ၾကားသိရသမွ်
ကြက်တူရွေး ရေသောက်ဆင်းပြီ…မကြာမှီ ရုတ်တရက်စိုးရိမ် ရေအမှတ် ရောက်လာနိုင်တယ်..ကြိုတင်ပြင်ဆင်ထားကြပါ…
ကျမ္မာရေး ဗဟုသုတ
”သားအိမ်ကင်ဆာကို ကုသပေးနိုင်တဲ့ သဘာဝဆေး (ရှားစောင်းလက်ပက်)”
အမျိုးသမီးတွေအတွက် သတင်းကောင်းပါပဲနော်။ အထူးသဖြင့် အမျိုးသမီးတွေဟာ အသက် ၅၀ ကျော်လာရင် သားအိမ်ကင်ဆာဖြစ်တတ်ပါတယ်။ သားအိမ်ကင်ဆာကို ကုသနိုင်တဲ့ သဘာဝဆေးနည်းလေးကို မျှဝေပေးချင်ပါတယ်။ ပြုလုပ်ရတာကလည်း တကယ်ကိုရိုးရှင်းပြီး ပါဝင်ပစ္စည်းတွေကလည်း ရှာရလွယ်တာမို့ ဒီနည်းလမ်းလေးက စာဖတ်သူတွေနဲ့ အဆင်ပြေမှာပါ။ အစားအသောက်ကိုလည်း အထူးဂရုစိုက်ဖို့လိုပြီး ဗီတာမင်ဓါတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို စားသုံးပေးသင့်ပါတယ်။ ပါဝင်ပစ္စည်း သစ်ကြားသီးမှုန့် ၅၀၀ ဂရမ် ပျားရည် ၃၀၀ ဂရမ် ရှားစောင်းလက်ပက်အနှစ် ၁၀၀ ဂရမ် ပြင်ဆင်ခြင်း ပါဝင်ပစ္စည်းအားလုံးကိုသေချာရောလိုက်ပြီး မနက်စာစားပြီး မိနစ် ၃၀ လောက်မှာ လက်ဖက်ရည်ဇွန်း ၁ ဇွန်းစားပေးပါ။ ရှားစောင်းလက်ပက်ကို အစာအိမ်နာတာ ၊ အမျိုးသမီး မျိုးပွားအင်္ဂါဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါတွေအပါအ၀င် ရောဂါအမျိုးမျိုးအတွက် နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ Source: […]
ဗေဒင်
တစ်ပတ်စာ ခုနှစ်ရက်သားသမီး ကံကြမ္မာဟောကိန်း (6-7-2020 to 12-7-2020)
တနင်္ဂနွေသားသမီး ပျော်ရွှင်စရာခရီးတစ်ခုမမျှော်လင့်ဘဲထွက်ခွါရပါလိမ့်မည် ထီပေါက်သကဲ့သို့ငွေအစုအပုံဝင်လာပါလိမ့်မည်မိမိအတွက်ကံကောင်းမယ့်အချိန်အခါပါ မျက်နှာတွင်ဝက်ခြံဘုများပေါက်လာတတ်သည် လူမျိူးမတူသူရပ်ဝေးသူနှင့်ဖူးစာဆုံ၍ချစ်သူဖြစ်မည့်ကာလပါ ထီ ၆အစ၉အဆုံးထိုးပါ ယတြာ ဆိတ်သားဟင်းနှင့်ထမင်းအဝစား၍လိုရာဆုတောင်းပါ တနင်္လာသားသမီး အခွင့်အရေးဟောင်းတွေပြန်ပေါ်ပြီးအကျိူးရလာဒ်များခံစားရမည့်အချိန်အခါပါ ပညာရေးကိစ္စ သင်တန်းကိစ္စတွေအထူးကံကောင်းပါမည် ချစ်သူထံမှလက်ဆောင်ပစ္စည်းရရှိမည် အစာမခံပါနှင့်အစာအိမ်ရောဂါခံစားရတတ်ပါသည် ထီ၃အစ၅အဆုံးထိုးပါ ယတြာ ငါး၁၁ကောင်လွှတ်ပေးပါ အင်္ဂါသားသမီး စိတ်တွေထွေပြားပြီးအမှားများတတ်တဲ့ကာလပါ အတွေးတွေ စိုးရိမ်စိတ်တွေအားကြီးပြီးဆုံးဖြတ်ချက်တွေပါမှားတတ်ပါတယ် စိတ်နဲ့ကိုယ်မကပ်တဲ့ကာလပါ အတတ်နိူင်ဆုံးသတိထားဖို့မှာချင်ပါတယ် အိပ်မရဖြစ်နေတတ်သောကာလပါ ငယ်ရွယ်သူများအချစ်ရေးကံစန်းအထူးပွင့်နေပါလိမ့်မည် ထီ ၉အစဝအဆုံးထိုးပါ ယတြာ ဌက်တွေ ခိုတွေအစာမကြာခဏကျွေးပါ ဗုဒ္ဓဟူးသားသမီး အိမ်အနီးအနားတွင်မီးလန့်ခြင်းသူခိုးအခိုးခံရခြင်းမျိုးတွေကြုံရတတ်ပါသည် ရွှေအဝင်မခံသင့်သောကာလပါ အကယ်၍ရွှေဝင်ခဲ့ပါကလည်းအကြောင်းအမျိူးမျိူးနှင့်ပြန်ထွက်တတ်ပါသည် ရေချိုးမှား၍လေဒုက္ခပေးခံရတတ်ပါသည် ငယ်ရွယ်သူများအချစ်ရေးတွင်ကြားလူအနှောင့်အယှက်ကြောင့်နားလည်မူလွဲခံရတတ်ပါသည် ထီ ၈အစဝအဆုံးထိုးပါ ယတြာ သောကြာထောင့်တွင်မိမိသက်စေ့ရေလောင်းလှုပေးပါ ကြာသာပတေးသားသမီး အလုပ်အတွင်းစာရင်းဇယားတွေမှားနေတတ်ပါသည် ရပ်ဝေမှနေ၍အရေးကြီးသတင်းတစ်ခုကြားရတတ်ပြီး သိပ်မကြာခင်မှာ အလုပ်နေရာထိုင်ခင်းပြောင်းရွှေ့ရပါလိမ့်မည် မျက်ရိုးတွေမကြာခဏကိုက်နေလိမ့်မည် ငယ်ရွယ်သူများအချစ်ရေးပြန်လည်အဆင်ပြေပါလိမ့်မည် ထီ ၁အစ၂အဆုံးထိုးပါ ယတြာပဲပြုတ်နှင့်ထမင်းနယ်၍လမ်းဘေးခွေးများအားကျွေးပါလေ သောကြာသားသမီး မြေကိစ္စ အမွေကိစ္စ ပိုင်ဆိုင်မူနှင့်ပါတ်သက်သောကိစ္စများဆောင်ရွက်ထားပါကအလျှင်အမြန်အောင်မြင်ပါလိမ့်မည် […]
အလွပေရးရာ
ဆားဝက်ခြံတွေကိုအပြီးသတ်ဖယ်ရှားပြီး အသားအရေကိုကြည်လင်တင်းရင်းစေမယ့်နည်း(၅)မျိုး
ကံကောင်းလွန်းတဲ့ တချို့မိန်းကလေးတွေက အပြစ်အနာအဆာမရှိတဲ့ ပြစ်မျိုးမှဲ့မထင်အသားအရေမျိုးကိုပိုင်ဆိုင်ထားကြတယ်ဆိုပေမယ့် အများစုကတော့ အသားအရေပြဿနာလေးတွေ အနည်းနဲ့အများတော့ ရှိတတ်ကြပါတယ်။ အသားအရေနဲ့ပတ်သက်လို့ အဖြစ်များတဲ့အထဲမှာ ချွေးပေါက်ပိတ်တာနဲ့ ဆားဝက်ခြံတွေပါပဲ။ ဆားဝက်ခြံတွေဖြစ်လာရင် သဘာဝအတိုင်းလည်းကြည့်လို့မလှသလို မိတ်ကပ်လိမ်းရင်လည်း ကြာရှည်မခံဘဲ မိတ်ကပ်ကွက်တာတွေဖြစ်လာတာကြောင့် စိတ်ညစ်စရာကြီးပါ။ ဒီတော့ ပျိုမေတို့ကိုစိတ်အနှောက်အယှက်ပေးနေတဲ့ မျက်နှာပေါ်က ဆားဝက်ခြံတွေကို ထိထိရောက်ရောာက် ဖယ်ရှားပြီး ထပ်မဖြစ်လာအောင် ကာကွယ်ထားနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ရေနွေးငွေ့ ဇလုံအကြီးတစ်လုံးထဲကိုရေနွေးပူပူတစ်ဝက်လောက်ထည့်ပါ။ အဲ့ဒီထဲကို ချာမိုမိုင်းလက်ဖက်ခြောက် ဒါမှမဟုတ် စံပယ်လက်ဖက်ခြောက် အနည်းငယ်၊ လာဗင်ဒါပန်းအဆီအနည်းငယ်ထည့်ပြီး မျက်နှာကို အဲဒီဇလုံအပေါ်နားလေးမှာကပ်ပြီး အနွေးခံပေးပါ။ အဲ့ဒီအခါ ချွေးပေါက်တွေပွင့်လာပြီး ဆားဝက်ခြံတွေ ပျော့ပျောင်းသွားတာကြောင့် တစ်သျှူးလေးနဲ့ ဖွဖွလေးဖိပြီးညှစ်ထုတ်လိုက်ရင် ဆားဝက်ခြံတွေထွက်လာပါလိမ့်မယ်။ တစ်ကြိမ်နဲ့မကုန်ရင် နောက်တစ်ကြိမ်ထပ်လုပ်ပေးပါ။ ပြီးရင် ရေနွေးလေးနဲ့မျက်နှာသစ်ပြီး toner, essence စတာတွေလိမ်းပေးပါ။ ဒီနည်းကို […]
အနုပညာ
သီချင်းတင်ပြီး (၂၄)နာရီ မပြည့်ခင်မှာပဲ ကြည့်ရှုသူ (၁၀) သိန်းကျော်ခဲ့ သော မေလသံစဉ် ရဲ့ သီချင်း
ပရိသတ်ကြီးရေ မေလသံစဉ် ကတော့ မြန်မာသံစဉ် သီချင်းလေးတွေနဲ့ ပရိသတ် ရင်ထဲ ရောက်ရှိလာသူဖြစ်ပြီး ဆိုကရေးတီးမှာလည်း ဆုတံဆိပ်တွေ အများကြီးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ် ။ လတ်တလောမှာတော့ မေလသံစဉ်ရဲ့ ပြန်လည် ဆန်းသစ် နှောင်းတစ်ခေတ်ဆိုတဲ့ ခေါင်းစဉ်လေး နဲ့ သီချင်းတွေ ကိုတင်ဆက်ပေးနေပြီး ပရိသတ်တွေကလည်း တခဲနက် ဝန်းရံအားေ ပးခဲ့ကြ ပါတယ် ။ သူမရဲ့ ပြန်လည်ဆန်းသစ်နှောင်း တစ်ခေတ်ဆိုတဲ့ တေးသီချင်းတွေထဲက(၈) ပုဒ်မြောက်သီချင်းလေးအဖြစ် “တစ်လိမ်နှစ်လိမ်”သီချင်းလေးကို တေးသံရှင်ဖြိုးပြည့်စုံ နဲ့ အတူသီဆိုထားတာဖြစ်ပါတယ် ။ ဒီသီချင်းလေးကို သူမရဲ့ Official Page ကနေ Live လွှင့်ပြီး နှစ်ကိုယ်ခွဲ အဖြစ် ပရိသတ်တွေကို တင်ဆက်ထားတာဖြစ်ပါတယ် ။ Music Video လေးကိုတော့ ဖြိုးပြည့်စုံနဲ့အတူ သရုပ်ဆောင်ထားပြီး […]
အချစ်နှင့်ဘဝ
ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ…
ရည်းစားဟောင်းတွေကို ကျေးဇူးတင်လိုက်ပါ…အချိန်ကာလတခုက ရည်းစားတစ်ယောက် ထားခဲ့ဖူးတယ် ရည်းစားဖြစ်ခါစတုန်းကတော့ လမ်းမခွဲဘူးနော်လို့ သူကချည်းပဲ အရင်စပြီး ကတိတွေ တောင်းတယ်ထားမသွားပါဘူးလို့လည်း သူကချည်းပဲ ကတိအရင်ပေးတယ်ကိုယ်ကလည်း ယုံကြည်မှုတွေကို အလုံးအရင်းနဲ့ ထိုးပေးခဲ့တယ် ကြာလာတော့အချိုးတွေပြောင်းလာတရ် သင်ခန်းစာ ရသွားတယ် ( ချစ်သူနှစ်ဦးမှာ ကတိအရင်ပေးတဲ့သူ ကတိအရင်တောင်းတဲ့သူကမှ ဖောက်ပြန်တဲ့သူ ဆိုတာကို ) စုံစမ်းကြည့်လိုက်တော့ နောက်တစ်ယောက်ရနေတယ် ဆိုတာကိုသိလိုက်ရတယ် သိသိချင်း သေမလောက်ခံစားရသလို အရမ်းလည်း ဒေါသထွက်နာကျင်ခဲ့မိတယ် ဒါပေမယ့် သင်ခန်းစာရသွားတယ် ( ယုံကြည်မူဆိုတာ ဖောက်ပြန်ဖို့အတွက် မွေးဖွားလာတဲ့ စကားလုံးဆိုတာကို )ဖောက်ပြန်နေတာ သိလိုက်တော့ ဒေါသထွက်ပြီးတော့ ပြတ်မယ် လမ်းခွဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့မိတယ် တကယ်တမ်းကျတော့ မပြတ်နိုင်တာက ကိုယ်ကိုယ်တိုင် ဖြစ်နေမှန်းသိလိုက်တော့ နောက်တစ်ယောက် မထားပါနဲ့ အရင်တုန်းက သံယောဇဉ် မျက်နှာလေးတွေ ထောက်ပြီး […]
အထွေအထွေဗဟုသုတ
“ဆုတောင်းပြည့်လွန်းလို့ အစောင့်အရှောက်နဲ့ ထားရတဲ့ မန္တလေး က ဘုရားတစ်ဆူ အကြောင်း”
မန္တလေးတိုင်း အမရပူရမြို့မှ ဆုတောင်းပြည့်လွန်းလို့ အစောင့်အရှောက်နဲ့ထားရတဲ့ ဆုတောင်းပြည့် ကိုယ်တော်မြတ်ကြီးရှိတဲ့ ရွှေကြက်ယက်၊ ရွှေကြက်ကျဘုရား များ နဲ့ လွမ်းမောဘွယ် … မြင်းတော်ခံငပြည့် ၊ အောင်စွာငယ် တို့ရဲ့ လွမ်းစေတီတွေ (ဒုတိယပိုင်း) အချိန်ကာလဆိုတာ .. နောင်တ တရားများစွာကို မွေးဖွားပေးတတ် သလို သံဝေဂတရားတွေကိုလည်း ပေးစွမ်းနိုင်တယ်လို့ ဆိုစကား ရှိခဲ့ပါတယ် ။ နောင်တဆိုတာမျိုးက လည်း လွန်မှပဲ ရကြတာမျိုးလေ ။ နရပတိစည်သူဟာ ဘယ်လိုမှ ပြုပြင်လို့ မရနိုင်တဲ့ အမှားတွေကို မင်း ပျိုမင်းလွင်ဘဝ၊အိမ်ရှေ့စံဘဝမှာပဲ ကျူးလွန်ခဲ့မိပါတယ် ။ သစ္စာရှိတဲ့ ကျွန်ယုံတော် ငပြည့်ကို ဒေါသမထိမ်းနိုင်ပဲ မိန်းမတစ်ယောက်အတွက်နဲ့ အမျက်မာန်စောင်ကြီးစွာ ကွပ်မျက်ခဲ့တယ်။ ဒါတင်မကပဲ မိမိအထွတ်အထိပ်ရောက်ဖို့အတွက် အကိုတော် မင်းယဉ်နရသိင်္ခကို လုပ်ကြံပေးခဲ့တဲ့ […]
အထွေအထွေဗဟုသုတ
အချိန်တန်ရင် ခေါ်အိပ်လိုက် ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို ဂျုံးဂျုံး ကျနေပြီ။
