အချစ်နှင့်ဘဝ

LDRS ဆိုတာ တကယ်တော့ သနားစရာကောင်းပါတယ်……

LDRS ဆိုတာ တကယ်တော့ သနားစရာကောင်းပါတယ် များသောအားဖြင့် LDRS တွေက ပြတ်တာ များကြပါတယ်။ 100 မှာ 99 လောက်က ပြတ်ကြပါတယ် တစ်ယောက်ကို တစ်ယောက် ဘယ်လောက်ပဲ ချစ်ချစ်ပါ အနေဝေးရင် သွေးအေးတတ်တာ လူတွေရဲ့ သဘာဝပါ အချစ်ဆိုတာ အနီး အဝေးနဲ့ မသက်ဆိုင်ဘူးပြောကြတယ် အမှန်တော့ အနီး အဝေးနဲ့ သက်ဆိုင်ပါတယ် ဘယ်သူမဆို ကိုယ့် ချစ်သူ အနားလေးမှာ နေချင်တာပေါ့ ဒါပေမယ့် တစ်ခါတစ်လေ မှာ ခွဲခွာ နေရတဲ့ အခိုက်အတန့်လေးတွေ ရှိတတ်တယ် အဲ့လို အချိန်ဆိုရင် စိတ်တွေက ဖောက်ပြားချင်လို့တော့ မဟုတ်ဘူး တခြားတစ်ယောက်ဆီကို စိတ်တွေ ယိုင်တတ်ကြတယ် လူ့စိတ်ဆို တာ ထိန်းချုပ်ဖို့ ခက်ခဲတယ် စနှိုက်ကျော်တွေ […]

အချစ်နှင့်ဘဝ

တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး…

တကယ့်စစ်မှန်တဲ့ မေတ္တာဆိုတာ နှောင်ကြိုးတွေမပါဘူး ကိုယ်က သူ့ကိုချစ်တယ်ဆိုပြီးတော့ အကျိုးရှိအောင် လုပ်ပြီး တော့ သူ့ဆီက တစ်စုံတစ်ခု ပြန်ရဖို့အရေးကို လုံးဝ မျှော်လင့်ချက်မထားဘူး။ တချို့ကတော့လည်း သူတစ်ပါးအတွက် အနစ်နာခံပါတယ် ဆိုပြီးတော့ သူတပါးရဲ့ဘဝကို အပိုင်စီးထားတာတွေ ရှိတယ်။ သတိထားကြည့်ရင် တွေ့လိမ့်မယ်။ ” ငါ နင်တို့အတွက် အနစ်နာခံရတာ၊ နင်တို့ကို ကယ်တင်ထားရတာ၊ နင်တို့အတွက် အနစ်နာခံထားရတာမို့လို့ ငါပြောတဲ့စကားကို နင်တို့ တသွေမတိမ်းလိုက်နာရမယ်။ နင်တို့ဉာဏ်နဲ့နင်တို့ မစဉ်းစားနဲ့တော့၊ ငါပြောတာ၊ ငါလုပ်ပေး တာကို လက်ခံလိုက်၊ ခေါင်းငြိမ့်လိုက်၊ ငါက ကောင်းတယ်ဆို ရင် ကောင်းတယ်လို့ပဲ ယူဆတော့၊ ငါက မကောင်းဘူးဆိုရင် မကောင်းဘူးလို့ဘဲ ယူဆလိုက်တော့။ ငါက နင်တို့ကို ကယ်တင်ထားရသည့်အတွက်ကြောင့် နင်တို့ဘဝနဲ့ ပတ်သက်ပြီး အစစအရာရာ […]

အချစ်နှင့်ဘဝ

ခြေရှုပ်တဲ့ယောက်ျားတွေရဲ့ လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး

ခြေရှုပ်တဲ့ယောကျ်ားတွေရဲ့ လက်သုံးစကားများ (သို့) ဂျင်းကြီး ၁ဝ ပါး ဗေဒင်မေးစရာ မလိုပါဘူး။ ဒီ ၁၀ ခွန်းကို အမြဲတမ်းလိုလို ပြောနေတတ်တယ် ဆိုရင်တော့ သေချာနေပါပြီ ၁။ အဲ့ကောင်မလေးက သူငယ်ချင်းပါကွာ ဒီလိုစကားမျိုးဟာ သူကောင်မလေး တစ်ယောက်နဲ့ ပတ်သက်နေကြောင်း သင်ရှာဖွေတွေ့ ရှိသွားပြီး ဒါဘယ်သူလဲလို့ မေးမှသာ ပြန်ဖြေတဲ့စကားပါ။ အမှန်တကယ် သူငယ်ချင်းသာဆိုရင် အဲ့ဒီကောင်မလေး အကြောင်းကို သင်အစောကြီးတည်းက သိနေရမှာပေါ့ အခုမှပေါ်လာပြီး သံသယဖြစ်စရာ အပြောအဆိုတွေနဲ့ ပတ်သက်နေကြတဲ့ သူတို့နှစ်ယောက်ဟာ အမှန်တကယ် သူငယ်ချင်းတွေ ဖြစ်တယ်လို့ သင်ယုံပါသလား။ ယုံသင့်တယ်လို့ ထင်ပါသလား ၂။ ကိုယ့်လွတ်လပ်ခွင့်ကို အလေးထားပါ၊ ကိုယ့်ဖုန်းကို မကိုင်နဲ့ မကြိုက်ဘူး သင်မဟုတ်တဲ့ တခြားမိန်းကလေးနဲ့ ပို့ထားတဲ့စာတွေ ၊ အဲ့ဒီမိန်းကလေးရဲ့ […]

အခ်စ္နွင့္ဘဝ

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ

ရူးခါနေအောင် အချစ်ခံချင်ရင် ကိုယ့်ထက်ငယ်တဲ့ ကောင်မလေးတွေကိုရွေးချစ်ပါ ဘဝမှာ ရူးခါနေအောင်အချစ်ခံချင် တဲ့သူတွေချည်းပါပဲ။ ဒီလိုအချစ်မျိုးဟာလည်း လူတိုင်းဆီက မရနိုင်ပါဘူးနော်။ ကိုယ့်ထက်ငယ် တဲ့ကောင်မလေးတွေကို ချစ်မှပဲရနိုင်မှာပါ။ အကြောင်းရင်းလေးတွေ ကိုတော့ ပြောပြပေးမယ်နော် (၁) အရမ်း စိတ်ပူတတ်တယ် ဘေဘီလေးတွေဟာ ကိုကိုတွေကို အရမ်းစိတ်ပူတတ်ကြပါတယ်။ ချစ်သူကို ဘာတွေများ လုပ်နေမလဲ၊ အဆင်ရောပြေပါ့မလား၊ ဘယ်သူတွေနဲ့ ရှိမလဲဆိုပြီး အမြဲစိတ်ပူတတ်ကြပါတယ်။ ကိုကိုတွေကို လှမ်းလှမ်း Check နိုင်တာလည်း သူတို့အပြင် နှစ်ယောက်မရှိသလို၊ စိတ်ပူတတ်တဲ့ နေရာမှာလည်း နှစ်ယောက်မရှိကြပါဘူး … (၂) အရမ်း ကြင်နာတတ်တယ် ကိုယ့်ထက်ငယ်လို့ သိပ်မချစ် တတ်လောက်ဘူး၊ မကြင်နာတတ် ဘူးလို့တော့ မထင်လိုက်ပါနဲ့နော်။ လူကြီးလေးတစ်ယောက်လို စိတ်ရှည်သည်းခံပြီး ကြင်နာတတ်တာလည်း သူ့အပြင်နှစ်ယောက် မရှိပါဘူး။ သူကတောင် သင့်ကို […]

အချစ်နှင့်ဘဝ

နှစ်နဲ့ချီပြီးတွဲလာတဲ့ ချစ်သူ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စတွေကြောင့်ပဲ…

နှစ်နဲ့ချီပြီးတွဲလာတဲ့ ချစ်သူ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စတွေကြောင့်ပဲ… ချစ်သူသက်တမ်းကြာလာရင် ဖြစ်လာတဲ့ ပြဿနာက ပြောစရာရှားလာတယ်။ ဒါ ပေါ့သေးသေး ပြဿနာမဟုတ်ဘူးနော် နှစ်နဲ့ချီပြီး တွဲလာတဲ့ စုံတွဲတွေ ပြတ်ကုန်တာ ဒီကိစ္စကြောင့်ပဲ ဘာပြောရမှန်းမသိတာ ပြောသမျှတွေကို အပိုတွေလို့ ထင်သွားတာ သိပ် အန္တရယ်ကြီးပါတယ် ဥပမာ – ချစ်သူဖြစ်ကာစ ဖုန်းပြောရင် ဘယ်နှစ်နာရီကြာလည်း နှစ်နဲ့ချီလာတော့ မိနစ်တွေ နည်းသွားတယ်။ လိုရင်းပဲ ပြောကြတော့တယ် နောက်ပိုင်း ဖုန်းခေါ်တာတောင် သိပ်မရှိတော့ဘူး။ ဒါ မချစ်တော့တာလား ဆိုတော့လည်း မဟုတ်ဘူး တစ်ယောက်နဲ့ တစ်ယောက်က နှစ်နဲ့ချီပြီး တွဲလာတာ ချစ်တာပေါ့ … ဒါပေမယ့် ဘာပြောရမှန်း မသိတာရယ်၊ ကိုယ့်ဘာသာကိုယ် နေချင်တာရယ်၊ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ချင်တာရယ်တွေနဲ့ ပေါင်းပြီး စကားမပြောဖြစ် […]

အချစ်နှင့်ဘဝ

မိန်းကလေးဆိုတာ.. ခံစားချက်ကိုရှေ့တန်းမတင်ဘဲထိန်းချုပ်ထားသင့်ပါတယ်

မိန်းကလေးဆိုတာ.. ခံစားချက်ကိုရှေ့တန်းမတင်ဘဲထိန်းချုပ်ထားသင့်ပါတယ် ခံစားပါ။ လိုအပ်တာထက်မပိုပါစေနဲ့။ ထပ်တစ်လဲလဲ ခံစားနေခြင်းက မိမိစိတ်ကို မိမိသတ်တာနဲ့တူတယ်။ လွမ်းပါ။ လိုအပ်တာထက်မပိုပါစေနဲ့။ ထပ်တစ်လဲလဲလွမ်းနေခြင်းက တခြားသူအပေါ်အရှုံးပေးတာနဲ့တူတယ်။ သတိရပါ။ လိုအပ်တာထက်မပိုပါစေနဲ့။ ထပ်တစ်လဲလဲ သတိရနေခြင်းက သူများစိတ်နဲ့မိမိကိုယ် ရှင်သန်နေရတာနဲ့တူတယ်။ စောင့်မျှော်ပါ။ လိုအပ်တာထက်မပိုပါစေနဲ့။ ထပ်တစ်လဲလဲ စောင့်မျှော်နေခြင်းက မိမိရဲ့တန်ဖိုးရှိတဲ့အချိန်တွေ ဖြုန်းပစ်တာနဲ့တူတယ်။ သံယောဇဉ် ထားပါ။ လိုအပ်တာထက်မပိုပါစေနဲ့။ ထပ်တစ်လဲလဲသံယောဇဉ်ထားနေခြင်းက မိမိရဲ့စိတ်ကိုမအေးချမ်းဘဲ ပူလောင်စေတတ်လို့ပါ။ စွဲလမ်း ပါ။ လိုအပ်တာထက်မပိုပါစေနဲ့။ ထပ်တစ်လဲလဲစွဲလမ်းနေခြင်းက ဘဝမှာလုပ်သင့်တာမလုပ်ဘဲ မလုပ်သင့်တာတွေလုပ်မိစေတတ်လို့ပါ။ ချစ်ခင်နှစ်သက်ပါ။ လိုအပျတာထကျမပိုပါစနေဲ့။ ထပ်တစ်လဲလဲချစ်နေခြင်းက မိမိရဲ့ကိုယ်ကျင့်တရားကို ထိခိုက်စေတတ်လို့ပါ။ မိန်းကလေးဆိုတာ.. ခံစားချက်ကိုရှေ့တန်းမတင်ဘဲ ထိန်းချုပ်ထားသင့်ပါတယ်။ မိမိတို့ရဲ့ဘဝလေးလှပသာယာဖို့ ပန်းပျိုးသူရဲ့လက်ထဲမှာပဲရှိသင့်ပါတယ် မိမိရဲ့ခံစားချက်ကို မထိန်းချုပ်နိုင်ရင် ပန်းချိုးသူလက်ထဲရောက်ပြီး ဘဝပျက်တတ်လို့ပါ။ ခံစားချက်ကိုထိန်းချုပ်နိုင်ကြပါစေ Credit မိန်းကလေးဆိုတာ.. ခံစားချက်ကိုရှေ့တန်းမတင်ဘဲထိန်းချုပ်ထားသင့်ပါတယ် ခံစားပါ။ […]

