အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် ၁။ သင့်ဇနီးသည်ဟာ ပြည့်စုံသူ မဟုတ်လို့ သူ့ ကို ခွင့်လွှတ်ပါ။ ၂။ သင့်ဇနီးဟာ သင့်အရိုးထဲက အရိုးဖြစ်လို့ သူ့ကို မရိုက်ချိုးပါနဲ့။ ၃။ သင့်ဇနီး ဟာ လက်ဆောင်ဖြစ်တယ်၊ တန်ဖိုးထားပါ။ ၄။ သင့်ဇနီးဟာ ရှားပါးတဲ့ ကျောက်မျက်အရိုင်းလေး ဖြစ်တယ်၊ သူ့ရဲ့ မနာလို စိတ်လေးတွေကို လမ်းမှန် တည့်ပေးပါ။ ၅။ သင့်ဇနီးဟာ သင့်ရဲ့အကောင်းဆုံး မိတ်ဆွေပါ၊ သူ့ကို ရင်းနှီးစွာ ဆက်ဆံပါ။ ၆။ သင့်ဇနီးဟာ သင့်ရဲ့ဝမ်းမြောက် စရာပါ၊ သူ့ကိုပြည့်ဝ အားအင်ရှိစေပါ။ ၇။ သင့်ဇနီးဟာ ယုယမှုခံထိုက်သူပါ၊ သူ့အတွက် ကျေနပ်ဝမ်းသာပါ။ ၈။ သင့်ဇနီးဟာ သင့်ရဲ့အဟာရပါ၊ သူ့ကို ယုယပါ။ […]
အချစ်နှင့်ဘဝ
ကိုယ်က အရင်ခွင့်လွှတ်ပါ…
ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်ခုမိကြတဲ့အချိန်တွေရှိပါတယ်..။ ဘယ်လောက်ချစ်ခင်သူတွေပဲဖြစ်ဖြစ်..စိတ်ဆိုးနေချိန်မှာတော့.. မျက်နှာတောင် မမြင်ရအောင် ရှောင်လွှဲနေတတ်ကြတယ် မဟုတ်လား..။ သူ့ရဲ့ဆိုးကွက်တွေ..မကောင်းကွက်တွေကို တစ်သီကြီးရှာဖွေဖော်ထုတ်ပြီး.. ကျွန်မတို့ရင်တစ်ခုလုံး မသယ်နိုင်လောက်အောင် လေးလံလှတဲ့အမုန်းအမျက်တွေ လွယ်ပိုးထားမိတတ်ကြပါတယ်…။ စေ့စေ့တွေးမိရင် ဘယ်လောက်ပင်ပန်းလွန်းလှပါသလဲ..။ ညဘက်ဆို ပိုဆိုးသေး..ရင်တစ်ခုလုံး မီးကင်ထားသလို ဒေါသနဲ့လောင်မြိုက်ပြီး အိပ်လို့တောင် မပျော်နိုင်တော့တဲ့ဘဝနော်…။ ကျွန်မမှာ စိတ်အခန့်မသင့်ဖြစ်ပြီးတိုင်း အရင်ဆုံးခွင့်လွှတ်တတ်တဲ့… ချစ်သူတစ်ယောက် ရှိပါတယ်..။ ကျွန်မ မှားလည်း သူက ခွင့်လွှတ်တာပါပဲ..။ ဘာလို့လဲလို့ မေးကြည့်မိတော့..တကယ်ချစ်တဲ့သူက ဘာဖြစ်ဖြစ်ခွင့်လွှတ်တတ်တယ်လေတဲ့..။ ပြီးတော့ ခွင့်လွှတ်လိုက်ရတာ..ရင်ထဲပေါ့ပါးမသွားဘူးလားတဲ့..။ တကယ်တော့ ခွင့်လွှတ်လိုက်တယ်ဆိုတာ..သူ့ကိုခွင့်လွှတ်လိုက်တာဆိုပေမယ့်.. ကိုယ့်ကိုယ်ကိုယ် ပြန်လွတ်မြောက်ခွင့်..