အချစ်နှင့်ဘဝ
ကိုယ့်နှလုံးသားကဆူးကိုတော့ သူများနှလုံးသားနဲ့ ဘယ်တော့မှမထွင်မိစေနဲ့
ကျွန်တော်တို့တော်တော်များများ ဘဝမှာ ဆူးစူးတတ်ကြပါတယ်။ ဟိုးကလေးဘဝငယ်ငယ်လေးတည်းကစူးလာခဲ့တဲ့ ဆူးတွေ နောက်ဆုံး ဘဝနေဝင်ချိန်အထိ ဆူးတွေစူးနေကြတုန်းပေါ့။ ငယ်ငယ်ကဆူးစူးရင် ကျွန်တော်တို့ငိုမယ်။ ခနနေရင် တစ်စုံတစ် ယောက်က အဲ့ဒီဆူးလေးကို ပြန်ထုတ်ပေးလိုက်ရင်ကောင်းသွားမယ်။ ဆူးနှုတ်ရတာ လွယ်တယ်ပေါ့။ အဲ့ဒီလိုပဲ တစ်ဘဝလုံး မကျေနပ်မှုဆူးတွေ စူးလိုက်၊ လောဘဆူးတွေစူးလိုက်၊ ဒေါသဆူးတွေစူးလိုက် ဆူးချင်တာ စူး အချိန်နဲနဲ ဒဏ်ရာ အနာတရ နည်းနည်းနဲ့ ကျွန်တော်တို့ ပြန်နှုတ်ပစ်ခဲ့ကြတယ်မလား။ ကျွန်တော်တို့ ရိုးရိုးဆူးလေးတွေကိုတော့ အနာခံပြီး အမြန်နှုတ်ပစ်ကြနိုင်ကြပေမယ့် နှလုံးသားကိုဆူးတဲ့ အချစ်ဆူး နာကျင်မှုဆူးတွေကိုတော့ လွယ်လွယ်နဲ့ မနှုတ်ပစ်နိုင်ကြဘူးမလား? အဲ့ဒီနှလုံးသားမှာ စူးနေတဲ့ဆူးတွေကို ပဲ တခါတလေ မြတ်မြတ်နိုးနိုး ဖွဖွရွရွ ပွေ့ဖက်ထားမိတယ်မဟုတ်လား? တခါတလေကျတော့ ကျွန်တော်တို့ဟာ ကိုယ့်ရင်ထဲ အသဲထဲ နက်နက်နဲနဲ စူးနစ်ဝင်နေတဲ့ ဆူးလေးကို ထုတ်ပေးဖို့ […]
အချစ်နှင့်ဘဝ
ချစ်သူသက်တမ်းလေးနှစ်မှာ သိန်းသုံးဆယ်စုမိခဲ့သော ချစ်သူနှစ်ဦးရဲ့ဘဏ်စာအုပ်လေး
ချစ်သူသက်တမ်းလေးနှစ်မှာ သိန်းသုံးဆယ်စုမိခဲ့သော ချစ်သူနှစ်ဦးရဲ့ဘဏ်စာအုပ်လေး ရည်းစားဖြစ်ပြီး ၂နှစ်လောက်မှာ နှစ်ယောက်သား ပိုက်ဆံစုရအောင်လို့ စပြီးတိုင်ပင်ဖြစ်ကြတယ် အဲ့ဒါနဲ့စုမယ်ဆိုပြီး ငွေစစုဖြစ်သွားတာပေါ့ တစ်လတစ်ခါ ဘဏ်ထဲငွေထည့်မယ်ဆိုပြီး ဆုံးဖြတ် လိုက်တယ် ကိုယ်ကတော့ လခစား ဝန်ထမ်းဆိုတော့ အများကြီးမစုနိုင်ဘူး (၃ပုံ၁ပုံလောက်ပေါ့) တစ်လ နှစ်ယောက်ပေါင်း ၁သိန်း စုကြမယ်ဆိုပြီး ဘဏ်စာအုပ်လေးလုပ်လိုက်ကြတယ် Bank account ကိုလဲ ၂ယောက်နာမည်နဲ့ KBZ_Call_Deposits_account