ဗဟုသုတ

အများသုံး အိမ်သာ တံခါးတွေက ဘာလို့ ကြမ်းပြင်ထိ အလုံမပိတ်ထားသလဲ

အရမ်း ညစ်ပတ်တယ် ၊ ရွံစရာကောင်းတယ်လို့ ထင်ရပေမဲ့ အများသုံး အိမ်သာတံခါးတွေ ကြမ်းပြင်ထိ မရောက်ရတဲ့ အကြောင်းအရင်း သင့်အနေနဲ့ အများသုံး အိမ်သာတွေနဲ့ ပတ်သတ်ပြီး သေချာပေါက် တွေးမိမှာကတော့ အရမ်း ညစ်ပတ်တယ်။ ရွံစရာကောင်းတယ် စတာတွေပါ။ နောက်တခုအနေနဲ့ အများသုံး အိမ်သာ တံခါးတွေက ဘာလို့ ကြမ်းပြင်ထိ အလုံမပိတ်ထားသလဲ ဆိုတာရော ပရိတ်သတ်တို့ အနေနဲ့ တွေးမိပါသလား။ အဲဒီလို မပိတ်ထားရခြင်းအတွက် အကျိုးအကြောင်း ခိုင်လုံတဲ့ အချက်တွေ အများကြီး ရှိပါတယ်။ အဲ့ဒါတွေကတော့ အကယ်၍ လူတစ်ယောက်ဟာ အလုံပိတ်ထားတဲ့ အိမ်သာခန်းထဲမှာ သတိလစ်သွားရင် အပြင်က ဘယ်သူကမှ သတိမပြုနိုင်ဘဲ အခြားလူတစ်ယောက်ယောက်က လာကယ်ဖို့ နာရီအနည်းငယ် ကြာမြင့်ပါလိမ့်မယ်။ တကယ်လို့ အိမ်သာတံခါးနဲ့ ကြမ်းပြင်နဲ့ကြားမှာ ဟနေမယ်ဆိုရင် […]

ဗဟုသုတ

အရင်းနှီးဆုံးလူတွေရဲ့ နောက်ကျောဓားနဲ့ထိုးတာမခံရအောင် ဒီအရာတွေကိုလျှို့ဝှက်ထားပါ

ကျွန်မတို့တွေဟာ ကိုယ်နဲ့ခင်နေတဲ့ သူတွေအပေါ် အလွန်အမင်း … ယုံကြည်တတ် ကြတဲ့ စိတ်လေးရှိ ကြပါတယ်။… ဘယ်လိုမျိုးလဲ ဆိုတော့ သူကတော့ ငါ့ကိုမကောင်းကြံမှာ … မဟုတ်ပါဘူး၊ သူကတော့ ဒီလိုလုပ်မှာမဟုတ်ပါဘူး ဆိုတဲ့ ယုံကြည်စိတ်လေးပေါ့။… သဒ္ဒါလွန်တော့ ကျွန်ဖြစ်ဆိုသလို ယုံကြည်မှု လွန်ကဲတဲ့ အခါ ဒုက္ခရောက် ကြရပါတယ်။… အဲ့ဒီလို အယုံလွန်ပြီး ဒုက္ခမရောက်ရအောင် ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှဖွင့် မပြောပါနဲ့။… အတိတ်ကအမှားလုပ်ခဲ့တဲ့အကြောင်း… အတိတ်က အမှားတွေနဲ့ပတ်သက်လို့ လျှောက်မပြောပြ ပါနဲ့။… ကျွန်မတို့ကယုံကြည်လို့ပြောတာဆိုပေမယ့် တစ်ဖက်လူက … ဒါနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားလဲ မသိနိုင်ဘူးလေ။… အခန့်မသင့်ရင် ဒါကို အသုံးချပြီး ကိုယ့်ကိုတိုက်ခိုက်တာ၊ နှိမ့်ချတာမျိုးလုပ်လာနိုင်တယ်မဟုတ်လား။… ဒါကြောင့်မို့ အတိတ်ကကိုယ်အမှားလုပ်မိခဲ့ရင်လည်း … အဲ့ဒီအမှားနဲ့ပတ်သက်လို့ လူတွေဆီမှာ ဝန်ခံနေဖို့မလိုပါဘူး။… အတိတ္ကိုအတိတ္မွာထားခဲ့ပါ။… […]