စိတ်ချမ်းသာခွင့်ပေးလိုက်တာပါပဲ..။ ကိုယ်ကစပြီး ခွင့်လွှတ်ကျေအေးလိုက်လို့ ပျော်ရွှင်သွားရတဲ့အခါ.. သူရောကိုယ်ပါ ပျော်ရွှင်ရတယ်ဆိုပေမယ့်..ကိုယ်က ပိုပျော်ရတယ်ဆိုတာကို.. ခွင့်လွှတ်ဖူးမှသာ ခံစားသိခွင့်ရတာပါ..။ ဒါကြောင့် ကျွန်မတို့ ကိုယ်ကစပြီး ခွင့်လွှတ်ဖို့ ကြိုးစားကြည့်ရအောင်လေ…။ လွန်းထားထား.. ၂၁-၁၁-၂၀၂၀။ […]
တချိန်မှာ ပြန်ထွက်သွားဖို့ အစီအစဉ်ရှိခဲ့ရင်
တချိန်မှာ ပြန်ထွက်သွားဖို့ အစီအစဉ်ရှိခဲ့ရင် ကျမကမ္ဘာမှာ ခြေမချပါနဲ့ .. နာကျင်စရာတွေကို ကိုယ်မမွေးမြူထားတတ်လို့ပါ ။ ယာယီချစ်ဖို့ပဲ ဆန္ဒရှိရင် ကိုယ့်နှလုံးသားကို မဖြားယောင်းပါနဲ့ .. ကိုယ့်စိတ်ကို ဒဏ်ရာရစေမယ့်အရာမျိုး ကိုယ်အလိုမရှိလို့ပါ ။ အတုအယောင်တွေပေးမယ်လို့ စဉ်းစားထားရင် ကိုယ့်အနားရောက်မလာပါနဲ့ .. ကိုယ်ကိုယ်တိုင်ကလည်း စစ်မှန်ခြင်းတွေပဲကျင့်သုံးလို့ အပေါ်ယံတွေဆို ကိုယ်ရွံတတ်လို့ပါ ။ နောက်တစ်ကြိမ်ပြန်စွန့်ပစ်ဖို့ အခြေအနေရှိသေးရင် တောင်းပန်ပါတယ်ဆိုပြီး ပြန်မလာပါနဲ့ .. နောက်တကြိမ်ထပ်နာကျင်မှာထက်စာရင် အလွမ်းတွေနဲ့နေရတာပဲ ကိုယ်ကြိုက်လို့ပါ ။ ရက်ရက်စက်စက် စွန့်ပစ်ပြီးမှတော့ ကိုယ်ချင်းမစာမနာ ဒဏ်ရာကို လာလာမဆွပါနဲ့ .. အဲ့ဒီလူဟာ မင်းစွန့်ခွာပြီးကတည်းက .. နှလုံးသားမှာ သေရာပါဒဏ်ရာတွေနဲ့ ကျန်ခဲ့သူမို့ပါ ။ အသက်ရှင်ရတာကို တာဝန်တစ်ခုလိုပဲ သဘောထားပြီး ရှင်သန်နေရသူတစ်ဦးပါ .. လူသားချင်းစာနာထောက်ထားသောအားဖြင့် […]
လွယ်လွယ်ရရင် . . .လူတွေက တန်ဖိုးထားရကောင်းမှန်း နားမလည်ကြတော့ဘူး
အဲ့ဒီအထဲမှာ အချစ်နဲ့ စေတနာတွေ ထိပ်ဆုံးက ပါတယ် ။ ကိုယ်က လိုမယ်ထင်လို့ပေးလိုက်ပေမယ့် တစ်ဖက်က ပေါနေလို့ပေးတယ်လို့လွယ်လွယ်လေး သဘောထားလိုက်ကြတာလေ..၊ တန်ဖိုးရှိပါလား တန်ဖိုးထားရမှာပါလို့ မတွေးမိတော့ဘူး ဒါပေမယ့် …ဝမ်းမနည်းပါနဲ့ ကိုယ့်မေတ္တာတွေ စစ်မှန်ရင် တစ်နေ့ကျရင်ရောင်ပြန်လာမှာပါ..