အနုပညာ

အချစ်ဦး နဲ့ ပေါင်းဖက်ဖို့ နှစ် (၃၀) စောင့်ခဲ့တဲ့ ဇော်ထွန်း(ရုပ်သံ)….

“လူပျိုကြီး လုပ်ဖို့ ဆုံးဖြတ်ထားပေမယ့် အေးချမ်းတဲ့ မိသားစု ဘဝ ကို ပိုင်ဆိုင်ချင်လို့ အသက် (၄၇) နှစ်မှာ အိမ်ထောင်ပြုခဲ့တယ်…ဇနီးသည်က လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က ကြိုက်ခဲ့ဖူးတဲ့ အချစ်ဦး ပါ သူ့ဆီမှာ ခင်ပွန်းဟောင်း နဲ့ ရခဲ့တဲ့ သမီးလေး တစ်ယောက် ပါလာပေမယ့် ကိုယ့် သမီး အရင်းလေး လို ချစ်ပါတယ်” လို့ သရုပ်ဆောင်နဲ့ ဒါရိုက်တာ ဇော်ထွန်းကဆိုပါတယ်။ ဇာတ်ကားထဲမှာတော့ လူကြမ်းကြီးပေမယ့် တကယ့်အပြင်လောကမှာတော့ အသဲနုတဲ့ ချစ်တတ်သူကြီးပေါ့ဗျာ… ရုပ်ရှင်ထဲက လူဆိုး၊ လူကြမ်းကြီးတွေဟာ အပြင်မှာတော့ လူကောင်း သူကောင်းလေးတွေများကြပါတယ်။ ငယ်ငယ်ကကြည့်ရတဲ့ နေထက်လင်းကားတိုင်း ဇော်ထွန်း၊ ကိုကိုဦးတို့မပါမဖြစ်တွေ..ပါလိုက်တိုင်းလည်း လူဆိုးနေရာကကြီးပါဘဲ။ ရုပ်ရှင်ထဲက တစ်ချို့မင်းသားတွေကတော့ လူကောင်း သူကောင်းလို […]

အနုပညာ

သရုပ်ဆောင်ဖြစ်ချင်လို့ ဒီလိုတွေလုပ်တာမဟုတ်ဘူး သူ့ဘာသာရောက်လာတာပါဆိုတဲ့ ဖြူဖြူထွေး