အချိန်တန်ရင် ခေါ်အိပ်လိုက် ။ ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို ဂျုံးဂျုံး ကျနေပြီ ချစ်သူရည်းစားနဲ့ Living Together ကိစ္စ ချစ်သူ ရည်းစားတွေ တွဲလာတာ ကြာလာတဲ့ အပြင် တယောက် အကြောင်း တယောက် သိပြီး ( Living Together ) လင်မယားလို ဖြစ်နေရင်တော့ လက်ထပ်လိုက် ကြတာ အကောင်းဆုံးပါ ။ အချိန်တွေ ဘာတွေ ဆွဲပြီး တွဲနေရင်တော့ ကောင်လေးဘက်က မနစ်နာပေမယ့် ကောင်မလေး ဘက်က အရမ်းကို နစ်နာတယ် ။ အချိန်တန်ရင် ခေါ်အိပ်လိုက် ။ ပြီးရင် ပြန်လွှတ်လိုက်နဲ့ တချို့ မိန်းခလေးတွေဆို လက်ဆုပ် လက်ကိုင် ပြစရာ ယောက်ျားသာ မရှိတာ […]
အထွေအထွေဗဟုသုတ
ချစ်ခြင်းတရားခိုင်မြဲဖို့ နဲ့  ကိုယ်ချစ်တဲ့သူကို ထာဝရ ပိုင်ဆိုင်ခြင်တယ်ဆိုခဲ့ရင်…
ပါးနပ်သော ချစ်ခြင်းတရား ကျွန်မ လိုချင်တဲ့ အိမ်ထောင်ဖက်ဆိုတာ” ဟောဒီ လက်မောင်းကို တွဲခိုပါ ” ဆိုတာမျိုး မလိုဘူးကျွန်မ မောပန်းလာရင် ပခုံးလေးကိုမှီထားခွင့် လေးဘဲပေးပါ … ” ကိုယ့် ကျောကိုတက်နင်းပြီး ဒီလမ်းကိုသွားပါ ” ဆိုတာမျိုးမလိုချင်ဘူး ကျွန်မလျှောက်နေတဲ့ ခြေလှမ်း ယိမ်းယိုင်သွားတဲ့အခိုက်တန့်  ဘေးကလှမ်းထိန်းပေးရုံလေး ထိန်းပေးပါ ” ချစ်ကြိုက်ရင်ကိုယ်လည်း ကြိုက်တယ် ချစ်သဘော ” ဆိုတဲ့အခွင့်ရေး မပေးပါနဲ့  ကျွန်မရွေးချယ် ထားတဲ့အရာတွေကိုကြိုက်၏ မကြိုက်၏ ပွင့်လင်းစွာ ပြောပြ ပေးပါ … ” မင်းက အရင်အတိုင်း အကျင့်ကိုမပြင်ဘူး ” ဆိုတဲ့ စကားနဲ့ အတိတ်ကို လာမဖော်ပါနဲ့  ကျွန်မဖက်က မှားနေတယ်ဆိုရင်နောက်တကြိမ် ထပ်မမှားဖို […]
အထွေအထွေဗဟုသုတ
ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ/
တချိန်ငါ့သမီးလေးကို ပြောပြရမယ် ထမင်းစားဖို့ လင်ယူစရာမလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ တချိန် သမီးလေး သိဖို့ “ကိစ္စမရှိဘူး ငါတို့ကအချိန်တန်ယောက်ျားယူမှာ ယောက်ျားကရှာကျွေးလိမ့်မယ်”တဲ့ဘာရယ်မဟုတ် ပြုံးတော့ပြုံးမိသား…. ၁၆နှစ်အရွယ် မိန်းကလေးတစ်ယောက်ရဲ့အတွေးကသိပ်ရိုးရှင်းတယ်လို့တွေးရင်တွေးလို့ရသလိုအန္တရာယ်များလိုက်တာလို့တွေးရင်လည်းတွေးလို့ရနိုင်တာကိုး…. သမီးတို့အနေနဲ့ယောက်ျားနောက်လိုက်သွားရုံနဲ့အရာရာအဆင်ပြေသွားမယ်လို့ထင်နေကြတာတွေထမင်းစားဖို့အတွက် ယောက်ျားယူလိုက်မယ်လို့ခပ်လွယ်လွယ်တွေးလိုက်တာတွေသိပ်များနေပြီလားလို့လည်းတွေးမိပါ့… ခုခေတ်ယောက်ျားတွေ(အများစု)ကအတွေးအမြင်တွေပြောင်းကုန်ကြတာသမီးတို့မသိသေးတာလား? ယောက်ျားတွေကအလုပ်ရှိတဲ့မိန်းကလေးကိုယ်ကသိပ်ရုန်းပေးစရာမလိုတဲ့မိန်းကလေးကိုပိုသဘောကျကြတယ်ဆိုတာ… ငွေရှိရင်ရှိ မရှိရင်ပညာတတ်ရာထူးရှိမှပိုသဘောကျကြတယ်ဆိုတာ… အလုပ်လုပ်တတ် စီးပွားရှာတတ်အမြင်ကျယ်တဲ့မိန်းကလေးကိုမှပိုတွဲချင်ကြတယ်ဆိုတာ.. သူတို့ကိုအစစအရာရာသိပ်မမှီခိုတဲ့အရည်အချင်းရှိတဲ့မိန်းကလေးကိုမှတန်ဖိုးပိုထားကြတယ်ဆိုတာ… ငါ့သမီးတို့သိအောင်ပြောပြချင်ပါဘိ… ယောက်ျားလုပ်စာလက်ဖြန့်တောင်းပြီးအိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့်မိန်းကလေးမျိုးကိုသိပ်မရွေးချင်ကြတော့ဘူးဆိုတာလည်းပြောပြချင်သေးတယ်(တချို့တွေကိုဆိုလိုတာနော်အားလုံးလို့မပြောဘူး) ခုခေတ်ယောက္ခမတွေကရော….. အိမ်ပေါ်တက်လာတဲ့ချွေးမကိုဘယ်လိုကြိုဆိုကြသလဲဘာပညာမှမတတ်ဘာအလုပ်မှမလုပ်တတ်ဘယ်နေရာမှဝင်မဆန့်တဲ့မိန်းကလေးမျိုးကိုဝမ်းသာအားရကြိုဆိုမယ့်ယောက္ခမမျိုးသိပ်ကိုရှားသွားပြီဆိုတာငါ့သမီးတို့သိပါလေစ… အိမ်ထောင်မပြုခင်လူ့လောကအတွက် အခက်အခဲတွေတွေ့ရင်ရင်ဆိုင်နိုင်အောင်မိဘတွေကလက်နက်မျိုးစုံတပ်ဆင်ပေးနေတာကိုငါ့သမီးတို့သိပါလေစ… ရော့ ပညာလက်နက်ငါ့ပညာနဲ့ငါလုပ်စားလို့ရတယ်လင်မျက်နှာ ယောက္ခမမျက်နှာကြည့်စရာမလိုဘူး ရော့ အတွေးအခေါ်လက်နက်ဘယ်ဟာအကောင်း ဘယ်ဟာအဆိုးငါခွဲခြားနိုင်တယ်ရော့ အလုပ်အကိုင်လက်နက်ငါ့မှာအလုပ်အကိုင်ရှိတယ်အသိုင်းအဝိုင်းရှိတယ်ငါ့တစ်ဝမ်းတစ်ခါး ငါရှာစားနိုင်တယ် အဲဒီလိုလက်နက်တွေပါသွားတော့ပိုမကောင်းဘူးလားမွေးရာပါလက်နက်ဟာတစ်ဘဝလုံးအတွက်အာမခံချက်မရှိဘူးဆိုတာငါ့သမီးတို့ကိုပြောပြမယ့်သူမရှိဘူးလား… ပညာကမစုံအတွေ့အကြုံကမရင့်ကျက်အလုပ်အကိုင်ကမရှိနဲ့လင်ယူလိုက်ရုံနဲ့ဒုက္ခတွေငြိမ်းသွားတာမဟုတ်ဘူး ငါ့သမီးတို့လင်ယူလိုက်မှဒုက္ခတွေစတာဆိုတာပြောပြချင်လိုက်တာ… တကယ်လို့များသမီးလေးတို့ရွေးချယ်လိုက်တဲ့ယောက်ျားဟာကုတင်ပေါ်မှာပဲ ချစ်တတ်ပြီးကျန်တဲ့အချိန်မှာဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကိုမျှဝေခံစားဖော်မရတဲ့ယောက်ျားမျိုးဆိုရင်… လင်ယူပြီးမှ ကိုယ့်ဝမ်းကိုယ်ရှာစားနေရပြီးသူ့ကိုပါရှာကျွေးနေရရင်ငါ့သမီးတို့အလကားနေအလကားလင်တစ်ယောက်အဖက်တင်နေမှာပေါ့… ကဲဘဝက ထင်သလောက်လွယ်သေးလား? လိုအပ်တဲ့လက်နက်မျိုးစုံ […]