အခ်စ္နွင့္ဘဝ

ချစ်တို့ရေ ဘဝအတွက်လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း(၅)ခုမေးကြည့်ပါဦး…

ချစ်တို့ရေ ဘဝအတွက်လို့တွေးမိတဲ့သူပေါ်လာရင်တော့ ဒီမေးခွန်း(၅)ခုမေးကြည့်ပါဦး… ဘဝအတွက် ရည်ရွယ်ထားသူနဲ့တွေ့ရင် ဒါတွေမေးကြည့်ပါအုံးနော် …။ သမီးရည်းစားထားတဲ့အခါ ဘဝအတွက်ရည်ရွယ်ချက် ပြီးတော့ပဲ ရည်းစားဖြစ်တာချည်းပါပဲ။ ဒါပေမယ့်လည်း တစ်ခါတလေ ရည်းစားအဆင့်နဲ့ ဘဝဟာအဆုံးသတ်လိုက် ပြီး ဘဝလက်တွဲမယ့် ဆိုတဲ့အဆင့်ကို မရောက်တာတွေရှိတတ်ကြပါတယ် …။ အဲဒီလိုမဟုတ်ပဲ ကိုယ့်ရင်ထဲစိတ်ထဲမှာ တကယ့်ကို လက်တွဲချင်စိတ် လက်ထပ်ချင်စိတ် ဖြစ်မိတဲ့သူလည်းရှိမှာပါ။ အဲဒီလို စိတ်ခံစားချက်တွေရှိနေတဲ့ သူနဲ့တွေ့ရင်တော့ မေးကြည့်ရမှာတွေ ရှိပါတယ် …။ကိုယ့်ကိုယ့်ကို မေးရမှာတွေ့ရှိသလို သူကိုလည်းမေးပါနော် …။ သူနဲ့ဆိုရင် စိတ်ချမ်းသာမှာသေချာလား…? ကိုယ့်ချစ်သူနဲ့အတူနေရင်တော့ စိတ်ချမ်သာမှာပေါ့လို့ ပြောမှာ သေချာပါတယ်။ ကိုယ့်ချစ်သူအနေနဲ့ မဟုတ်ဘဲ လက်တွဲဖော် အဖြစ်စဉ်းစားရမှာပါ။ သူနဲ့တစ်သက်လုံး စိတ်ချမ်းသာမှာလား ဆိုတာ တွေးပါ …။ သူရဲ့အမူအကျင့်တွေက ကိုယ့်ကို တကယ်ပျော်ရွှင်စေနိုင်လားဆိုတာ ကိုယ့်ကိုယ်ကိုမေးပါ။ ကိုယ်ကရော […]