လုပ်ထားလိုက်တယ် အဆင်ပြေတဲ့လူ သွားလို့ရအောင်ပေါ့ အဲ့လိုနဲ့ စု လာလိုက်တာ ဘဏ်စာအုပ်လေး ၂နှစ်နဲ့ ၄လ ပြည့် ( ရည်းစားသက်တမ်း ၄နှစ်နဲ့ ၄လ)မှာ သိန်း ၃၀ လောက် စုမိသွားတယ်ဘဏ်စာအုပ်လေးခနခနထုတ်ထုတ်ကြည့်ပြီး ပီတိတေဖြာတဲ့ အရသာကလေ ဘယ်လိုပြောရမလဲ… (တအားမများပေမယ့် မိန်းကလေးမို့လားတော့မသိစာအုပ်ထဲက ဂဏန်းခုနှစ်လုံးကို ကြည့်နေရတာနဲ့ကို အရမ်း […]
အချစ်နှင့်ဘဝ
ဖောက်ပြန်ဖို့ သေချာသလောက်ရှိတဲ့ မိန်းကလေးတွေရဲ့ပုံစံ (၅)မျိုး
ဖောက်ပြန်ဖို့ သေချာသလောက်ရှိတဲ့ မိန်းကလေးတွေရဲ့ပုံစံ (၅)မျိုး (၁) ပစ္စည်းဥစ္စာမက်တဲ့စော်။ ဒီလိုမိန်းကလေးမျိုးက ပစ္စည်းဥစ္စာအပေါ်အရမ်းတန်ဖိုးထားတဲ့သူတွေပေါ့။ သူမဟာ ဟိုဟာဝယ်ဖို့၊ ဒီဟာဝယ်ပေးဖို့ အမြဲသင့်ကိုပူဆာနေမှာပါ။ သင်ဝယ်ပေးဖို့ငြင်းလိုက်ရင်လည်း သင်သူ့ကိုမချစ်ဘူးလို့ သူမထင်မှာပါ။ သင်ဝယ်ပေးနိုင်တုန်းတော့ သင့်ကိုချစ်နိုင်ပေမယ့် သင်မဝယ်ပေးနိုင်တော့တဲ့တစ်နေ့မှာ တခြားအကောင်ကြီးကြီးတစ်ယောက်ကို သူမအချစ်တွေသိမ်းကျုံးပေးလိုက်မယ့် မိန်းမမျိုးပေါ့။ (၂) သူများခံစားချက်ကို ကစားတတ်သူ။ အထိအတွေ့တွေကိုသာယာလို့ဖြစ်စေ၊ ယောက်ျားလေးတွေကို ကစားချင်လို့ဖြစ်စေ ၊ အတည်တကျတွဲရမယ့်သူမတွေ့သေးလို့ဖြစ်စေ ရည်းစားအပျော်ထားတတ်တဲ့သူမဟာလည်း သင့်ကိုပစ်သွားမယ့်မိန်းကလေးအမျိုးအစားပါ။ (၃) ယောက်ျားလေးသူငယ်ချင်းများတဲ့စော်။ သူမဟာ ရင်းနှီးတဲ့ယောက်ျားလေးသူငယ်ချင်းတွေများလွန်းလို့ သင်သဝန်တိုရမယ့် ကောင်မလေးမျိုးပေါ့။ တခါတလေကျတော့လည်း သူနဲ့ သူ့ယောက်ျားလေးသူငယ်ချင်းတွေကို အတွဲလို့ ပတ်ဝန်းကျင်ကထင်တာခံရပြန်တယ်လေ။ သင့်ကောင်မလေးက ရင်းနှီးတဲ့ယောက်ျားလေးသူငယ်ချင်းထားတာမမှားပါဘူး။ ဒါပေမယ့် အရမ်းရင်ခုန်စရာကောင်းတဲ့အချစ်ဇတ်လမ်းတွေက သူငယ်ချင်းချစ်သူဇာတ်လမ်းတွေပါ။ ဝိုင်လေးနည်းနည်းမူးလာပြီး သူတို့တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုချစ်နေပြီလို့ နားလည်လိုက်ချိန်မှာ သင်ဟာနောက်ကောက်ကျန်ခဲ့ရတော့မှာ။ (၄) အမြဲဂရုစိုက်ခံချင်တဲ့စော်။ သူဟာ သင့်ဆီက […]
