သင်သိပါသလား? ဆန်ပြုတ်ဆိုတာ စားဖို့ပဲမဟုတ်ဘူး စကွင်းကဲလို့လည်း ရတယ်ဆိုတာ…ဒီတစ်ပါတ်ရဲ့ topic ကတော့ “ဆန်နဲ့ မျက်နှာပေါင်းတင်နည်း (သို့) မျက်နှာလိမ်းတဲ့ cream လုပ်နည်း”ပါရှင့်…စိတ်ဝင်စားစရာ အိမ်တွင်းနည်းလမ်းလေးမို့ Ireneကိုယ်တိုင်လည်း လုပ်ကြည့်ရင်း အဆင်ပြေတာကြောင့် အခုလို ပြန်လည် sharing လုပ်ပေးရခြင်းဖြစ်ပါတယ်ဆန်ကတော့ အားလုံးသိတဲ့အတိုင်း အသားအရေအတွက် အင်မတန်အာနိသင်ရှိတဲ့ သဘာဝထွက်ကုန်တစ်ခုပါပဲ… ! အဓိကအားဖြင့်…မျက်နှာတင်းရင်းစေခြင်း၊နုပျိုစေခြင်း၊အရေးအကြောင်းများ ပျောက်ကင်းစေခြင်း၊အသားအရေကို ပြန်လည်ကျန်းမာစေခြင်း၊အရေဓာတ်ဖြည့်ပေးခြင်း၊နေလောင်အကွက်များ၊ အမဲစက်များ ကို ပျောက်ကင်းစေနိုင်ခြင်း စသည့် ဂုဏ်သတ္တိများစွာ ပါဝင်ပါတယ် ပြုလုပ်ပုံလေးကို ကြည့်လိုက်ရအောင်နော်ဆန် လက်တစ်ဆုပ်စာကို ရေဖြင့် ၁ နာရီခန့်စိမ်ထားပါ (ဘက်တီးရီးယားနှင့် ဖုန်မှုန့်များ ထွက်သွားစေရန် ရည်ရွယ်ပါတယ်)ဆေးပြီးသောဆန်ကို ရေသန့်ဖြင့် ဆန်ပြုတ်အနေအထားဖြစ်သည်အထိ (ပျော့လာသည်အထိ) ပြုတ်ပါပျော့ပြဲလာသောဆန်ပြုတ်ကို ယူပြီး ဇကာထဲထည့်ကာ အပေါ်မှ ဇွန်းဖြင့် ဖိညှစ်ပေးပါ (အောက်က […]
Author: Achawlaymyar
ခဏ သေကြည့်ပါ အရှင် ဆန္ဒာဓိက ( ရွှေပါရမီတောရ)
ခဏ သေကြည့်ပါ အရှင် ဆန္ဒာဓိက ( ရွှေပါရမီတောရ) ညအိပ်ခါနီး အချိန်ကို တစ်ကယ်သေခါနီး အချိန်လို ့သဘောထားပြီး ကုသိုလ်အာရုံ စွဲမြဲအောင်အလေးအနက်ထား ကြိုးစားကြ ရပါမယ်။ ကုသိုလ် အာရုံက ဒါန အာရုံ သီလ အာရုံ သမထ အာရုံ ဝိပဿနာအာရုံ လို့လေးမျိုး ရှိပါတယ်။ ဒါနအာရုံအနေနဲ့ ဒီနေ့ ဒီအချိန်အထိ ဘဝ တစ်သက်တာ မှာပြုခဲ့တဲ့ ကောင်းမှုတွေထဲက ကိုယ်အနှစ်သက်ဆုံး ကိုယ်ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု တစ်ခုခုကို အာရုံပြု ရပါမယ်။ အဲဒီဒါနဟာ ငွေကြေးအကုန်အကျ အနည်းအများ နဲ့မဆိုင် ပါဘူး။ အကုန်အကျများတိုင်း အကျိုးပေးထက်သန် တာ မဟုတ် ပါဘူး။ ပီတိ အားကောင်းမှ အကျိုးပေး ထက်သန် […]
သင့် ကလေး ၁၈ နှစ်ပြည့်တာနဲ့ သင်ပေးပြီးသားဖြစ်ရမယ့် အချက် (၄) ချက်
၁၈ နှစ်ပြည့်ပြီဆိုတဲ့အခါ မဲပေးလို့ရပါပြီ။ တရားဝင်လက်ထပ်ထိမ်းမြားလို့ရပါပြီ။ စစ်မှုထမ်းလို့ရပါပြီ။ ဆိုလိုတာကတော့ ၁၈ နှစ်ပြည့်ပြီဆိုတာနဲ့ လူတစ်ယောက်ဟာ သူ့ကိုယ်သူ တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ၁၈ နှစ်ပြည့်တဲ့ သင့်ကလေးကို သင်ပေးပြီးသားဖြစ်ရမယ့် အချက်တွေ ရှိပါတယ် ၁ – ငွေကြေး စီမံခန့်ခွဲမှု တချို့မိဘတွေဟာ ငွေကြေးကို ထိထိရောက်ရောက်သုံးစွဲပုံကို သင်ကြားပေးရာမှာ အလွန်ပါးနပ်ပါတယ်။ သင်ကြားပေးလို့ပေးမှန်းမသိအောင် ကလေးမှာ အကျင့်ဖြစ်သွားပါတယ်။ အသက် ၁၈ နှစ်ရောက်လာတဲ့ အခါ သင့်ကလေးဟာ ငွေကြေးကို ကိုယ်ပိုင် စီမံခန့်ခွဲရတော့မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အလုပ်ရှိလာတာ၊ ရပ်ဝေးမှာ ကျောင်းတက်တာကစလို့ မိဘတွေ မပါဘဲ ခရီးထွက်တာတွေ ရှိလာမှာဖြစ်ပြီး ငွေကြေးကို ကိုယ်တိုင် သုံးစွဲရတော့မှာ ဖြစ်ပါတယ်။ ဒီ့အတွက် ငွေကြေးကို စီမံခန့်ခွဲနိုင်စွမ်း ရှိရမှာ […]
မျက်နှာကိုကြည့်ရုံ နဲ့ ချမ်းသာကြွယ်ဝသူတစ်ယောက် ဖြစ်လာနိုင်ချေ ရှိ မ ရှိ သိနိုင်မယ့် နည်းလမ်းများ
Zaw Gyi အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် မျက်နှာ ကိုကြည့် ရုံ နဲ့ ချမ်းသာကြွယ်ဝ သူ တစ်ယောက် ဖြစ်လာနို င်ချေ ရှိ မ ရှိ သိနို င်မ ယ့် နည်းလမ်းများ လူတစ်ယောက်ရဲ့ မျက်နှာကိုကြည့်ရုံနဲ့ သူ့အကြောင်း ကို အတိအကျပြောနိုင်တဲ့ ရုပ်လက္ခဏာကိုဖတ်တဲ့ ပညာမျိုးဆို တာ အံ့သြဖို့ကောင်းတဲ့ပညာတစ်မျိုးဖြစ်ပါတယ် ရုပ်ရည်သွင်ပြင်က ကံကကြမ္မာကို မသတ်မှတ်နိုင်ပေမယ့် ဘာတြွေ ဖစ်လာ နိုင်သလဲဆိုတာကိုတော့ အနီးစပ်ဆုံးခန့်မှန်းနိုင်ပါတယ် ဒါကြောင့် တရုတ် ရိုးရာရုပ်လက္ခဏာဖတ်ပညာအရ လူချမ်းသာ တစ်ယောက်ဖြစ်လာနိုင်ချေများတဲ့သူတစ်ယောက်ရဲ့ ရုပ်လက္ခဏာတွေကိုဖော်ပြပေးလိုက်ပါတယ် (၁) နှစ်ဖက်ညီညာတဲ့ မျက်နှာအချိုးအစား မျက်နှာအချိုးအစား နှစ်ဖက်ညီညာနေတာ မျိုးက ရှားပါတယ်။ တကယ်လို့ အဲ့ဒီလိုမျက်နှာမျိုး ရှိခဲ့ရင် သူမတူအောင်ချမ်း […]
နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိပြီဖြစ်သော ဘယ်လောက်မိုးရွှာရွှာ ရေးမလျှံတဲ့ ရန်ကုန်မြို့ရဲ့ နာမည်ကြီး ဗားကရာချောက်ရဲ့ လူမသိသေးသော သမိုင်းကြောင်း
Zaw Gyi အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီ ဖြစ်သော ရန်ကုန် ဗားကရာချောက်ရဲ့ လူမသိကြသေးသော သမိုင်းကြောင်း ဗားကရာ ဆိုတဲ့အမည်ဟာ “ဘာ့က်ရ်” မွန်အမည်က ဆင်းသက်လာတာဖြစ်ပြီး ခရာတော ဆူးခြုံတောပေါက်ရာ ချောက် ဟု အဓိပ္ပါယ် ရပါတယ်။ ကြည့်မြင်တိုင် နဲ့ စမ်းချောင်း မြို့နယ် အစပ် ဗားကရာချောက်ဝန်းကျင်ဟာ ခရာပင်တွေ၊ ဆူးခြုံတွေ၊ ဒီရောက်ပင်တွေ ပေါက်ရောက်ရာ ဒီရေ အတက်အကျ ရှိခဲ့တဲ့ နေရာကြီးပါ။ ကုန်းဘောင်ခေတ် မြန်မာဘုရင်တွေ အုပ်ချုပ်စဉ်ကအထိ တကယ့် စိမ့်ကြီးမြိုင်ကြီးတွေနဲ့။ ခံတပ်မြို့တောင် လုပ်ခဲ့သေးဆိုပဲ။ အဲ့ဒီတုန်းကတော့ အလောင်း မင်းတရား အုပ်ချုပ်နယ်အဖြစ် ရွှေတိဂုံကို မူတည်သတ်မှတ်ရာမှာ “အနောက်တောရကြီး” လို့ […]
မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ
“ မှတ်ပုံတင် ပျောက်ဆုံးသွားခဲ့လျှင် ငွေတပြားတစ်ကျပ်မှ မကုန်ဘဲ အခုနည်းအတိုင်း ပြန်လျှောက်လိုက်ပါ ” “မှတ်ပုံတင်ပျောက်ရင် ဒီနည်းအတိုင်းသာလုပ်ကြည့် (၁) မှတ်ပုံတင်ပျောက်ပြီး ပြန်မရနိုင်ဘူးဆိုတာနဲ့ ဘာမှဆက်လုပ်မနေပါနဲ့။ တစ်နေရာကိုပဲသွားပါ။ အဲဒါက ကိုယ်နေထိုင်ရာမြို့နယ်ရဲ့လဝကရုံးဖြစ်ပါတယ်။ ညနေစောင်းနေလည်းရုံးမပိတ်သေးဘူးဆိုရင် အမြန်ဆုံးနည်းနဲ့သာသွားပါလေ။ (၂) လဝက ရုံးကိုရောက်တာနဲ့ မှတ်ပုံတင်ပျောက်တဲ့အကြောင်းအကျိုး အကြောင်းပြောပြီး သူတို့ပေးတဲ့ ဖောင်နှစ်စောင် (ထွေ ၄ ဖောင်လို့ခေါ်ပါတယ်) ကို ၅၀၀ ပေးပြီးဝယ်ခဲ့ပါ။ကိုယ်နေထိုင်ရာမြို့နယ်နဲ့သက် ဆိုင်တဲ့ဝန်ထမ်းက ကိုယ့်ကိုအသေးစိတ်လုပ်ပေးပါတယ်။ (၃) လဝကရုံးကပေးလိုက်တဲ့ဖောင်နှစ်စောင်မှာ တစ်စောင်က ဆွေစဉ်မျိုးဆက်ဇယား (အဘိုး၊ အဘွား အထိပဲပါပါတယ်) ဖြစ်ပြီး နောက်တစ်စောင်က ကိုယ်ရေးအချက်အလက်ဖြည့်စွက်ရတာဖြစ်ပါတယ်။ နှစ် စောင်တည်းမို့ အရမ်းမများပါဘူး။ အဲဒါဖြည့်ပြီးရင်တော့ သန်းခေါင်စာရင်းနဲ့အတူ ရပ်ကွက်ရုံးကိုသွားပြီး ထောက်ခံချက်ယူရပါ တယ်။ ရပ်ကွက်ထောက်ခံစာယူသလိုပါပဲ။ (၄) နောက်တစ်နေ့မှာတော့ […]
အပြင်သွားတော့မယ်ဆိုရင် သင့်ဖုန်းကို ဒါတွေပြင်ဆင်ထားပါအဓိကကတော့ဖုန်းစစ်တာပါ
ဒီနေ့ညီမတို့ကားသုံးခါတိတိအစစ်ခံရပါတယ် မြေနီကုန်းမှာတစ်ခါ မရမ်းကုန်း Mercedes Showroom နားမှာတစ်ခါ ၈မိုင်ကုန်းကျော်တံတားဆင်းဆင်းချင်းနားမှာတစ်ခါပါ စစ်တဲ့ထဲမှာတော့မြေနီကုန်းမှာစစ်တာကအင်အားအများဆုံးပါ မြေနီကုန်းမှာစစ်တော့ညီမတို့ကားရဲ့အရှေ့ကကားမှာ ကားပစ္စည်းတွေဖြစ်တဲ့သံတုတ်တွေသံချိုက်တွေပါတော့ အဲ့ပစ္စည်းတွေကိုအကုန်Platform ပေါ်ပစ်တင်ပြီး “ဘာလို့အဲ့ပစ္စည်းတွေယူလာလဲ” လို့မေးပါတယ် ကားမောင်းသမားရောပါလာတဲ့သူတွေကိုပါ ကားပေါ်ကဆင်းခိုင်းပါတယ် သူတို့ကိုပေးမသွားသေးဘဲ ညီမတို့ကားကိုထပ်စစ်ပါတယ် နောက်ဖုံးတွေအကုန်ဖွင့်ပေးရပါတယ် ရှိသမျှချောင်ကြိုချောင်ကြားမကျန်အသေးစိတ်စစ်ပါတယ် အဓိကကတော့ဖုန်းပါစစ်တာပါ ‼️ညီမတို့ကားမှာဘာသံတုတ်မှလည်းမပါဘူး ဖုန်းတွေစစ်တာကလည်းအဆင်ပြေတာဖြစ်တဲ့အတွက်ပေးသွားပါတယ် ညီမတို့အရှေ့ကကားကတော့ ညီမတို့သွားတာတောင်ပေးမသွားပါဘူး ဖုန်းစစ်တာကတော့ Gallery ရယ် Facebook ရယ်ကိုအဓိကထားပြီးစစ်ပါတယ် (အဲ့တော့ကိုယ့်ဖုန်းထဲမှာ Twitter အတွက်ပုံsaveထားတာပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ပတ်သက်တဲ့ပုံတွေsaveထားရင် Hideထားပါ ဖျက်ထားပါ) ပြီးရင် Facebook account နောက်တစ်ခုပြင်ဆင်ပြီးမှ အပြင်သွားပေးကြပါ ❗️ အဲ့တော့အပြင်သွားတော့မယ်ဆိုရင် – ကိုယ်ယူသွားမယ့်ဖုန်းကိုဖျက်သင့်တာဖျက်ပြီးသေချာလေးပြင်ဆင်ပြီးမှသွားပါ (ဖုန်းစစ်တဲ့နေရာမှာဘာerrorမှတက်သွားလို့မဖြစ်ပါဘူး ဖုန်းကအန္တရာယ်များလို့ပါ မပါဘူးလို့ငြင်းလည်းဒဏ်ငွေပါ ဘယ်လိုနည်းနဲ့မှပေးစရာအကြောင်းမရှိပါဘူး) – ကားထဲမှာလည်းသစ်သားတုတ်သံတုတ်နဲ့ လူကိုအန္တရာယ်ဖြစ်စေနိုင်မယ့်ပစ္စည်းတွေကိုကားပေါ်ကထုတ်ထားပေးကြပါ (ကားပစ္စည်းလို့လည်းငြင်းမရဘဲဆွဲထားတာပါ) – ကားမောင်းတဲ့သူရော […]
“ရိက္ခာပြတ်လတ်လုနီးပါးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆိုက်ကား ဆရာ တစ်ဦး ရေးတဲ့ စာ “
ရိက္ခာပြတ်လတ်လုနီးပါးဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ဆိုက်ကား ဆရာ တစ်ဦး ရေးတဲ့ စာ ” ဆိုက်ကားဆရာရေးသားထားတဲ့စာလေးကအောက်ဆုံးမှာပါ ငွေကြေးနှင့် ရိက္ခာ စစ်ကောင်စီထံမှ မယူချင်၍ ရှေ့နေအဖွဲ့ထံ ဒေါ်အောင်ဆန်းစုကြည် တောင်းခံ အာဏာသိမ်း စစ်ကောင်စီ၏ အကူအညီကို မလိုချင်၍ စားဝတ်နေရေးအတွက် အသုံးလိုသော ငွေကြေးနှင့် ရိက္ခာများကို ထောက်ပံ့ပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ ထံသို့ တတ်နိုင်ပါက ကူညီပေးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တောင်းခံခဲ့ကြောင်း သိရသည်။ “နှစ်ပတ်တခါ လိုအပ်တာတွေ ဝယ်ရတာ ရှိတယ်။ လက်ထဲမှာလည်း ငွေသား က မကျန်တော့ဘူး။ မကျန်တော့တဲ့အခါကျတော့ ဖြစ်နိုင်ရင် ရှေ့နေတွေက တဆင့်ပဲ လုပ်ပေးပါလို့ တောင်းဆိုပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦး ဖြစ်သူ ဒေါ်မင်းမင်းစိုးက ပြောသည်။ ယနေ့ […]
