ယောင်္ကျားလေးတွေက ချောတဲ့ လှတဲ့ မိန်းကလေးတွေကို ကြည့်တာဟာ သဘာဝပါပဲ။ ဒါပေမဲ့ သင့်ရည်းစားကသင်နှင့်အတူ ရှိနေစဉ်အခြားမိန်းကလေးတွေကို ကြည့်တာဟာ သင့်ကို မလေးစားတာပါပဲ။ သင့်ရည်းစားအခြားမိန်းကလေးတွေကို ကြည့်တာ ရပ်ဖို့သင် လုပ်ဆောင်နိုင်မည့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ရည်းစားအသစ် ရှာနေတာလား။ သင့်ရည်းစား အခြားမိန်းကလေးတွေကို ကြည့်တာ သင် မိသည့်အခါ ပါးစပ်ပိတ်မနေပါနဲ့။ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါ။ သင့်စိတ်ခံစားချက်ကို မဖော်ပြပါနဲ့။ သင်ဟာ သူ့ထက် စမတ်ကျတယ် ဆိုတာ သူသိပါစေ။နောက်တစ်ကြိမ် မိန်းကလေးတွေကို ငေးတာသူ မရပ်ဘူးဆိုရင် အဲဒီကောင်မလေး လှလား။ ရည်းစားအသစ်ရှာနေတာလား။ ငါ ဘာကူညီပေးရမလဲ။ သို့မဟုတ် ငါ ရှိနေတာတောင်အခြားမိန်းကလေးတွေကို ကြည့်ရလောက်အောင် မိုက်မဲသလား။ စသည့် မေးခွန်းတွေ မေးလိုက်ပါ။ အဲဒီမေးခွန်းတွေက သူ့လုပ်ရပ်အတွက်သူ့ကိုယ်သူ အရှက်ရစေပါလိမ့်မည်။ ၂။ […]
အချစ်နှင့်ဘဝ
ကောင်လေးဘက်က သင့်ကိုအတည်တွဲနေမှန်း သိသာနေတဲ့ လက္ခဏာများ
အချစ်ရေး တစ်ခုမှာ အကြောက်ရဆုံးကတော့ ကိုယ်က စိတ်ရင်းအမှန်နဲ့ ပုံအပ်ပြီးချစ်ရသလောက် ကိုယ့်ကိုအပျော်တွဲခံရတာပါပဲ။ ဒါဟာ လူတော်တော်များများလည်း ကြုံရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်သလို ခံစားရတာလည်း အရမ်းကိုဆိုးရွားပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ကိုအပျော်တွဲတာလား၊ အတည်တွဲတာလားဆိုတာ ခွဲခြားသိမြင်တတ်ဖို့ လိုပါတယ် ခုဖော်ပြပေးမယ့်အချက်လေးတွေကတော့ သင့်ကိုအတည်တွဲနေတဲ့ ယောက်ျားတစ်ယောက်ရဲ့ လက္ခဏာတွေဖြစ်ပါတယ်။ သင့်ချစ်သူနဲ့ ကိုက်ညီနေရင်တော့ သင်ကံကောင်းပါတယ် (၁) သင့်အနားမှာနေရင် ရယ်မောပျော်ရွှင်နေမယ် သင့်ကိုအတည်တွဲတဲ့ ယောက်ျားတစ်ယောက်ဟာ သင့်အနားမှာနေတဲ့အချိန်တွေမှာ ရယ်မောပျော်ရွှင်နေတတ်တဲ့သူပါ။ ဟန်ဆောင်ပြီး ပျော်တဲ့ပုံဖမ်းနေတာမျိုးနဲ့တော့ အရမ်းကိုကွာပါတယ် သူ့ကိုသင်ကြည့်လိုက်တာနဲ့၊ သင့်အနားသူ ရောက်လာတာနဲ့ အမြဲတမ်းပျော်ရွှင်ပြီး