ယောက်ျားလေးတွေ တကယ်ချစ်တဲ့ မိန်းကလေးကိုပဲ လုပ်ပေးလေ့ရှိတဲ့ အရာ (၅)ခု အမှန်တကယ် ရူးရူးမူးမူး ချစ်မိပြီဆို ချစ်သူအတွက် ဘာပဲလုပ်ပေးရ လုပ်ပေးရဆိုတဲ့ ခံယူချက်မျိုးတွေအထိ ရှိလာကြ တာ ယောက်ျားလေးရော မိန်းကလေးရော အတူတူပါပဲ။ အခုတော့ ယောက်ျားလေးတွေ ရှုထောင့်ကနေ ယောက်ျားလေးတွေအနေနဲ့ သူတို့တကယ်ချစ်တဲ့ သူကိုပဲ လုပ်ပေးလေ့ရှိတဲ့ အရာလေးတွေကို စုစည်းဖော်ပြ ပေးလိုက်ပါတယ်… ချစ်သူစကားကို နားထောင်တယ် ယောက်ျားလေးတွေ တကယ်ချစ်ပြီဆို သူတို့ချစ်ရတဲ့သူ၊ ချစ်သူရဲ့စကားကို သေချာ နားထောင်တယ်၊ အဆုံးစွန်အထိ လိုက်လျောတယ်။ သူတို့ဆီကနေ သင့်အတွက် အကောင်းဆုံး အကြံဉာဏ်တွေ ရယူနိုင်တယ်… အလေးထား ဆွေးနွေးတယ် သင်နဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ၊ သင်ရင်ဖွင့်တဲ့ အကြောင်းအရာတွေကို အလေးထား ဆွေးနွေးတယ်။သင့်အတွက် အကောင်းဆုံး အဖြေတစ်ခု ရဖို့ ကူညီ […]
Author: Achawlaymyar
အေးချမ်းချင်ရင် တစ်ယောက်တည်းနေ အများကြီးမျှော်လင့်မထားနဲ့
အဖော်ဆိုတာ အမြဲတမ်းလိုအပ်လားဆိုတဲ့မေးခွန်းကို ကျွန်တော်မကြာခဏ ကိုယ့်ကိုယ်ကိုယ်မေးဖြစ်တယ် ကိုယ့်ကို သောကတွေပေးမယ့် အဖော်ဆိုရင် မလိုအပ်တာ မလိုချင်တာ အကောင်းဆုံးပါပဲ ကိုယ့်အပေါ် နားလည်မှုမရှိတဲ့ Relationship တစ်ခုကို ဆက်ပြီး ဖက်တွယ်ထားတာထက်စာရင် တစ်ယောက်တည်းနေတာ ပိုကောင်းလိမ့်မယ်လို့ ကိုယ့်ကိုမြင်တယ် ကိုယ်အများကြီး မျှော်လင့်ခဲ့ဖူးသလို အများကြီးလဲ နာကျင်ခဲ့ရပြီးပါပြီ ။ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်အပေါ် မျှော်လင့်နေရခြင်းတွေ စောင့်ဆိုင်းနေရခြင်းတွေဟာ တကယ်တော့ သိပ်ကို ပင်ပန်းစေပါတယ် လွယ်လွယ်လေးပြောလိုက်တာတွေကအစ နင့်နေအောင်ခံစားပြီး မျှော်လင့်စောင့်ဆိုင်းနေရတာမျိုးက ကိုယ့်ကို တန်ဖိုးတွေပဲ ကျစေသလိုလို သိမ်ငယ်သလိုလို အမျိုးမျိုးပါပဲ ကိုယ့်အနားမှာ ရပ်ပြီး တခြားရင်ဘတ်ကို တမ်းတနေတဲ့ လူတစ်ယောက်ကိုလဲ အလိုမရှိဘူး သစ္စာတရားကို စာလုံးတေင်မပေါင်းတတ်တဲ့ လူတစ်ယောက်လဲ မလိုချင်ဘူး ကိုယ်က သာမန်ထက်ပိုပြီး အစွဲအလမ်းကြီးတတ်သလို သာမန်ထက်ပိုပြီးလဲ မျှော်လင့်တတ်ခဲ့ပါတယ် အဲ့တာတွေကြောင့် ကိုယ့်ကိုယ်ကိုယ်ဆင်ခြင်ပါတယ် […]
ယောကျာ်းလေးတွေ သူ့ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံး စကား
