ဗေဒင်
ကျိန်းသေနီးပါး ထီပေါက်စေသောနိမိတ်က ဒီလိုပါခင်ဗျာ …
ကျိန်းသေနီးပါး ထီပေါက်စေသောနိမိတ်က ဒီလိုပါခင်ဗျာ … လမ်းသွားရင်းလာရင်း အမှတ်တမဲ့ ကြက်နှစ်ကောင်ခွပ်နေတာတွေ့ပြီဆိုတာနဲ့ နောက်လှည့် မကြည့်နဲ့တော့၊ ထီဆိုင်ဘယ်မှာရှိလဲ …၊ ချက်ချင်း ရှာပြီးတော့သာထိုးပေတော့ …၊ချက်ချင်းနော် …။ လူတိုင်းလူတိုင်း ဒီနိမိတ်တွေ့ရင် ထီပေါက် ကိန်း ရာနှုန်းပြည့်နီးပါး ရှိနေပါတယ်။ ထီဆုကြီး ဆုသေးကတော့ အတိတ်ဘဝက ပြုခဲ့တဲ့ ကုသိုလ်ကံ ပါရမီအဟုန်နည်းခြင်းများခြင်းနဲ့ပဲ ဆိုင်ပါလိမ့်မယ်။ ဒီနည်းကို အဘမင်းသိင်္ခ ရွှေဗဟိုဆေးရုံမှာ ဆေးကုသမှုခံယူနေစဉ် အနီးအနားမှာရှိတဲ့ကျွန်တော် တို့ သန္ဓေတပည့်များကို ပြောပြပေးခဲ့တာပါ။ အဲဒီအချိန်မှာ အနားမှာရှိတဲ့ နေလင်းဆန်း ဆိုတဲ့သန္ဓေရဲဘော်လေးတစ်ယောက်ဟာ အဘအ တွက် ဆန်ပြုတ်ဆင်းဝယ်ရင်း ကြက်ခွပ်တာကိုတွေ့ လို့ ချက်ချင်းပြေးပြီး ထီဆိုင်တစ်ဆိုင်မှာ ထီထိုးခဲ့ရာ ကျပ် ၁၀ သိန်း ဆုပေါက်ခဲဖူးတာကို မျက်မြင်ကိုယ် တွေ့ တွေ့ရှိခဲ့ရပါကြောင်း […]
ပြည်တွင်းသတင်း
မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း အရှိန်အဟုန်မြင့်စွာပေါ်ပေါက်လာနိုင်ဟု သတိပေး
မြန်မာနိုင်ငံတွင် ကိုဗစ်ဒုတိယလှိုင်း အရှိန်အဟုန်မြင့်စွာပေါ်ပေါက်လာနိုင်ဟု သတိပေး မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဒုတိယလှိုင်း မပေါ်ပေါက်စေရေးအတွက် ဂရုပြုကြဖို့ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကသြဂုတ်လ ၁၈ ရက် နေ့စွဲနဲ့ ပြည်သူသို့ပန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုပထမလှိုင်းရဲ့ အကျပိုင်းသို့ရောက်ရှိနေကာ ပထမလှိုင်း မကြာမီပြီးဆုံးတော့မယ့်အခြေအနေဖြစ်ပြီး မြန်မာပြည်မှာ ရောဂါပိုးတွေ့ရှိရသူတွေရဲ့ ထက်ဝက်ကျော်ဖြစ်တဲ့ ၆၁ရာခိုင်နှုန်းလောက်ဟာ အမြင်အားဖြင့် နေကောင်းကျန်းမာ ရောဂါလက္ခဏာ တစ်စုံတစ်ရာပြသခြင်းမရှိသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ ရပ်ကွက်/ကျေးရွာအတွင်း၊ လူထုအတွင်း ရောဂါလက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ကိုဗစ် ဗိုင်းရပ်စ်ပိုးရှိနေသောသူတွေ ရှိနေပါက ထိုသူတို့ထံမှ တိတ်တဆိတ်ကူးစက်ပြန့်ပွားပြီး ရောဂါဖြစ်ပွားမှုဒုတိယလှိုင်း အဖြစ် အရှိန်အဟုန်မြင့်မားစွာဖြင့် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာ များစွာရှိတယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် […]
