ဗဟုသုတ

” ငါလာမှ သီး၊ ငါလာမှ ကြီး “မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာရဲ့ အမုန်းကျိန်စာနဲ့ ပေပင်လေး‌တွေ

ငါလာမှသီး ၊ငါလာမှကြီး ” တဲ့လားဖေဖေ ၊ သူ့ကျိန်စာကလည်း စိတ်ဝင်စားစရာကောင်းသလို .. ပေပင်လေးတွေကလည်း နှစ်ရာထောင်ချီနေတာတောင် သုံးလေးပေက မတက်ဘူးနော်…၊ သူ့နတ်နန်းမှာ ဘာလို့ ဘီလူးမကြီးနဲ့ တွဲထားရတာလည်း ဖေဖေ ၊ ကြည့်ရတာ တမျိုးကြီးပဲ … ” ဗိဿနိုးမြို့ထဲ ဝင်သွားချိန်ကစလို့တိတ်ဆိပ်ချောက်ချားစွာနဲ့ နေရာတစ်ခုချင်းဆီကို စိတ်ဝင်စားစွာ ကြည့်နေပေမယ့် စိတ်အစဉ်ကတော့ ဟိုး နှစ်ပေါင်း နှစ်ထောင်ခန့်က စည်ကားခဲ့တဲ့ဗိဿနိုးမြို့ကြီးရယ် ၊သရေခေတ္တရာဆိုတဲ့ ဒွတ္တဘောင်တို့ရဲ့ ပြည်မြို့ကြီးရယ်.. ၊အင်မတန်ချောမောလှပတယ်ဆိုတဲ့ ပန်ထွာဘုရင်မရယ် ..၊ ငယ်ငယ်ကအရမ်းသဘောကျခဲ့တဲ့ အတုလစည်တော်ကြီးနဲ့ စည်တီးရင် ရေကြီးတဲ့ ရန်ပယ်ချောင်းရယ် .. ရဟန်းတုတွေက ဖျက်ဆီးခဲ့လို့ ပျက်ဆီးသွားတဲ့အတုလစည်အပေါက်ကြီးရယ် …၊ ရဟန်းတုတွေအပေါ် အခဲမကြေနိုင်ခဲ့ပဲ မဟာမြိုင်တောမှာ ခုချိန်ထိ လက်စားချေနေတာရယ်.. သူလူပြန်ဖြစ်ပြီး ဒွတ္တဘောင်ဘုရင်ကို […]

ဗဟုသုတ

အဝတ်အစားတွေမှာ ဆီစွန်းသွားခဲ့ရင် အလွယ်တကူ ဆီပြောင်စေတဲ့ နည်းလမ်း (၉) ခု…

အင်္ကျီမှာ ဆီစွန်းသွားတဲ့အခါ အရမ်းကို စိတ်ညစ်ရပါတယ်။ တချို့ ဆီစွန်းတွေက မပျောက်တာကြောင့် ကိုယ်ကြိုက်ရတဲ့ အဝတ်အစားတွေ အလကား ဖြစ်သွားပါတော့တယ်။ ဒါပေမယ့် ဒီနည်းလမ်းတွေကို သိထားရင် အဝတ်အစား ဆီစွန်းလည်း စိတ်ပူစရာ မလိုတော့ပါဘူးနော်။ ၁။ ရှားစောင်းလက်ပက်ဂျယ် ရေနွေးထဲမှာ ဆီစွန်းတဲ့ အဝတ်အစားကို ထည့်စိမ်လိုက်ပါ။ ရှားစောင်းလက်ပက်ဂျယ်ကို ဆီစွန်းနေရာမှာ သုတ်ပြီး ပွတ်တိုက်လိုက်ပါ။ ပြီးတော့ အဝတ်ကို ရေနွေးနဲ့လျှော်ပါ။နောက်ဆုံးမှာတော့ လေနဲ့ အခြောက်ခံလိုက်ရင် ရပါပြီ။ ၂။ ပြောင်းကော်မှုန့် ပြောင်းကော်မှုန့် အနည်းငယ်နဲ့ ဆီစွန်းအဝတ်ကို မိနစ် ၃၀ ခန့် ရောစိမ်ထားပါ။ ပြီးရင် သွားတိုက်တံလေးနဲ့ ဆီစွန်းနဲ့နေရာကို ပွတ်တိုက်ပါ။ နောက်ဆုံးမှာတော့ ရေအေးနဲ့ပြန်လျှော်ပါ။ ၃။ သံပုရာရည် အဝတ်အစားမှာ ဆီစွန်းသွားရင် ဆီစုပ်စက္ကူနဲ့ မြန်မြန်သုတ်လိုက်ပါ။ […]

