(Zawgyi) သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာများ ================================== လူတိုင်းလူတိုင်းမှာ တစ်နေ့တာအတွက် မိမိကြိုက်နှစ်သက်ရာ အစားအစာမျိုးစုံကို မိမိအကြိုက်အပေါ်မှာ မူတည်ပြီး စားသုံးနေကြတဲ့အထဲမှာ မိမိအတွက် ကျန်းမာရေးနဲ့ ကိုက်ညီမျှတတဲ့ အစားအစာတွေ အများကြီးပါဝင်နေကြပါလိမ့်မယ်။ အခုတင်ဆက်ပေးမှာကတော့ သင့်ကို ဆယ်နှစ်စာမက အရွယ်တင်နုပျိုစေမယ့် အစားအစာ ၆ မျိုးကို ပရိသတ်ကြီးအတွက် ကျန်းမာရေး ဗဟုသုတအနေဖြင့် တင်ဆက် မျှဝေပေးလိုက်ပါရစေနော်။ ၁။ ထောပတ်သီး ထောပတ်သီးမှာ လူအတွက်အကျိုးရှိတဲ့အဆီဓာတ်တွေ ပါဝင်နေတာကြောင့် တစ်နေ့တစ်လုံးစားပေးခြင်းဟာ ကိုလက်စထရောကိုကျစေပြီး ကျန်းမာတဲ့ အသားအရည်အလှကိုရရှိစေမှာပါ။ ထောပတ်သီးဖျော်ရည်ကြိုက်တတ်ရင်တော့ သိပ်ကောင်းပါတယ်။ ၂။ ဘယ်ရီသီးများ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီနဲ့ စပျစ်သီးတွေဟာ အယ်ဇိုင်းမားရောဂါ ၊ ဦးနှောက်မှတ်ဉာဏ်ချို့ယွင်းရောဂါတွေကို ကာကွယ်ပေးပြီး အသိစိတ်စွမ်းတိုးတက်ကောင်းမွန်စေဖို့ကိုပါ အထောက်အကူပြုတာပါ။ ၃။ မုန်လာဥနီ […]
Author: Achawlaymyar
လမ်းဘေးခွေး ၃၀၀ ကျော်ကို ၁၄ နှစ်လုံးလုံး တစ်ရက်ငါးသောင်းဖိုး ကုန်ကျခံကျွေးမွေးနေသူ…………..
လမ်းဘေးခွေး(၃၀၀) ကျော်ကို (၁၄)နှစ်လုံးလုံး တစ်ရက် ငါးသောင်းဖိုး ကုန်ကျခံ ကျွေးမွေးနေသူ။ မုံရွာမြို့ နေရာအနှံ့က လမ်းဘေးခွေး အကောင် ၃၀၀ ကျော်ကို ညနေတိုင်း တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးခန့် ထမင်းနဲ့ ကြက်ခေါင်းဟင်းကို နယ်ပြီး မြို့အနှံ့ နေရာစုံ လိုက်လံ ကျွေးမွေးပြီး တိရိစ္ဆာန်များရဲ့ ကျန်းမာရေးကိုပါ စောင့်ရှောက်ပေးနေတဲ့ ဦးခင်မောင်ဆန်း၊ အများကခေါ်ကြတဲ့ ဂျပန်ကြီးဆိုတဲ့ လေးစားဖွယ်ရာ ဦးလေးတစ်ဦးရှိပါတယ်။ သူဟာ အခုလို လမ်းဘေးခွေးများကို နေ့စဉ်နေ့တိုင်း လိုက်လံကျွေးမွေးနေခဲ့တာ တစ်ရက်ကို ငွေ ၅ သောင်းကျပ်ဖိုးနှင့် နှစ်ပေါင်း ၁၄ နှစ်အတွင်းမှာ တစ်ရက်မှ မပျက်ကွက်ခဲ့ဘူးလို့လည်းဆိုပါတယ်။ တစ်ခါတစ်လေ သူနားတဲ့ ရက်တွေမှာဆို သူရဲ့တပည့်ကို ကျွေးခိုင်းတာ ဖြစ်ပြီး အခုလို ကျွေးမွေးရတဲ့ […]
စစ်တွေကပြန်လာတာတဲ့….
