ဈေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက် ၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။ ၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။ ၃။ စကားချိုချိုသာသာ ဈေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။ ၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။ ၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ဈေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။ ၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။ ၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက္ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး […]
Author: Achawlaymyar
ပိုးဟပ်တွေမလာအောင် ရိုးရှင်းလွယ်ကူတကယ်ထိရောက်တဲ့ ပိုးဟပ်ရှင်းနည်းဆယ်မျိုး
ပိုးဟပ်တွေမလာအောင် ရိုးရှင်းလွယ်ကူ တကယ်ထိရောက်တဲ့ ပိုးဟပ်ရှင်းနည်းဆယ်မျိုး အိမ်တွေရဲ့ အိပ်ခန်းထဲ၊ မီးဖိုချောင်ထဲ၊ ရေချိုးခန်းထဲမှာ ကိုယ့်ရှေ့ပြေးလွှားနေတဲ့ ပိုးဟပ်တွေ မြင်ရင် ရွံတတ်ကြသလို အချို့ကလည်း ကြောက်ကြပါတယ်။ပိုးဟပ်ချေးအနံ့ဟာ ဆိုးဝါးလှပြီး နေရာတကာ တွေ့နိုင်ပါတယ်။ ပိုးဟပ်တွေဟာ ရောဂါပိုးတွေနဲ့ဗက်တီးရီးယားတွေကို သယ် ဆောင်ဖြန့်ချိနိုင်သလို လူတွေနဲ့အိမ်မွေးတိရစ္ဆာန်တွေကိုလည်းဓာတ်မတည့်တာတွေဖြစ်စေနိုင်တဲ့အတွက်အိမ်မှာရှိတဲ့ပိုးဟပ်ပြေးအောင်လုပ်နည်းလေးတွေကိုအခုလိုပဲဖော်ပြပေးလိုက်ပါတယ် စိတ်ပျက်စရာကောင်းလှတဲ့ ပိုးဟပ်ရန်ကနေ ကင်းဝေးအောင်လုပ်လို့ရတဲ့နည်းလမ်းတွေတော့- (၁)သခွားသီးကိုလှီးထားပြီး ပိုးဟပ်တွေလှုပ်ရှားမှုများတဲ့ နေရာထောင့်တွေမှာချထားလိုက်ပါ။ သခွားသီးက ထွက်တဲ့ အနံ့တစ်မျိုးကို ပိုးဟပ်တွေမကြိုက်ပါဘူး။ရိုးရှင်းပြီးလွယ်ကူတဲ့နည်းပါ။ လူတွေနဲ့ ပိုးဟပ်ကြားမှာ တံတိုင်းအဖြစ်ကာကွယ်ပေးပါတယ်။စမ်းကြည့်ကြပါစို့။ (၂)နောက်တစ်နည်းကတော့ တမာဆီအနည်းငယ်နဲ့ ရေတစ်ခွက်ရောပါ။အနံ့မရှိသလောက်နည်းတဲ့ ဆပ်ပြာရည်နည်းနည်းထည့်ပါ။ပိုးဟပ်တွေ လာတတ်တဲ့ နေရာတွေကိုဖြန်းထားပေးပါ။သူကတော့ အနံ့ အနည်းငယ် ရှိပါတယ်။တမာဆီကတော့ပရဆေးဆိုင်တွေနဲ့ဆေးဆိုင်တွေမှာမေးဝယ်လို့ရပါတယ်။ (၃)ဘောရက်ပေါင်ဒါမှုန့်နဲ့ သကြား–ဘောရက်မှုန့်သုံးဆနဲ့သကြားတစ်ဆရောပြီး ပိုးဟပ်တွေရှိတဲ့နေရာမှာပုံထားလိုက်ရင် မနက်မိုးလင်းတဲ့အခါ ပိုးဟပ်တွေသေနေတာတွေ့ရမှာပါ။အိမ်မှာကလေးနဲ့ အိမ်မွေးတိရစ္ဆာန်ရှိရင်တော့ဒီနည်းသုံးဖို့ မသင့်တော်ပါဘူး။ (၄)တောရှောက်ခါးဆီ–ပိုးဟပ်ပြေးစေတဲ့ သဘာဝဆေးတစ်မျိုးဖြစ်ပြီး တောရှောက်ခါးဆီနဲ့ရေအနည်းငယ်ရောပြီး ဖျန်းလိုက်တာနဲ့ပိုးဟပ်တွေပြေးမှာသေချာပါ […]
အမောလည်းပျောက် အားလည်းရှိ ချောင်းဆိုးသွေးပါပန်းနာရင်ကြပ် တီဗီပျောက်ဆေးနည်း
အမောလည်းပျောက် အားလည်းရှိ ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ် တီဗီပျောက်ဆေးနည်း အမောလည်းပျောက် အားလည်းရှိမယ့် ကြက်ဥနဲ့ကြက်သွန်ဖြူ ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ် တီဗီပျောက်ဆေးနည်း ကြက်ဥနဲ့ကြက်သွန်ဖြူ ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ် TBပျောက်ဆေးနည်း လက်တွေ့ပျောက်ကင်းလို့စေတနာရှေ့ထားဆေးနည်းလေးပေးလိုက်ပါတယ်။ ကျွန်တော့်အမေလက်တွေ့ပါ။ချောင်းကတဟွတ်ဟွတ်သွေးစလေးတွေပါ ပါသေးတယ်။. မောလိုက်တာကလည်းဖိုထိုးနေတဲ့အတိုင်းပါပဲ။အသားရည်ကလည်းညိုညစ်ညစ်မခံစားနိုင်ဘူးပေါ့။ ကံကောင်းချင်တော့ မိတ်ဆွေတစ်ယောက်ဆီက ဆေးမီးတိုနဲ့ ရောဂါအမြစ်ပြတ်ပျောက်ကင်းခဲ့ပါတယ်။ ဆေးနည်းမှာ_အိမ်မွေးကြက်ဥ တစ်လုံးထက်ခြမ်းခွဲ ပန်းကန်တလုံးထဲထည့်။ ကြက်ဥအခွံတစ်ခြမ်းဖြင့်နှမ်းဆီစစ်စစ်ထည့် ၊ ကြက်သွန်ဖြူ တစ်လုံးအခွံနွာပါးပါးလှီးဖြူးထည့်။ ဒန်အိုးထဲရေအနည်းငယ်ထည့်အောက်မီးနှင့်ကြက်ဥကိုပေါင်း၊ ခဏနေကျက်ပြီ တစ်နေ့သုံးကြိမ်စားပေးခြင်းဖြင့် အမြစ်ပြတ်ပျောက်ကင်းကြောင်း သတင်းကောင်းပါးလိုက်ပါသည်။ ဘယ်လောက်ကြာအောင် စားရမလည်းဆိုတာကတော့ ရောဂါ အနု၊ အရင့်ပေါ်မူတညိပါသည်။ အကုန်အကျသက်သာ၍ လွယ်ကူသောနည်းလမ်းလေးမို့ ဤရောဂါခံစားနေရသူတိုင်း လက်တွေ့အသုံးချခြင်းဖြင့် မုချပျောက်ကင်းနိုငါကြပါစေ…..။ မေတ္တာဖြင့်….JujuLwin အမောလည်းပျောက် အားလည်းရှိ ချောင်းဆိုးသွေးပါ ပန်းနာရင်ကြပ် တီဗီပျောက်ဆေးနည်း အမောလည်းပျောက် အားလည်းရှိမယ့် ကြက်ဥနဲ့ကြက်သွန်ဖြူ… ချောင်းဆိုးသွေးပါ […]
