ဒီနေ့ခေတ်တွင် ရည်းစားကို ယုံမှတ်၍ပုံအပ်ကာ အသွေးအသားကို ပေးဆပ်လိုက်ရပြီး ဘဝပျက်သွားကြတဲ့ မိန်းမပျိုများစွာ ရှိပါတယ်။ ပျားရည်ဆမ်းတဲ့ စကားလုံးတို့ရဲ့နောက်ကွယ်မှာ တပ်မက်မှုရမက်တဏှာမီးတွေကြောင့် ဘဝပန်းအလှကြွေလွင့်သွားရရှာတဲ့ မိန်းကလေးတွေအတွက် မီးငယ်တို့အသိကြွယ်စေဖို့ ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။ လက်ရှိတွဲနေတဲ့ရည်စားဟာ အပျော်တမ်းတွဲနေတာလား၊ တကယ်လက်ထပ်ဖို့ ရည်ရွယ်ထားလား ထင်ရှားစေတဲ့ အချက် (၁၁) ချက်ကို သတိပြုမိဖွယ် ဖော်ပြလိုက်ပါတယ်။ ၁။ ကောင်လေးဟာ အနာဂတ်အတွက် ပြင်ဆင်နေမယ်။ တကယ်လက်ထက်ဖို့အထိ ရည်ရွယ်ထားတဲ့ ကောင်လေးဟာ ရည်းစားဖြစ်တဲ့အချိန်ကနေစပြီး အနာဂတ်မှာ ဘာတွေလုပ်မယ် ၊ ဘယ်လို ဆောက်တည်မယ် ၊ အိမ်ထောင်ပြုပြီးရင် ဘယ်လိုအသက်မွေးဝမ်းကြောင်းပြုမယ်ကအစ ကြိုတင်ပြင်ဆင်ထားလေ့ရှိပါတယ်။ ကိုယ့်ရည်းစားဟာ ယခုအချိန်ထိ သင်တို့နှစ်ယောက်အနာဂတ်အတွက် ဘာမှပြင်ဆင်ထားခြင်းမရှိသေးတာကို လေ့လာခြင်းဖြင့်ကိုယ့်ကိုယခုအချိန်ထိ လက်ထပ်ဖို့ရည်ရွယ်ချက်မရှိသေးတာကို သိရှိနိုင်ပါတယ်။ ၂။ သူ့ရဲ့ အချိန်တွေကို သင်နဲ့ကုန်ဆုံးစေပါမယ်။ တကယ်လက်ထပ်ဖို့ […]
အချစ်နှင့်ဘဝ
တကယ်ချစ်တဲ့ယောက်ျား နဲ့ ဟန်ဆောင်တတ်တဲ့ယောက်ျား….
မိန်းခလေးတယောက်က သူ့ချစ်သူ ကောင်လေးနဲ့ 6နှစ် အကြာလက်တွဲ ခဲ့တယ် ။ ဒါပေမဲ့ ချစ်သူကောင်လေးကသူမကို လက်ထပ်ယူဖို့ စိတ်ကူးမရှိခဲ့ဘူး ။ အဲဒါကြောင့် ဒီ 6 နှစ် ကြာ အချစ်ဇာတ်လမ်းကို သူမ ဖြတ်တောက်ပြစ်ဖို့ ရွေးချယ်လိုက်တယ် ။ သူမရဲ့ အခုလက်ရှိလင်ယောက်ျားကို အိ မ်ထောင်ဖက် တွေတဲ့အနေနဲ့ စတွေ့တဲ့ အချိန်တုန်းကသူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ် သူမရဲ့ ယောက်ျားကတချက်ပြုံးသွားတယ်။ အတူတူထမင်း စားခဲ့ကြပြီး ပျော်ရွှင်စွာစကားတွေ ပြောခဲ့ကြတယ်။နောက်တနေ့ သူတို့ ၂ေ ယာက်လုံးက အိမ်မှာမိဘတွေကို ပြောလိုက် ကြတယ် ။ ၁ပတ်လောက် ကြာတော့ သူတို့ စေ့စပ်ကြတယ် ။ ၂ ပတ်လောက် ကြာပြီးနောက် သူတို့လက်ထပ်သွားကြတယ် ။ […]
အချစ်တွေလျော့မသွားဘဲ ပိုချစ်လာကြတဲ့ စုံတွဲတွေရဲ့ လျှို့ဝှက်ချက် (၇)ခု…
