နိုင်ငံတကာသတင်း

“ဗြိတိန်ဘုရင်မကြီး ပါဝင်တဲ့ G 7 ရဲ့ စစ်ကောင်စီအပေါ် ရာဇသံ “

“ဗြိတိန်ဘုရင်မကြီး ပါဝင်တဲ့ G 7 ရဲ့ စစ်ကောင်စီအပေါ် ရာဇသံ ” G 7 အဖွဲ့ဝင်နိုင်ငံ ခေါင်းဆောင်အားလုံးက ” မြန်မာစစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီး ထိန်းသိမ်းထားသူတွေအားလုံးကို ချက်ချင်းလွှတ်ပေးဖို့ ပြင်းထန်တဲ့ ရာဇသံ ပေးလိုက်ပါတယ် ” ဒါ့အပြင် အာဏာသိမ်းစစ်တပ်က အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေကို ချက်ချင်းရပ်ပြီး ကုလရဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းကို လိုက်နာဖို့ အသိပေးလိုက်တယ် ။ အာဆီယံ ၊ ဂျာကာတာအစီးအဝေးမှာ သဘောတူထားတဲ့ ပွိုင့် ( 5 ) ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့နဲ့ ဆန့်ကျင်နေခဲ့မယ်ဆိုရင် တပ်တွေစေလွှတ်သင့်ရင် လွှတ်ရလိမ့်မယ်လို့လည်း ခေါင်းဆောင်အားလုံးက ကြေငြာလိုက်တယ် ဒီနေ့ဟာ G 7 အစည်းအဝေးရဲ့ နောက်ဆုံးနေ့ပါ ။ […]

နိုင်ငံတကာသတင်း

တောင်ကိုရီးယားနိုင်ငံက မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမည်

တောင်ကိုရီးယားနိုင်ငံက မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမည်ဟုကြေညာ ရန်ကုန်၊ဇွန်၁၀ ကိုရီးယားသမ္မတနိုင်ငံက မြန်မာနိုင်ငံရှိလူသားချင်းစာနာမှုအထောက်အပံ့လုပ်ငန်းများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR) နှင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့မှတစ်ဆင့် အမေရိကန်ဒေါ်လာ (၁.၃) သန်းလှူဒါန်းမည်ဟု UNHCRက ယနေ့တွင် ပြောသည်။ ကိုရီးယားသမ္မတနိုင်ငံ၏ လှူဒါန်းမှုကို ၂၀၂၁ ခုနှစ်တစ်လျှောက် မြန်မာနိုင်ငံအတွင်း အကူအညီအထူးလိုအပ်လျက်ရှိသည့် နေရာဒေသများ၌ UNHCR နှင့် WFP တို့ ‌ဆောင်ရွက်ကြမည့် အထောက်အပံ့လုပ်ငန်းများကို ပံ့ပိုးပေးမည်ဟု UNHCRကဆိုသည်။ UNHCRက” ရခိုင်ပြည်နယ်မှ ပဋိပက္ခများကြောင့်နေရပ်စွန့်ခွာထွက်ပြေးနေရသူများ မိုးရာသီကာလအတွင်း ရင်ဆိုင်ကြုံတွေ့ရနိုင်သည့်အခြေအနေများမှကာကွယ်ပေးနိုင်ရန်အတွက် နေအိမ်အမိုးအကာများအား ပြုပြင်ခြင်း၊ ထိန်းသိမ်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်ပါသည်။ စစ်တွေမြို့ရှိ စခန်းပေါင်း၂၁ခုမှ နေရပ်စွန့်ခွာပြည်သူများသည် ဆုံးဖြတ်ချက်ချမှတ်ခြင်းနှင့် ခေါင်းဆောင်မှုဆိုင်ရာသင်တန်းများ ကိုလည်းရရှိမည်ဖြစ်ပြီး၊ ယင်းတို့၏ လူမှုအသိုက်အ၀န်းများအားကိုယ်စားပြုနိုင်ရန်အတွက် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း၊ […]

နိုင်ငံတကာသတင်း အချစ်နှင့်ဘဝ

သင့်ကို ပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် အမူအကျင့် (၆) မျိုး