ဗဟုသုတ

လင်မယားအိပ်စက်ပုံကနေ ပြောပြနေသည့် အိမ်ထောင်ရေးအကြောင်း

အိမ်ထောင်ရှင် ပရိသတ်ကြီးအတွက် ဗဟုသုတအနေနဲ့ အိပ်စက်ခြင်းပုံစံကနေ လင်မယားနှစ်ယောက်ရဲ့ လက်ရှိအခြေအနေကို တွက်ဆလို့ရတဲ့ အလွယ်နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ခန္ဓာဗေဒဘာသာစကား ကျွမ်းကျင်ပညာရှင် ဒေါက်တာ Patti Wood က ပြောထားတဲ့ နည်းတွေ ဖြစ်ပါတယ်။ (၁) ရောထွေးယှက်တင်အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး ….ရောထွေးယှက်တင် အိပ်စက်ခြင်းမျိုးကိုတော့ လက်ထပ်ပြီး နှစ်အနည်းငယ်ကြာတဲ့အထိ အိမ်ထောင်သည်တွေ အိပ်စက်တတ်ကြောင်း တွေ့ရှိ့ရပါတယ်။ အနေအထားကတော့ များသောအားဖြင့် အမျိုးသားက နောက်မှ အမျိုးသမီးရဲ့ခါးကိုသိုင်းဖက်ထားတဲ့ အိပ်စက်နည်း ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ဟာ အချစ်နဲ့ယုံကြည်မှု နှစ်ယောက်ကြားမှာ အပြန်အလှန် နားလည်နေသေးတဲ့ သဘောဖြစ်ပါတယ်။ (၂) ခပ်ခွာခွာ အိပ်စက်ခြင်း လင်မယား, အိပ်စက်ပုံ, အိမ်ထောင်ရေး …..ဒါကတော့ ပထမပုံစံနဲ့ မတိမ်းမယိမ်းပါဘဲ။ အမျိုးသားက အမျိုးသမီးကို လက်နဲ့ […]

ဗဟုသုတ

ရသေ့ကြီးဦးခန္တီရွတ်ဆို၍ပုတီးစိပ်သောဂါထာ နှင့် အံ့ဖွယ်ထူးခြားချက်များ

ရသေ့ကြီးဦးခန္တီရွတ်ဆို၍ပုတီးစိပ်သောဂါထာ နှင့် အံ့ဖွယ်ထူးခြားချက်များ အင်္ဂလိပ်အရေးပိုင်မင်းဟာ ရသေ့ကြီးဦးခန္တီကို စစ်ဆေးဖို့အတွက် သူ့ရဲ့ပုလိပ်အဖွဲ့နဲ့အတူကျောင်းကိုရောက်လာခဲ့တယ်။ ပြီးတော့ ရသေ့ကြီးကို မေးလျှောက်တယ်။ ” တပည့်တော်တို့က တာဝန်အရ လာရတာပါဘုရား။ အရှင်ဘုရားဟာ ဝင်ငွေ မရှိပဲနဲ့ ဘုရားတည် ကျောင်းဆောက် လုပ်နေတာတွေဟာ အများကြီးပါပဲ။ ဘယ်က ပိုက်ဆံတွေနဲ့ ဆောက်နေတာပါလဲဘုရား ” လို့ဆိုပြီး လျှောက်သတဲ့။ ပြီးတော့ ” အခုလည်း တန်ဆောင်းဆောက်ဖို့ ဂျာမဏီကိုမှာပြီး သံမဏိဒေါက်တိုင်ကြီးတွေ ဝယ်နေတယ်လို့လည်း ကြားသိရပါတယ်။ အဲ့ဒီလောက်များတဲ့ ငွေတွေကို ဘယ်ကနေများရပါသလဲဘုရား ” တဲ့။ အဲဒီအခါ ရသေ့ကြီးက သိချင်ရင် ခဏစောင့်ဆိုပြီး ဘုရားခန်းထဲဝင်ကာ ( ၄၅ ) မိနစ်လောက် ပုတီးစိပ်ပြီး ပြန်ထွက်လာခဲ့တယ်။ သိပ်မကြာခင်မှာပဲ အရေးပိုင်မင်းရှေ့မှာတင် လူတွေဟာ တဖွဲဖွဲရောက်လာကြပြီး […]