။ ရောင်ပြန်လာမယ်ဆိုတာ ကိုယ်ပေးလိုက်တဲ့လူဆီကနေ ပြန်ပြီးတန်ပြန်လာလိမ့်မယ်လို့တော့ တစ်ထစ်ချကြီး မတွေးစေချင်ဘူး သေချာပေါက် တန်ပြန်လာပါလိမ့်မယ် ကိုယ်ပေးလိုက်တဲ့လူဆီက ဖြစ်ချင်မှ ဖြစ်မှာပေါ့..၊ လူတွေကို တစ်ခုတော့ သိစေချင်တယ် အကူအညီပေးလိုက်တယ်ဆိုတိုင်း အရမ်းကို အဆင်ပြေနေလို့မဟုတ်ပဲ တစ်ခါတစ်လေကိုယ်ကိုယ်တိုင် ဒုက္ခဖြစ်ခံပြီး ကူညီပေးလိုက်တာတွေမှ အများကြီးပါ..။ ကိုယ်က သူအဆင်ပြေပါစေတော့ဆိုပြီး ကူညီလိုက်ပေမယ့် နောက်ဆုံး တကယ်အဆင်မပြေဖြစ်သွားတာက ကိုယ်ကိုယ်တိုင်ဖြစ်သွားတယ်ဆိုတဲ့စကား သိပ်ကိုမှန်ပါတယ် အဲ့လိုပုံစံမျိုးနဲ့ ဘဝမှာ ခက်ခဲရပေါင်းလဲ တော်တော်လေးကို များနေပါပြီ..။ အချစ် . . . […]
ငါ သစ္စာရှိရှိ ချစ်ပေးမယ် စိတ်နာအောင်တော့ မလုပ်မိစေနဲ့
ငါ သစ္စာရှိရှိ ချစ်ပေးမယ် စိတ်နာအောင်တော့ မလုပ်မိစေနဲ့ ငါ သစ္စာရှိရှိ ချစ်ပေးမယ် စိတ်နာအောင်တော့ မလုပ် မိစေနဲ့ စိတ်နာတဲ့ တေန့ ငါ ဘယ်လောက်ချစ်ချစ် ကျောခိုင်းရဲ တယ် ဆိုတာ နင် သိ ထား ပါ ။ နင် ဆိုးသမျှကို အတတ်နိုင်ဆုံး သည်းခံ ပေးမယ် သူ ငါ့ကို မပြတ်နိုင် ပါဘူး ဆိုတဲ့ အတွေး မျိုးတော့ မဝင် မိစေနဲ့ စိတ် အချဉ်ပေါက် တဲ့တနေ့ သည်း မ ခံ နိုင်တော့ တဲ့ တနေ့ နင့်ကို စွန့်လွှတ် ရဲတယ် ဆိုတာ နင်သိ ထား ပါ ။ နင့်အတွက်ဆိုရင် […]
သင့်ကို တန်ဖိုးမထားတဲ့ချစ်သူကို နောင်တရသွားအောင်လုပ်နိုင်မယ့် နည်းလမ်း(၅)မျိုး
ကိုယ့်ဘက်က ချစ်နိုင်သလောက်ချစ်ပေးခဲ့ပေမယ့် ကိုယ်ချစ်မှန်းသိလို့ အနိုင်ယူပြီး ကိုယ့်အချစ်တွေကိုတန်ဖိုးမထားဘဲ ပစ်ချခဲ့တဲ့သူမျိုးနဲ့ကြုံရတဲ့အခါ ဒီအတွက် ပြိုလဲခံစားမနေပါနဲ့။ ကိုယ့်အချစ်တွေကိုတန်ဖိုးမထားခဲ့တဲ့သူအတွက် ကိုယ့်ကိုယ်ကိုထိခိုက်မခံဘဲ သူတို့တွေနောင်တရသွားအောင် ဒီလိုနည်းလေးတွေနဲ့ တုံ့ပြန်လိုက်ပါ။ (၁) ဂရုမစိုက်ပါနဲ့ ကိုယ်ချစ်တာတွေကို