ကျမ္မာရေး ဗဟုသုတ
အင်တာနက်သုံး ဖုန်းကြည့်တာများလို့ မျက်ရိုးကိုက်တတ်သူများနဲ့ မျက်မှန်သမားများအတွက် ဆေးနည်း
အင်တာနက်သုံး ဖုန်းကြည့်တာများလို့ မျက်ရိုးကိုက်တတ်သူများနဲ့ မျက်မှန်သမားများအတွက် ဆေးနည်း မျက်မှန်လွတ်စေတဲ့မျက်ကြည်စားဆေး အသက်(၃၀)ကျော်မှပဲ မျက်စိမကြည်။ မှုန်ဝါးဝါးမို့ ဆရာဝန်ပြကြည့်တော့ အနီးကြည့်ပါဝါ (+၁၅၀)ဒီဂရီ မျက်မှန်တပ်ခဲ့ရသည်။ အခုအသက်(၄၀)ကျော်မှ မျက်မှန်လွတ်လေတော့ထူးဆန်းနေသလို အများကထင်ကြတော့သည်။ ဆေးနည်းအချိုးအစားအတိုင်း လွယ်ကူစွာဖေါ်စပ်ရန်ဖြစ်လေသည်။ ဆေးနည်း (၁) ဆီးဖြူးသီးကို ထုထောင်းပြီးအစေ့ ဖယ်နေလှန်းအမှုန့်ပြုလုပ်ရန်။ (၂) ကြိတ်မှန်ရွက်ကိုခူးအရိပ်မှာအလိုအလျောက်သဘာဝအတိုင်းအခြောက်ခံအမှုန့်ပြုရန်။ (၃) ကွမ်းရွက်ကို အခြောက်လှန်းအမှုန့်ပြုရန်။ (၄) ပျားရည်စစ်စစ် ထို(၄)မျိုးသာလိုပါသည်။ ယခုခေတ်ကာလ မျက်မှန်ကောင်းတစ်လက်လုပ်ပါမူ ကာလတန်ဖိုးလေးသောင်းငါးသောင်း မက ကုန်သည်သာ။ နေရာတကာ မျက်မှန်မပါတော့ စိတ်ပျက်ဖွယ် အကန်းကြီးလိုဖြစ်ပြန်သည်။မျက်မှန်မေ့ကျန်ပါလျှင် ဘာမှမမြင်ရချင်တော့၊ စာဖတ်ဖို့၊ ဖုံးပွတ်ဖို့ အကုန်ခက်ချေသည်။ မျက်မှန်ပါဝါကအကျမရှိအတက်သာ ။ထိုမျှမက ပါဝါမကိုက်ပါလျှင် ဇက် ကြောကတက်စိတ်ကပျက်ဖြစ်ရပြန်သည်။ သုံးဆောင်ရန် ညအိပ်ပြီဆိုပါလျှင် ဆီးဖြူသီးမှုန့်လက်ဖက် စားဇွန်း(၁)ဇွန်း ကြိတ်မှန်ရွက်မှုန့် လက်ဖက်စားဇွန်း(၁)ဇွန်း […]
အချစ်နှင့်ဘဝ
ချစ်သူစုံတွဲတွေသာမက အိမ်ထောင်သည်တွေပါ မြဲစေဖို့အတွက် သိထားရမယ့် အချက် (၅) ချက်/
တကယ်တော့ သမီးရည်းစားဆက်ဆံရေးကနေ အိမ်ထောင်ရေးအထိ တစ်ဦးနဲ့တစ်ဦး အပေးအယူညီညီလေးနဲ့ နားလည်မှုရှိဖို့ဟာ တကယ်ကို အရေးပါလွန်းပါတယ်။ ဒါ့အပြင် အိမ်ထောင်မြဲဖို့ နဲ့ အချစ်ရေး မှာ ပျော်ပျော်ရွှင်ရွှင် ရှေ့ဆက်လျှောက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက်ကတော့ ၁။ တစ်ဖက်လူပြောတာကို သေချာ နားထောင်ပေးပါ။ ပြီးပြီးရော မဟုတ်ပဲ၊ ပြီးတော့ ပြောနေချိန် စကားဖြတ်မပြောပဲ တစ်ဖက်လူပြောတာကို သေချာအာရုံစိုက်ပြီး နားထောင်တတ်ပါစေ။ သူအားလုံးပြောပြီးသွားတဲ့အခါမှသာ သင့်ရဲ့ထင်မြင်ချက်၊ အကြံပေးတာ၊ အယူအဆ စတာတွေကို ဖွင့်ဟပါ။ ၂။သင်လိုချင်တဲ့အရာကို တောင်းဆိုတတ်ပါစေ။ ချစ်သူစုံတွဲတွေဟာ များသောအားဖြင့် ကိုယ်လိုချင်တာ ဘာဆိုတာ မပြောပဲ ရေငုံနှုတ်ပိတ်နေတတ်ကြပါတယ်။ စုံတွဲတစ်တွဲမှာ တစ်ယောက်ကတော့ များသောအားဖြင့် အဲ့ဒီလို နေတတ်တာများပါတယ်။ ဒါ့ကြောင့် သင်လိုချင်တာဟာ ဘယ်လိုမျိုး၊ သင်ဖြစ်ချင်တဲ့အရာက ဘယ်လိုမျိုး […]
ကြားသိရသမျှ
၂၀၂၀ ခုနှစ်ထဲမှာ ဘူမိနက္ခတ် အဖျက်ထဲရောက်နေပါတယ်
မြန်မာနိုင်ငံဟာ ၂၀၂၀ ခုနှစ်ထဲမှာ ဘူမိနက္ခတ် အဖျက်ထဲရောက်နေပါတယ် ပြည်တွင်းကူးစက်လူနာတစ်ဦးကနေ ၄ ဦးထိ တိုးသွားပါတယ် ရခိုင်ပြည်နယ်မှာပါ ကြောက်စရာ မဟုတ်ပေမယ့်သတိတော့ရှိရပါမယ် မိုးတွင်းကာလ ရာသီတုတ်ကွေးတွေလည်းဖြစ်နေတဲ့အချိန်ဆိုတော့ ထင်ရောင်ထင်မှားဖြစ်နိုင်ပါတယ် ကူးစက်မှု ပြန်စဖြစ်တာကလည်းရခိုင်ပြည်နယ် နိုင်ငံရေး စစ်ရေးတွေမတည်မငြိမ်ဖြစ်နေတာကလည်းရခိုင်ပြည်နယ် ဒါတွေဟာ ဆက်စပ် စဉ်းစားစရာတွေပါ ရွေးကောက်ပွဲကလည်း ကျင်းပဖို့၂ လပဲလိုတော့လို့ အမြင်မတူတဲ့ပါတီ တွေ လူပုဂ္ဂိုလ်တွေ ပြည်သူတွေကြားထဲမှာပဲ ပွတ်တိုက်မှု ရှိနေတဲ့ အချိန်ပါ ဒီလိုချိန်မှာ ကိုဗစ် ကပြန်ခေါင်းထောင်လာနိုင်သလိုခိုးဆိုးလုနှိုက် တွေလည်းပေါများလာနိုင်ပါတယ် နေ့ခင်းကြောင်တောင် ရိုက်လုတာတို့ဆိုင်ကယ်ခိုးတာတို့ စတဲ့ သတင်းတွေခပ်စိပ်စိပ် ကြားလာရနေပါတယ် အဲတော့ ဘယ်သွားသွား ဘာလုပ်လုပ်ဘာစားစား သတိရှိကြပါ သူစိမ်းလူတွေ အပေါ် မယုံမိပါစေနဲ့အနားအကပ်မခံပါနဲ့ဘယ်သွားသွား နှခေါင်းစည်းပြန်တပ်ကြပါ လက်တွေ ပြန်ဆေးကြပါ လိုအပ်ရင် အစိုးရကLockdown ချတာတွေဆိုင်တွေ ပြန်ပိတ်တာတွေလုပ်လာနိုင်ပါတယ် […]
ဗေဒင်
ချစ်သူကို အရမ်းချစ်ပြီး အပေါင်းအသင်းမက်တဲ့ တနင်္ဂနွေ သားသမီးတို့ အကြောင်း
ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြတယ်။ တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမယ့် အခြားလူတွေနဲ့ ကွဲပြားတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ်။တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး။ ဒါပေမဲ့ ခဏ ခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမဲ့ ကောက်ရိုးမီးလိုမျိုး။ ခဏပဲ ပြီးရင် သူမဟုတ်သလိုမျိုး၊ စိတ်ဆိုး စိတ်ကောက် လွယ်တယ်။ ဒါပေမဲ့ စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ်ကြပြန်ရော။ ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြတယ်။ အချစ်ကြီးပြီး […]