သင့်ကို ပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် အမူအကျင့် (၆) မျိုး လူတစ်ယောက်ဆွဲဆောင်မှုရှိမရှိဆိုတာ ကိုယ့်ရဲ့ ရုပ်အသွင်အပြင် ပုံပန်းသဏ္ဏန်နဲ့မဆိုင်ပါဘူး။ ပြောချင်တာက သင့်ခန္ဓာကိုယ်က ဝနေလို့၊ ပိန်နေလို့၊ ရုပ်ဆိုးနေလို့၊ စတိုလ်က ဂွမ်းနေလို့ အစရှိသဖြင့် ဒီလိုအပြင်ပိုင်း ပုံပန်းသဏ္ဏန်ကြောင့်မဟုတ်ပါဘူး။ ဆွဲဆောင်မှုရှိတယ် မရှိဘူးဆိုတာ သင့်ရဲ့ စိတ်နေစိတ်ထား၊ သင့်ရဲ့အပြုအမှု၊ သင့်ရဲ့ပုံစံပေါ်မှုတည်ပြီး ဆုံးဖြတ်ပေးတာပါ။ ဒါကြောင့် သင့်ကိုပိုပြီးဆွဲဆောင်မှုရှိလာစေမယ့် အမှုအကျင့်တွေကို မျှဝေပေးလိုက်ပါတယ်။ ၁. ပွင့်လင်းပါ၊ အစစ်အမှန်ဖြစ်ပါစေ ပွင့်လင်းပါဆိုတာ နေရာတိုင်းကို အကုန်လုံးလိုက်ပြီး ပွင့်ပွင့်လင်းလင်းနေပါ၊ပြောပါမျိုးမဟုတ်ပါဘူး။ ဥပမာ – ပိုက်ဆံမချမ်းသာပေမယ့် ပိုက်ဆံရှိချင်ယောင်ဆောင်တာမျိုး၊ အမှားလုပ်မိပေမယ့် မသိချင်ယောင်ဆောင် ဝန်မခံတာမျိုး ဒါတွေက သူများသိသွားရင်လည်း မကောင်းသလို သင့်ရဲ့ ဆွဲဆောင်မှုကိုပါ လျော့ကျစေပါတယ်။ ပြောချင်တာက သင့်အရှိအရှိတိုင်း ပုံစံအစစ်အမှန်ကိုချပြပြီး ပွင့်ပွင့်လင်းလင်းနေပါ။ အဲ့လိုနေခြင်းက […]

နိုင်ငံတကာသတင်း

ရောင်နီလာတော့မယ့် မနေ့ည UNက Human Rights Council အစည်းဝေးရဲ့ ရလဒ်

မနေ့ညက UNက Human Rights Councilအစည်းဝေးရဲ့ ရလဒ်ကို မျော်နေကြသော ပရိတ်သတ်ကြီးအတွက် အောက်ကစာလေးကို ဖတ်ကြည့်ကြပါနော်… 👇👇👇 # အရေးတော်ပုံအောင်‌တော့မည် ကုလသမဂ္ဂရဲ့ ကန့်ကွက်၊ ရှုံ့ချတဲ့ Statement တွေကို မြန်မာပြည်သူတွေကို ညည်းငွေ့သွားကြဟန်တူတယ်။ မနေ့က အရေးကြီးတဲ့ ကုလရဲ့ သတင်းတစ်ခုကို ပြောကြတာ သိပ်မတွေ့ရဘူး။ မနေ့က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို တက်ရောက်သူ (၄၇)နိုင်ငံလုံး တစ်နိုင်ငံမှ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ပါတယ်။ ဒါဟာ အင်မတန်ရှားပါးပြီး ဖြစ်တောင့်ဖြစ်ခဲ ညီညွတ်မှုတစ်ခုဖြစ်ပြီး မြန်မာပြည်အရေးအတွက် ကြီးမားတဲ့ အရွေ့တစ်ခု ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် စစ်ကောင်စီအတွက် ပြင်းထန်တဲ့ ထိုးနှက်မှုတစ်ခုဖြစ်ပြီး မြန်မာပြည်သူတွေအတွက် အားတက်ဖွယ် မျှော်လင့်ချက်တစ်ခုလည်း ဖြစ်တယ်။ ကုလလူ့အခွင့်အရေးကောင်စီအစည်းအဝေး အဖွဲ့ဝင် (၄၇)နိုင်ငံလုံး ကန့်ကွက်သူမရှိဆိုတဲ့ […]