ဗဟုသုတ

သင်ဝယ်မည့်ကားကို ပြစ်မှုရှိမရှိ/ ချလန်ဖြတ်ခံထားရမှုရှိမရှိ/ယာဉ်တိုက်ခိုက်မှုရှိမရှိ မည်သည့်နေရာကမဆို မေးမြန်းနိုင်ပါပြီ

သင်၏ကား/သင်ဝယ်မည့်ကားကို ပြစ်မှုရှိမရှိ/ ချလန်ဖြတ်ခံထားရမှုရှိမရှိ/ယာဉ်တိုက်ခိုက်မှုရှိမရှိ မည်သည့်နေရာကမဆို မေးမြန်းနိုင်ပါပြီ *********************************************** ငါဝယ်မည့်ကားမှာ အမှုတွေများရှိနေမလား ယာဉ်တိုက်ခိုက်မှုတွေများရှိနေမလား ယာဉ်/လမ်းစည်းကမ်းချိုးဖေါက်ထားလို့ချလန်ဖြတ်အရေးယူထားတာများရှိနေမလား စသည်ဖြင့် မိမိကား/မိမိဝယ်မည့်ကားအပေါ်စိုးရိမ်မှု clear ဖြစ်လိုမှုတွေဖြတ်ပေါ်ပါလိမ့်မယ် အခုတော့ အဲ့ဒီလိုစိုးရိမ်စိတ်ဖြစ်ပေါ်လာတာနဲ့သိလိုသည်များကိုအတည်ပြုမေးမြန်းနိုင်ပါပြီ။ ယာဉ်ထိန်းရဲတပ်ဖွဲ့၊တပ်ဖွဲ့မှုး ရဲမှုးကြီးအောင်ကိုဦးမှယာဉ်ပိုင်ရှင်များ၊ယာဉ်အသုံးပြုပြည်သူများ၏ ထိုသို့ဖြစ်ပေါ်နေမှုကို ကူညီဖြေရှင်ပေးနိုင်ရန်အတွက် ယာဉ်ထိန်းရဲတပ်ဖွဲ့ပိုင် ကိုယ်ပိုင် server တစ်ခုထောင်ခဲ့ပါတယ် အဲ့ဒီ server ထဲမှာ မြန်မာတစ်နိုင်ငံလုံးက ယာဉ်စည်းကမ်း လမ်းစည်းကမ်းချိုးဖေါက်မိလို့ ချလန်ဖြတ်အရေးယူခံထားရတဲ့ယာဉ်တွေရဲ့ ဒေတာအချက်အလက်တွေ၊ ယာဉ်မတော်တဆဖြစ်လို့ မှတ်တမ်းတင်ပြုစုထားတဲ့အချက်အလက်တွေအားလုံးကို နေ့စဉ်နှင့်အမျှရေးသွင်းပြုစုထားပါတယ် အဆိုပါအချက်အလက်တွေကိုmobile application, pc application တို့မှာနေ့စဉ် store လုပ်ထားပါတယ်။ ဘယ်နေရာမှာ/ဘယ်မှာတိုက်ခဲ့သလဲ ဘယ်နှစ်ခါတိုက်ထားထားသလဲဘယ်မှာတိုက်ခဲ့ဖူးတယ် ဘယ်မှာတော့အဖမ်းခံရဖူးတယ်ဘယ်မှာအမှုရှိခဲ့တယ် စသည်ဖြင့် ယာဉ်အရောင်းအဝယ်မှားတွေမဖြစ်အောင်သံသယကင်းကင်းနဲ့ရောင်းနိုင်အောင်သံသယကင်းကင်းကင်းနဲ့ဝယ်နိုင်အောင် အဲ့ဒီလိုစေတနာနဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးမှ ကူညီဆောင်ရွက်ပေးထားပါတယ် မိမိသိလိုသည်များကို နီးစပ်ရာ မည်သည့်ယာဉ်ထိန်း ဒုတပ်ဖွဲ့ခွဲမှူးရုံးမှာမဆို မေးမြန်းနိုင်ပါတယ်။ […]