အနုပညာရှင်တွေနဲ့ ကြော်ငြာတွဲရိုက်တဲ့အခါ အနုပညာကြေးကိစ္စနဲ့ပတ်သက်လို့ “ကိုယ်တတ်နိုင်သလောက်လေးပေးပါတယ်၊ သူတို့ကလည်းကြေးမသတ်မှတ်ပါဘူး၊ တစ်ဦးနဲ့တစ်ဦးနားလည်မှုနဲ့ဘဲအလုပ်လုပ်နေကြတယ်ဆိုပြီး”သူမတို့အနုပညာအလုပ် လုပ်ပုံကိုင်ပုံကို ပြောပြလာပါတယ်။ သရုပ်ဆောင်အနုပညာရှင်ကြီးတွေအားလုံးက ဖြူဖြူထွေးလေးကို ချစ်ကြတယ် အလုပ်တွဲလုပ်ဖို့ကမ်းလှမ်းတိုင်းလည်း လက်ခံရိုက်ကူးပေးကြပါတယ်။ အဲလိုကံကောင်းမှုလေးနဲ့ပတ်သက်ပြီးတော့လည်း” အလုပ်ကမ်းလှမ်းတဲ့အခါ ဦးတို့က အနုပညာကြေးမသတ်မှတ်ပါဘူး၊ သမီးပေးနိုင်သလောက်ဘဲပေးပါဆိုပီး လူတိုင်းလိုလိုပြောကြပါတယ်၊ ကြော်ငြာရိုက်တော့လည်း ဖုန်းနဲ့ဘဲရိုက်တာပါ၊ တစ်ခါတစ်လေတော့လည်း အနုပညာကြေးကို အိတ်ထဲကစိုက်ပေးရတာတွေရှိတယ်”ဆိုပြီး သူမရဲ့ကံကောင်းမှုလေးကိုပြောပြလာပါတယ်။ အခုလိုအောင်မြင်လာတာ ကံတရားကြောင့်ဘဲလားဆိုတဲ့အပေါ်” ကံကိုချည်းဘဲလွှဲချလို့မရပါဘူး၊ ကံကိုကြီးဘဲလွှဲချပြီး ကိုယ်ကမကြိုးစားရင် ဘာမှဖြစ်မလာနိုင်ပါဘူး၊ အဓိကကတော့ မခံချင်စိတ်နဲ့ကြိုးစားမှု၊ ပိုအောင်မြင်လာလည်း မပြောင်းလည်းတဲ့စိတ်ပါ” ဆိုပြီးသူမရဲ့ခံယူချက်လေးကိုပြောသွားပုံက လေးစားဖွယ်ရာပါ။ “ကိုယ်က တစ်နေ့ဒါလှူလိုက်တယ် နောက်ရက်အိမ်ကို ပစ္စည်းတွေလာချပေးကြတယ်၊ သုံးချင်သုံး လှူချင်လှူဆိုပြီးတော့၊ စိတ်ထဲကအပြတ်လှူလိုက်ရင် ကိုယ့်အတွက်လည်းပိုများတဲ့အကျိုးကျေးဇူးတွေရလာတာယုံကြည်ပါတယ်”ဆိုပြီးလည်း သူမရဲ့ခံယူချက်ကို ပြောထားပါသေးတယ်။ “သရုပ်ဆောင်ဘဝရောက်လာတာကလည်း ကိုယ်ကဒီလိုင်းထဲကိုသီးသန့်ဝင်လာတာတော့မဟုတ်ပါဘူး သူ့ဟာသူရောက်လာတာ၊ အစတုံးကတော့မလုပ်တတ်မကိုင်တတ်နဲ့ အခုတော့ကြိုးစားရင်း နားလည်လာခဲ့ပါတယ်၊ ကိုဗစ်ပြီးရင် ရုပ်ရှင်ကားကြီးတစ်ကားမှာ […]

အနုပညာ

အနုပညာအလုပ်တွေရပ်နားထားတဲ့ ဦးချစ်စရာနဲ့အတူ ကြော်ငြာရိုက်ကူးခွင့်ရတဲ့အတွက် ပျော်နေတဲ့ ဖြူဖြူထွေး

ဖြူဖြူထွေးကတော့ ဒုတိယထက်ထက်မိုးဦးလို့ ဆိုရလောက်အောင် ကြော်ငြာတွေရိုက်ကူးနေရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ ကြော်ငြာတွေကို ကိုယ်တိုင်အိုင်ဒီယာနဲ့ ဇာတ်ညွှန်းရေးပြီး ဖုန်းနဲ့ပဲရိုက်ကူးလေ့ရှိပေမယ့် ဟာသ၊ရသ အစုံ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ဖန်တီးထားတဲ့ဖြူဖြူထွေးရဲ့ ကြော်ငြာတွေကိုတော့ တစ်ရက်အတွင်း ကြည့်ရှုသူ အနည်းဆုံးသိန်းငါးဆယ်လောက် ရှိလာတဲ့အထိ အောင်မြင်မှုရရှိနေတာပါ။ သူ့ရဲ့ကြော်ငြာတွေမှာလည်း ခက်ခဲနေတဲ့ ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တွေကို ထည့်သုံးလေ့ရှိတဲ့အပြင် ရိုက်ကူးရေးပြီးတိုင်းလည်း ဂါရဝတရားရှေ့ထားပြီး စီနီယာအနုပညာရှင်တွေကို ကန်တော့လေ့ရှိသူပါ။ မနေ့က သူ့ရဲ့လူမှုကွန်ရက်မှာ မျှဝေခဲ့တဲ့ သင်းသင်းမွှေးရှူးရှဲလက်ဖက်ကြော်ငြာလေးမှာဆိုရင်လည်း ပရိသတ်တွေ မမြင်တွေ့ရတာ ကြာနေပြီဖြစ်တဲ့ ဦးချစ်စရာကို ပါဝင်သရုပ်ဆောင်ခိုင်းတာကို တွေ့မြင်ရမှာပါ။ ဖြူဖြူထွေးကတော့ အခုလိုဦးချစ်စရာ ပါဝင်သရုပ်ဆောင်ပေးတာနဲ့ပတ်သက်ပြီး ” အနုပညာအလုပ် (၃) နှစ်နားနေတဲ့ ဦးချစ်စရာကို ကြော်ငြာအတူရိုက်ခွင့်ရလို့ ပီတိဖြစ်မိ”ဆိုပြီး ကန်တော့ခံနေတဲ့ ဦးချစ်စရာရဲ့ ပုံရိပ်လေးတချို့နဲ့အတူ ရေးသားမျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ရိုက်ကူးရေးတွေရှားပါးနေတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အမြဲခေါ်သုံးလေ့ရှိတဲ့ […]