အထွေအထွေဗဟုသုတ
အမေနဲ့အဖေ အသက် ၄၅ ကျော်လာပြီဆိုရင် ဒါတွေဂရုစိုက်ပေးပါ…
အသက်၄၅ နဲ့ ၆၀ ကြားဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေက သတိပြုရန်အသက်ကြီးလေ ပိုဖြစ်လေမို့ သတိထားပီး ကြိုတင်ကာကွယ်ကုသနိုင်ဖို့ သိထားသင့်ပါတယ်နော်။ (1) အရိုးတွေချောင်လာတယ်။ ဒူးနာတတ်တယ်။ ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်။ ခါးရိုးဆစ်တွေလည်း နာတတ်တယ်။ ချော်လဲမကျအောင် ဂရုစိုက်ပါ။ ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တစ်ဖြေးဖြေး နာခြင်း သက်သာလာပါမယ် …။ (2) ကြွက်သားအားမရှိတာ အမျိုးသားက ၃ ပုံပုံ ၁ပုံ နဲ့ အမျိုးသမီးက တဝက်လောက် အဖြစ်များတယ်။ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံး ကြွက်သား ၂ မျိုးလုံးပါတယ်။ လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးဖို့ လိုပါတယ် …။ (3) အကြောအဆစ် နာတတ်တယ်။ ဝတဲ့သူများ ပိုပီး ဟိုနာဒီနာ […]
ကြားသိရသမျှ
ကျမ္မာရေး ဗဟုသုတ
ဆီးချိုသွေးချို နှင့် သွေးးတိုး ရှိသူများ စားပေးသင့်သည့် နဂါးမောက်သီး
ဆီးချို သွေးတိုး ဝေဒနာရှင်များအတွက် နဂါးမောက်သီးကပေးသော ကျန်းမာရေး အာနိသင်များ (၁) နဂါးမောက်သီးထဲမှာ Antioxidant တွေ ပါဝင်ပြီး ကင်ဆာမဖြစ် အောင် ကာကွယ်ပေးနိုင်ပါတယ်။ (၂) သုတေသနပြုလုပ် ချက်များအရ သွေးလှည့်ပတ်မှုစနစ်အတွက် အလွန်ကောင်းပြီး စိတ်လှုပ်ရှား မှုကြောင့်ဖြစ်သော သွေးဖိ အားတက်ခြင်း ကို လျော့ နည်းစေပါတယ်။ သွေးတိုးမဖြစ်အောင် ကာကွယ်ပါတယ်။ မျက်စိ အမြင်အာရုံကောင်းစေပြီး သွေးထဲက အဆိပ်အတောက်များကိုလည်းခြေဖျက်ပေးပါ တယ်။ (၃) အမျှင်ဓာတ်မြင့်မားစွာ ပါဝင် သောကြောင့် ကိုယ်လက်စထရောလ် ကျစေပါတယ်။ (၄) ပိုတက်စီယမ်၊ ဆိုဒီယမ်၊ သံဓာတ်၊ အသားဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ (၅) အစာအိမ်ရောဂါများနှင့် ဟော် မုန်း အကျိတ်ရောဂါများကုသရန် အတွက်လည်း အသုံးဝင်ပါတယ်။ (၆) ဗီတာမင် […]
အထွေအထွေဗဟုသုတ
ဒီလို လူ (၁၀)မျိုး ကိုတွေ့ ခဲ့ရင် တန်ဖိုး ထားပါ…