နိုင်ငံတကာသတင်း

R2P အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်သော နိုင်ငံများ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်လာ

R2P အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်သော နိုင်ငံများ စာရင်းထဲမှာ မြန်မာနိုင်ငံပါဝင်လာ R2P အမြန်ဆုံး ဝင်ရောက်ရန် လိုအပ်သော နိုင်ငံ များ စာရင်းGlobal R2P ဌာန ကြီး က ထုတ်ပြန် မြန်မာနိုင်ငံက red alert ထဲ ပါဝင်နေပါတယ် March 15,2021 မြန်မာ စံတော်ချိန် 1:32 AM မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ် #R2P Monitor Issue 56 🔴#Afghanistan, 🔴#Cameroon, 🔴#CentralSahel, 🔴#China, 🔴#DRC, 🔴#Ethiopia, 🔴#Myanmar (#Burma), 🔴#Syria, 🔴#Venezuela, 🔴#Yemen, 🟡#CARcrisis, 🟡#Mozambique, 🟡#Nigeria, 🟡#SouthSudan & 🟡#Sudan. ၂၀၁၉ ခုနှစ် နိုဝင်ဘာလ […]

နိုင်ငံတကာသတင်း

ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်နှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည်

ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်နှင့် မဟာမိတ်များ ပူးပေါင်းဆောင်ရွက်မည် င် ဒေသတွင်းရှိ နိုင်ငံတွေမှာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အမေရိကန်က မဟာမိတ်တွေနဲ့အတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ် တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့အတူ ဂျပန်ကိုရောက်နေတာဖြစ်ပြီး ဒီနေ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi နဲ့ တိုကျိုမှာ ဆွေးနွေးပြီးတဲ့နောက် သတင်းစာရှင်းပွဲအတွင်း အဲဒီလိုပြောသွားတာဖြစ်ပါတယ်။ အမေရိကန်ဝန်ကြီး ၂ ဦး ခရီးစဉ်ရဲ့ အဓိကဦးတည်ချက်ဟာ အင်ဒို-ပစဖိတ်ဒေသအတွင်း တရုတ်ရဲ့ လွှမ်းမိုးမှုတိုးလာနေတာကို ထိမ်းချုပ်ရေးဖြစ်ပါတယ်။ အဲဒီလို လွှမ်းမိုးမှုထဲမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုနဲ့ ဒီမိုကရေစီအရေး၊ တရားဥပဒေစိုးမိုးရေး အခြေအနေကို အမေရိကန်ဝန်ကြီးက ထည့်ပြောသွားတာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken […]