အဆိပ်အားလုံးရဲ့ဖြေဆေး မြွေဆိပ်နိူင်တဲ့ ဟင်းငုတ်ပင် (ခ) သခွပ်ပွင့်
အဆိပ်အားလုံးရဲ့ဖြေဆေး မြွေဆိပ်နိူင်တဲ့ ဟင်းငုတ်ပင်(ခ)သခွပ်ပွင့် ယောအခေါ် ဟင်းခတ်ပွင့် ဟင်းငုတ်ပင်(ခ)သခွပ်ပင်ကိုဒေသအလိုက် ဟင်းဂုတ်ပင် #ဟင်းခတ်ပင်ဟု ခေါ်ကြသည်။တစ်နိုင်ငံလုံးပေါက်သည်။ နှစ်ရှည်ပင်ကြီး။ပင်စည်တွင် အခေါက် အပွေးမရှိ။ အရွက်အနည်းငယ်ဝိုင်း။အပွင့်အဖြူရောင်။ပဒိုင်းပွင့်နှင့်တူသည်။ တန်ခူးမှဝါဆိုလအထိပွင့်သည်။အသီးမှာသေးသေးရှည်ရှည်။နှစ်ပေခန့်ရှိ။ ဆေးဘက်ဝင်ဝင်ပုံ အခေါက် ၁။ မြွေပွေး။မြွေဟောက်ကိုက်ခံရပါကအခေါက်ကိုအမြန်ဝါးစားလိုက်ပါလျှင် အဆိပ်မရှိတော့ပါ။ငန်းတော်ကျား။ငန်း မြွေ အပါအဝင်ပါ။ (မြွေပွေးနှင်မြွေဟောက်သာအကိုက်ခံသူရှိ၍ဦးစားပေးဖေါ်ပြရခြင်းပါ) ၂။ အဆိပ်ရှိ သတ္တဝါလေးများကိုက်လျှင်လည်းအခေါက်ဝါးးစားပါ။ ၃။ မျက်စေ့နာပါကအခေါက်သွေးပြီးမျက်လုံးကွင်းလိမ်းပါ။မကျည်းခေါက်လိုအပွေးမရှိ။ ၄။ ကိုယ်လက်ကိုက်ခဲပါက အခေါက်ပြုတ်ရေ ချိုးပါ။ အပွင့် ၁။ ရှေးကတည်းကကလေးတွေကိုရောဂါကင်း။ကိုယ်တွင်းအဆိပ်ကင်းသည်ဆိုကာသုပ်ကျွေးသည် ၂။ အပွင့်ကိုရေနွေးဖျောရုံဖြင့်ကျက်သည်။အခြောက်ဆိုရင်ပြုတ်ရသည်။အခြောက် အရောင်မဲနေသည်မှလွဲ၍အရသာမပြောင်းပါ။ ၃။ ဘီပိုး။စီပိုး ပျောက်သည်ဆိုကာတော်တော်များများအပွင့်သုပ်စားနေကြသည်။ ၄။ဈေးတွင်ဟင်းရွက်တန်း၌ရောင်းချနေကြပါသည်။တို့စားစရာအဖြစ်လည်းသုံးသည်။ အရွက် ၁။ အရွက်နုကိုဟင်းခါးချက်သောက်ကြသည်။ ၂။ ကလေးများရေကျောက်ပေါက်လျှင် အရွက်ပြုတ်တိုက်သည်။ ၃။ တကိုယ်လုံးညောင်းညာကိုက်ခဲလျှင်၄င်း။ကလေးများကျန်းမာရေးအတွက်၄င်း။အရွက်ပြုတ်ရေ ဖြင့်ရေချိုးကြသည်။ ၄။ ဆိတ်ကို မြွေစိမ်းမြီးခြောက်ကိုက်လျှင် ခေါင်းတခုလုံးရောင်။မျက်လုံးပိတ်။ငါးရက်ခန့်ကြာမှကောင်းသော်လည်း အရွက်ကျွေးပါကတရက်နှင့်ပျောက်သည်။ […]
“မိန်းမမာယာ သဲကိုးဖြာ ဘုန်းကြီးအလည်နဲ့ တွေ့သောအခါ ”