အချစ်နှင့်ဘဝ

ရေစက်ဆုံခြင်း ဟုတ်မဟုတ်တော့ ဒီလိုလေး စစ်ကြည့်မယ်

ရေစက်ဆုံခြင်း ဟုတ်မဟုတ်တော့ ဒီလိုလေး စစ်ကြည့်မယ် ရေစက်သာပါလာရင် ကြံဖန်ပြီးဆုံရသလိုပဲ ရေစက်မပါရင် ကြံဖန်ပြီးလွဲတယ်ဆိုတဲ့စကားလေး ကြားဖူးကြမှာပါ။ ဒီလိုပဲ ကိုယ်တစ်ကြိမ်တစ်ခါမှ မဆုံဖူးပါပဲ မြင်မြင်ချင်းချစ်မိတဲ့အချစ်ဆိုတာ အတိတ်ဘဝကရှေးရေစက်ကြောင့်ဖြစ်လာရတဲ့အချစ်လို့ယုံ ကြည်ထားကြပါတယ်။ သူနဲ့ကိုယ်နဲ့ရေစက်လားဆိုတာကို သိနိုင်တဲ့ အချက်လေးတွေရှိပါတယ် .. ။ ၁။ ပထမဆုံးဆုံတဲ့အခါ ရင်းနှီးနေတဲ့ ခံစားချက်မျိုး လူတိုင်းကရေစက်ပါလို့တွေ့ဆုံကြသလိုပဲ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ဆိုတာ လည်း အတိတ်ဘဝကဆုံဖူး ဆုတောင်းခဲ့ဖူးတဲ့ဆုတောင်းတွေကြောင့်အခုဘဝမှာလက်တွဲ ဖော်အနေနဲ့ပြန်ဆုံတွေ့တယ်လို့ ယုံကြည်ကြပါတယ် … ။ သူနဲ့ပထမဆုံးစတွေ့တဲ့အချိန်မှာ အရင်ထဲကတွေ့ခဲ့ဖူးသလို၊ တစ်နေရာမှာမြင်ဖူးခဲ့သလို စိတ်ထဲမှာရင်းနှီးနေတဲ့ခံစားချက်မျိုးရလိုက်တာပါ။ မြင်မြင်ချင်းချစ်မိတာမျိုးမဟုတ်ရင်တောင် ခဏလေးအတွင်းမှာ အနှစ်နှစ်အလလကခင်မင်ခဲ့ဖူးသလိုမျိုး သံယောဇဉ်တွယ်ပြီး ချစ်မိသွားတာမျိုးပါ။ တကယ်ရှေးရေစက်သာဆိုရင် စိတ်ချပါ သင့်အချစ်ကတစ်ဖက်သက်လုံးဝ မဟုတ်ပါဘူး၊ သူဘက်ကလည်း သင့်လိုတစ်ထပ်တည်းခံစားရမှာပါ။ ၂ ။အကြောင်းအရင်း မတိုက်ဆိုင်ပါပဲ သူနဲ့ဆုံတွေ့ရတာမျိုး အစမှာပြောခဲ့သလိုပါပဲ ရေစက်ပါလာရင် […]