အချစ်တွေလျော့မသွားဘဲ ပိုချစ်လာကြတဲ့ စုံတွဲတွေရဲ့ လျှို့ဝှက်ချက် (၇)ခု ချစ်သူတွေဘဝမှာ တစ်ယောက်နဲ့တစ်ယောက် ချစ်မဝဖြစ်ခဲ့ပေမယ့် လက်ထပ်ပြီးမှပြောင်းလဲသွားကြတာမျိုး၊ အချစ်တွေလျော့သွားတာ မျိုး၊ အဆင်မပြေမှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်နေတာမျိုးတွေ ဖြစ်လာမယ်ဆိုရင် နှစ်ယောက်လုံး ကြေကွဲရပါလိမ့်မယ်။ ဒီလိုမဖြစ်ရအောင် လက်ထပ်ပြီးရင်လည်း အချစ်တွေမလျော့သွားဘဲ တစ်ယောက်နဲ့တစ်ယောက်ချစ်တာထက် ပိုချစ်လာကြတဲ့စုံတွဲတွေ ရဲ့ လျှို့ဝှက်ချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ (၁) သူစိမ်းကို ဦးစားမပေးဘူး ကိုယ့်ချစ်သူ၊ ဇနီး၊ခင်ပွန်းထက် သူစိမ်းကို ပိုဦးစားပေးတာမျိုးမလုပ်ဘူး။ ကိုယ့်အတွက် အရေးကြီးတဲ့သူကိုသေချာသိပြီး သူတို့ကို ဦး စားပေးတယ်။ ဘေးလူ၊ သူစိမ်းတွေပြောတဲ့စကားကြောင့် ကိုယ်ချစ်တဲ့သူ နာကျင်အောင်မလုပ်ဘူး။ (၂) အပြစ်မတင်ဘူး၊ အတူတူဖြေရှင်းတယ် ပြဿနာတစ်ခုခုဖြစ်လာရင် သူ့ကြောင့်၊ ငါ့ကြောင့်ဆိုပြီး အပြန်အလှန် အပြစ်တင်ဖို့ထက် အတူတူဖြေရှင်းဖို့ပဲ စဉ်းစားတယ်။ (၃) ရိုးသားပွင့်လင်းတယ် တစ်ယောက်နဲ့တစ်ယောက် လျှို့ဝှက်ထားတာ၊ […]
(၂၀၂၁) ခုနှစ်အတွင်း single အဖြစ်ပဲ နေသင့်တဲ့ ရာသီခွင်များ
၂၀၂၁ လည်းရောက်ပြီ နှစ်သစ်မှာ single ဘ၀လေးကိုစွန့်ပြီး အချစ်ရှာရင်ကောင်းမလားလို့ စဉ်းစားနေကြတဲ့သူတွေရှိကြလား။ ဒါဆိုရင်တော့ ဒီနှစ်ထဲမှာလည်း Relationship ကို စတင်ဖို့ စဉ်းစားမယ့်အစား တစ်ယောက်တည်းနေသင့်တဲ့ ရာသီခွင်လေးတွေနဲ့ ဘာလို့ အချစ်ကိုမရှာသင့်သေးလဲဆိုတဲ့ အချက်လေးတွေ ကိုဖော်ပြပေးလိုက်ပါတယ်နော် … Gemini ဒီနှစ်အတွင်း ရည်းစားမထားသင့်တဲ့ ရာသီခွင်မှာ ထိပ်ဆုံးကရပ်တည်နေတာကတော့ Gemini လေးတွေပါ။ အခုအချိန်မှာ ဦးတည်ရာမဲ့နေသေးတဲ့အတွက် ဘ၀အတွက် ဘယ်လမ်းကြောင်းကို ရွေးချယ်ရမလဲဆိုတာကိုပဲ အရင်စဉ်းစားသင့်ပါတယ်။ အရာရာတိုင်းအတွက် အဖြေမရှိသေးတဲ့အချိန်ဖြစ်တဲ့အတွက် နှလုံးသားရော ဦးနှောက်ရော ပူးပေါင်းပြီးစဉ်းစားရမယ့် အချစ်ရေးအတွက် အသင့်မဖြစ်သေးပါဘူး ။ ကိုယ်ချစ်ခဲ့ရတဲ့ ex ကလည်းပြန်လာနိုင်ခြေရှိပေမယ့် အရှုပ်အထွေးထဲ ပြန်မ၀င်ပဲ single ပဲနေသင့်ပါတယ်။ Libra ဘ၀မှာကြုံဆုံရမယ့် အရှုပ်အထွေးတွေကို ဖြတ်ကျော်ခဲ့ရတဲ့အတွက် ဒီနှစ်အတွင်းမှာတော့ စိတ်ပင်ပန်းမှုတွေ ထပ်မယူတာအကောင်းဆုံးပါ။ […]
မိန်းကလေးတိုင်း ချစ်သူဆီက ကြားချင်တဲ့ စကား (၈) ခွန်း
အလိုက်သိစွာ ပြောစေ၊ လုပ်စေချင်တဲ့ အရာတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေရဲ့ ရင်ထဲမှာ ချစ်သူရဲ့ အလိုက်တသိ ပြုလုပ်တဲ့ အပြုအမူလေးတွေနဲ့ ပြောစကားလေးတွေကို အမြဲလိုချင်တာလေးတွေ ရှိပါတယ်။ ၁။ ဟင်းချက်ပေးမယ် ကိုယ်က ဘယ်လောက်ပဲ ဟင်းချက်ကောင်းပါစေ၊ ယောက်ျားလေးတစ်ယောက် ဟင်းချက်နေတာလောက် ချစ်စရာကောင်းတာ မရှိပါဘူး။ ၂။ ဒီပိတ်ရက်မှာ ကိုယ်တို့နှစ်ယောက်အတွက် အစီအစဉ်လေးတွေ လုပ်ထားတယ် များသောအားဖြင့် ဘာလုပ်မယ်၊ ဘယ်သွားမယ်ဆိုတာ မိန်းကလေးတွေကသာ ပြောဆို ပူဆာရတာပါ။ ဒါပေမဲ့ ချစ်သူက အရာရာစီစဉ်ထားပေးတယ်ဆိုတာမျိုးက မိန်းကလေးတွေရဲ့ရင်ထဲမှာ အမြဲတောင့်တတဲ့အရာပါ။ ၃။ မင်းမှန်ပါတယ် ယောက်ျားတစ်ယောက်အတွက် မှားတယ်လို့ ဝန်ခံရတာ အခက်ခဲဆုံးအရာတစ်ခုပါ။ ဒါပေမဲ့ မှားတာကို မှားတယ်လို့ ဝန်ခံစေချင်တာ မိန်းကလေးတွေရဲ့ ဆန္ဒပါ။ ၄။ တောင်းပန်ပါတယ် မိန်းကလေးတွေက နှလုံးသားနူးညံ့ပါတယ်။ […]
အနာဂါတ်ဖူးစာရှင်ကို သိရှိနိုင်တဲ့ သင့် လက်ဖဝါး
အနာဂါတ်ဖူးစာရှင်ကို သိရှိနိုင်တဲ့ သင့် လက်ဖဝါး No (1) အမျိုးအစား နံပါတ် (1) ပုံထဲကလို ဘယ်လက်ရဲ့ နှလုံးလမ်းကြောင်းက မြင့်ပီး ညာလက် နှလုံးလမ်းကြောင်း က နိမ့်နေသူတွေကတော့သတ္တိ ရှိတယ်၊ ထက်မြတ်တယ် ။စိန်ခေါ်မှု တွေကိုလည်း ချက်ချင်း ရင်ဆိုင်နိုင်သူတွေ ပဲဖြစ်ပါတယ် …။ အချစ်ရေး မှာလည်း အစွဲအလန်းကြီးတဲ့ သူတွေဖြစ်ပီးငယ်ရွယ်တဲ့ ကောင်လေး ချောချော ကောင်မလေးချောချော တွေနဲ့ ဖူးစာ ဆုံတတ်သူများ ဖြစ်ပါတယ် …။ No (2) အမျိုးအစား ပုံပါအတိုင်း ဘယ်ဘက် လက်ဝါး ရဲ့ နှလုံးလမ်းကြောင်းနဲ့ ညာဘက်လက်ဝါးရဲ့ နှလုံးလမ်းကြောင်းနှစ်ခုဟာ ညီညာပီး \ ထိဆက်နေတယ် ဆိုရင်တော့ သင်ဟာ စိတ်ခံစားမှုထက် အသိတရားကို ဦးစားပေးသူ […]
မိမိ ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူ မိန်းကလေးများအတွက် ဖတ်ထားဖို့လိုပါတယ်
မိမိ ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူ မိန်းကလေးများအတွက် ဖတ်ထားဖို့လိုပါတယ် ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်သူမိန်းကလေးများ ဘာဖြစ်တတ်သလဲ(မိန်းကလေးများအတွက် ဖတ်ထားဖို့လိုပါသည်) ချစ်သူကို ဆိတ်ကွယ်ရာအရပ်၌ ဘဝတစ်ခုလုံး ပုံအပ်လိုက်သူ မိန်းကလေးအချို့တိုးတက်လာသည့် နည်းပညာခေတ်တွင် ဂုဏ် သိက္ခာအရ အသုံးချခံခဲ့ရသော ဖြစ်စဉ်များ ခပ်စိပ်စိပ်ဖြစ်လာပါ သည်။မိန်းကလေးငယ်အချို့ ချစ်သူအမျိုးသားအပေါ် ယုံကြည် မှုလွန်ကဲမိခြင်းနှင့် နည်းပညာကိုတလွဲအသုံးချသော အမျိုးသား အချို့၏ လုပ်ရပ်ကြောင့် သက် ဆိုင်သူနှစ်ဦးသာ သိထားသည့် လျှို့ဝှက်အပ်သော နေထိုင်မှုပုံစံ များသည် ….. Online စာမျက်နှာများ ပေါ်သို့ ဓာတ်ပုံများ၊ ရုပ်သံဖိုင် များအဖြစ် ရောက်လာသည့် ဖြစ် စဉ်များရှိလာသည်။ထိုဖြစ်စဉ်များ၏နောက်တွင် ပတ်ဝန်းကျင် အသိုင်းအဝိုင်း၏ အထင်သေးရှုတ်ချမှုကို ရင်ဆိုင်ရပြီး ….သက်ဆိုင်သူမိန်းကလေး ငယ်အချို့ […]
ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး..
မိန်းကလေးတိုင်းဖတ်ဖို့ ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး အဲ့ဒီ ယောက်ျားကို ချစ်နေသေးတဲ့ စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ မိန်းကလေးတစ်ယောက် အယုံကြည်လွယ်တယ် ခံစားရလွ ယ်တယ် အားနာလွယ်တယ် အစွဲလမ်းကြီးတတ်တယ်ဆိုရင် နောင်တတွေနဲ့ အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့. ဖောက်ပြန်တတ်တဲ့ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက်လက်မတွဲပါနဲ့ အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ြ ပန်တာဟာ အချစ်ကို ကိုးကွယ်တာမဟုတ်ဘူး။ မွေးရာပါဆင်ခြင်တုံတရား အားနည်းတာ စာရိတ္တသက်လုံမကောင်းခဲ့တာပါ ပြောချင်တာက ဆန္ဒနဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ သိက္ခာ ကိုသာ ဦးစားပေးပါ လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ်တဲ့အခါ လိုအပ်တာကိုသာ ဦးစားပေးပါ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ် တဲ့အခါ ဖြစ်သင့်တာကိုသာ ဦးစားပေးပါ လက်တလော အဆင်မပြေဘူးထင်ရပေမယ့် နောင်တချိန် […]
ကျောင်းဆရာမတွေ ဘာကြောင့်အိမ်ထောင်မပြုကြတာလဲ
ဒီကိစ္စဟာ နိုင်ငံတစ်နိုင်ငံအတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ ကျွန်မတို့ ကျောင်းဆရာမတွေထဲမှာ အပျိုကြီးဆရာမတွေ ပိုပိုများလာတာ တွေ့ရပါတယ်။ တွေ့လိုက်ရတဲ့ အပျိုကြီးဆရာမတိုင်းဟာ ရုပ်ရည်ချောမောပြေပြစ်ပြီးစားဝတ်နေရေးပြည့်စုံ ကုံလုံတဲ့သူတွေချည်းပါပဲ။ ပညာတတ်တွေက သူတို့ရဲ့မျိုးဆက်တွေ ချန်မထားခဲ့ဘူးဆိုရင် နိုင်ငံရဲ့အနာဂတ်မှာ ဘယ်လိုမျိုးဆက်တွေနဲ့ နိုင်ငံတစ်နိုင်ငံကို ထူထောင်ကြမှာလဲ။ စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုကတော့ အမြော်အမြင်ကြီးစွာပဲ ဘွဲ့ရပညာတတ်တွေ အိမ်ထောင်ပြုလို့ ကလေး ၂ယောက်မွေးရင် တစ်ယောက်ကို တာဝန်ယူပေးသတဲ့။ ဒီနိုင်ငံမှာတော့ ပညာတတ်မိဘတွေဟာ ကလေးတစ်ယောက်ကို အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူနိုင်ဖို့ ကိုယ့်အတိုင်းအတာနဲ့ချင့်ချိန်ပြီး သားသမီးကိုတစ်ယောက်စနှစ်ယောက်စ လွန်ရောကျွံရော သုံးလေးယောက်ထက် ပိုမယူကြတော့ဘူး။ ပိုဆိုးတာက ဘွဲ့ရပညာတတ်မိန်းမတွေ ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်နိုင်တဲ့ မိန်းမအတော်များများဟာ အိမ်ထောင်မပြုကြတော့တာပါပဲ။ စာစောင်တစ်ခုထဲမှာ မိန်းမဦးရေက ယောက်ျားဦးရေထက်နှစ်ဆနီးပါး ပိုများလာခဲ့တယ်လို့ ဖတ်လိုက်ရတယ်။ ခေတ်အဆက်ဆက် နိုင်ငံတစ်နိုင်ငံမှာ စနစ်တစ်ခုပြောင်းလဲတော့မယ်ဆိုရင် ပညာတတ်လူလတ်တန်းစားတွေရဲ့အားနဲ့ပဲ ပြောင်းလဲရသတဲ့။ […]
သင်အရမ်းချစ်မှန်းသိနေလို့ သင့်ကိုတမင်အနိုင်ယူနေတဲ့ ချစ်သူရဲ့လက္ခဏာ (၅) မျိုး
သင်အရမ်းချစ်မှန်းသိနေလို့ သင့်ကိုတမင်အနိုင်ယူနေတဲ့ ချစ်သူရဲ့လက္ခဏာ (၅) မျိုး ယောက်ျားလေးတွေဟာ သူတို့ရဲ့စိတ်ထဲမှာ အနိုင်ယူချင်စိတ်တွေကိန်းအောင်းနေတတ်ပါတယ်။ ဒါကတော့ သူတို့ရဲ့ ပင်ကိုယ်ဗီဇအရလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ လောကကြီးမှာ ပေးဆပ်တာများသွားရင် ကိုယ့်ရဲ့ပေးဆပ်မှုတွေကို တန်ဖိုးမထားတော့သလို၊ ကိုယ့်ရဲ့ ပေးဆပ်မှုတွေဟာလည်း တစ်ဖက်လူရဲ့အသုံးချခံဖြစ်သွားတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သင်အရမ်းချစ်နေမှန်းသိလို့ သင့်ကိုတမင်အနိုင်ယူနေတဲ့ ချစ်သူရဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းလေးတွေအတိုင်း ဖြစ်နေပြီဆိုရင်တော့ သင့်ဖက်က ခပ်ချေချေနေဖို့လိုအပ်နေပါပြီ။ (၁) ဖုန်းမကိုင်ဘူး၊ ပြန်မဆက်ဘူး သင်ဟာ သင့်ချစ်သူကိုအမြဲတမ်း စိတ်ပူနေတတ်တဲ့သူ၊ တစ်ခုခုဆို အရမ်းစိတ်ထိခိုက်တတ်တဲ့သူဆိုတာ သင့်ချစ်သူက သိပါတယ်။ သင့်ဖက်က အရမ်းချစ်၊ အရမ်းစိတ်ပူနေတာက သူ့အတွက် စိတ်ကျဉ်းကျပ်စရာတစ်ခုဖြစ်နေသလို၊ သင့်ကို အနိုင်ယူဖို့ ဖြစ်လာပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ဖုန်းမကိုင်ဖြစ်ရင်တောင် သင့်ရဲ့ ဖုန်းအဝင်ကိုတွေ့တဲ့အခါမှာတော့ သင့်ကိုဖုန်းပြန်ဆက်သင့်ပါတယ်။ ဒီလိုမှမဟုတ်ပဲ ဖုန်းလည်းမကိုင်၊ ဖုန်းလည်းပြန်မဆက် သင့်ဖက်ကပဲ […]