သူတန်ဖိုးမထားမှန်းသိပြီဆိုတာနဲ့ သူ့ကိုတွယ်ကပ်နေတာထက် ဂရုမစိုက်တာက ပိုကောင်းပါတယ်။ သူ့ရဲ့အပြုအမူတွေ၊ အချိုးတွေနဲ့ပတ်သက်လို့ သင့်ဘက်က လုံးဝဂရုမစိုက်ဘူးဆိုတာ သူသိအောင် ပြသပါ။ ဒါမှ သင့်ရဲ့တန်ဖိုးကိုသူ့ဘက်ကနားလည်လာမှာပါ။ (၂) ဖုန်းခေါ်တာ၊မက်ဆေ့ပို့တာတွေကို reply မလုပ်ပါနဲ့ Adorable Asian girl dressed in light top with smile holds smartphone and poses near window သင့်အချစ်တွေကိုတန်ဖိုးမထားတဲ့သူ၊ သင့်ကိုဂရုမစိုက်တဲ့သူ၊ သင့်ကိုနာကျင်စေတဲ့သူကို သင့်ဘက်ကလည်း လစ်လျူရှုလိုက်ပါ။ သူဖုန်းခေါ်တာ၊ မက်ဆေ့ပို့တာတွေကို reply […]
စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ်
စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ် စောင့်ရခြင်းတွေ မျှော်ရခြင်းတွေဟာ ဘယ်လောက်ပင်ပန်းစေလဲဆိုတာ စောင့်ခဲ့ဖူးသူတွေ မျှော်ခဲ့ဖူးသူတွေပဲ သိပါတယ် ပေါ်လာနိုးနိုး ပေါ်လာနိုးနိုးနဲ့ မျှော်ခဲ့ဖူးတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ရင်ဖွင့်သံပေါ့ ။ လာခဲ့မယ်လို့ ပြောထားခဲ့ရင်တော့ မမျှော်ပါဘူးလို့ ဘယ်လောက်ပြောပြော ကိုယ့်စိတ်ထဲမှာတော့ မျှော်မိနေတတ်တဲ့ စိတ်လေးတွေရှိပါတယ် ။ ရောက်မလာခဲ့တဲ့အခါ နားလည်ပေးပါ ခွင့်လွှတ်ပေးပါဆိုတဲ့ စကားတွေနောက်မှာ ကျွန်မ ဘာကြောင့် ခွင့်မလွှတ်နိုင်ခဲ့ဘူးလို့ ထင်တယ် ။ အလေးမထားပါလား တန်ဖိုးမထားပါလားဆိုတဲ့ အတွေးတွေ တစ်စီတစ်တန်းကြီး ခေါင်းထဲ ဝင်လာတဲ့အခါ ကျွန်မ မှာ ဝမ်းနည်းရတယ် အဲ့ဒီအစားဒေါသတွေ ထွက်ခဲ့မိတာပါ ။ နားလည်မပေးနိုင်တာမဟုတ်ပဲ မျှော်နေပါလားဆိုတဲ့ အသိလေးရှိစေချင်တာ ။ နောက်ဆို ဖြစ်နိုင်မယ်လို့ထင်တဲ့ ကတိတွေကိုပဲပေးပါ ။ […]
ဘဝမှာ ကိုယ့်အပေါ်စစ်မှန်သူတွေနဲ့ပဲ အသက်ရှင်ရတာ နေပျော်ပါတယ်လေ…