စစ်တွေကပြန်လာတာတဲ့…. နေ့လည် ၄နာရီခွဲလောက် ၊ အားလုံးပြိုင်းကုန်ကြပီ ခနတဖြုတ်ကိုယ့်အခန်းကိုယ် အနား ပြန်ယူ အိပ့်သူကအိပ့် (မနက်ကswabယူတဲ့နေ့မို့စောထရတာကိုး) အဲ့ဒီအချိန် ကွာရန်တင်းယူမဲ့၁ယောက်ရောက်လာတယ် ….အားလုံးအလုပ်ရှုပ် ယောက်ယှက်ခပ်ကုန်ကြရော ၊ဘာလို့ဆို သူကသူ့အစီစဉ်နဲ့သူရောက်လာတာ…. ကိုယ်ကတော့ သူ့ကိုစပ်စုလိုက်မိတယ် ။စစ်တွေကပြန်လာတာတဲ့ လမ်းမှာကားနဲ့၁ရက်ကြာတယ်တဲ့….ဇာတိက ဧရာဝတီတိုင်း ကျိုက်ပိကတဲ့ စစ်တွေမှာအလုပ်သွားလုပ်တာတဲ့… သူပြန်လာပီး အနောက်မှာနောက်နေ့ လော့ဒေါင်းတဲ့ သူကလည်းကူးစက်ပိုးကြားကြားချင်း အခြေနေမဆိုးခင်လုပြန်လာရှာတာ ရန်ကုန်အရောက် ဟိုကလော့ဒေါင်းကြေငြာ…. သူ့မိန်းမက ပြန်မလာနဲ့ ရန်ကုန်မှာ ကွာရန်တင်းဝင်ပီးမှ အိမ်ပြန်လာပါတဲ့….တောနေ တောစား တောအလုပ်လုပ်တဲ့ တောသူမ၁ယောက်ရဲ့ အသိစိတ်လေး….. ဘလောက်ချစ်ဖို့ကောင်းသလည်း သူ့ယောက်ကျားကို ကွာရန်တင်းနေဖို့သိသလောက် ဖုန်းနဲ့ပြောပြနေတာရယ်… ကဲ …..ပြောချင်တဲ့လိုရင်းက အခုမှ စမှာ ….. အဝေးပြေးကွင်း ထိုသူရောက်ပါပီ အောင်မင်ဂလာကားကြီးကွင်း သူက ပေါ့စတစ်များနေသည့်အရပ်က ပြန်လာတာ ဒါပေမယ့် […]
လူ ၁၀၀ မှာ ၉၉ ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်း အလွဲများ….
လူ ၁၀၀ မှာ ၉၉ ဦး မှားကြတဲ့ ဖုန်းအားသွင်းနည်း အလွဲများ စာဖတ်သူတွေထဲမှာ နေ့စဉ်ဖုန်းမသုံးတဲ့သူမရှိဘူးလို့ထင်ပါတယ်။ နေ့တိုင်းဖုန်းသုံးကြတဲ့အခါ တစ်နေ့ကိုတစ်ကြိမ်မက ဖုန်းအားသွင်းတတ်ကြပါတယ်။ဖုန်းအားသွင်းတာနဲ့ပတ်သက်လို့ လူတိုင်းလိုလိုလုပ်တတ်ကြတဲ့ အမှားအယွင်းလေတွေကို သတိထားဆင်ခြင်နိုင်ဖို့ ဖော်ပြပေးချင်ပါတယ်။ဖုန်းအားသွင်းကြိုးကို ပလပ်ပေါက်မှာ အမြဲတပ်ထားခြင်းက အခန်းတွင်းစိုထိုင်းဆနဲ့ဓာတ်ပြုပြီး မီးလောင်ခြင်းကိုဖြစ်စေနိုင်လို့ ဖုန်းအား သွင်းပြီးတိုင်း အားသွင်းကြိုး ကိုဖြုတ်ထားပါ။ ဖုန်းအားကို ၁၀၀ ပြည့်တဲ့အထိသွင်းထားတာက အားကုန်ဖို့ပိုလွယ်စေတာကြောင့် ဖုန်းအားသွင်းတဲ့အခါ ၉၈ လောက်ဖြစ်ရင် ဖြုတ်ထားလိုက်ပါ။ဖုန်းအားကုန်ပြီးပိတ်သွားတဲ့အထိသုံးခြင်း၊ ဖုန်းအား ၁၀ အောက်ရောက်မှ အား သွင်းခြင်းက ဖုန်းဘက္ထရီကိုလွယ်လွယ်ပျက်စေပါတယ်။ ဖုန်းအား၂၀အောက်ရောက်တာနဲ့ားပြန်သွင်းတာကဖုန်းဘက္ထရီသက်တမ်းကို ပိုကြာရှည်စေပါတယ်။ဖုန်းကိုတစ်ညလုံးအားသွင်းထားတာက ဖုန်းဘက္ထရီ မြန်မြန်ပျက်အောင်လုပ်နေသလိုပါပဲ ဖုန်းအားသွင်းထားတုန်း ဖုန်းသုံးတာက ဘက္ထရီပေါက်ကွဲခြင်းကိုတောင် ဖြစ်စေနိုင်လို့ လုံးဝမလုပ်သင့်ပါဘူး။ဖုန်းအား ၂၀ အထက်ရှိနေတဲ့အခါ ဖုန်းအားသွင်းတာကလည်း ဖုန်းကို မြန်မြန်ပျက်စေ နိုင်ပါတယ်။ […]