ယောကျာ်းလေးတွေ သူ့ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံး စကား ယောကျာ်းလေးတွေ ကိုယ့်ချစ်သူဆီက အမျှော်လင့်ဆုံး အကြားချင်ဆုံး စကား အကြောင်းပါ။ ဒီလို စကားလေးတွေပြောပေးပြီး ချစ်ခြင်းမေတ္တာရဲ့ ခိုင်မြဲ တဲ့နှောင်ကြိုးတွေ တည်ဆောက်နိုင် ကြပါစေနော် ချစ်သူဖြစ် သွားတယ် ဆိုပီး ချစ်တယ် ဆိုတဲ့ စကားကို ပစ်မထား လိုက် ရဘူးနော်။ ကိုယ့်ချစ်သူက ကိုယ့်ကို ချစ်တယ်လို့ ဝန်ခံပြောဆို လိုက်ရင် ဘယ်လောက် အသဲမာတဲ့ ကောင်ပဲဖြစ်ဖြစ် အရည်ပျော် ရတော့တာ ပါပဲ။ ယောကျာ်းတွေက အဲ့ဒီ စကားလေးကို သိပ်ကြား ချင်ကြတာ။ ဒီစကားလေးက ဖက်တာ နမ်းတာထက် ပိုလေးနက်တဲ့ ဆက်ဆံရေးကို တည်ဆောက် နိုင်ပါ တယ်နော် ဒီစကားလေးက ကိုယ့်ချစ်သူက ကိုယ့်ကို […]
အမျိုးသမီးတစ်ယောက် ရဲ့ တန်ဖိုးကိုအိမ်ထောင် ရှိခြင်း၊ မရှိခြင်းနဲ့သိပ် ကို ဆုံးဖြတ်ကြတာပါပဲ
အိမ်ထောင်မကျသေးတဲ့ အပျိုကြီးတွေဆိုရင်ပဲ လှောင်စရာ၊ ပြောင်စရာ အဖြစ် မှတ်ယူထားသူ ကများတတ် ပါတယ် ။ယူမယ့်သူမရှိလို့ပဲ အပျိုကြီးဖြစ်နေရ သလိုလို၊ အားနည်းချက် တစ်ခုခု ကြောင့် လိုလို၊အပျိုကြီးတွေကပဲ ပစိပစပ်သိပ်များနေ သလိုလို၊ အထင်သေး တတ်ကြပါတယ် ။ တကယ်တော့လောကမှာ တစ်ယောက်ထဲ ရပ်တည်နိုင်နေတာကိုက ဂုဏ်ယူစရာ ပါပဲ အိမ်ထောင်ဘက် သေဆုံးသွားတဲ့ မိန်ကလေးများ ကို ဆိုရင်လည်း အနေအထိုင် သိပ် ဆင်ခြင်ကြရတယ်။ သားမရှိဘဲ သမီးတွေနဲ့ပဲ ကျန်ရစ်တဲ့ မိသားစုဆို ပိုဆိုး တတ်ပါတယ်။ ပါတ်ဝန်းကျင်ကို သိပ်ဂရုထားရပြီ။ သမီးတွေကို အရမ်းသွန်သင်ရပြီ။ ပါတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကို အခံရဆုံးကအိမ်ထောင်ကွဲသွားရတဲ့ အမျိုးသမီးတွေပါပဲ။ ရပ်ကွက်ထဲက ယောကျာ်းတွေကအထင်သေး သလိုလို မိန်းမတွေကလည်း အချင်းချင်းနစ်နစ်နာနာ ပြောချင်ကြတယ်။ ယောကျာ်းတစ်ယောက်ယောက် နဲ့ […]
အချစ်ရေးမှာ ကံကောင်းသူတွေသာ ဒီလိုအချစ်ခံရတာပါ
အချစ်ရေးမှာ ကံကောင်းသူတွေသာ ဒီလိုအချစ်ခံရတာပါ ချစ်သူတိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ပုံချင်း၊ ဂရုစိုက်ပုံချင်းတူကြမှာမဟုတ်ပါဘူး။ တချို့ကျတော့ ချစ်တာကို သက်သေမပြတတ်ဘူး ၊ ဒါပေမယ့် အရမ်းချစ်တယ်။ တချို့ကျတော့ ချစ်သလောက် လုပ်ပေးတတ်တယ်။ သင့်ချစ်သူက သင့်ကို အချက်တွေနဲ့ ကိုက်ညီနေအောင် လုပ်ပေးနေပြီးဆိုရင်တော့ သင့်အချစ်ရေးမှာ ကံကောင်းသူလေးဖြစ်နေပါပြီ။ ၁။ သူက သင့်အတွက် တံခါးဖွင့်ပေးတယ်။ သင့်ထက် တံခါးဆီကို အရင်ပြေးသွားပြီး ဖွင့်ပေးတယ်။ ၂။ သူ သင့်အကြောင်းကိုပဲတွေးနေတယ်ဆိုတာ သက်သေပြချင်လို့ သင့်ကြိုက်တဲ့အရာလေးတွေကို ဝယ်ပေးတယ်။ ၃။ သူ့သူငယ်ချင်းတွေကို သင်ဆိုးတယ်ဆိုတဲ့အကြောင်းတွေကို ပြောခဲတယ်။ ၄။ သူ့မှာ အရေးကြီးကိစ္စရှိနေလို့ နောက်မှဖုန်းခေါ်မယ်ပြောပြီးရင် ပြီးတာနဲ့ သင့်ဆီကို ချက်ချင်းဖုန်းပြန်ဆက်တယ်။ ၅။ သင်ကတောင် တောင်းဆိုစရာမလိုဘဲနဲ့ သင့်အကြိုက်ကို သိနေတယ်။ ၆။ သင်ခံစားနေရတာတွေကို နှစ်သိမ့်ပေးတယ်။ […]
တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံး ဆန်မှုန့်မျက်နှာဖုံး
တင်းတိပ်အတွက် ဆန်မှုန့်မျက်နှာဖုံး တင်းတိပ်၊နေလောင်၊ အမဲစက် အမာရွတ်အတွက် အကောင်းဆုံးနည်းတခုကတော ဆန်မှုန့်မျက်နှာဖုံးဖြစ်ပါတယ်။ ဒီနည်းက နေပူထဲအထွက်များသူတွေမှာ အထူးကောင်းမွန်ပြီး တင်းတိပ်တွေ၊အမဲစက်တွေကို သိသိသာသာ သက်သာစေတယ်။ အခုလို ဆောင်းတွင်း ကာလတွေမှာ ကောင်းတယ်။ နေ့စဉ်ပြုလုပ်ရုံနဲ့ ကြည်လင်တောက်ပပြီး တင်းရင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ပြုလုပ်နည်း • ဆန်မှုန့် ထမင်းစားဇွန်း(၂) ဇွန်း • ဒိန်ချဉ် ထမင်းစားဇွန်း (၂) ဇွန်း • သံပုရာသီး (၁) စိတ် • နနွင်း လက်တဆိတ် ဆန်မှုန့်နဲ့ နနွင်း အနည်းငယ်ကို ရောပြီး ဒိန်ချဉ်နဲ့ သံပုရာသီး တစ်စိတ်ကို အရည်ညှစ်ပြီး ရောထည့်ပါ။ ရလာတဲ့ အရေပျစ်ပျစ်ကို မျက်နှာပေါ်လိမ်းပါ။ပြီးရင် နာရီဝက်ထားပြီး ကြက်သီးနွေးရည်နဲ့ မျက်နှာ […]
အမျိူးသမီးတိုင်းမပေါ့ဆသင့်တဲ့ သား အိမ်ခေါင်းကင်ဆာ ဖြစ်တော့မယ်ဆိုတာသိနိုင်တဲ့ ရှေးပြေလက္ခဏာ ၄ ရပ်…
အမျိုးသမီးတိုင်းမပေါ့ဆသင့်တဲ့ သား အိမ်ခေါင်းကင်ဆာ ဖြစ်တော့မယ်ဆိုတာသိနိုင်တဲ့ ရှေးပြေလက္ခဏာ ၄ ရပ် ရင်သားကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊ သားအိမ်ကင်ဆာ စသဖြင့် ရောဂါတွေကြောင့်အ မျိုးသမီးတွေမှာ သေဆုံးမှု များပြားလျက်ရှိပါတယ် ။ယခုလို အဖြစ်များတဲ့ ရောဂါတွေထဲကသားအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာ (၄)ခုကိုဖော်ပြပေးချင်ပါတယ် သားအိမ်ကင်ဆာဟာ အသက် ၃၀ နှင့် ၄၀ အရွယ်တွေမှာ အဖြစ်များလေ့ရှိကြပါတယ် ။ကြိုတင်သိရှိထားခြင်းဖြင့် အချိန်မှီကုသနိုင်မှာပါ ။ ၁ ။ ဗိုက်ပူလာခြင်း – မိမိရဲ့ ဝမ်းဗိုက်ဟာ သာမန်မဟုတ်ဘဲ တဖြေးဖြေးပူဖောင်းလာတယ်ဆိုလျှင်တော့ ဒါဟာ သားအိမ်ကင်ဆာအကျိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ၂။ ဝမ်းဗိုက်အောက်ပိုင်းနှင့် တင်ပဆုံ နာကျင်ခြင်း – ရက်သတ္တပါတ် ၃ပါတ်ခန့်ကြာအောင် ဒီလိုနာကျင်နေခြင်းဟာ သားအိမ်ကင်ဆာရဲ့ လက္ခဏာဖြစ်နေနိုင်ပါတယ် ။ အမျိုးသမီးများသွေးဆုံးချိန်တွင် […]