ဘဝမှာ တစ်ချို့လူတွေနဲ့ မိတ်ဆွေတော့ဖြစ်ခဲ့ရတယ် သူငယ်ချင်းအဆင့်ထိ ရောက်အောင် ခရီးမဆက်ဖြစ်ခဲ့ဘူး…. ဘဝမှာ တစ်ချို့လူတွေနဲ့ ချစ်သူတော့ဖြစ်ခဲ့ရတယ် ဘဝတစ်လျှောက်လုံး အတူတူဖြတ်သန်းဖို့်တော့ ရေစက်တွေမပါခဲ့ဘူး… သူ့ဘက်ကနှုတ်ဆက်သွားလို့ဖြစ်စေ ကိုယ့်ဘက်က နှုတ်ဆက်ခဲ့သည်ဖြစ်စေ ဒီလိုတွေနဲ့ ခင်မင်မှုတွေ၊ချစ်ခင်မှုတွေ တစ်ခန်းရပ်ခဲ့ရတယ်…. တစ်ခါတစ်လေကျရင် ကိုယ့်ဘက်က ခင်မင်မှုတွေ၊ချစ်ခင်မှုတွေကို ရှေ့ဆက်ချင်ပေမယ့် သဘောထားမတိုက်ဆိုင်တာတွေရယ်ကြောင့် ခရီးတစ်ဝက်တင် လက်ပြနှုတ်ဆက်ကျောခိုင်းခဲ့ရတယ်… မုန်းလို့ရယ်တော့မဟုတ် ဘာမှထူးမလာတော့မယ့် Relationshipတစ်ခုအတွက်ရယ်နဲ့တော့ ခဏလေး အသက်ရှင်ရတဲ့အခိုက်အတန့်မှာ စိတ်ဖိစီးမှုတွေခံစားရတာ မတန်ဘူးလို့ခံစားမိတယ် … ဒါကြောင့် ကိုယ့်ဘဝမှာ လက်ပြနှုတ်ဆက်သင့်ရင် လှည့်မကြည့်မိအောင် နောင်တကင်းကင်းနဲ့နှုတ်ဆက်တယ် ဘဝထဲဆွဲခေါ်သင့်တဲ့လူတွေကိုတော့ အတ္တကင်းကင်းနဲ့ ကိုယ့်ဘဝထဲမှာရှင်သန်ခွင့်ပေးမိတယ်… ဘဝမှာ ကိုယ့်အပေါ်စစ်မှန်သူတွေနဲ့ပဲ အသက်ရှင်ရတာ နေပျော်ပါတယ်လေ… ဇင်ယော်မေ(သာဝတ္ထိ) Unicode ဘဝမှာ တစ်ချို့လူတွေနဲ့ မိတ်ဆွေတော့ဖြစ်ခဲ့ရတယ် သူငယ်ချင်းအဆင့်ထိ ရောက်အောင် ခရီးမဆက်ဖြစ်ခဲ့ဘူး…. ဘဝမှာ တစ်ချို့လူတွေနဲ့ […]
ဖြုတ်ချခဲ့တဲ့ လက်တွေကိုလည်း ကျေးဇူးတင်တယ်…
ဖြုတ်ချခဲ့တဲ့ လက်တွေကိုလည်း ကျေးဇူးတင်တယ်… စွန့်ခွာခဲ့တဲ့လူကိုလည်း ကျေးဇူးတင်တယ်… ခေါင်းမမော့နိုင်အောင် ထိုးနှက်ခဲ့ကြတဲ့လူတွေကိုလည်း ကျေးဇူးတင်တယ်… ခြေကန်လှဲပြီး လဲကျအောင်လုပ်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်.. အခုအချိန်ထိ မှားဖူးတဲ့အတိတ်နဲ့ပဲ တွဲမြင်ပေးကြတဲ့လူတွေကိုလည်း နားလည်စွာနဲ့ ပြုံးပြပါ့မယ် .. အခုထက်ပိုပြီး ရပ်တည်နိုင်ဖို့ ခင်ဗျားတို့ပေးတဲ့ ဒုက္ခကို အောင်မြင်မှုလမ်းစ လို့ ဘာသာပြန်ပါ့မယ်… မကမ်းတဲ့လက်တွေကိုရော .. မလှမ်းခဲ့တဲ့လက်တွေကိုရော နားလည်ပါတယ်… ချစ်တဲ့သူတွေပေးတဲ့ခွန်အားနဲ့ ဆက်ပြီး ခံနိုင်ရည်ရှိပြပါအုံးမယ် ။ လက်ညှိုးထိုးရတာ မောတဲ့အခါ လက်ခုပ်တီးပေးပါ ….