သစ်ပင်အောက်မှာ တစ်ယောက်တည်း ထမင်းထိုင်စားနေတဲ့ ကျောင်းသားငယ်လေးရဲ့စိတ်မကောင်းစရာ ဖြစ်ရပ်
ကလေးတွေအတွက် ကျောင်း နေ့လည်စာလေး ကောင်းနေရင် သူတို့စိတ်ထဲအလိုလိုပျော်ပါတယ်။ အရသာရှိတဲ့ နေ့လည်စာဟာကလေးတိုင်းအတွက်တော့မဟုတ်ဘူး။ ပိုက်ဆံရှိသားသမီးတွေအတွက် နေ့လည်စာကောင်းကို စားသုံးနိုင်ပေမယ့် နေ့လည်စာအတွက်တောင် မတတ်နိုင်တဲ့ ကလေးတွေဟာသိမ်ငယ်ရပါတယ်။ ဖေ့စ်ဘွတ်သုံးစွဲသူ Jennifer Bahaghari Paje ရဲ့ပို့စ်မှာ ကျောင်းသားငယ်လေးတစ်ဦး သစ်ပင်အောက်မှာတစ်ယောက် ထမင်းစားနေတာတွေ့ရပါတယ်။ ပိုပြီး စိတ်မကောင်းစရာကောင်းတာက ကလေးစားတဲ့ ထမင်းချိုင့်မှာ ဟင်းကောင်းကောင်းတစ်ခုမှ မပါတာပါပဲ။သူ့မှာ သူငယ်ချင်းမရှိလို့ သစ်ပင်အောက်မှာ ဒီလိုလာစားနေရတာဖြစ်ပါတယ်။ ဒီကျောင်းသားဟာ ဖိလစ်ပိုင်နိုင်ငံရှိ Butuan မြို့က မူလတန်းကျောင်းမှဖြစ်ပြီး သူ့ရဲ့ထမင်းဘူးကြောင့် အခြား ကျောင်းသားတွေနဲ့ထမင်းအတူစားရမှာရှက်တယ်တဲ့။ လူလူချင်း အတူတူ ဒီလိုမျိုး အစားသောက်ကြောင့် ခွဲခြားဆက်ဆံရတာမျိုးမလိုလားတဲ့အတွက် အခုပို့စ်ကို Jenniferက တင်ရတာဖြစ်ပါတယ်။ ဒီကလေးမှာလည်း အခြားကလေးတွေနဲ့ သူငယ်ချင်းတွေဖြစ်ပိုင်ခွင့်ရှိသလို ၊ ကစားနိုင်မှာပေါ့။ ဟင်းမကောင်းရင်တောင် အနည်းဆုံး ကလေးဘဝကိုတော့ သူပျော်ပျော်ပါးပါးဖြတ်သန်းသင့်တယ်။ […]
ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက်
ကိုယ့်ကိုယ်ကို တန်ဖိုးထား ချစ်မြတ်နိုးတဲ့ အမျိုးသမီးတိုင်း လိုက်နာသင့်တဲ့ အချက် (၁၀) ချက် ကိုယ့်ကိုယ်ကို ချစ်မြတ်နိုးဖို့ဆိုတာ သိပ်ကို အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။ လူပေါင်းစုံရှိတဲ့ လောကကြီးမှာ ကိုယ့်ကိုယ်ကိုလောက် ကိုယ့်ကို ချစ်မယ့်သူ ထပ်ရှိဖို့ဆိုတာ မသေချာပါဘူး။ ကိုယ့်ရဲ့အစစအရာရာကို ကိုယ်ကမှ မချစ်ရင် တခြားသူ ချစ်လာဖို့ကို မျှော်လင့်ကြည့်မယ်ဆိုရင် ဒါက အဓိပ္ပာယ် မရှိတဲ့ အချက်ပါပဲ။ ကိုယ့်ကိုယ်ကို တန်ဖိုးထားတယ်၊ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် အချက်တွေက မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ် (၁) ကျန်းမာရေးကို ဂရုစိုက်ပါ ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဘာပဲ ဖြစ်ချင်ဖြစ်ချင် ကျန်းမာရေးကောင်းဖို့က နံပါတ်(၁) မို့ ကိုယ့်ကိုယ်ကို ချစ်တယ်ဆိုရင် ကျန်းမာရေးကောင်းအောင် […]