အချစ်နှင့်ဘဝ

မုဆိုးဖို ၊မုဆိုးမ ဖြစ်နိုင်သူတွေမှာ ပါရှိတတ်တဲ့ လက္ခဏာများ

မုဆိုးဖို၊မုဆိုးမ ဖြစ်နိုင်သူတွေမှာ ပါရှိတတ်တဲ့ လက္ခဏာများ လောကမှာ ချစ်ခြင်းနှင့်အစတည်လာခဲ့တဲ့ သိပ်ချစ်တဲ့ချစ်သူတွေဟာ တစ်နေ့တော့ အိမ်ထောင်ပြုလို့ မိသားစုဘဝကို တည်ဆောက်ပြီး သား၊မြေတွေရတဲ့ အထိ ရိုးမြေကျ အဖိုးကြီး၊အဖွားကြီးဖြစ်တဲ့အထိ ချစ်ခင်ကြင်နာစွာ နေထိုင်လိုကြတာဖြစ် တယ်။ ဒီလိုအခြေအနေမျိုးကိုမျှော်လင့်ရည်မှန်ပြီး ကိုယ်အလွန် ချစ်တဲ့ ချစ်သူနဲ့ လက်ထပ်ရဖို့ ဘဝအခက်အခဲများစွာကို ဖြတ်ကျော်ပြီး စွန့်စားခဲ့ကြတာပါ ဒီလိုအချစ်ရဲ့အားတွေ၊သတ္တိတွေနဲ့ တူနှစ်ကိုဘဝလမ်းကို လျှောက်လှမ်းရတဲ့အချိန်မှာ တစ်ဦးတစ်ယောက်က လူ့လောကကြီးကနေ မိမိကိုထားခဲ့ပြီး ထွက်ခွာသွားမယ်ဆိုရင် ဘယ်လောက်ဝမ်းနည်း ကြေကွဲဖို့ ကောင်းလိုက်မလည်း။ ဒီလိုထွက်ခွာသွားလို့ မိမိမှာ သူမရှိတော့တဲ့နောက် တစ်ကိုယ်တည်း မုဆိုးဖို-မုဆိုးမ ဘဝနဲ့ ဘဝခရောင်းလမ်းကို ဖြတ်ရတဲ့အခါ ဘယ်လောက်များ ကြေကွဲဖို့ကောင်းလိုက်လေမလည်း အဖော်မဲ့ပြီး လောကဒဏ်ရိုက်ခတ်တဲ့အချိန်မှာ သူ့ကိုတမ်းတလို့ မျက်ရည်တွေနဲ့ တိပ်တခိုးငိုနေရတဲ့ ဘဝတွေကို ဖြတ်သန်းနေရတဲ့ မိတ်ဆွေတွေ လောကမှာ […]

အချစ်နှင့်ဘဝ

တွေ့ဆုံခြင်းဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူး

လူနှစ်ယောက် တွေ့ဆုံခြင်းဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ဘူး ရေစက် ပါခဲ့လို့ပဲ ဖြစ်ဖြစ် ၀ဋ်ကြွေးပါခဲ့လိုပဲဖြစ်ဖြစ် ဆုံတွေ့ရတတ်ပါတယ် ‘ ဘ၀မှာ . . . ရေစက်ပါလို့ တွေ့ဆုံရတဲ့လူတွေအပေါ် တန်ဖိုးထားပါ ကြုံရဆုံရတယ်ဆိုတာ တကယ့်ကို ခဏလေးပါ အဲ့ဒီခဏလေးမှာ ကိုယ်တန်ဖိုးထားတတ်ဖို့လိုတယ် မကြာခင် လမ်းခွဲခြင်းတွေ ကွဲကွားခြင်းတွေ ရောက်လာမှာလား မရောက်လာဘူးလားဆိုတာ ဘယ်သူ့မှ တပ်အပ်မပြောနိုင်တဲ့အတွက် အခုလက်ရှိအချိန်မှာ ကိုယ့်အပေါ်မှာ ချစ်ခင်ကြင်နာတဲ့လူတွေအပေါ် Girl in a futuristic concrete home ပြန်ပြီး ဂရုတစိုက်လေးရှိပါ ဘယ်အရာမှ ကြိုပြောလို့မရနိုင်သလို ကြိုပြီးလဲမသိနိုင်ဘူးလေ အဓိကက ခွဲခွါသွားတဲ့အခါ ကိုယ့်ဘက်က နောင်တရမနေဖို့ အရေးကြီးတယ် ငါ ဂရုမစိုက်လိုက်ရလေခြင်း တန်ဖိုးမထားမိလေခြင်းဆိုတဲ့ နောင်တတွေက သေလောက်အောင် နာကျင်ရပါတယ် ဒါကြောင့် […]