။ သက္ထားခင္(THK) Unicode ဖြုတ်ချခဲ့တဲ့ လက်တွေကိုလည်း ကျေးဇူးတင်တယ်… စွန့်ခွာခဲ့တဲ့လူကိုလည်း ကျေးဇူးတင်တယ်… ခေါင်းမမော့နိုင်အောင် ထိုးနှက်ခဲ့ကြတဲ့လူတွေကိုလည်း ကျေးဇူးတင်တယ်… ခြေကန်လှဲပြီး လဲကျအောင်လုပ်ခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်.. အခုအချိန်ထိ မှားဖူးတဲ့အတိတ်နဲ့ပဲ တွဲမြင်ပေးကြတဲ့လူတွေကိုလည်း နားလည်စွာနဲ့ ပြုံးပြပါ့မယ် […]
မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဆိုတာ သိစေနိုင်တဲ့ အချက်(၁၀)ချက်
“မချစ်မိခင်မှာ လူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို ပျိုမေတို့ သိရှိနိုင်မယ့် အချက် (၁၀) ချက်” ကိုယ်ရွေးချယ်မယ့်သူ သို့မဟုတ် ကိုယ်နဲ့ပတ်သတ်နေတဲ့ သူတစ်ယောက်က လူရှုပ်လူပွေတစ်ယောက် ဖြစ်နေမှာကို ပျိုမေ တို့ စိုးရိမ်တတ်ကြပါတယ် ရည်းစားများတဲ့ လူရှုပ်လူပွေတစ်ယောက်နဲ့ ပတ်သတ်မိရင် ပထမဆုံးထိခိုက်နစ်နာရမှာက ပျိုမေတို့ဖြစ်ပြီးတော့ ဘဝတစ်လျှောက်လုံးအတွက် နောင်တရစရာ စိတ်ညစ်စရာတွေကိုလည်း ကြုံတွေ့နိုင်ပါတယ်။ ယခုလို လူရှုပ်တစ်ယောက်ကို မရွေးချယ်မိဖို့အတွက် သူဟာလူရှုပ်လူပွေတစ်ယောက်ဖြစ်ကြောင်းကို သတိထားမိစေနိုင်တဲ့ အချက် ၁၀ ချက်ကို မျှဝေပေးပါရစေ။ ၁။ သင်နဲ့တွဲနေတာကို အခြားသူတွေ မမြင်လိုဘူး သင့်ကိုအမျိုးသားတစ်ယောက်က တကယ်ချစ်တဲ့အခါ တကမ္ဘာလုံး သိအောင်ချပြဖို့လည်း ဝန်မလေးတတ်ပါဘူး။ သူ့ရဲ့မိသားစု၊ သူငယ်ချင်းတွေနဲ့ သိခွင့်ပေးတာတွေ … သင့်အကြောင်းပြောပြတာတွေကို သူသေချာလုပ်ပြပါလိမ့်မယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ သင်ဟာသူ့ရဲ့အစိတ်အပိုင်းတခုလို အရမ်းကိုအရေးပါလို့ပါ။ တကယ်လို့သာ သင်နဲ့တွဲသာတွဲနေရတယ် လူတွေ့မခံချင်တာတွေ၊ […]