အချစ်နှင့်ဘဝ
မိန်းမတွေဆိုတာ
မိန်းမတွေဆိုတာ ညတစ်ညရဲ့ အဖြစ်အပျက်လေးတစ်ခုပါ ကျွန်တော် ကုတင်ပေါ်မှာ မအိပ်ချင်သေးပဲ လှဲလိုက် မိတယ် အသင့် အိပ်ပျော်နေရှာတဲ့ ကျွန်တော့ရဲ့ အားနွဲ့နွဲ့ ချစ်ဇနီးလေးရဲ့ နူးညံ့ လှပတဲ့ မျက်နှာလေးကို ကျွန်တော် သေချာ ကြည့်နေရင်းကနေ အတွေး တစ်ချို့ ဝင်လာပြီး ကျွန်တော့ဟာ ကျွန်တော် တွေးနေမိတယ် မိန်းကလေးဆိုတာ ဘယ်လိုပါလိမ့် ? ကျွန်တော်နဲ့ မင်္ဂလာ မဆောင်ခင်က မိဘအသိုင်းအဝိုင်းရဲ့အချစ်တွေနဲ့ ထိန်းသိမ်းမှု့အောက်မှာနေပြီး ကြီးပြင်းလာခဲ့တယ်အခုကျ တစ်ချက်ထဲ ရုတ်တစ်ရက်မှာပဲ သိတောင် မသိထားတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အမိန့်နာခံရင်းနဲ့ အိပ်စက်နေရပြန်တယ်ကျွန်တော့ကြောင့် တစ်သက်လုံး အတူနေခဲ့တဲ့ မိဘတွေကို စွန့်ခွာလာခဲ့ပြန်တယ် ▪ ကျွန်တော့ကို ပင်ပင်ပန်းပန်း ပြုစုရင်း ကျွန်တော့ရဲ့ မပြောပလောက်တဲ့ စကားလေးတွေနဲ့ သူ ပျော်နေပြန်တယ် ပြီးတော့ […]
အချစ်နှင့်ဘဝ
သင့်ကိုဘယ်တော့မှထားမသွားမယ့်ယောက်ျားတစ်ယောက်၏လက္ခဏာများ
ချစ်တတ်တဲ့ ယောက်ျားလေးတွေမရှားပေမယ့်မိန်းကလေးတစ်ယောက်ကို တစ်ဘ၀လုံးစာအတွက်ရည်ရွယ်ပြီး ထာဝရချစ်သွားမယ့် ယောက်ျားလေးမျိုးကတော့ရှိတော့ရှိတယ်၊ ရှားမယ်ထင်ပါတယ်။အခု ပရိသတ်ကြီးကို အဲ့ဒီလို ခပ်ရှားရှားယောက်ျားလေးတွေရဲ့အမူအကျင့်တွေနဲ့သူတို့မှာ လေးစားစရာကောင်းတဲ့ဘယ်လိုအချက်လေးတွေရှိနေ တယ်ဆိုတာ ပျိုမေလေးတွေသိစေဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။ (၁)ပြဿနာကို ခေါင်းမရှောင်တတ်ဘူး မိန်းကလေးတစ်ယောက်ကိုတစ်ဘ၀လုံးစာရည်ရွယ်ထားတဲ့ ယောက်ျားတစ်ယောက်ဟာဘယ်လောက်ပဲအခက်အခဲတွေနဲ့ကြုံပါစေ ရှောင်ပြေးမသွားပါဘူး။မထူးဇာတ်ခင်းပြီး အရက်နဲ့ခံစားချက်တွေကိုဖြေသိမ့်နေမယ့်သူမျိုးလည်းမဟုတ်ပါဘူး။ သူ့အတွက်တခါတလေ ငြီးငွေ့စရာကောင်းခဲ့မယ်ဆိုရင်တောင် ဂရုစိုက်မှု၊အလေးထားမှုတွေနဲ့ သူ့ရဲ့လက်တွဲဖော်ကို သက်တောင့်သက်သာဖြစ်စေမှာပါ။ (၂) ဥာဏ်ပညာကြီးတယ် ယောက်ျားတစ်ယောက်ဥာဏ်ပညာကြီးတာဟာ သူဘယ်လောက်ထိ စမတ်ကျတယ်၊ ထူးချွန်ထက်မြက်သလဲဆိုတဲ့ အပေါ်မှာမမူတည်ဘဲ ကြုံတွေ့လာတဲ့အခက်အခဲအခြေအနေပေါ်မူတည်ပြီးအကောင်းဆုံးအကြံပြုချက်တွေ ဘယ်လောက်ပေးနိုင်သလဲ၊ရှုထောင့်ပေါင်းစုံရဲ့အမြင်တွေကိုထည့်သွင်းစဉ်းစားနိုင်သလဲဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်။အဲဒီလိုချစ်သူမျိုးကိုပိုင်ဆိုင်ထားရင်တော့ သင်နဲ့ပတ်သက်ပြီးအဆင်မပြေစရာတွေကြုံလာခဲ့ရင်တောင် ဘယ်လိုဖြေရှင်း ရမလဲဆိုတာသိလို့ သင့်ကိုထားသွားဖို့မရှိနိုင်တော့ပါဘူး။ (၃)သင့်အမှားတွေကို လက်ခံနိုင်မယ် ဒီအချက်ကြောင့် သင့်ကိုခွင့်မလွှတ်နိုင်တဲ့အမှားမျိုးကျူးလွန်ဖို့ဆိုလိုတာမဟုတ်ပါဘူး။လူတိုင်းကအမှားနဲ့မကင်းနိုင်ကြဘူး ဆိုတာကိုတော့သူကောင်းကောင်းနားလည်ထားပါတယ်။သင့်ရဲ့မှားယွင်းနေတဲ့အယူအဆ၊လုပ်ရပ်တွေအတွက်လည်း သူ့ဘက်ကအကောင်းဆုံးလမ်းပြပေးနိုင်မှာပါ။သင့်ရဲ့အမှားတွေနဲ့သင့်ကိုပြန်ပြီးနာကျင်စေမှာမဟုတ်ပါဘူး။ (၄)သူ့အမှားကိုတာဝန်ယူတယ် သင့်ကိုတစ်သက်လုံးလက်တွဲသွားမယ့် ယောက်ျားတစ်ယောက်ဟာ သူ့အမှားအတွက်ဘယ်တော့မှသင့်ကိုနာကျင်စေမှာ မဟုတ်ဘူး။သူ့အမှားကိုလည်း ဘယ်တော့မှ လျစ်လျူရှုဖုံးကွယ်လိုက်တာမျိုးလုပ်မှာမဟုတ်သလို သင့်ရဲ့ခွင့်လွှတ်မှုကို အရိုးသားဆုံးနည်းလမ်းနဲ့ပဲတောင်းခံပါလိမ့်မယ်။တခါတလေ သူ့ဘက်ကမှန်နေခဲ့ရင်တောင် သင့်ကိုနာကျင်စေမိရင် သူ့ကိုသူပြန်ပြီး […]
အချစ်နှင့်ဘဝ
လူတစ်ယောက်ကို ဘယ်လိုမေ့ရမှာလဲ?….