အနုပညာ

သိုက်ကလာတာ ယောကျ်ားယူလို့မရဘူးနော် ရည်းစားမထားရဘူးလို့ အမေကခဏခဏပြောတယ် ဆိုတဲ့ ဖြူဖြူထွေး(ရုပ်သံ)

ဖြူဖြူထွေးဆိုတာ လွန်ခဲ့တဲ့အချိန်အနည်းငယ်ကမှ အကဗီဒီယိုလေးတွေ၊ဟာသဗီဒီယိုလေးတွေနဲ့ နာမည်ကျော်ကြားလာပြီး ပရိသတ်တွေရင်ထဲဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အင်တာဗျူးတွေဖြေရင် ပွင့်ပွင့်လင်းလင်းဟက်ဟက်ပက်ပက်ဖြေတတ်တဲ့ ဖြူဖြူထွေးကိုချစ်တဲ့ပရိသတ်တွေက အခိုင်အမာရှိနေတာဖြစ်ပြီးဖြူဖြူထွေးရဲ့ အနုပညာကိုတခဲနက်အားပေးတဲ့သူတွေကလည်း မြန်မာနိုင်ငံရဲ့နယ်ဘက်တွေမှာပါရှိနေတာပါ။ ဖေ့စ်ဘုတ်လူမှုကွန်ယက် စာမျက်နှာကနေ ပရိသတ်တွေသိခဲ့တဲ့ ဖြူဖြူထွေးက ဖေ့စ်ဘုတ်ကနေ သူမကို မရရင်သေတော့မယ်လို့ပြောလာသူတွေလည်း ရှိတယ်လို့ ရင်ဖွင့် လာပါတယ်။ ဖြူဖြူထွေးက သူမ ကိုဖေ့စ်ဘုတ်က တစ်ဆင့် ချစ်ခွင့်ပန်သူတွေ များပြားတဲ့အကြောင်းနဲ့ပတ်သက်ပြီး“သူတို့ကြိုက်တယ်ဆိုတာကလည်း ဖေ့စ်ဘုတ်ကနေကြိုက်တာလေ။ ဖေ့စ်ဘုတ်ပေါ်မှာ မဖြူထွေးကိုမရရင်တော့ သေတော့မယ်ပေါ့။ အဲလိုမျိုးတွေပြောတဲ့သူတွေလည်းရှိတာပဲ။ ဒါပေမယ့် တကယ်မှမဟုတ်တာ။ ကိုယ်ကသူ့ကိုကြည့်ပြီးတော့ တကယ်စဉ်းစားမယ်ဆိုပြီး ကြည့်လည်းကြည့်လိုက်ရော In relationship ဆိုပြီးတော့၊ ဟာ ဝမ်းသာပါတယ်။ ကြည်နူးပါတယ်။ ပစ်တိုင်းလွဲမဟုတ်ပါဘူး။ မပစ်ရသေးဘူး။ သူကလာလာပြောတော့ အာရုံတွေနောက်လို့။ ကိုယ့်ကိုမကြိုက်တဲ့သူများပါတယ်။ ညီမလိုအနေအထားမျိုးကို တချို့လူတွေကထင်လိမ့်မယ် ကြိုက်တဲ့သူတွေလည်းရှိမှာပါ။ ဝှက်ထားတာပဲဖြစ်မယ် ဆိုပြီးတော့ ထင်ကြတယ်။ […]