မိန်းမမာယာ သဲကိုးဖြာ ဘုန်းကြီးအလည်နဲ့ တွေ့သောအခါ” တစ်ခါတုန်းကဘုန်းကြီးတစ်ပါးဟာ ဆွမ်းခံပျင်းတော့ “နေမကောင်းလို့”၊ “ခေါင်းမူးလို့” ဆိုတာမျိုးနဲ့ အကြောင်းအမျိုး မျိုးပြပြီး ဒကာမအိမ်မှာ မကြာခဏဆွမ်းသွားစားတယ်။ ခဏခဏဆိုတော့ ဒကာမလည်း သဒ္ဓါတရားပျက်လာတာပေါ့။တစ်ရက်တော့ ဘုန်းကြီးက “ဗိုက်နာလို့ဆွမ်းခံ မထွက်နိုင်ဘူး” ဆိုပြီး ဆွမ်းစားရအောင်သွားပြန်တယ်။ ဒီတစ်ခါတော့ ဒကာမက “ဒီဘုန်းကြီးပျင်းကို ဆွမ်းမကပ်ရအောင် ငါ့မာယာနဲ့ ပထုတ်မယ်” လို့ကြိမ်းဝါးပြီး အခုလို ပြောလိုက်တယ်။ “အရှင်ဘုရား။ တပည့်တော်မအိမ်မှာ ဆန်ပြတ်နေလို့ဆွမ်းကပ်စရာမရှိဘူး။ ဒါပေမယ့် တစ်ခြားအိမ်မှာရှိလို့ရှိငြား ထွက်ချေးကြည့်ပါဦးမယ်ဘုရား” ဆိုပြီး ဗန်းကလေးဆွဲထွက်သွားတယ်။ ဘုန်းကြီးကလည်း အလည်ဆိုတော့ “ဒါ ငါ့ကို ညာတာဖြစ်နိုင်တယ်” ဆိုပြီး ဒကာမထွက်အသွားမှာ မီးဖိုချောင်ထဲဝင်ပြီး ထောက်လှမ်းရေးလုပ်တော့တာပေါ့။ အိုးထဲဖွင့်ကြည့်လိုက်တော့ ငကျွဲဆန်တွေ အိုးနဲ့အပြည့်တွေ့ရတယ်။ ပြီးတော့ ဆီ၊ ငါးရံ့ခြောက်ပြား နဲ့ ကြံချောင်းကြီးတစ်ချောင်းကိုတောင် […]
ပေါင် ၃၆၀ လူဝကြီးကနေ ပေါင်၁၆၀ ကျော်အထိ ဝိတ်ကျလာရခြင်းနည်းလမ်းလေး
ကျွန်တော် ခင်မင်လေးစားတန်ဖိုးထားရပါသော၊ ကျွန်တော်အား ခင်မင်ကြသော fbမှ ချစ်ဆုံး friendများ အတွက်ပါ။ ကိုအောင်ရေ တစ်ယောက်ထဲမှ ဟုတ်ရယ်လား မေးကြလွန်းလို့ပါ။ တအား ဝရာကနေ ပိန်ဖို့ မလွယ်သလို… ပိန်ရာကနေ ပြန်မဝဖို့ ထိမ်းရတာ အတော်ခက်ခဲပါတယ်။ ကျွန်တော် အရမ်းဝလာတဲ့ အကြောင်းရင်း စပြောရမယ်ဆိုရင်… ၈၈ အရေးခင်းမှာ သနတ်မှန်တာက စပြီး ပြန်ပြောပြရမှာပါခင်ဗျာ။ ဘာလိုလည်းဆိုတော့… အရင်က တအား ပိန်ပိန်လေးမို့ပါ။ နောက်မှ သွေးတွေ သွင်းရင်း ဝလာစပြုလာရတာမို့ပါ ခင်ဗျာ။ ကျွန်တော် နှိင်ငံရေးမလုပ်ပေမဲ့… ပရဟိတစိတ်နဲ့ သနတ်မှန်တဲ့လူနာတွေ သွား ကယ်ဆယ်ရင်း 20-9-1988 နေ့လည် ၁ နာရီမှာ ပခုက္ကူ မြို အ-လ-က(၁) ကျောင်းရှေ့မှာ ကျွန်တော်အပါဝင် သံဃာတော်များမှ […]
ဆေးဘက်ဝင်မှန်းတော့သိတယ် အဲလောက် အကျိုးကျေးဇူးကြီးမှန်းမသိခဲ့ဘူး.