ဗဟုသုတ

သာကူစေ့ကို ဘယ်ကရလဲ… မသိသေးသောသူများအတွက် ဗဟုသုတအဖြစ် တင်ပေးလိုက်ပါတယ်

သာကူစေ့ကို ဘယ်ကရလဲ… မသိသေးသောသူများအတွက် ဗဟုသုတအဖြစ် တင်ပေးလိုက်ပါတယ် ဗဟုသုတ ရရှိစေမည့် အကြောင်းအရာလေးတစ်ခု ဖော်ပြပေးချင်ပါတယ်… သာကူစေ့… ဘယ်က စဖြစ်လဲဆိုတာ သိလိုက်ရသောအခါ… ကျွန်တော်တို့ ထန်းလျက် သာကူ/သကြား သာကူ နှင့် သာကူစေ့ပါဝင်သော အစားအစာတွေ အများအားဖြင့် စားသုံးဖူး ကြပါတယ်။ သာကူစေ့ကို saksak, rabia ,sago and sagu ဆိုပြီး ရေးသားခေါ်ဆိုပါတယ်။ ဒါပေမဲ့… သာကူစေ့ကို ဘယ်လို ပြုလုပ် သလဲ.. သာကူစေ့အတွက် ကုန်ကြမ်းပစ္စည်း (raw materials) ကို ဘယ်ကရသလဲ ဆိုတာ သိရှိထားသူ နည်းပါး နိုင်ပါတယ်။ ကျွန်တော် ပြောပြပါ့မယ်… သာကူစေ့အတွက် အဓိက ကုန်ကြမ်း ပစ္စည်းဟာ ဆာဂူပင် (Metroxylon sago […]

ဗဟုသုတ

အိမ်တလုံး ဆောက်မယ်ဆို သိထားသင့်တဲ့… အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ

အိမ်တလုံး ဆောက်မယ်ဆို သိထားသင့်တဲ့… အိမ်တစ်လုံးရဲ့ မြန်မာအခေါ်များ အဆောက်အဦတစ်ခုရဲ့ အပေါ်ကနေစပြောရရင် လက်သမားအခေါ် `ခေါင်လျောက်´ဆိုတာဟာ ဒိုင်းများရဲ့အပေါ် ခေါင်အုပ်ရဲ့အောက်မှာ ရေပြင်ညီ ခေါင်တန်းနဲ့အပြိုင်ထည့်ထားတဲ့ ခေါင်တန်းကို ခေါ်တယ်။ အဲဒီခေါင်လျောက်ကို rafter plate လို့ခေါ်တယ်။ များသောအားဖြင့် ပျဉ်းကတိုး ၄”×၂” ၊ ၅”×၂” တို့ကိုသုံးလေ့ရှိတယ်။ မြန်မာအခေါ် ဒိုင်းကိုတော့ အင်္ဂလိပ်လို rafter လို့ခေါ်တာကိုတော့ သိကြပြီးဖြစ်ပါလိမ့်မယ်။ မြင့်မိုရ်ပိတ်ဆိုတာကတော့ အဆောက်အဦ ဘေး ၂ ဘက်ရဲ့နံရံအပေါ်ပိုင်း တြိဂံပုံ နံရံကို ခေါ်တယ်။ အင်္ဂလိပ်လို gable wall လို့ခေါ်တယ်။ ပျဉ်ထောင်အိမ်ဆိုရင် ပျဉ်နဲ့ကာပြီး တိုက်အိမ်ဆိုရင် အုတ်နဲ့ပိတ်တယ်။ မြန်မာအခေါ်`ထုပ်´ဆိုတာက ၂ ဘက်ချဒိုင်းများရဲ့ အောက်ဖက် အဖျား ၂ ဘက်ကို ရေပြင်ညီချုပ်ထားတဲ့တန်း […]

ဗဟုသုတ


ပူလွန်းလို့ မနေနိုင်ရင် မီတာခ သက်သာအောင် အဲကွန်းဖွင့်နည်း စိုး အီလက်ထရောနစ်မှတင်ပြမှုအားကူးယူတင်ပြပါသည် ယခုလိုဗဟုသုတများရှင်းပြပေးသည့်အတွက် ကျေးဇူးတင်ပါသည်မီတာခ သက်သာအောင်အဲယားကွန်းဖွင့်နည်းအဲကွန်း Remote Control ကနေ အပူချိန်ကို အနိမ့်ဆုံးဖြစ်တဲ့ ၁၆ သို့မဟုတ် ၁၈ ဒီဂရီလောက် ထားလိုက်ရင် ၂၅ ဒီဂရီမှာ ထားတာထက် ပိုအေးတဲ့လေတွေ ထွက်လာမယ်၊ အခန်းလည်းမြန်မြန် ပိုအေးမယ်လို့ လူအများစုက ထင်ကြပါတယ်။အမှန်က လုံးဝ မဟုတ်ပါဘူး။ အဲကွန်းကထွက်လာတဲ့ လေဟာ ကိုယ်ထားထားတဲ့ အပူချိန်နဲ့ မဆိုင်ဘဲ တစ်သမတ်တည်းပါ။ ဒါဟာအဲကွန်းတစ်ခု ဘယ်လိုအလုပ်လုပ်လဲ မသိလို့ ဖြစ်ပါတယ်။လူအများနားလည်အောင် Technical Terms တွေကို ရှောင်ပြီး အလွယ်ပဲပြောလိုက်ပါတော့မယ်။ ဒီခေတ်မှာ အသုံးအများဆုံး ဖြစ်တဲ့ Split Type Air Conditioner တွေမှာ Indoor […]