ငွေကြေး ကံကောင်းလာပြီး ဝင်ငွေသိသိသာသာတိုးလာအောင် ဒီအချက်(၅)ချက်ကို မမေ့ပါနဲ့
ငွေကြေးနဲ့ပတ်သက်လို့ကံမကောင်းချင်တဲ့သူ မရှိလောက်ဘူးထင်ပါတယ်။ ကိုယ်ရှာသလောက်ပဲ ငွေက ဝင်မှာဆိုပေမယ့် ငွေကြေးကံကောင်းနေတာနဲ့ မကောင်းတာနဲ့တော့ မတူပါဘူး။ သင့်အနေနဲ့ သင့်ရဲ့ ငွေကြေးနဲ့ပတ်သက်တဲ့ကံကောင်းအောင် အခုဖော်ပြမယ့်အချက်လေးတွေကို လုပ်ကြည့်လိုက်ပါနော်။ (၁) ပိုက်ဆံအိတ်အရောင် ပိုက်ဆံအိတ်တစ်လုံးဝယ်တော့မယ်ဆိုရင် ရွှေရောင်၊ အဝါရောင်၊ ပန်းရောင်၊ အဖြူရောင်၊ အနက်ရောင်နဲ့ ထုံးခြောက်ရောင်တို့ကို ဦးစားပေးရွေးသင့်ပါတယ်။ အဲ့ဒီအရောင်တွေက ငွေပိုဝင်အောင် ဆွဲဆောင်နိုင်ပြီး ပိုက်ဆံမထွက်အောင်ထိန်းပေးထားနိုင်တယ်လို့ ယူဆကြပါတယ်။ ရွှေရောင်ကတော့ အားအကောင်းဆုံးအရောင်ဖြစ်ပြီး ပိုက်ဆံနဲ့ပတ်သက်တဲ့အသုံးအဆောင်တွေကို ရွှေရောင်သုံးပေးရင်အကောင်းဆုံးပါ။ အနက်ရောင်ကတော့ ဝင်လာပြီးသား ပိုက်ဆံတွေလွယ်လွယ်ထွက်မသွားအောင် ထိန်းပေးနိုင်ဆုံးအရောင်ဖြစ်ပါတယ်။ ပိုက်ဆံအိတ်ဝယ်ရင် လုံးဝမရွေးသင့်တဲ့အရောင်တွေကတော့ အနီရောင်နဲ့ အပြာရောင်ပါ။ အနီရောင်က မီးနဲ့တူတာကြောင့် သင့်ဆီဝင်လာမယ့်ပိုက်ဆံတွေနဲ့ ကံကောင်းခြင်းတွေကို လောင်ကျွမ်းသွားစေနိုင်ပြီး၊ အပြာရောင်ကတော့ ရေလိုပဲ သင့်ဆီမှာရှိပြီးသား ငွေတွေကို စီးဆင်းသွားစေမယ်ဆိုတဲ့ အယူအဆရှိကြလို့ပါ။ (၂) အမျိုးသမီးတွေကိုကိုယ်စားပြုတဲ့အရောင် အဲ့ဒါကတော့ ပန်းရောင်ပါ။ […]
ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဆပ်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဆပ်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ပြည်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူများအား ဖမ်းဆီး အရေးယူ ပြည်တန်ဆာ လုပ်ငန်းလုပ်ကိုင်နေသူများအား တာဝန်ရှိသူများမှ ဒီကနေ့ သြဂုတ် ၂၅ ရက် မနက် ၁နာရီဝန်းကျင် အချိန်က ဖမ်းဆီးအရေးယူခဲ့ကြောင်းသိရသည် ။ တောင်ငူမြို့ ၊ ၂၂ ရပ်ကွက် ၊ မင်းကြီးညို ဂါမဏိလမ်းနေ ဦးစိုင်းအောင်ဝင်း( ခ ) ကိုရှမ်း နှင့် ဦးမေအောင်တို့၏ နေအိမ်တွင် ပြည်တန်ဆာ လုပ်ငန်း လုပ်ကိုင်နေကြောင်း တိုင်တန်းလာသောကြောင့် တောင်ငူခရိုင်မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့မှ ခေါင်းဆောင်ကာ သက်သေများနှင့်အတူ ဖမ်းဆီးခဲ့ကြတာလည်းဖြစ်သည် ။ ယင်းသို့ ဖမ်းဆီးရာ ပြည်တန်ဆာ လုပ်ငန်း လာရောက်လုပ်ကိုင်သူ ဒေသ အသီးသီးမှ အမျိုးသမီး ( ၆ )ဦး […]
ပြည့်တန်ဆာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိတဲ့စိတ်ချမ်းသာဆုံးနိုင်ငံ..