ဒီလို လူ (၁၀)မျိုး ကိုတွေ့ ခဲ့ရင် တန်ဖိုး ထားပါ ၁။ကိုယ်တစ်ကယ်ချစ်တဲ့သူကိုတွေ့ခဲ့ရင် သူနဲ့ဘ၀တစ်လျှေက်လုံးလက်တွဲသွားဖို့အခွင့်အရေးရအောင်ကြိုးစားပါ။ ဘာကြောင့်လဲဆိုတော့သူထွက်သွား တဲ့အခါအရာအား လုံးနောက်ကျသွားပါလိမ့်မယ်။ ၂။ ကိုယ်တစ်ကယ်ယုံကြည်ရတဲ့သူငယ်ချင်းကိုတွေ့ခဲ့ရင် သူနဲ့အဆင်ပြေပြေကောင်းကောင်းမွန်မွန်ဆက်ဆံသွားပါ။ ဘာဖြစ်လို့လဲဆိုတော့ ဘ၀မှာသူငယ်ချင်းအစစ်တွေ့ရဖို့ဆိုတာမလွယ်တော့လို့ပါ။ ၃။ ကိုယ့်ကိုတစ်ချိန်တုန်းကကူညီပေးခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုကောင်းကောင်းကျေးဇူးတင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာကိုယ့်ဘ၀ရဲ့အလှည့်အပြောင်းဖြစ်ခဲ့လို့ပါဘဲ။ ၄။ ကိုယ်တစ်ချိန်တုန်းကချစ်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူ့ကိုပြုံးပြုံးလေးနဲ့ကျေးဇူးတင်ဖို့မမေ့ပါနဲ့။ ဘာဖြစ်လို့လဲဆိုတော့သူက ကိုယ့်ကိုအချစ်အကြောင်းပိုနားလည်စေခဲ့လို့ပါ။ ၅။ ကိုယ့် ကိုတစ်ချိန်တုန်းကမုန်းတီးခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်ပြုံးပြုံးလေးနဲ့သူ့ကိုနှုတ်ဆက်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်ကိုယ်ကပိုပြီးသတ္တိရှိလာခဲ့တယ်။ ၆။ ကိုယ့်ကိုတစ်ချိန်တုန်းက သစ္စာဖောက်ခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် သူနဲ့အေးအေးဆေးဆေးစကားစမြည်ပြောလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူ့ကြောင့်မဟုတ်ရင် ကိုယ်လည်းလောကအကြောင်းကိုသိလာမှာမဟုတ်ဘူး။ ၇။ ကိုယ်တစ်ချိန်တုန်းက တိတ်တခိုးချစ်ခဲ့ဖူးတဲ့ သူကိုတွေ့ခဲ့ရင်သူ့ကိုပျော်ရွင်ပါစေဆိုပြီး ဆုတောင်းပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ကိုယ်သူ့ကိုတိတ်တခိုးချစ်ခဲ့တုန်းက သူပျော်၇ွင်တာကိုဘဲ လိုလားခဲ့တာမဟုတ်လား။ ၈။ ကိုယ့်ဘ၀ထဲကနေထွက်သွားခဲ့တဲ့သူကိုတွေ့ခဲ့ရင် သူကိုယ့်ဘ၀ထဲဝင်ခဲ့တာကိုကျေးဇူးတင်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့သူကကိုယ့်ဘ၀ရဲ့ပျော်ရွင်စရာကောင်းတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်လေ။ ၉။ ကိုယ့်ကိုတစ်ချိန်ကအထင်လွဲခဲ့ဖူးတဲ့သူကိုတွေ့ခဲ့ရင် အချိန်မှီဖြေရှင်းချက်ပေးလိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သူနားလည်အောင်ဖြေရှင်းပေးဖို့အခွင့်အရေးကတစ်ခါဘဲရှိနိုင်လို့ပါ။ […]