ဗဟုသုတ

မြန်မာဘုရင်တွေ မိဖုရားများရခြင်း အကြောင်း

မြန်မာဘုရင် အများစုဟာ မိဖုရား များကြပါတယ်။ ဘာကြောင့် မိဖုရား များတာလဲ ဆိုတာကို မြန်မာမင်းအုပ်ချုပ်ပုံ (အင်ရုံစာတမ်း) မှာ စနစ်တကျ ဖော်ပြထားပါတယ်။ မင်းတုန်းမင်း က မိဖုရား အများကြီး ယူတာ မဟုတ်ပါဘူး။ သူကြိုက်လို့ ယူတာ သုံး၊ လေးပါးပဲ။ မင်းတုန်းမင်းလိုပဲ သူ့ထက် မိဖုရား များတဲ့ ဘိုးတော်ဘုရား၊ ဘုရင့်နောင်တို့လည်း သူတို့ယူလို့ များတာ မဟုတ်ပါဘူး။ မြန်မာမင်းများ အုပ်ချုပ်ပုံမှာ ဗဟိုနန်းတော်ရဲ့ လက်အောက်ခံ နယ်စား၊ ရွာစား၊ မြို့စားတွေဟာ ကိုယ့်နယ်ကို ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရတယ်။ တနှစ်မှ တခါ မဖြစ်စလောက် အခွန်လေးပဲ ဆက်သရတာ။ ဒီတော့ သူတို့ အစဉ်အဆက် နယ်စား၊ မြို့စား ဖြစ်ရေးက သူတို့အတွက် […]

ဗဟုသုတ

မန္တလေးမြို့ရဲ့ သစ်ပင်ကြီးများကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားပေးခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမားကြီးတစ်ယောက်

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ မန္တလေးမှာ အရိပ်အာဝါသ ကောင်းမွန်လှသော သစ်ပင်များကို တစ်ချိန်က ရည်ရွယ်ချက်ရှိရှိ စိုက်သွားပေးခဲ့တဲ့ တစ်ကိုယ်တော် ပရဟိတသမားကြီးတစ်ယောက် မန္တလေးမြို့မှာ ရှိခဲ့ဖူးပါတယ်။ အဲ့ဒီလူကတော့ အခြားမဟုတ်။ မန္တလေးမြို့မှာ သစ်ပင်များကို ဆိုက်ကားတစ်စီးနဲ့ လှည့်လည်စိုက်ပျိုးခဲ့သူ “ဆိုက်ကားသမားကြီး ဦးငွေ” ပဲ ဖြစ်ပါတယ်။ သစ်ပင်ဒါယကာ ဦးငွေကိုတော့ အဘ ဦးစံညွှန့်၊အမိ ဒေါ်စံမှီတို့က (၁၉၁၄) ခုနှစ် ဒီဇင်ဘာ ၂၃ရက်နေ့မှာ ငါန်းဇွန်မြို့တွင်မွေးဖွားခဲ့ပါတယ်။ မန္တလေးမြို့၊၈၄လမ်းနှင့်၈၅လမ်းကြား၊၃၄လမ်းနှင့်၃၅လမ်းကြား ဦးလှသိန်း ဗိမာန်အရှေ့ဘက် တောင် ကြယ်ခတ်ဝင်း အိမ်အမှတ် ၂၉၃/၁ရ မှာ နေထိုင်ခဲ့ပြီး ဆိုက္ကားနင်းလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပီး မိသားစုတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဦးငွေဟာ သူ့ရဲ့ မြို့ကလေးကနေ တစ်ဝမ်းတစ်ခါးအတွက် မန္တလေးမြို့ပေါ်တက်ပီး အလုပ်လုပ်ခဲ့ရပါတယ်။ ဖြစ်ချင်တော့ ဦးငွေ […]