အနုပညာ

အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့ အေသင် ဒီတစ်ခါမှာတော့ ကံကောင်းခဲ့ပါပြီ

အချစ်ရေးမှာ ကံမကောင်းခဲ့တဲ့ အေသင် ဒီတစ်ခါမှာတော့ ကံကောင်းခဲ့ပါပြီ အေသ င်ချိုေ ဆွကို(A Then Cho Swe) ‘’ပေါက်တဲ့အိုး’’ ဆိုတဲ့ တစ် ကိုယ်တော် အခွေ ကနေတဆင့် ပရိသတ်တွေ သိတင်သိ ရှိခဲ့တာပါ။ အဲဒီနောက် ‘’ အနီးဆုံးလူ’’ ဆိုတဲ့ ဒုတိယြေ မာက် တစ်ကိုယ်ေ တ်ာအခွေလ ည်း ထွက်ရှိခဲ့ပါတယ်။ သူမဟာ ဂီတအလု ပ်တွေသာမက သရုပ်ဆောင် တစ်ယော က်အနေနဲ့ ဗီဒီယို ဇာတ်ကားေ တွလည်း ရိုက်ကူးခဲ့ဖူးပါသေး တယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ပြီးသွား တဲ့နောက်မှာေ တာ့ အနုပညာအလု ပ်တွေနဲ့ ခဏတာ ဝေး ကွာသွားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှစပြီး ဂီတလော […]

အနုပညာ

ရှေးခေတ်ပုံစံကြော်ငြာလေးကို ဟဲဗီးဖြိုးနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဖြူဖြူထွေး(ရုပ်သံ)

ရှေးခေတ်ပုံစံကြော်ငြာလေးကို ဟဲဗီးဖြိုးနဲ့အတူ ရိုက်ကူးခဲ့တဲ့ ဖြူဖြူထွေး အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာသလို လတ်တလော ပရိသတ်ရဲ့အချစ်တွေအများကြီးကို ပိုင်ဆိုင်လာသူလေးကတော့ ဖြူဖြူထွေးပါ။ သူကတော့ တစ်ရက်မှ မနားရအောင် ကြော်ငြာတွေဆက်တိုက်ရိုက်ကူးနေရသလို သူ့ရဲ့ကြော်ငြာလေးတွေမှာလည်း အခက်အခဲဖြစ်နေတဲ့အနုပညာရှင်အချို့ကိုပါ ထည့်သုံးပြီး တစ်ဖက်တစ်လမ်းက ကူညီနေသူပါ။ ဒီနေ့ မှာတော့ ပရိသတ်ရဲ့အချစ်တော်ဟဲဗီးဖြိုးနဲ့အတူ ရိုက်နေကျပုံစံမဟုတ်တဲ့ ရှေးခေတ်စတိုင် အဝတ်အစားတွေနဲ့ ရိုက်ကူးထားတဲ့ကြော်ငြာလေးကို မျှဝေခဲ့ပါတယ် ပရိသတ်ကြီးရေ… ဟဲဗီးဖြိုးကိုတော့ ကလေးသရုပ်ဆောင်ဘဝကတည်းက ရသစုံပိုင်နိုင်စွာသရုပ်ဆောင်နိုင်တဲ့သူတစ်ယောက်အဖြစ် ပရိသတ်တွေ အချစ်ပိုခဲ့ကြမှာပါနော်။ ပရိသတ်တွေရဲ့တောင်းဆိုမှုကြောင့် ဟဲဗီးဖြိုးနဲ့အတူ ကြော်ငြာလေးတွေရိုက်ကူးလာခဲ့တာ ဒီကြော်ငြာလေးက ဒုတိယမြောက်ကြော်ငြာလေးလို့ ဆိုရမှာပါ။ ကြော်ငြာတွေအတွက် ဇာတ်ညွှန်းကို ကိုယ်တိုင်ရေးလေ့ရှိတဲ့အပြင် ပရိသတ်တွေရဲ့ ဘဝအမောတွေပြေရအောင် ရယ်မောစရာလေးတွေအမြဲထည့်ပေးတတ်တဲ့ ဖြူဖြူထွေးရဲ့ ဒီကြော်ငြာလေးကိုလည်း ပရိသတ်တွေ သဘောကျဦးမှာ အမှန်ပါ။ ရှေးခေတ်အဝတ်အစားတွေနဲ့ ပရိသတ်အမြင်တမျိုးဆန်းအောင် ရိုက်ကူးထားတဲ့ ဖြူဖြူထွေးရဲ့ကြော်ငြာအသစ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ […]