နိုင်ငံတကာသတင်း

သဲမုန်တိုင်းကြောင့် ဘေ့ဂျင်းတွင် လိမ္မော်ရောင်တိမ်တိုက်ဖုံးကာ ၃၄၁ ဦးပျောက်ဆုံးနေ

သဲမုန်တိုင်းကြောင့် ဘေ့ဂျင်းတွင် လိမ္မော်ရောင်တိမ်တိုက်ဖုံးကာ ၃၄၁ ဦးပျောက်ဆုံးနေ ဧရာဝတီ ဂိုဘီ သဲကန္တာရမှ စတင်သော သဲမုန့်တိုင်းကြောင့် အဝါရောင် ဖုံတိမ်လိပ်များက တရုတ်မြို့တော် ဘေဂျင်းကို ပျောက်ကွယ်လုမတတ် ဖုံးလွှမ်းထားကြောင်း သတင်းများကဆိုသည်။ လေထုညစ်ညမ်းမှုအဆင့်မှာ ကြောက်စရာကောင်းလောက်အောင်မြင့်မားနေပြီး၊ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းကုန်ကြောင်း သိရသည်၊ မွန်ဂိုလီးယားမှ လာသော ထိုမုန်တိုင်းအတွင်း လက်ရှိအချိန်အထိ သိရသလောက် လူ ၃၄၁ ဦးပျောက်ဆုံးနေကြောင်း တရုတ်မီဒီယာအချို့ဖေါ်ပြသည်။ တရုတ်ပြည်တွင် သဲမုန်တိုင်းတိုက်သည်မှာ အထူးအဆန်းမဟုတ်သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဘေ့ဂျင်းသို့ ယခုလောက်ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်ခြင်းမရှိဟု ဆိုကြသည်။ ဖုံတိမ်တိုက်များကြောင့် လေယာဉ်ခရီးစဉ် ၄၀၀ကျော်ကို ဖျက်သိမ်းခဲ့ရပြီး၊ လာမည့်ရက်အနည်းငယ်အထိ ဘေဂျင်း၏ ရာသီဥတုမှာ သင့်တော်သော ရာသီဥတုဖြစ်မည်ဟုတ်ဟု တရုတ်မိုးလေဝသကဆိုသည်။ တရုတ်မှာတော့ အခု သဲမုန်တိုင်းဝင်နေပြီတဲ့ 👏👏👏 […]

နိုင်ငံတကာသတင်း

ငါတို့နိုင်ငံက မတည်မငြိမ်ဖြစ်နေတဲ့့ ပြဿနာများဟာ ဒေါ်အောင်ဆန်းစုကြည် ကြောင့်လည်း မဟုတ်သလို NLD ကြောင့်လည်း မဟုတ်ပါဘူး

မြန်မာပြည်ရဲ့ဖြစ်သည့်ပြဿနာသည်ပြည်တွင်းရေး မဟုတ်ပါနိုင်ငံတကာရဲ့ မတည်မငြိမ်မှုအရေးသာဖြစ်သည် နှစ်ပေါင်း ၅၀ ကျော်ပြည်သူတွေကို ဖမ်းဆီး ထောင်ချခဲ့တာတွေက စစ်တပ်ကလုပ်ခဲ့တာအခြေခံ ဥပဒေသည်လည်း သူတို့စိတ်ကြိုက် နှစ်ပေါင်းများရေးဆွဲခဲ့သည် ဥပဒေ သာဖြစ်သည် ငါတို့နိုင်ငံက မတည်မငြိမ်ဖြစ်နေသည် ပြဿနာများသည် ဒေါ်အောင်ဆန်းစုကြည် ကြောင့်လည်း မဟုတ်ပါဘူး NLD ကြောင့်လည်း မဟုတ်ပါဘူး   စစ်ကြောင့်ဖြစ်နေတာယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မှားခဲ့တာတွေကိုပြောနေရမယ့်အချိန်မဟုတ်နိုင်ငံတကာ နှင့် နိုင်ငံခေါင်းဆောင်းများ နှင့် အာဆီယံနိုင်ငံများ (တရုတ် ရုရှား အိန္ဒိယ)မင်းတို့ဆုံးဖြတ်ကြပါ ငါတို့နိုင်ငံ တည်ငြိမ်မှုရဖို့ ဆိုတာငါတို့နိုင်ငံ တစ်ခုတည်းအတွက်ကြောင့်မဟုတ်ဘူး အာစီယံနိုင်ငံများရော ကမ္ဘာ့နိုင်ငံများရဲ့လုံခြုံအရေးအတွက်ရော အရေးကြီးလို့ ပြောနေတာ ကမ္ဘာနိုင်ငံများ… အာစီယံနိုင်ငံများတရုတ် အိန္ဒိယအပါအဝင်အားလုံး မြန်မာပြည်သူများရဲ့ သဘောဆန္ဒနဲ့အတူရပ်တည်ပေးကြပါ   မြန်မာပြည်သူများ နှင့် မရပ်တည်ပေးပါကမတည်မြငိမ်ဖြစ်နေတာအားလုံးသည် မင်းတို့ ရပ်တည်ချက် မင်းတို့ကြောင့်သာဖြစ်သည် ငါတို့ပြည်သူ […]