ဗဟုသုတ

မဖြစ်မနေသိထားရမယ့် မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အိမ်မဆောက်ခင်ပြုလုပ်လေ့ရှိသည့်အချက် (၇)ချက်

မြန်မာ့ရိုးရာယဉ်ကျေးမှုထုံးတမ်းအစဉ်အလာအရ အိမ်မဆောက်ခင်ပြုလုပ်လေ့ရှိသည့်အချက် (၇) ချက် အရွယ်ရောက်ပြီးလူတစ်ယောက်ချင်းစီရဲ့ စိတ်ကူးအိပ်မက်တွေတိုင်းမှာလည်း ကိုယ်ပိုင် အိမ်လေးတစ်လုံးပိုင်ဆိုင်နိုင်ဖို့ဆိုတဲ့အိပ်မက်က မပါမဖြစ်ပါဆဲပါပဲ။ အဲဒီစိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်တယ်ဆိုတဲ့နေရာမှာလည်း ခေတ်အခြေအနေအထားတွေအရ တချို့က မြေဝယ်ပြီး အိမ်ကို ကိုယ်တိုင်ဆောက်တယ်။ တချို့က ဆောက်ပြီးသား အိမ်ဝယ်တယ်။ တချို့က တိုက်ခန်းဝယ်တယ်။ တချို့ကျတော့လည်း အလုပ်ရှုပ်မခံနိုင်လို့ ကိုယ်လိုချင်တဲ့ပုံစံကို ကန်ထရိုက်အပ်တယ် စသဖြင့် နည်းလမ်းမျိုးစုံနဲ့ အကောင်အထည်ဖော်လေ့ရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ဆံဖြူသွားကျိုး အိုမင်းမစွမ်းဖြစ်တဲ့အချိန်ထိနေထိုင်မယ့် အိမ်ကို အိမ်တလုံးပိုင်ရင်ပြီးရောဆိုတဲ့ သဘောမျိုးနဲ့တော့ အလျင်စလိုဖြစ်သလို ဝယ်ယူတာမျိုးမဟုတ်ဘဲ ကိုယ်တတ်နိုင်ရင် တတ်နိုင်သလောက် ကိုယ့်စိတ်တိုင်းကျဖြစ်အောင် အဘက်ဘက်ကနေ ထောင့်စေ့အောင် ပြုလုပ်နိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ်…။ ဒီလိုပြုလုပ်တဲ့နေရာမှာလည်း ရှေးထုံးလည်းမပယ်နဲ့ ဈေးသုံးလည်း မကြွယ်နဲ့ဆိုတဲ့စကားအတိုင်းပဲ ရှေးက လူကြီးသူမတွေ အိမ်ဆောက်ရင် ပြုလုပ်ခဲ့ကြတဲ့နည်းလမ်းများစွာထဲက အဓိကကျတဲ့ အချက်တချို့ကို ဝေမျှပေးချင်ပါတယ်။ ၁။ […]