အနုပညာ

လူရွှင်တော့ ဒိုးပတ် ရဲ့ ရွက်လှေ သီချင်း ကို သရုပ်ဖော် ထားတဲ့ ဗီဒီယိုကို သဘောကျနေတဲ့ G FATT..။

လူငယ်တွေကြား မှာ အောင်မြင် ကျော်ကြားတဲ့ ပရိသတ်တွေရဲ့ အချစ်တော် အ ဆိုတော် G fatt ကတော့ အမိုက်စား Rap တွေနဲ့ ပရိသတ်တွေကို ဖမ်းစားတဲ့အပြင် ခံစားချက်တွေနဲ့ သက်ဆိုင်တဲ့သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး သီဆိုလေ့ရှိတဲ့သူတစ်ဦးလဲဖြစ်ပါတယ်။ နိုင်ငံကျော် အဆိုတော် G fatt ကတော့ မကြာသေးမီကမှ ရွက်လှေ ဆိုတဲ့ သီချင်းသစ်လေးထွက်ရှိထားတာဖြစ်ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုရရှိထားပါတသေးတယ်။ ယနေ့မှာ လူမှုကွန်ရက် မှာ ဟာသဗီဒီယိုလေးတွေတင်ရင်း ပရိသတ်တွေရဲ့ အားပေးမှု တစ်ခဲနက် အားပေးမှုရရှိထားတဲ့ လူရွှင်တော် ဒိုးပတ်ကတော့ G Fatt ရဲ့ ရွက်လှေ သီချင်း ကို ဟာသသဘော နဲ့ သရုပ်ဖော်ထားတဲ့ ဗီဒီယိုလေးကို တင်ထားပြီး ကြည့်ရှူသူကတော့ (၂)သိန်းကျော်သွားပြီလည်း ဖြစ်ပါတယ်။ […]

အနုပညာ

G FATT ရဲ့ သီချင်းအသစ်က သူ့အကြောင်းရေးထားတာ မဟုတ်ပါဖူးလို့ ပြောလာတဲ့ နန်းဆုရတီစိုး(ရုပ်သံ)

G Fatt ရဲ့သီချင်းအသစ်က သူ့အကြောင်းရေးထားတာမဟုတ်ပါဖူးလို့ပြောလာတဲ့ နန်းဆုရတီစိုး “ချစ်သူဟောင်း ရဲ့ သီချင်း အသစ် ကို မထွက်ခင် ကတည်းက နားထောင်ခဲ့ဖူးတယ်။ ကိုယ့် အကြောင်း ရေးထားတာ မဟုတ်လို့ ကိုယ့်လိပ်ပြာ ကိုယ်လုံ ပါတယ်။ သူက ရန်သူ လည်း မဟုတ်သလို ချစ်တဲ့ သူ လည်း မဟုတ်တော့ပါဘူး။ အချစ်ရေး နဲ့ ပတ်သက်ပြီး ပျော်ရွှင်နေရပါတယ်။ အတွေ့အကြုံတွေ သင်ခန်းစာ ယူပြီး အချစ်ရေး ကို ရှေ့ဆက် သွားမယ်။ နောက်ကြောင်း ပြန်မလှည့်ပါဘူး။ မင်္ဂလာ သတင်းတွေ ရှိလာရင် ပရိသတ်ကို ပြောမှာပါ” လို့ ပြောလာတဲ့ သရုပ်ဆောင်/ အဆိုတော် နန်းဆုရတီစိုး ရဲ့ လက်ရှိ အချစ်ရေး က? […]