ဒီလိုနေ့တွေမှာ ဆံပင်ညှပ်ပါက လာဘ်တိတ်စေတတ်သည်
(ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ) အိမ်ထောင်ရေးဖောက်ပြန်ခြင်း
(ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ) အိမ်ထောင်ရေးဖောက်ပြန်ခြင်း အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်။ ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကိုရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။ အတိုင်ပင်ခံ – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။ အမျိုးသား – ဟုတ်ပါတယ်။ အတိုင်ပင်ခံ – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။ အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာကျမလား။ အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။ ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။ အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။ အတိုင်ပင်ခံ – ဒါဆို သူက […]
သစ္စာဖောက်မှာကြောက်ပြီး လူတစ်ယောက်ကိုသွားမချုပ်ချယ်နဲ့ မရဘူး
သစ္စာဖောက်မှာကြောက်ပြီး လူတစ်ယောက်ကိုသွားမချုပ်ချယ်နဲ့ မရဘူး သစ္စာဖောက်မှာကြောက်ပြီး လူတစ်ယောက်ကိုသွားမချုပ်ချယ်နဲ့ မရဘူး …. ပုံမှန် သစ္စာရှိတဲ့သူတောင် ချုပ်ချယ်လွန်းရင် ထွက်ပြေးချင်စိတ်ပေါက်လာမယ် … သစ္စာဖောက်နေပါတယ်လို့လည်း အလကားနေ သွားစွပ်စွဲမနေနဲ့ … သူ့ဘာသာသူ အေးဆေးနေတဲ့သူက ကိုယ်ပြောမှ မထူးဇာတ်ခင်းပြီး အရွဲ့တိုက်သွားလိမ့်မယ် …. လွှတ်ပေးထားလိုက် သစ္စာရှိချင်တဲ့သူကို ဘယ်သူကမှ လာဆွဲဆောင်လို့မရသလို သစ္စာဖောက်ချင်တဲ့သူကို လျှာဖြတ်ထားရင်တောင် မျက်လုံးနဲ့ ကြာလိုက်ပစ်ချင် ပစ်နေမှာ … တစ်ကယ်ထွက်သွားချင်တဲ့သူက အကြောင်းပြချက်ကိုရှာနေမှာပဲ ထောင်ထဲထည့်ထားသလိုပေါ့ ထောင်ဖောက်ပြေးဖို့နဲ့ လွတ်မယ့်နေ့ရောက်ဖို့လောက်ပဲစောင့်နေမှာ … ထွက်သွားချင်တဲ့သူက အေးဆေးလမ်းလျှောက်ထွက်သွားပေမယ့် မသွားပါနဲ့လို့ နောက်ကဖက်ထားတဲ့သူက ကြာတော့ လက်ညောင်းပြီး ပင်ပန်းလာတာပဲ အဖက်တင်မယ် … သံသယတွေထားရင် မယုံကြည်ဘူးပြောပြီး ထွက်သွားမှာပဲ … ယုံကြည်ပြီး လွှတ်ထားကြည့် ယုံကြည်မှုကိုအလွဲသုံးစားလုပ်ပြီးထွက်သွားလိမ့်မယ် …. […]