ကြည်နူးနေတတ်တဲ့သူမျိုးပါ။ (၂) သူ့ရဲ့အပြုအမူမှာပေါ်လွင်နေတယ် ယောက်ျားလေးတွေဟာ စကားအပိုတွေ၊ တီတီတာတာတွေ သိပ်မပြောတတ်ကြပါဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားချက်ကို အပြုအမူနဲ့ ဘယ်လိုဖော်ပြရမလဲ ဆိုတာကိုတော့ ကောင်းကောင်းသိကြပါတယ် ဒါကြောင့်မို့လို့ သင့်ချစ်သူက […]
အိမ်ထောင်သက်ကြာလာတဲ့အခါ အမျိုးသမီးတချို့သူတို့ခင်ပွန်းကိုမုန်းသွားရတဲ့အကြောင်းရင်းများ…
အိမ်ထောင်သက်ကြာလာတဲ့အခါ အမျိုးသမီးတချို့သူတို့ခင်ပွန်းကိုမုန်းသွားရတဲ့အကြောင်းရင်း လက်ထပ်ထားတာကြာလာတဲ့အခါ တချို့သူတွေက အရင်အတိုင်းချစ်မြဲချစ်ဆဲဆိုပေမယ့် တချို့တွေကျတော့ တစ်ယောက်နဲ့တစ်ယောက် အချစ်တွေလျော့သွားသလို၊ စိမ်းသွားသလိုဖြစ်တတ်ပါတယ် အဲ့ဒီလိုအခြေအနေမှာ ဒီအချက်တွေဖြစ်နေရင် အမျိုးသမီးတွေက သူတို့ခင်ပွန်းကို မုန်းတဲ့အထိတောင်ဖြစ်သွားတတ်ပါတယ်။ (၁) မိသားစုအတွက်အချိန်မပေးတာ အိမ်ထောင်သည်တစ်ယောက်အတွက် မိသားစုကပထမဦးစားပေးရမယ့်အရာဖြစ်ပါတယ်။ ကိုယ့်မိသားစု၊ ကိုယ့်ဇနီးမယားကို အချိန်မပေးဘဲ အလုပ်များတာကိုအကြောင်းပြပြီး အပေါင်းအသင်းတွေနဲ့ပဲအချိန်ကုန်နေတာ၊ အိမ်မှာထက်အပြင်မှာပဲ ပျော်မွေ့နေတာက ဇနီးတစ်ယောက်ရဲ့ စိတ်ထဲမှာ နာကျင်စေပါတယ်။ ကိုယ့်မိသားစုကိုအချိန်မပေးဘဲ အပြင်မှာပဲပျော်မွေ့နေတာမျိုးကို မိန်းမတွေက စိတ်ပျက်၊မုန်းတီးတတ်ပါတယ် (၂) ဆုံးဖြတ်ချက်ချဖို့မတိုင်ပင်တာ မိသားစုဆိုတာက တစ်ခုခုအတွက်ဆုံးဖြတ်ချက်ချတဲ့အခါ အားလုံးတိုင်ပင်ပြီး အတူတကွဆုံးဖြတ်ကြရမှာပါ။ တစ်ယောက်တည်းသဘောနဲ့ ဆုံးဖြတ်ချက်ချတာက တစ်ကိုယ်ကောင်းဆန်တာဖြစ်ပြီး မိသားစုကိုစိတ်ဝမ်းကွဲစေပါတယ်။ မတိုင်ပင်ဘဲ တစ်ယောက်တည်းသဘောနဲ့ဆုံးဖြတ်တာမျိုးက ဇနီးတွေကို စိတ်ပျက်စေပါတယ်။ (၃) ကတိမတည်တာ စကားတစ်ခွန်းကိုအလွယ်ပြောပြီး ကတိတွေကို လွယ်လွယ်ပေးပြီးမတည်တာကလည်း တစ်ဖက်လူကိုစိတ်ပျက်စေပါတယ်။ ကတိပျက်တာများတဲ့ယောကျာ်းကို မိန်းမဖြစ်သူက တဖြည်းဖြည်းစိတ်ပျက်၊စိတ်ကုန်လာတာ […]
အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာများ..
အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့အရွယ်ပါပဲ။ ဒီလိုအချိန်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး အမှားအယွင်းမဖြစ်အောင် သတိထားဖို့လိုပါတယ် ဒါကြောင့် ပျိုမေတို့အတွက် အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။ ( ၁ ) လက်မထပ်ပါနဲ့ အသက် ၂၀ အရွယ်က အရမ်းငယ်လွန်းပါတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားလို့ကောင်းတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ ရူးမိုက်ပြီးလက်ထပ်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်က မတည်ငြိမ်သေးတဲ့အရွယ်မို့ လက်မထပ်သင့်ပါဘူး။ ( ၂ )ပုံအောပြီးမချစ်ပါနဲ့ တစ်စုံတစ်ယောက်ကို ပုံအောချစ်ထားပြီးမှ ကွဲသွားခဲ့ရင် ကိုယ်ပဲအလူးအလဲခံစားရမှာပါ။ ဒီအရွယ်မှာ မတည်မြဲနိုင်သေးတဲ့အတွက် တစ်ခုခုဆို အရမ်း Serious မဖြစ်ပါနဲ့။ ကိုယ့်အတွက် ရှေ့ဆက်ရမယ့်အချိန်တွေ၊ တွေ့ရမယ့်လူတွေက အများကြီးရှိပါသေးတယ်။ ဘယ်သူ့ကိုမှလည်း အယုံမလွယ်ပါနဲ့ ( ၃ )အတတ်ပညာကိုဦးစားပေးပါ ရည်းစားထားပြီး […]
လူချင်းတူနေပေမဲ့ မိန်းကလေးအများစု နှစ်သက်လေ့ရှိတဲ့ ယောကျင်္ားလေး အမျိုးအစား (၅)မျိုး
လူများဟာ တစ်ယောက်နဲ့ တစ်ယောက်မတူကြပါဘူး။ဒါပေမဲ့ တစ်ချို့သော အမျိုးသားတွေက မိန်းကလေးများကို အလွယ်တကူဆွဲဆောင်နိုင်ကြပါတယ်။တစ်ချို့ ယောင်္ကျားလေးတွေကျတော့ လည်း မိန်းကလေးများကို ဆွဲဆောင်နိုင်စွမ်းမရှိကြပါဘူး။ ဒါဟာ လူချင်းတူနေပေမဲ့ မိန်းကလေးအများစု နှစ်သက်တဲ့ ပုံစံတွေမရှိလို့ ဖြစ်နိုင်ပါတယ်။ အခုအောက်မှာတော့ မိန်းကလေးများကို ဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများနဲ့ မိန်းကလေးများကို မဆွဲဆောင်နိုင်တဲ့ ယောင်္ကျားလေးများအကြားဘာကွာခြားနေလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ဒီလို ကိုယ်ပိုင်ပုံစံတွေကို ကူးချလို့မရပါဘူး။ဒီကိုယ်ပိုင်ပုံစံတွေဟာ ကိုယ်ပိုင်ပုံစံသာဖြစ်ပြီးမိန်းကလေးတွေကလည်း ပုံစံတုနဲ့ ပြောဆိုဆက်ဆံတဲ့ သူတွေကို အလွယ်တကူ အကဲခတ်နိုင်ကြပါတယ်။ ၁။ စိတ်ကူးယဉ်ဆန်လွန်းတက်သော ယောင်္ကျားလေးများ စိတ်ကူးယဉ် ဆန်တဲ့ ယောင်္ကျားလေးဆိုတာ မိန်းကလေး တစ်ယောက်ကို ပန်းတွေသွားပေးတတ်သူ၊မွေးနေ့လက်ဆောင်လေးတွေ ပို့ပေးတတ်သူဖြစ်ပြီးစိတ်ကူးယဉ်ဆန်ဆန် ပိုးပန်းတတ်တဲ့သူကို တည်တည်တံ့တံ့နေကြတဲ့ ယောင်္ကျားလေးတွေထက် မိန်းကလေးများက ပိုနှစ်သက်ကြပါတယ်။ ၂။ ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ။ ယုံကြည်မှုရှိတဲ့ ယောင်္ကျားလေးများ ဟာ […]
သမီး ရည်းစား အတူနေပြီး လက်မထပ်သည့် အမျို..းသား များအတွက် ဥပဒေ တဲ့နော်