အနုပညာ

သိန်းထောင်ချီတန်တဲ့ လင်ခရူဆာကားကြီးကို ဝယ်ယူလိုက်တဲ့ ဖြူဖြူထွေး

သိန်းထောင်ချီတန်တဲ့ လင်ခရူဆာကားကြီးကို ဝယ်ယူလိုက်တဲ့ ဖြူဖြူထွေး ဖြူဖြူထွေးဆိုလိုက်တာနဲ့ ချစ်စရာအပြုအမူ ဖြူစင်ရိုးသားတဲ့အမူအရာ၊ အလှူအတန်းရက်ရောလွန်းတဲ့ ကောင်မလေးကို မသိသူမရှိလောက်ပါဘူးနော်။ ဝါရင့် လူရွှင်တော် သရုပ်ဆောင် တိမ်ညွန့်ကလည်း” ဒီကလေး လျှောက်တဲ့လမ်းက ဖြူစင်တယ်။ သူ့အချိန်အခါ ရောက်လာရင် တားမရဘူး။ သူကိုင်သမျှက ရွှေဖြစ်တယ်ပေါ့။ ပညာက သင်လို့ရတယ်။ စမ်း(ဇာတာ) ပြိုင်လို့မရဘူး။ သူ့ကြည့်တော့ ကုသိုလ်ချင်းရော စမ်း ချင်းပါ မယှဉ်နဲ့ ဖြစ်လာတယ် ” လို့ ဖြူဖြူထွေးကို ကြည့်ပြီး တွဲအလုပ်လုပ်မိပြီးတဲ့နောက် ပြောပါတယ်။ အခုလည်းသူမက သိန်းထောင်ပေါင်းများစွာတန်တဲ့ လင်ခရူဆာကားသစ်ကြီးကို ဂမုန်းပွင့် ကားShowroom ကနေ ဝယ်ယူစီးလိုက်ပြီဘဲဖြစ်ပါတယ်။ တစ်ချိန်က သတင်းထောက်အလုပ်ကနေ အလုပ်ထုတ်ခံရတဲ့ကောင်မလေးတစ်ယောက်က အခုချိန်မှာ တိုင်းသိပြည်သိအောင်မြင်တဲ့ အနုပညာရှင်ဖြစ်အောင် ကြိုးစားခဲ့တဲ့သူမဟာ လူငယ်တွေအတွက်တော့ အတုယူစရာကောင်းပါတယ်။ Toyota […]

အနုပညာ

အဖေက အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီဆိုတဲ့ မုံနံ့သာကျော်ရဲအောင်…..

ရုပ်သံဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ မှုံနံ့သာကျော်ရဲအောင်ဟာ ဖခင်ဖြစ်သူ ကျော်ရဲအောင်ရဲ့ ခွင့်ပြုချက်နဲ့ အနုပညာအလုပ်တွေ လုပ်လာရပြီဖြစ်လို့ ဝမ်းသာနေပါတယ်။ အခုဆိုရင်တော့ သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို တို့နဲ့ ဇာတ်လမ်းတွဲရိုက်တော့မယ်လို့ သိရပါတယ်။ သရုပ်ဆောင် ကျော်ရဲအောင်ကတော့ သမီးဖြစ်သူ မှုံနံ့သာကျော်ရဲအောင်ကို အနုပညာအလုပ်တွေ လုပ်ဖို့ ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အရမ်းဖြစ်ချင်နေတဲ့အရာတစ်ခု ဖြစ်မြောက်သွားလို့ ဝမ်းသာနေတယ်လို့လည်း မှုံနံ့သာကျော်ရဲအောင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ “ဖေကြီးကတော့ ဒီအလုပ်လုပ်မယ်ဆိုရင် အဓိက ကတော့ စိတ်ပေါ့နော်။ဘယ်လောက်အထိ Mood သွင်းနိုင်မလဲ၊ အိမ်မှာဆိုလည်း ဖေကြီး သင်ပြပေးတာတွေရှိတယ်။ ညီမက အခု ၁၀ တန်းပြီးသွားပြီဆိုတော့ သရုပ်ဆောင်အလုပ်လုပ်ဖို့ ခွင့်ပြုသွားပါပြီ။ အရင်တုန်းကဆို ဇာတ်ကားအရမ်းရိုက်ချင်တာ အခုတော့ ညီမရဲ့ ဆန္ဒတွေ ပြည့်ဝသွားတာပေါ့” လို့ဆိုပါတယ်။ […]