အဆိပ်အမျိုးမျိုးနှင့် ရောဂါ (၁၈) ပါး ကို ပျောက်ကင်းနိုင်သော ကြောင်လျှာသီး ကြောင်လျှာရွက် ကြောင်လျှာပွင့် ကြောင်လျှာပင် (Indian Trumpet Flower , Raw Material , Oroxylum indicun Vent , Bignoniaceae)။ မြန်မာ့တိုင်ရင်းဆေးပညာ အသစ် တဖန် ပြန်လည် ထွန်းကားပါစေသော်။ ကြောင်လေးပင် မြွေနှင့် အဆိပ်မျိုးမျိုး နိုင်နင်းသော ဆေး ဖော်စပ်ရာ၌ အသုံးပြု ကြောင် တစ်ကောင် ခေါ်သည့် ကြောင်လျှာရွက် (က) ကြောင်လျှာအခေါက်အမှုန့်ပြု ၍ ချင်း(ဂျင်း)ရည် ၊ ပျားရည်တို့နှင့် ရောစပ်လျက် သောက်သော် ပန်းနာ ချောင်းဆိုးရောဂါ ပျောက်၏ (ခ) အခေါက်မှုန့်ကို ရေနွေးတွင် ၂ နာရီခန့်စိမ်၍ စစ်ပြီး […]
27.3.2023 တနင်္လာနေ့ (ယနေ့) ဖြစ်ပေါ်နေသော ကမ္ဘာ့ရွှေဈေး ၊မြန်မာ့ ရွှေဈေး ၊ ဒေါ်လာဈေး ၊စက်သုံးဆီဈေးနှင့် ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းထားများ
ပြည်တွင်းရွှေဈေးနှုန်းများ . . အခေါက်ရွှေရောင်းဈေး = 2925000ကျပ် အခေါက်ရွှေဝယ်ဈေး =2900000ကျပ် ၁၅ ပဲရည်ရောင်းဈေး 2750000 ကျပ် ၁၅ ပဲရည် ဝယ်ဈေး 2700000 ကျပ် YGEA ယနေ့ဈေးကွက်ပိတ်ပါသည်။ ကမ္ဘာရွှေဈေး =1978 US ဒေါ်လာဖြစ်ပါသည်။ စက်သုံးဆီဈေးနှုန်းများ – ရန်ကုန် 92 Ron – 2120 ကျပ် 95 Ron – 2215 ကျပ် Diesel – 2075 ကျပ် Premium diesel – 2155 ကျပ် မန္တလေး 92 Ron – 2170 ကျပ် 95 Ron – 2265 […]
မိန်းမပျိုလေးနှင့် ယုတ်မာသောမြွေ ( သင့်ဘဝအတွက် အချိန် ၁ မိနစ်ပေးဖတ်ပါ )
တစ်ခါတုန်းက ကောင်မလေးတစ်ယောက် သူ့အဘွားအိမ်သွားဖို့ဆိုပြီး လယ်ကန်သင်းရိုးလမ်းအတိုင်း လျှောက်လာနေတုန်း ရှောက နဲအသံကြားတော့ ငုံ့ကြည့်လိုက်တယ် ခြေထောက်နားမှာ မြွေတစ်ကောင်။ မြွေကခလောက်ဆွဲမြွေ အမျိုးအစား အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှမလုပ်ရသေးခင် မြွေကကောင်မလေးကိုပြောပါတယ်။ သူသေရတော့မယ်ထင်တယ်တဲ့ သူအရမ်းလည်းချမ်းနေတယ်တဲ့ ဒီနေရာမှာ အရမ်းအေးတာပဲတဲ့ အခုထိဘာမှလည်း မစားရသေးဘူးတဲ့ ဖြစ်နိုင်ရင်သူ့ကို ကောင်မလေးရဲ့အင်္ကျီထဲထည့်ပြီး ကောင်မလေးနဲ့အတူ ခေါ်သွားပါလားတဲ့လုပ်ရော။ ကောင်မလေးက ပြန်ပြောတယ်မဖြစ်ဘူးမဖြစ်ဘူး နင်ဘာမြွေလဲဆိုတာငါသိတယ် နင်ကခလောက်ဆွဲမြွေ ငါနင့်ကိုခေါ်သွားရင် နင်ငါ့ကိုကိုက်မှာ နင်ကအဆိပ်ပြင်းတယ်။ မြွေကကောင်မလေးပြောတာကို လက်မခံဘူး မကိုက်ဘူးမကိုက်ဘူးစိတ်ချ နင်သာငါ့ကိုကူညီရင် ငါဟာနင့်သူငယ်ချင်းကောင်းပဲ နင့်ကိုငါကောင်းကောင်းမွန်မွန် တကယ်ဆက်ဆံမှာ။ မြွေကဒီလိုပြောလာတော့ ကောင်မလေးတွေသွားတယ် ပြီးတော့ မြွေကိုကြည့်တယ် မြွေကလှလိုက်တာ သူ့အကွက်လေးတွေက ပန်းချီကားတစ်ချပ်လိုပဲ ငါမြင်ဖူးသမျှမြွေတွေထဲမှာ သူအလှဆုံးပဲ။ ကောင်မလေး ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်။ ကောင်းပြီနင့်ကို ငါယုံတယ် နင့်ကိုငါကယ်မယ် ဘယ်လိုသက်ရှိသတ္တဝါမဆို […]
ပြည်သူလူထုကို အကူအညီတောင်းခံလာတဲ့ မိုးမင်းသမီးလေးစုစုစံ
မြန်မာ့စိုက်ပျိုးရေးသမားများ ကျေးဇူးရှင်တောင်သူလယ်သမားများအတွက် ၂၀၂၃ ဧပြီလမှ နိုဝင်ဘာလ အတွင်း မြန်မာနိုင်ငံရဲ့ဒေသအလိုက် ရာသီဥတုဖြစ်ပေါ်နို င်သောအခြေအနေ မိုးဦး မိုးလယ် မိုးနှောင်းဘယ်လိုအခြေအနေရှိနိုင်တယ်ဆိုတာကို weather data အချက်အလက်များစွာဝယ်ယူပြီး အသေးစိတ်စိစစ်တွက်ချက်ခါ နောက်တစ်ပတ် သို့မဟုတ် ၁၀ရက်အတွင်းခန့်မှန်းပေးသွာပါမယ် မင်းဂွတ်သီးလေးရဲ့ ရက်ဝေးရက်နီးခန့်မှန်းချက်များရေရှည်ရပ်တည်နိုင်ရန်အတွက် အောက်ဖော်ပြပါ အကောင့်မှာ စိတ်ချယုံကြည်စွာဖြင့်ထည့်ဝင်ပံပိုးကူညီနိုင်ပါတယ် kay pay U Htun Hla Aung 09792759477 KBZ Bank account 070 301 999 3194 0501 Wave Pay 09792759477 Waveကို Passwordနဲ့မလွှဲပဲ Accountထဲတခါတဲထည့်ပေးပါနော် AYA bank account U Htun Hla Aung 20027701621 AYA pay […]