ဗဟုသုတ

အင်းဝခေတ်က နာမည်ကျော်စောခဲ့သော သူခိုးကြီး ငတက်ပြား

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ မြန်မာသက္ကရာဇ် ၇၂၆-ခုတွင် အင်းဝမြို့ကို စတင်တည်ထောင်သူ သတိုးမင်းဖျားလက်ထက်တွင် စစ်ကိုင်း ရေဝန်းရပ်၌ ကျော်စောသော သူ ခိုးကြီးငတက်ပြားဟူ၍ ရှိ၏။ ၎င်းသူခိုးကြီးသည် အလွန်စွမ်း၍ ညဥ့်အခါ၌ စစ်ကိုင်းဘက်မှနေ၍ လှေဖြင့်ကူးကာ အင်းဝမြို့ မီးသွေးတိုက်တံခါးမှ ဝင်ပြီးသော် ဆင်းရဲသားအိမ်များ မဟုတ်ဘဲ မှူးမတ်၊ သူဌေးသူကြွယ်အိမ်များကိုသာ တက်ပြီးမှ ပစ္စည်းများကို သင့်တန် ရုံခိုး၍ စားသောက်နေထိုင်လေ့ ရှိသည်။ မှူးမတ်စသည်တို့ သိ၍ ဖမ်းဆီးကြသော်လည်း မမိနိုင်ချေ။တစ်နေ့သော် သူခိုးကြီးငတက်ပြားသည် ဤသို့ ကြုံးဝါး၏။ ငါ့ကို သတိုးမင်းဖျားရလျှင်သာ သတ်ရအံ့။ မရသော်ကား အဘယ်သူဝံ့အံ့နည်း´ဟုဆို၏။ ထိုစကားကို သတိုးမင်းဖျား ကြားသော် ဥပါယ်တမျဉ်ဖြင့် ဖမ်းအံ့ဟု ညဥ့်အခါ နန်းတော်ကဆင်းခဲ့၍ သူခိုးယောင်ဆောင်ပြီးလျှင် မီးသွေးတိုက်တံခါးမှ ထွက်လျက် ဧရာဝတီမြစ်ဆိပ်က […]

ဗဟုသုတ

အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင်

အောက်လမ်းပညာဖြင့်ဆေးခပ်ခံရလျှင် ယနေ့ခေတ်တွင် အောက်လမ်းပညာများတစ်ဖန်ပြန်ခေတ်စားလာတာတွေ့နေရသည် အများအားဖြင့်ထိုင်းဘက်ကကူးစက်လာသောပညာရပ်များဖြစ်ကြသည် ငယ်ရွယ်သူများပိုခံရတာတွေ့ရပါတယ် အထူးသဖြင့်နှလုံးသားရေးရာကိစ္စများမှာ ချစ်ချင်းမေတ္တာကိုအတ္တဖြင့်ပိုင်ဆိုင်လိုသူများ ပိုင်းလုံးလုပ်သူများပိုသုံးတတ်ကြပါတယ် အလုပ်ခံရသူတွေဟာ ငူတူတူငေါင်တောင်တောင်နဲ့ ဖုတ်အသွှင်းခံထားရသူတွေလိုပါပဲ အရောင်အဝါတွေလည်းကျလာတတ်ပါတယ် ဆရာအလုပ်ဖြင့်အသက်မွေးပြီးငယ်ရွယ်ချောမောသူများလည်းအများဆုံးဆေးခပ်ခံရတတ်ပါတယ် တစ်ချို့ရူးသလိုလိုအထိဖြစ်သွားကြပါတယ် အမှန်တော့ အောက်လမ်းဆရာများမှအောက်လမ်းဆန်ဆန်စီရင်ပြီး စားတဲ့အထဲမသိမသာထည့်ခိုင်းကြတာပါ အများအားဖြင့်လက်ဖက်သုပ်ထဲထည့်တတ်ကြပါတယ် စီရင်မူ့များက သွေးပုပ်လိုဟာမျိုးအထိပါတတ်ပါတယ် ဒါကြောင့် သူများပေးကျွေးတဲ့အစားအစာတွေစားတဲ့အခါ သတိလက်လွတ်မစားမိပါစေနဲ့ သရဏဂုံရွတ်ပြီးမှစားပါ စာရေးသူကိုယ်တိုင် ငယ်ရွယ်နုပျိုစဥ်အခါကဆေးခပ်ခံခဲ့ရဖူးပါတယ် ညနေဘက်တွေဆိုရင်လူဟာငူတူတူငေါင်တောင်တောင်ဖြစ်လာပါတယ် နောက်တော့မသင်္ကာလို့ ဂိုဏ်းဆရာနဲ့စစ်တော့ ပေါ်တော့တာပဲ လိမ်လို့မရတန်းပေါ်ပါတယ် အဲဒါနဲ့ ကိုယ်လုံအကာထိုးလိုက်မှသက်သာသွားပါတယ် ဆရာအလုပ်လုပ်သူတိုင်း အကာကိုယ်လုံထိုးထားသင့်ပါတယ် မထိုးထားရင်ခံရတတ်ပါတယ် နယ်တွေရွာတွေဘက်သွားရင်ပိုဆိုးပါတယ် ပညာစမ်းတာခံရတတ်ပါတယ် ကိုယ့်မှာသာကိုယ်လုံအကာမထိုးထားရင် ရူးပါသွားနိူင်ပါတယ် ယနေ့ခေတ်မှာတော့ အချစ်ရေးကိစ္စတွေမှာ သုံးလာကြတာတွေ့တွေ့နေရပါတယ် သမုဒယလွန်ကဲပေးဆပ်မူ့ကြမ်းပြီးမှ လိုချင်တာလည်းရရော ဟိုက ရူးချင်ယောင်ဆောင် အလာကြဲ အဲဒီမှာ အောက်လမ်းဆေးနည်းတွေသုံး ငွေကလည်းတောင်းသမျှပေးရ အဲဒီမှာဟိုကောင်လည်းဆေးမိတာနဲ့ ငူတူတူငေါင်တောင်တောင်ရူးကြောင်ကြောင်ဖြစ်တော့တာပါပဲ ဆရာကောင်းနဲ့တွေ့ရင်တော့ပျောက်တာပေါ့ ဆရာလိမ်နဲ့တွေ့ရင်တော့ […]