ဒီမေးခွန်းက မေရီ့ဆီအမေးများတဲ့ မေးခွန်းထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီမေးခွန်းမေးထား သူတွေကို တစ်ယောက်ချင်းစီ ပြန်မဖြေနိုင်လို့ ပေ့ခ်ျမှာပဲ ဖြေပေး လိုက်ပါ မယ်နော်။ ကြိုပြောရမှာက မေရီက အချစ်ရေးမှာ ကျွမ်းကျင်တဲ့ ဆရာမကြီးတော့ မဟုတ် ရပါဘူးနော်။ 😅လူတွေရဲ့စိတ်ခံစားချက်ကို စိတ်ဝင်စားလို့ လေ့လာ လိုက်စားပြီး ပြန်လည်မျှဝေပေးနေရုံ ပါနော်။ အဲတော့ လူတစ်ယောက်ကို ဘယ်လိုမေ့ ရမှာလဲ?🤔 ပထမဆုံး ပြောချင်တာကတော့ အသက်ရှင်နေသ၍၊ ကိုယ့်မှတ်ဉာဏ်က ကောင်းနေသရွေ့တော့ လူတစ်ယောက်ကို ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူး။ 😓ဒီစကားကို ကြားလိုက်ရတော့ အသည်းကွဲလို့ ခံစားနေ ရတဲ့ ကြားထဲက ပိုပြီးတော့တောင် စိတ်ပျက် သွားမိလား? စိတ်မပျက် ပါနဲ့အုံး။ ဆက်ဖတ်ပါ။ 👇လူတစ်ယောက်ကို မေ့အောင်လုပ်လို့ မရပေမယ့် အဲ့လူ အပေါ်မှာ […]
အချစ်နှင့်ဘဝ
ရှင်ဘုရင် တော်ကောက်ခံရမယ့် မိန်းမတွေဟာ သူတောင်းစားတွေနဲ့ လွဲတတ်ပါတယ်
မိန်းမတစ်ယောက်ရဲ့ အကုသိုလ်ကံ လောကမှာ ယောကျာ်းနဲ့ မိန်းမ တွေ့ကြုံဆုံကွဲ ဖြစ်ကြရတာ ဓမ္မတာပါ ဘာထူးဆန်းလို့လဲလို့ မေးချင်စရာ… ဟုတ်တယ်.. မထူးဆန်းဘူး…ထူးဆန်းတာတာကတော့ အဲဒီမိန်းမတစ်ယောက်ဟာ ကိုယ့်အပေါ် သစ္စာမရှိ တန်ဖိုးမထား ကိုယ့်အပြင် အခြား အခြားသော မိန်းမတကာ မိန်းမတွေကို လစ်ရင်တွယ် ချောင်ရင်နှိုက်…ဖောက်ပြန်တတ်တဲ့ ယောကျာ်းကို ရထားပြီဆိုရင်တော့…အဲဒါ ထူးဆန်းနေပြီ ကျွန်မငယ်ရွယ်စဉ် စိတ်ဓာတ် မရင့်ကျက် ခင်ကာလတွေ… တရားတွေ ကို နားနဲ့ပဲနာခဲ့ပြီး နှလုံးသားနဲ့ မနာတတ်ခင်ကာလတွေတုန်းက ယောကျာ်းတစ်ယောက် ကိုယ့်ကို ဖောက်ပြန်တာ ခံရပြီဆို ပထမဦးဆုံး…သူ့ကိုဒေါသထွက်တယ်ဒုတိယ… ကိုယ့်ကိုကိုယ် ဒေါသထွက်တယ် တတိယ…သူနဲ့ဖောက်ပြန်တဲ့ မိန်းမကို ဒေါသထွက်တယ် အခုတော့…အဲလို (၃) မျိုးသော ဒေါသတွေ မရှိတော့ဘူး.. ဖောက်ပြန်တတ်တဲ့ ယောကျာ်းဟာ…ကိုယ်နဲ့တွေ့ပြီးမှ ဖောက်ပြန်တာ မဟုတ်ပါဘူး […]
အချစ်နှင့်ဘဝ
“မိန်းကလေးတွေ သတိပေးချင်လို့ ကိုယ်ချစ်လည်း မရှာနဲ့ သူချစ်လည်း မရှာပါနဲ့ လူစိတ်ရှိတဲ့လူကိုပဲ ရှာကြပါ” (ဖြစ်ရပ်မှန်)
