အောက်တိုဘာလ (၂၁) ရက်တွင် ဗဟိုဘဏ်မှ ဒေါ်လာ(၂) သန်းကျော်နှင့် တရုတ်ယွမ်(၁)သန်းခွဲထုတ်ရောင်းပေးထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ FX Market Online Trading Platform မှတဆင့် တစ်ဒေါ်လာ ၃၅၅၆ ကျပ်ဖြင့် ဒေါ်လာ ၂ ဒသမ ၂၀၃ သန်းနှင့် တစ်ယွမ် ၅၂၂ ကျပ်ဖြင့် တရုတ်ယွမ် ၁ ဒသမ ၅၅၅ သန်း ထုတ်ရောင်းပေးထားခြင်းဖြစ်သည်။ ယခုတစ်ကြိမ် ထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဩဂုတ်လ (၁) ရက်မှ အောက်တိုဘာ (၂၁) ရက်အထိ နှစ်လခွဲကျော်အတွင်း ဒေါ်လာ (၃၈၅)သန်းကျော်အထိ ထုတ်ရောင်းပေးခဲ့ပြီဖြစ်သည်။ အလားတူကာလအတွင်းမှာ ထိုင်းဘတ် (၅၆၈) သန်းကျော် နှင့် တရုတ်ယွမ် (၃၂) သန်းခွဲခန့် […]
Author: Achawlaymyar
ပြန်တက်နေကြတဲ့ ယနေ့ အောက်တိုဘာ (၂၂) ရက် အင်္ဂါနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ
တက်ညီလက်ညီ ပြန်တက်နေကြတဲ့ ယနေ့ အောက်တိုဘာ (၂၂) ရက် အင်္ဂါနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ ပြည်တွင်းမှာ ရွှေစျေးတွေ ပြန်တက်နေပြီး ဒေါ်လာစျေးလည်း အနည်းငယ် တက်ရိပ်ပြနေပါတယ်။
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ (အောက်တိုဘာ 22 ရက်၊ အင်္ဂါနေ့)
ဗဟိုဘဏ် ကြေညာချက်အပြီး ပြန်ကျလာတဲ့ ဒေါ်လာစျေးဟာ ဒီကနေ့မှာ ပြန်တက်လာပါတယ်။ လက်ရှိ ဒေါ်လာ အတက်အကျဟာ လက်ကြီးသမားတွေအတွက်ပဲ ထိရောက်မှုရှိမှာဖြစ်ပြီး ကျောင်းစရိတ်၊ ခရီးသွားဖို့ ဝယ်ယူသူတွေအတွက် သက်ရောက်မှု ကြီးမားနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် အရောင်းအဝယ်လုပ်ရာမှာ စျေးတက်ပြီ စျေးကျပြီဆိုတဲ့ ကောလဟာလတွေကို မြောမသွားဖို့ လိုအပ်ပါမယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ 22 ရက်)
ရွှေအသင်းစျေး၊ ပြင်ပရွှေစျေး အားလုံးတက်တဲ့ ယနေ့ ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာ ၂၂)
ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် ရွှေအသင်းစျေးကော ပြင်ပရွှေစျေးပါ ပြန်တက်လာနေပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (အောက်တိုဘာ – 22 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၂၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၆၀၂၉၂၃ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၄၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၀၀၀၀၀၀ ကျပ်
ရွှေအသင်းစျေး ၅၅ သိန်းကျော်သွားပြီး ဗဟိုဘဏ် ဒေါ်လာ ၃၅ သန်းကိစ္စ ကြေညာခြင်း
ဒေါ်လာ-ကျပ် ငွေလဲနှုန်းဈေး ပြန်ကျနေပေမဲ့ ကမ္ဘာ့ရွှေဈေးတက်လို့ ရွှေအသင်းရဲ့ ရွှေရည်ညွှန်းဈေးက တကျပ်သားကို ကျပ် ၅၅ သိန်းကျော်အထိ မြင့်တက်လာပါတယ်။ ဒီနေ့ ကမ္ဘာရွှေ တအောင်စကို ဒေါ်လာ ၂၇၀၀ ကျော်အထိ အတက်မှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း YGEA ရဲ့ သတ်မှတ်ရွှေဈေးက တကျပ်သားကို ၅၅၄၁၅၁၀ ကျပ်ထိ မြင့်တက်လာပါတယ်။ ပြီးခဲ့တဲ့ရက်က အသင်းဈေးဟာ ကျပ် ၅၄ သိန်းအထက်မှာပဲ ရှိခဲ့တာဖြစ်လို့ တရက်အတွင်း ကျပ် ၁ သိန်းကျော် ထိုးတက်လာတာ ဖြစ်ပါတယ်။ ပြင်ပရွှေဈေးကလည်း ကျပ် ၆၂ သိန်း ဝန်းကျင်မှာ ရှိရာကနေ ကျပ် ၆၃ သိန်းခွဲဝန်းကျင်အထိ တက်ရိပ်ပြလာပါတယ်။ ရွှေအသင်းဟာ နိုင်ငံတကာ ရွှေဈေးကို ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ဈေးနဲ့ တွက်ချက်ပြီး […]
ယနေ့ အောက်တိုဘာ (၂၁) ရက် နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ
အမေရိကန်ဒေါ်လာ 4350 – 4450 ဥရောပယူရို 4670 – 4800 ဗြိတိသျှစတာလင်ပေါင် 5620 – 5760 သြစတြေးလျဒေါ်လာ 2890 – 2970 ဂျပန်ယန်း 28.80 – 29.60 တောင်ကိုရီးယားဝမ် 3.20 – 3.30 အိန္ဒိယရူပီး 50.65 – 52.00 စင်ကာပူဒေါ်လာ 3355 – 3420 မလေးရှားရင်းဂစ် 1000 – 1030 တရုတ်ယွမ် 605 – 620 ထိုင်းဘတ် 129.85 – 133.35 ယနေ့ အကယ်ဒမီ မီးလင်းအခေါက်ရွှေဈေးသည် မနက်ပိုင်းက ကျပ် 6200,000 – 6300,000 ဝန်းကျင် ဖြစ်ပြီး နေ့ခင်းပိုင်းတွင် […]
ပြန်ကျလာတဲ့ ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်းများ ( အောက်တိုဘာလ ၂၁)
ဗဟိုဘဏ်ဘက်က ဒေါ်လာ ၃၅ သန်းကို စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ရောင်းချပေးမယ်လို့ ကြေညာပါတယ်။ ကြေညာချက်ထွက်လာအပြီး ဒီကနေ့မှာ ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေစျေးတွေ ပြန်လည် ကျဆင်းလာပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ 21 ရက်)
စျေးဟမှုတွေ ပိုနည်းလာတဲ့ ယနေ့ ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာလ ၂၁)
ကမ္ဘာ့ရွှေစျေးကြောင့် ရွှေအသင်းစျေးတက်လာသလို ပြည်တွင်းရွှေစျေး တက်ရိပ်ပြနေပါတယ်။ ၆၁ သိန်းကျော်ကနေ ၆၃ သိန်းကျော်ကို ပြန်တက်နေခဲ့ကာ ဆက်တက်မလား စောင့်ကြည့်နေကြပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (အောက်တိုဘာ – 21 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၂၈ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၅၄၁၅၁၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၃၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၁၂၀၀၀၀ ကျပ်
အောက်တိုဘာ ၂၂ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း ထပ်လာပြန်ပြီ
ဆိုင်ကလုန်းမုန်တိုင်း ထပ်လာပြန်ပြီ၊ အောက်တိုဘာ ၂၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင် (ကမ်းခြေသွားမယ့်သူများ အထူးသတိထားကြပါ) အောက်တိုဘာ ၂၂ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော်အတွင်း ဆိုင်ကလုန်းမုန်တိုင်း ဖြစ်နိုင်တယ်လို့ နိုင်ငံတကာ မိုးလေဝသဌာနများက ဖော်ပြထားပါတယ်။ မုန်တိုင်းဖြစ်လာခဲ့ရင် “ဒန” ဆိုတဲ့ နာမည်ရမှာ ဖြစ်ပြီး မုန်တိုင်းလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ လတ်တလောမှာ ရန်ကုန်နဲ့ ပဲခူးတိုင်းမှာ မိုးအသည်းအထန် ရွာသွန်းနေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာပြည်သို့ ဝင်နိုင်ချေ နည်းပါးပေမယ့်လည်း မိုးများမှာတော့ အသေအချာပါပဲ။ အဆိုပါ ရက်တွေမှာ ကမ်းခြေသွားတဲ့သူတွေအနေနဲ့ ထူးသတိထားသင့်ပါတယ်။ မိုးကြီးမှာ ဖြစ်တာကြောင့် မြစ်ချောင်းနား နေထိုင်သူတွေနဲ့ ကုန်းမြင့်မှာ နေတဲ့သူတွေ ရေကြီး မြေပြိုနိုင်မှုကို အထူးသတိထားကြပါလို့ အသိပေးလိုက်ရပါတယ်။ crd
ပုံမှန်ဝင်ငွေရှိပြီး လက်ထဲမှာ ပိုက်ဆံမစုမိသူများအတွက် ပိုက်ဆံစုတဲ့နည်းဗျူဟာ..
ပိုက်ဆံ စုတယ် ဆိုတာ ရည်မှန်းချက် တစ်ခု ထားပြီး ရေရှည် တည်ဆောက် ထားသင့်တဲ့ အလေ့အကျင့် တစ်ခုဖြစ်ပါတယ်… ။ ငွေကြေး အောင်မြင်မှုမှာ ပိုက်ဆံ ဘယ်လောက် ဝင်တယ် ဆိုတာထက် ဘယ်လောက် စုနိုင်တယ် ဆိုတာက ပိုအရေးကြီးပါတယ်… ။ လူတွေက မဝင်သေးတဲ့ ပိုက်ဆံကို မျှော်ကိုးပြီး အကြွေး ယူတတ်ကြတယ်… ။ ဒါက အဓိက မှားယွင်းနေတဲ့ အချက်ပဲ… ။ ကျွန်တော်တို့တွေ ပိုက်ဆံစုနေတဲ့အချိန်မှာ ဘယ်လို ဗျူဟာတွေ သုံးရမလဲဆိုတာ အချက်ကျကျ တင်ပြချင်ပါတယ်. . . ။ ။ ၁။ သုံးပြီးမှ မစုလေနဲ့… လစာထုတ်တာနဲ့ လိုချင်တဲ့ပစ္စည်းတွေကို ဝယ်ပြီးမှ ပိုက်ဆံ စုတတ်ကြတယ် ။ […]