နိုင်ငံတကာသတင်း


မြန်မာပြည်အတွက် ထိခြင်းငါးပါးဘုရားရှိခိုးနည်းနဲ့ ဆုတောင်းပေးနေကြတဲ့ တောင်ကိုရီးယားဘုန်းတော်ကြီးများ ရုပ်သံ ဒီနေ့တောင်ကိုရီးယားက ဂျိုဂဲဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေပါ… မြန်မာပြည်အတွက် ထိခြင်းငါးပါးဘုရားရှိခိုးနည်းနဲ့ တောင်ကိုရီးယားရဲ့ မြန်မာသံရုံးရှေ့ကနေ UNရုံးရှေ့အထိကို သွားခဲ့ကြတာပါ မြန်မာပြည်အတွက် ဘုန်းတော်ကြီးတွေက ဆုတောင်းပေးကြတာပါတဲ့….. မျက်ရည်တောင်ဝဲမိတယ်..ဆရာတော်တို့ရဲ့ပို့သတဲ့ မေတ္တာတွေကြောင့် မြန်မာပြည်ကြီးအေးချမ်းပါစေ… ကျေးဇူးတင်ပါတယ် တောင်ကိုရီးယား။ ဇာတ်လမ်းတွဲတွေကြည့်ရ အားပေးရကျိုးနပ်တယ်။ Love you South Korea မြန်မာနိုင်ငံက ကိုယ့်လူမျိုးအချင်းချင်းသတ်ဖြတ်နေတဲ့အချိန်မှာ တခြားနိုင်ငံတွေက မြန်မာလူမျိုးတွေအတွက် တတ်နိုင်တဲ့ဘက်က လုပ်ပေးနေတာတွေအတွက် ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ် တောင်ကိုရီးယားလူမျိုးတွေကိုလဲ ကျေးဇူးအများကြီးတင်ပါတယ် ဘုန်းတော်ကြီးများကိုရိုသေစွာဦးခိုက်ကန်တော့ပါတယ်..မြန်မာပြည်သူတွေရဲ့အပူမီးကိုမျှဝေခံစားပေးတဲ့အတွက်တောင်ကိုရီးယားပြည်သူများရဲ့ကျေးဇူးကြီးလှပါတယ် တောင်ကိုရီးယားက အရမ်းအားတက်သရောမြန်မာတွေအတွက်ဆုတောင်းပေး ကူညီပေးတာပဲနော် သတင်းတွေကအစဆက်တိုက်တင်ဆက်ပေးနေတာ Videoကြည့်ရန် unicode မြန်မာပြည်အတွက် ထိခြင်းငါးပါးဘုရားရှိခိုးနည်းနဲ့ ဆုတောင်းပေးနေကြတဲ့ တောင်ကိုရီးယားဘုန်းတော်ကြီးများ ရုပ်သံ ဒီနေ့တောင်ကိုရီးယားက ဂျိုဂဲဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေပါ… မြန်မာပြည်အတွက် ထိခြင်းငါးပါးဘုရားရှိခိုးနည်းနဲ့ တောင်ကိုရီးယားရဲ့ မြန်မာသံရုံးရှေ့ကနေ UNရုံးရှေ့အထိကို […]

နိုင်ငံတကာသတင်း

ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ…

ကာချုပ်ရဲ့သားသမီးနှစ်ဦးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အမေရိကန်ဒဏ်ခတ်အရေးယူ အာဏာသိမ်း စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သား အောင်ပြည့်စုံ၊ သမီး ခင်သီရိသက်မွန်နဲ့အတူ သူတို့ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၆ ခုကိုအမေရိကန်ပြည်ထောင်စု အစိုးရက ဒီနေ့ ဒဏ်ခတ်အရေးယူလိုက်ပါတယ် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက မတ်လ ၁ဝ ရက်နေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့တဲ့လုပ်ရပ်နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေအပေါ် အကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်ခဲ့တဲ့လုပ်ရပ်တွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးနှစ်ဦးအပေါ်ကို အရေးယူတာဖြစ်ကြောင်း ဖော်ပြထားတာပါတယ် အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ ပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေကတော့ A & M မဟာ ကုမ္ပဏီလိမိတက်၊ Sky One ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက် The Yangon Restaurant၊ […]