သမီး ရည်းစား ဘဝ တွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသား များ ကို ထောင်ဒဏ် ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေ ရေးဆွဲ ပြဋ္ဌာန်း သွားမည်။ သမီး ရည်းစား ဘဝ တွင် အတူနေထိုင်ပြီး လက်မထပ်သည့် အမျိုးသား များ ကို ထောင်ဒဏ်ငါးနှစ်နှင့် အထက် အရေးယူနိုင်သည့် ဥပဒေ ရေးဆွဲပြဋ္ဌာန်း သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၇ ရက်က ပြုလုပ်သည့် မြန်မာနိုင်ငံ လုံးဆိုင်ရာ အမျိုးသမီး ရေးရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ အစည်းအဝေး ပွဲမှ သိရသည် “ငါးနှစ်နဲ့ အထက်ပေါ့နော်။ အကယ်၍များ အမျိုးသမီး လေးမှာ […]
ဆရာမလေးတွေကို ဘာသာရပ်အလိုက် ရည်းစားစကား ပြောနည်း
(၁)မြန်မာစာသင်သောဆရာမလေး_သို့ ဆရာမလေး..တကယ်တော့ … နင်ဟာ”ရွှေနှင့်ယိုးမှား ပန်းစကားလို”လှပပြီး”ဘုန်းနှင့် ကံနှင့် ရွှေသဇင်”လို တန်းဖိုးမြင့်မြတ်လှသူပါ ငါ့အချစ်က သိင်္ဃသူ့သမီးရဲ့ ဆုတောင်းလို ရမ္မက်ကြီးခြင်းသစ္စာမဲ့ခြင်း ကင်းပါတယ်။မင်းအတွက်ဆို ငါက ဗျည်းနွဲ့လို သူရဲကောင်းဖြစ်ချင်သူပါ။ ရေသည်ယောက်ျားလို လောဘမကြီးရပါဘူ ဥဒယမင်းကြီးရဲ့စွန့်လွှတ်မှုမျိုးနဲ့ နင့်အချစ်တွေ စွန့်ကြဲပေးပါလား။ နာမဝိသေသနတွေ မရှိခြင်းနဲ့ ကြိယာတွေလို များများ ချစ်ပါရစေ (၂)အင်္ဂလိပ်စာသင်သောဆရာမလေး_သို့ ဆရာမလေး…ငါ့အချစ်က Calender နှင့် Clocks တွေလို ခေတ်အဆက်ဆက်ဖြတ်သန်းလာခဲ့တာပါ။နင်နဲ့တွေ့တိုင်း ငါဟာ Too Much Knowledge Maketh Fools ထဲက ဇာတ်ကောင်လေးယောက်လို အလွဲလွဲအမှားမှားဖြစ်ရတယ် တကယ်တော့ … အချစ်ဆိုတာ”Hellen Keller” လိုပဲလား။နင့်နှလုံးသားက Robots ဆန်လွန်းတယ်ဟာ”Dreams Do Come True ”ဖြစ်လာမယ့်နေ့ကို ငါ “Sleep […]
ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆေချစ်ပါ
ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆပိုချစ်ပါ သင့် ချစ်သူမိန်းကလေး ကို ရင်ခုန်သံ မြန်လာစေမယ့်အကြောင်းအရာတွေက ဘာတွေများဖြစ်မလဲ ? ယခုဖော်ပြမယ့် အချက် (၅) ချက်ကအရမ်း Romantic မဆန်ပေမယ့် သင့်ချစ်သူမိန်းကလေး ဟာ ဒီအချက်တွေကြောင့်ပဲသင့်ကို နှစ်ဆပိုချစ်လာမှာပါ။ ဒီ (၅)ချက်နဲ့ ကိုက်ညီတဲ့ ကောင်လေးမျိုးကို နှစ်ဆပိုချစ်ပါ ၁။ သူမ ကို အမြဲ ကာကွယ်ပေးခြင်း သူမ နဲ့အတူ လမ်းလျှောက်ထွက်တဲ့အခါမျိုးမှာ ရုတ်တရက် နေအရမ်းပူလာရင် သင် က ထီးမိုးပေးတာ၊ သူမ သွားမယ့် လမ်းကြောင်းမှာရှိတဲ့တံခါးမှန်သမျှကိုသင်က ကြိုဖွင့်ထားပေးတာ၊ သူမ နဲ့ ကားအတူစီးလာရင်လည်း ကားတံခါးကြိုဖွင့် ထားပေးတာ၊ အစရှိတဲ့အချက်တွေဟာ သေးသေးမွှားမွှားလို့ ထင်ရပေမယ့် သင့် ချစ်သူ မိန်းကလေး […]
ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ
ချစ်သူရဲ့တန်ဖိုးထားမှုကို အမြဲတမ်းရရှိချင်ရင် ဒီအချက်လေးတွေကို လိုက်နာပါ မိန်းကလေးတစ်ယောက်အဖို့ ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိနေမှ ပျော်စရာကောင်းတဲ့ အချစ်ရေးကို ပိုင်ဆိုင်ရတာပါ ဒီလိုမျိုး ချစ်သူရဲ့ဂရုစိုက်တန်ဖိုးထားမှုကို အမြဲရရှိချင်တယ်ဆိုရင်တော့ မိန်းကလေးတွေအနေနဲ့ လုပ်ဆောင်ရမယ့် ဆောင်ရန်ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ဒီအချက်လေးတွေကိုသာ လိုက်နာမယ်ဆိုရင်တော့ သင်ဟာချစ်သူအတွက်တန်ဖိုးရှိပြီးလေးစားစရာကောင်းတဲ့ သူတစ်ယောက် ဖြစ်လာမှာပါ။\ (၁) ကိုယ့်ဘဝကိုယ် မရှက်ပါနဲ့ သင်ဟာ ပညာတတ်တစ်ယောက်မဟုတ်လို့၊ စည်းစိမ်ဥစ္စာ မချမ်းသာလို့၊ ဒါမှမဟုတ် အားနည်းချက်တွေများလို့ ကိုယ့်ဘဝကို မရှက်ပါနဲ့၊ဖုံးကွယ်ဖို့လည်း မကြိုးစားပါနဲ့။အရှိကိုအရှိတိုင်း လက်ခံပြီး ဘဝကိုအကောင်းမြင်စိတ်ထားပါ။ဒါဟာ စိတ်ထားမွန်မြတ်ခြင်းဖြစ်တာကြောင့်သင့်ချစ်သူဟာ သင့်ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်ကို တွေ့မြင်ပြီး လေးစားတန်ဖိုးထားမှာဖြစ်ပါတယ် (၂) ကိုယ့်ကျင့်တရား စောင့်ထိန်းပါ ဒီကိစ္စကတော့ အရေးကြီးဆုံးပါပဲ။ သင့်ချစ်သူနဲ့သင်ဟာ လူမမြင်ကွယ်ရာရောက်နေလည်း စောင့်ထိန်းသင့်တာကိုတော့ စောင့်ထိန်းရမှာပါ သင့်ချစ်သူရဲ့ တန်ဖိုးထားလေးစားမှုကို ခံချင်ရင်တော့ ဒီအချက်ကို လိုက်နာပါ။တစ်ဘဝလုံးစောင့်ထိန်းခဲ့တဲ့ […]
မိန်းကလေးတစ်ယောက်ကို လုံးဝစိတ်ကုန်သွားစေနိုင်တဲ့ ချစ်သူကောင်လေးရဲ့အပြုအမူ(၅)မျိုး..
မိန်းကလေးတစ်ယောက်ကို လုံးဝစိတ်ကုန်သွားစေနိုင်တဲ့ ချစ်သူကောင်လေးရဲ့အပြုအမူ(၅)မျိုး မိန်းကလေးတွေဟာ ပင်ကိုယ်အရ စိတ်သဘောထားနူးညံ့သိမ်မွေ့သလို၊ စိတ်လည်း အရမ်းပျော့တာကြောင့် ချစ်သူကို အမြဲတမ်းခွင့်လွှတ် သည်းခံတတ်ကြပါတယ်။ တစ်ခါတလေ တကယ်ပြတ်ပြီလို့ပြောနေပေမယ့် အချိန်တန်ရင် ပြန်ပြီးပြေလည်ကျေအေး ပေးတတ်ကြလို့ တကယ်မပြတ်သားနိုင်ဘူးလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်တကယ်စိတ်ကုန်သွားနိုင်တဲ့ အရာတွေနဲ့ တကယ်စိတ်ကုန်ပြီဆိုရင် ဖြစ်တတ်တဲ့ သူတို့ရဲ့အမူအယာ၊ စိတ်နေသဘောထားတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဖောက်ပြန်တာ ကိုယ့်ချစ်သူလက်တွဲဖော် ဖောက်ပြန်တာဟာ မိန်းမတစ်ယောက်အတွက် ခွင့်လွှတ်နိုင်စရာအကြောင်း မရှိတော့ပါဘူး။ ဘယ်လောက်ပဲ ချစ်ခဲ့ချစ်ခဲ့ ကိုယ့်အပေါ်မှာ သစ္စာဖောက်ခဲ့ရင် ဘယ်တော့မှ ပြန်လှည့်မကြည့်ကြတော့ပါဘူး။ ဒီလိုအချိန်မှာ ချစ်တဲ့စိတ်ထက် နာကြည်းတဲ့စိတ်က ပိုပြီးအလေးသာလွန်းတာကြောင့် အဲဒီ့လူကို ဘဝထဲကနေ အပြီးအပိုင် ဆွဲထုတ်တော့မှာပါ။ ဖောက်ပြန်ပြီးမှ တောင်းပန်တာက ဘာမှအကျိုးမရှိတော့တာကြောင့် အစကတည်းက မဖောက်ပြန်တာအကောင်းဆုံးပါပဲ။ (၂) တန်ဖိုးမထားတာ မိန်းကလေးတစ်ယောက်ဟာ […]









