်လေးဖြစ်ပြီး သခင်ဖြစ်သူအပေါ် သစ္စာရှိသည့်အပြင် အလိုက်တသိလည်း နေထိုင်တတ်သည်။ သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ Xiaopiဟုအမည်ပေးထားသော အသက် ၇နှစ်အရွယ် အိမ်မွေးခွေးလေးတစ်ကောင်သည် သခင်ဖြစ်သူအား လမ်းမပေါ်ထွက်၍ စျေးရောင်းကူခြင်းဖြင့် အများဧ။်အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။ ခွေးလေးသည် ရာသီအလိုက်ပေါ်သော သီးနှံတို့ကိုရောင်းချခြင်းဖြင့် ထိုသီးနှံတို့နှင့်အတူ ဝတ်စားဆင်ယင်ထားကာ ချစ်စရာကောင်းသော အသွင်အပြင်တို့ကြောင့် ရောင်းအားလည်း မြှင့်တက်လာခဲ့သည်။ ခွေးလေးသည် စျေးရောင်းကောင်းသော နေ့တွင် မျက်နှာမှာ ရွှင်လန်းနေပြီး စျေးမရောင်းရသည့်နေ့ဆိုရင် တမှိုင်မှိုင်တထွေထွေနှင့် မျက်နှာလေးငြိုးငယ်နေတတ်သည်။ ခွေးလေးဧ။် စျေးရောင်းကူနေသော ပုံရိပ်လေးမှာ ဖြတ်သွားဖြတ်လာသူများမှ ပုံများရိုက်ကြပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့ကြခြင်းဖြင့် တိရစ္ဆာန်ချစ်တတ်သူများဧ။် နှလုံးသားကို အရည်ပျော်စေခဲ့သည်။ Hlaing (Love Feeling) Zawgyi လမ်းဘေးတွင် စမတ်ကျကျဝတ်စားပြီး သခင်ဖြစ်သူကို ဈေးရောင်းကူခဲ့သော […]
ယနေ့ညမုံရွာမြို့ရှိ မြန်မာဘီယာရုံး ပေါက်ကွဲ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စစ်အုပ်စုပိုင် မြန်မာဘီယာရုံးကို ယနေ့ စက်တင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုပြုလုပ်ကြောင်း သံမဏိနှင့် အဖွဲ့သားများ – MPDF ကိုယ်စားပြုအဖွဲ့က ပြောသည်။ မုံရွာမြို့နှင့် မြို့နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေသည့် မြန်မာဘီယာရုံးသည် အာဏာသိမ်း စစ်ကောင်စီ၏ ထောက်တိုင်တစ်ခုဖြစ်သည့်အတွက် ဗုံးဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က ဆိုသည်။ “စစ်ကောင်စီရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ Myanmar Beer ရုံးကို သံမဏိတပ်ဖွဲ့ ဖောက်ခွဲပညာရှင် ခွန်ဆာတို့အဖွဲ့မှ ဖောက်ခွဲသတိပေးခဲ့ပါတယ်” ဟု သံမဏိနှင့် အဖွဲ့သားများ – MPDF ကိုယ်စားပြုအဖွဲ့က အသိပေးထုတ်ပြန်ထားသည်။ ထိုဗုံးပေါက်ကွဲမှုကြောင့် ရုံးဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။ […]
နေအိမ်အများအပြား ပြိုကျပျက်စီးခဲ့ရတဲ့ တရုတ်နိုင်ငံက ဆိုးဆိုးဝါးဝါး မြေငလျင်လှုပ်ခတ်မှု ရုပ်သံ
တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ ဒီကနေ့ စတင်ဘာလ(၁၆)ရက် မနက်အစောပိုင်းက အားပြင်းတဲ့ မြေငလျင်တစ်ခု လှုပ်ခတ် ခဲ့ရာ လူနှစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတကာ သတင်းများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ စီချွမ်ပြည်နယ်၊ လျူရှန်စီရင်စုမှာ (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး ပြင်းအား (၆.၀) အဆင့်ရှိ မြေငလျင်လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မြေငလျင် လှုပ်ခတ်မှုကြောင့် လူ(၂)ဦး သေဆုံးပြီး လူ(၅၃) ဦး ဒဏ်ရာရရှိခဲ့သလို လူနေအိမ် (၂၂ )လုံး ပြိုကျပျက်စီးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး ထောင်နှင့်ချီတဲ့ပြည်သူများနဲ့ အဆက်အသွယ် ပြတ်တောက် ခဲ့ရကြောင်း သိရပါတယ်။ ဒါ့အပြင် အဆိုပါ စီချွမ်ပြည်နယ်က အိမ်ထောင်စု (၆၂၀၀၀)ခန့် ပေးဝေတဲ့ ဓာတ်အားလိုင်းများလည်း […]
ဒေါ်အောင်ဆန်းစုကြည် အဖြစ်နဲ့ သရုပ်ဆောင်ခွင့် ထပ်ရချင်တယ်လို့ ပြောလာတဲ့ မီရှယ်ယို
Zawgyi ကမ္ဘာကျော်သ ရုပ်ဆောင်မ င်းသမီး မီရှယ်လ်ယိုက သူ့အနေနဲ့ အခွင့်အရေး ရခဲ့မယ်ဆိုရင် မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် ထပ်မံ သရုပ်ဆောင်ခွင့် ရလိုကြောင်း အသိပေး လိုက်ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝ အစိတ်အပိုင်းတချို့ကို ပုံဖော်ထားတဲ့ The Lady ဇာတ်ကားမှာ ဒေါ်အောင်ဆန်းစုကြည်အ ဖြစ် မီရှယ်လ်ယိုကသရုပ်ဆောင်ခဲ့ဖူးပြီး ၂၀၁၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အဲ့ဒီဇာတ်ကားဟာ အာရှတိုက် အပါအဝင် ကမ္ဘာတလွှားမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပါတယ်။ အသက် ၅၉ နှစ်အရွယ်ရှိ နေပြီဖြစ်တဲ့ မီရှယ်လ်ယိုက လက်ရှိအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရတဲ့ ဘဝဖြတ်သန်းမှုတွေကို တစ်နေ့နေ့ တစ်ချိန်ချိန်မှာရုပ်ရှင်ရိုက်ကူး ခဲ့မယ်ဆိုရင် သူမအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြစ် ထပ်ပြီး သရုပ်ဆောင်ခွင့် ရနိုင်ဖို့ကို အရမ်းပဲ လိုလားမိတယ်လို့ […]
တိုင်းမ်မဂ္ဂဇင်းက ရွေးချယ်ဖော်ပြတဲ့ ကမ္ဘာ့သြဇာအရှိဆုံးစာရင်းမှာ ပါဝင်လာတဲ့ မြန်မာအမျိုးသမီးသုံးဦးထဲက တစ်ဦးဖြစ်တဲ့ ဒေါ်မီမီအောင် ဆိုတာ
အင်္ဂါဂြိုဟ်မှာ သက်ရှိတွေရှိခဲ့လား၊ ဒါကို စူးစမ်းဖို့ ကြိုးစားနေတဲ့ မြန်မာ အမျိုးသမီးကို သိလား။ နာဆာက မြန်မာ အမျိုးသမီး အာကာသ သိပ္ပံပညာရှင် – အင်္ဂါဂြိုဟ်ပေါ် ပထမဆုံးပျံမယ့်ယာဉ်ရဲ့ ပဲ့ကိုင်ရှင် အကြောင်း။ အမေရိကန် အာကာသစူးစမ်းလေ့လာရေး အေဂျင်စီ NASA ရဲ့ ထိပ်တန်း အာကာသ သိပ္ပံပညာရှင် တစ်ဦး ဖြစ်တဲ့ မြန်မာ နွယ်ဖွား ဒေါ်မီမီအောင်ဟာ Mars လို့ ခေါ်တဲ့ အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ်မှာ အဓိက ကျတဲ့ အာကာသ ရဟတ်ယာဉ်ငယ်ကို ဒီဇိုင်းဆွဲထုတ်လုပ်သူ ဖြစ်သလို ဒီ စီမံကိန်းကို ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ ကလေး ဘဝမှာ တခြား ဂြိုဟ်တွေမှာရော သက်ရှိတွေ များ ရှိနိုင်မလား ဆိုတဲ့ […]