ဗဟုသုတ

အရူးအသင်းနဲ့ အကန်းအသင်းတို့ကန်တဲ့ ဘောလုံးပွဲက ပေးတဲ့ အသိပညာ…

အရူးအသင်းနဲ့ အကန်းအသင်းတို့ကန်တဲ့ ဘောလုံးပွဲက ပေးတဲ့ အသိပညာ… တခါက မျက်မမြင်အသင်းနဲ့ အရူးအသင်း ဘောလုံး ကန်ကြမယ်ဆိုလို့ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး လာပြီး အားပေးကြတယ်။ ဘာတွေကို ဘယ်လို ကန်ကြလေမလဲ ပေါ့…။ ပြိုင်ပွဲ မစခင်မှာ မျက်မမြင်အသင်းရဲ့ နည်းပြက သူ့အသင်းသားတွေကို “မင်းတို့က မျက်မမြင်တွေ ဆိုတော့ အကြားနဲ့ ကန်ကြရမယ်။ မင်းတို့ ကန်သွင်းရမယ့် ဂိုးပေါက်မှာ… ငါ ခေါင်းလောင်း ချိတ်ထားပေးမယ်။ အဲဒီနေရာကို ဘောလုံး သယ်လာပြီး သွင်းကွာ။ ဘောလုံးမှာလည်း ချူတပ်ပေးထား မယ်ကွာ။ ပြီးတော့… မင်းတို့အချင်းချင်း သိရအောင် မင်းတို့ ဖိနပ်တွေမှာလည်း ချူ တပ်ပေးထားမယ်ကွာ… ရပြီလား” လို့ မှာတယ်။ “ရပြီ ဆရာ၊ ဒါဆိုရင်တော့ အဆင်ပြေပြီ […]

ဗဟုသုတ

ပန်ကာဖွင့်ပြီး အိပ်တတ်သူတွေ အတွက် သိမှတ်စရာများ

ပန်ကာဖွင့်ပြီး အိပ်တတ်သူတွေ အတွက် သိမှတ်စရာများ ပန်ကာနဲ့ အိပ်စက်ခြင်းက သင့်ကျန်းမာရေးအတွက် ဘာလို့မကောင်းတာလဲ… ပန်ကာမဖွင့်ဘဲနဲ့ မအိပ်တတ်ကြတဲ့သူတွေကို တွေ့ဖူးကြတယ်မလား။ အရမ်းပူတဲ့ ညတွေမှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တဲ့သူတွေက သူတို့ကို လေ တိုက်ရိုက်ထိတွေ့မှ အိပ်ပျော် တတ်ကြတာပါ။ ပန်ကာက အဆိပ်သင့်စေနိုင်တဲ့ အရာမဟုတ်ပေမဲ့ ညဘက်မှာ အသုံးပြုတာက မကောင်းတဲ့အကျိုးဆက်ကို ကြုံတွေ့ရနိုင်ပါတယ်။ ပန်ကာနဲ့ အိပ်ရင် သင့်ခန္ဓာကိုယ်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာကို ပြောပြပေးပါမယ်။ သင့် ပါးစပ်နဲ့ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းတွေကို ခြောက်စေပါတယ် အိပ်တဲ့အခါ ပန်ကာ ဖွင့်ထားတာက သင့်ခန္ဓာကိုယ်က အစိုဓာတ်နဲ့ ချွေးတွေကို ရေငွေ့ပျံ့သွားအောင် ကူညီပေးပြီး ရေဓာတ် ကုန်ခန်းတာ၊ ပါးစပ်နဲ နှာခေါင်းဆိုင်ရာ လေလမ်းကြောင်းခြောက်သွေ့တာတွေ ဖြစ်လာစေနိုင်ပါတယ်။ သင်က ပန်ကာဖွင့်ပြီးမှ အိပ်တတ်ရင် ဒီအကျိုးဆက်တွေက […]