“မိန်းကလေးတွေ သတိပေးချင်လို့ ကိုယ်ချစ်လည်း မရှာနဲ့ သူချစ်လည်း မရှာပါနဲ့ လူစိတ်ရှိတဲ့လူကိုပဲ ရှာကြပါ” (ဖြစ်ရပ်မှန်) ကျွန်မသူငယ်ချင်းက နှလုံးရောဂါ ရှိတယ် ကလေးယူမရဘူးလို့ ဆရာဝန်မှာထားတယ် သူ့ယောက်ကျားက ကလေးလိုချင်တယ် ကလေးယူပေးလို့ ခနခနပြောတယ်။(4.12.2019) သူ ကိုယ်ဝန်ရှိနေပြီး ကျွန်မနဲ့ပြောပြလာတယ် ကျွန်မကမယုံဘူးမယုံဘူး နင်ငါရှေ့မာဆီးစစ်ပြဆိုပြီး သူကစစ်ပြပေးတယ် ကျွန်မကပျော်လေပျော်တယ် စိတ်လေပူတယ် သူက ကျန်းမာရေးမကောင်းဘူး ဆရာဝန်လေကလေးယူရင်အသက်အန္တရာယ်ရှိတယ်လို့မှာထားတယ် ကျွန်မစိတ်ပူနေမိတယ် ကိုယ်ဝန်ရှိနေတဲ့အကြောင်းသူယောကျာ်းနဲ့ သူပြောပြတယ် သူယောကျာ်းပျော်မယ်လို့ထင်ထားတယ် ဘယ်ဟုတ်မလဲ ဖျက်ချဖို့ပြောလာတယ်။ နင်ပဲလိုချင်တယ် ငါရတော့မှ ဖျက်ချဖို့ဆိုတာ မလုပ်ပေးနိုင်ဘူးတဲ့ ကိုယ်ဝန်ရပြီးတယ်နောက်ပိုင်း သူယောကျာ်း သူ့ကိုနည်းနည်းလေးမှ ဂရုမစိုက်တော့ဘူး အိမ်မှာမနေဘူး သူကနှလုံးရောဂါရှိတယ်လေ စိတ်ဓာတ်ကျတယ် စားမဝင်အိပ်မပျော်တော့ဘူး။ကျွန်မက အားပေးစကားပြောတယ် သူ့နဲ့အဖော်နေပေးတယ် နောက်တစ်နေ့မှာ သူယောကျာ်းအမေအိမ်ပြန်သွားတယ် သူကဆံပင်ဖျောင့်ချင်တယ် လမ်းမလျှောက်တလျှောက်နိုင်တဲ့ ကျွန်မ အိမ်ကိုရောက်လာတယ်။အဲဒီနေ့က […]
အချစ်နှင့်ဘဝ
ကိုယ်တကယ်ချစ်တဲ့ မိန်းကလေးအတွက်သာ ယောက်ျားတွေ လုပ်ပေးတတ်တဲ့အရာများ
ယောက်ျာ်းလေးနဲ့ မိန်းကလေးတွေဟာ ပင်ကိုယ်ဗီဇအရ မတူညီတဲ့သဘာဝကိုပိုင်ဆိုင်ထားကြတာကြောင့် အချစ်နဲ့ ပတ်သက်ရင်လည်း တစ်ယောက်နဲ့တစ်ယောက် ထုတ်ဖော်ပြပုံချင်း မတူညီကြပါဘူး။ မိန်းကလေးတွေဟာ သူတို့ရဲ့အချစ်ကို အသေးစိတ်ဖော်ပြတတ်ကြပေမယ့် ယောက်ျားလေးတွေကတော့ ဒီလိုမဟုတ်ပါဘူး။ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို အချစ်စစ်နဲ့ ချစ်မိသွားတဲ့အခါမှာ သူ့အချစ်ကို အမူအကျင့်အားဖြင့် ထုတ်ပြတတ်ပါတယ်။ တကယ်လို့ သင်ကော့င်လေးဟာ ခုဖော်ပြမယ့် အချက်တွေနဲ့ကိုက်ညီနေရင် သင်ဟာသူ့ရဲ့ အချစ်စစ်ဖြစ်နေလို့ပါ။ သင်ပြောတာတွေကို ဂရုတစိုက်နားထောင်ပေးတယ် ပုံမှန်အားဖြင့် မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက် ပိုပြီး နားထောင်ပေးတတ်ကြပါတယ်။ အနည်းစုသော ယောက်ျားလေးတွေကလည်း နားထောင်ပေးနိုင်ပါတယ်။ ဒါပေမယ့် သင်သိဖို့က ယောက်ျားလေးတွေဟာ သူတို့တကယ် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကိုပဲ အာရုံစိုက်ပြီး နားထောင်ပေးတာပါ။ တကယ်လို့ သင့်ကောင်လေးဟာ သင်ပြောတဲ့စကားတွေ၊ အကြောင်းအရာတွေကို သေချာအာရုံစိုက်ပြီး နားထောင်ပေးတတ်တယ်ဆိုရင်တော့ သင့်ကို အချစ်စစ်နဲ့ ချစ်နေတယ်ဆိုတာ သိလိုက်ပါ။ […]
အချစ်နှင့်ဘဝ