ဗဟုသုတ


ကြက်ဥတွေ လတ်၊မလတ်သိချင်ရင် ဒီနည်းလမ်း (၄)မျိုးနဲ့ အလွယ်တကူစမ်းသပ်လိုက်ပါ ဈေးဝယ်ထွက်တဲ့အခါ ကိုယ်ဝယ်မယ့် ကြက်ဥတွေ လတ်မလတ်နဲ့ ချက်ပြုတ်စားသောက်မယ့် ကြက်ဥတွေ လတ်မလတ် သိနိုင်ဖို့ရန်အတွက် စမ်းသပ်နိုင်မယ့် အလွယ်နည်းလမ်း ၄ မျိုးကို မျှဝေပေးချင်ပါတယ်။ ၁။ ကြက်ဥကို နား အနားမှာကပ်ပြီး လှုပ်ကြည့်ပါ။ ကြက်ဥတစ်လုံးကိုယူပြီးနားအနားမှာအသာဖြေးဖြေးလှုပ်ကြည့်ပါ။လတ်ဆတ်တဲ့ကြက်ဥမှန်ရင်ဘာအသံမှမထွက်ပါဘူး။ အဲလိုမဟုတ်ဘဲ ကြက်ဥထဲကနေ အသံထွက်နေပြီ ဆိုရင်တော့ အဲဒီကြက်ဥဟာ လတ်ဆတ်မှု မရှိတော့ပါဘူး။ ၂။ ရေထဲသို့ထည့်ကြည့်ပါ ခွက်တစ်ခု ဒါမှမဟုတ် ဇလုံတစ်လုံးထဲကို ကြက်ဥ မြုပ်ပြီး ၁ လက်မခန့်လောက် ရေအေးထည့်ထားပါ။ထိုဇလုံထဲသို့ ကြက်ဥများကို ဖြေးညှင်းစွာထည့်ကြည့်ပါ။ လတ်ဆတ်သော ကြက်ဥများသည် ရေအောက်သို့ နစ်မြုပ်သွားပြီး သိပ်မလတ်သော ကြက်ဥများသည် ရေထဲသို့ အနည်းငယ် နစ်သွားမည် ဖြစ်သည်။လုံးဝမလတ်သော ကြက်ဥများသည် ရေပေါ်သို့ […]