ဗဟုသုတ

ဉာဏ်ကောင်းသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ရှိကြောင်း လေ့လာတွေ့ရှိ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။ ဉာဏ်ကောင်းသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ရှိကြောင်း လေ့လာတွေ့ရှိ စိတ်ပညာရှင်တွေရဲ့ သုတေသနလေ့လာချက်တွေအရ ဉာဏ်ကောင်းပြီးဖန်တီးနိုင်စွမ်း မြင့်မားသူတွေဟာ သာမန်လူတွေထက် ပိုမိုပျင်းရိလေ့ ရှိကြတယ်လို့ ဆိုပါတယ်။ အံအားသင့်စရာကောင်းတဲ့ လေ့လာတွေ့ရှိချက်တခုဖြစ်တာကြောင့်ယုံနိုင်စရာတော့မရှိပေမယ့်စိတ်ပညာရှင်တွေနဲ့ သုတေသနပညာရှင်တွေကတော့ ဒီလေ့လာတွေရှိချက်ဟာအမှန်တကယ် ဖြစ်တယ်ဆိုတာကိုသုတေသန အထောက်အထား ပေါင်းများစွာနဲ့ဖွင့်ဆိုရှင်းလင်းခဲ့ကြပါတယ်။ ဉာဏ်ပိုကောင်းပြီး IQ မြင့်မားသူတွေဟာ ဦးနှောက်ရဲ့စွမ်းအင်ကို ပိုမိုအသုံးပြုရတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှု အပိုင်းမှာ ပိုမိုပျင်းရိကြတာပဲဖြစ်ပြီး သူတို့ဟာ ဦးနှောက်နဲ့တွေးခေါ်ပြီးလုပ်ရတဲ့ ကိစ္စတွေကိုတော့ အလွယ်တကူ ပျင်းရိ သွားခြင်းမရှိကြပါဘူး။ လွယ်လွယ်ကူကူ ပြောရမယ့်ဆိုရင်တော့ လူက ပျင်းပေမယ့် ဦးနှောက်ကတော့ မပျင်းဘူးဆိုတာကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ သာမန်အားဖြင့် တက်တက်ကြွကြွရှိသူတွေကတော့ စဉ်းစားတွေးတောရတဲ့ ကိစ္စတော်တော်များများကို အချိန်ကြာကြာ ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ ဒီ သုတေသနလေ့လာချက်ကို […]

ဗဟုသုတ

အတာအိုး အကြောင်း သိကောင်းစရာများ

အတာအိုး အကြောင်း သိကောင်းစရာများ အတာအိုးဆိုတာ သင်္ကြန်တွင်းမှာ သိကြားမင်းက လူ့ပြည်ကို ဆင်းလာတယ်လို့ အယူရှိတယ်။ အဲ့ဒီအချိန်မှာ သိကြားမင်းကို ကြိုတာပေါ့။ အဲ့ဒီအချိန်အတွင်းမှာ မကောင်းမှု တတ်နိုင်သမျှမလုပ်ဘဲ ကောင်းမှု ကုသိုလ်နဲ့ပဲမွေ့လျော် ကြပါတယ်။ ဒီလိုပါပဲ အတာအိုးနဲ့ အတူ အတာပန်းဆိုတာရှိတယ်။ အတာပန်းတွေကတော့… တနင်္ဂနွေဆို အ-ဥ -အုန်းရွက်၊သြဇာရွက်၊ တနင်္လာဆို က -ခ-ဂ-ဃ-င ထဲက ကန့်ကော်ပန်း၊ခရေ၊ အင်္ဂါဆို ဇီးရွက်၊ ဗုဒ္ဓဟူးဆို ရွက်လှ၊ရေတမာ၊ ကြာသပတေးဆို မြေဇာ၊မာလကာရွက်၊ သောကြာဆို သပြေပန်း၊ စနေဆို တမာရွက်၊ ဒန်းပန်း၊ အစရှိသဖြင့်…… နေ့ ၇ နေ့ကိုကိုယ်စားပြုတဲ့ ၇ နေ့နံပန်းနဲ့ပါ။ တစ်ချို့ကလဲ ပတ်၀န်းကျင်ကိုမူတည်ပီး ဒန်း၊ ဇီး၊ စသည်ဖြင့် ထည့်ကြတယ်။ သင်္ကြန် […]