မြတ်စွာဘုရားရဲ့တရားတော်တွေနဲ့ အခြေခံ ဥပဒေ ရေးဆွဲထားတဲ့နိုင်ငံ။ တောင်ပေါ်နိုင်ငံငယ်လေးတစ်ခု၊ လူဦးရေ ၆ သိန်းကျော်သာရှိပြီး ဆေးလိပ် သောက်တဲ့သူ ၁%ပဲရှိပါတယ်။ Giordano ဂျင်းဘောင်းဘီ ဘာဖက်ရှင် ညာဖက်ရှင် လဲ တွေ့ရမှာ မဟုတ်သလို ရိုးရာအမျိုးသား အမျိုးသမီး ဝတ်စုံကလွဲရင် ဘာမှမဝတ်ကြလို့ပါ။ ၁၉၉၉ ခုနှစ်ရောက်မှ တယ်လီဗေးရှင်း ကြည့်ရတဲ့ နိုင်ငံတစ်ခုပါ။ စစ်သည်တော် ၁၆၀၀၀ ပဲရှိပါတယ်။ ဆင်းရဲတဲ့ နိုင်ငံငယ်လေးဖြစ်ပြီး မြို့တော်ဟာ ပဲခူးလောက်တောင် မစည်ပါဘူး။ အထပ်မြင့် အဆောက်အအုံတွေ မရှိပေမယ့် စုတ်ပြတ်နေတဲ့ တဲအိမ်တွေလဲမရှိပါဘူး။ ပြည့်တန်ဆာ လုံးဝမရှိသလို သူတောင်းစားလဲ မရှိပါဘူး။ အမျိုးသား ၃၀% လောက်ဟာ ဘုန်းကြီး တွေဖြစ်ပြီး ၁၀ နှစ်အတွင်း တစ်နိုင်ငံလုံးမှာ အမှုတစ်မှုပဲရှိခဲ့ပါတယ်။ အဲ့ဒီ အမှုကလည်း […]
မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ
မြန်မာနိုင်ငံ၌ ၃ လခန့်အတွင်း Mask မတပ်သူ ၂၉၀၀၀ ကျော်ကိုဒဏ်ရိုက်၊ ကျပ်သိန်း ၁၀၀၀ ကျော်ရရှိ မြန်မာပြည်မှာ ကိုဗစ်-၁၉ ရောဂါကို မတ်လ ၂၃ ရက်နေ့က စတင်တွေ့ရှိပြီး ဧပြီလနဲ့ မေလတွေမှာ ကူးစက်မှုတွေထပ်တွေ့လာရပြီးတဲ့နောက် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းမတပ်ရင်ဒဏ်ရိုက်အရေးယူတဲ့အစီအစဉ်ကို ပြည်နယ်နဲ့တိုင်း ဒေသန္တရအစိုးရတွေက စတင်ကျင့်သုံးလာပါတယ်။ မေလ ဒုတိယပတ်ကစလို့ ကျင့်သုံးလာတဲ့ ဒီအစီအစဉ်အရ ၃ လ လောက်အတွင်း လူပေါင်း ၂၉၀၀၀ ကျော်ကို ဒဏ်ရိုက်အရေးယူခဲ့ရာ စုစုပေါင်းဒဏ်ငွေ ကျပ် သိန်း၁၀၀၀ကျော် ရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်က သိရပါတယ်။ စာရင်းတွေအရတော့ မေလဒုတိယပတ်ကစပြီး မေလကုန်အထိ လူပေါင်း ၁၃၂၈၇ ယောက်ကို ဒဏ်ငွေ ကျပ်သိန်း ၄၆၀ကျော် (၄၆၀၇၁၉၀၀ ကျပ်)၊ ဇွန်လ […]
ည ၈ နာရီဆေးစစ်ချက်အဖြေထွက်ပါပြီ
ည ၈ နာရီဆေးစစ်ချက်အဖြေထွက်ပါပြီ ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း(၂၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ ၁။ (၂၄-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)(NHL)မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ (၄၆၅) ခု၊ – ဆေးသုတေသနဦးစီးဌာန(DMR)မှ ဓာတ်ခွဲနမူနာ (၂၉၁) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မန္တလေး)မှ ဓာတ်ခွဲနမူနာ (၉၀) ခု၊ – ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(မော်လမြိုင်)မှ ဓာတ်ခွဲနမူနာ (၁၇၆) ခုနှင့် – ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၄၆) ခု၊ စုစုပေါင်း (၁,၀၆၈)ခု အား ယနေ့၊ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ – • ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၁) […]