အထွေအထွေဗဟုသုတ

သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်)

သားသမီးတွေ မရှိတော့တဲ့အိမ် သားသမီးတွေ မရှိတော့တဲ့အိမ် (ဖတ်ရင်းနဲ့ အိမ်ကို ပြန်ပြေးချင်မိတယ်) သားသမီးတွေ အရွယ်ရောက်လို့ မိဘတွေဆီကနေ ထွက်ခွာသွားပြီးနောက်ပိုင်း အိမ်ကြီးဟာ အရင်လိုမစိမ်းလန်းတော့ပါဘူး။ဘယ်သားဘယ်သမီးများ အဖေနဲ့အမေဆီ ဘယ်တော့ပြန်လာမလဲလို့ မျှော်နေရတဲ့ မိဘအိုကြီးနှစ်ယောက်တည်း အထီးကျန်နေဆဲ။   တကယ်လို့ များ ဆန္ဒတစ်ခုသာပြည့်မယ်ဆိုရင် မိဘတွေကတော့ သားသမီးတွေအားလုံးဘေးမှာ ရှိနေစေချင်မှာ အမှန်ပါပဲ။ငယ်ငယ်တုန်းက ကစားခဲ့တဲ့ အရုပ်တွေက အမေ့ရဲ့လွမ်းစိတ်ကို တိုးစေတယ်။ အဖေကတော့ ဘာမှမပြောပေမယ့် အိပ်ယာဝင်တိုင်း အမြဲတမ်း သတိရနေမှာပါ။ သားသမီးတွေကို ဖုန်းလည်းမဆက်ရဲကြဘူးလေ။ ဘာ့လို့လည်းဆိုတော့ သူတို့အလုပ်တွေနဲ့ရှုပ်နေလို့ ဖုန်းမပြောအားမှာ စိုးတယ်လေ။သူတို့အလုပ်အားရင်တော့ တို့ဆီပြန်လာမှာပဲလို့တွေးရင်း ပျော်နေပါတယ်။ သူတို့ပြန်လာရင် သူတို့ကြိုက်တတ်တဲ့ အစားအသောက်တွေ ချက် ကျွေးဖို့ အမေကတော့ အမြဲတမ်း အဆင်သင့်ပါ။   သားတွေသမီးတွေမရှိတဲ့ အိမ်ကြီးဟာ ခြောက်ကပ်ပျင်းစရာကောင်းပေမယ့် […]

အထွေအထွေဗဟုသုတ

သင်မွေးဖွားတဲ့ရာသီဥတုက ပြောနေတဲ့ သင့်အကြောင်းများ

သင်မွေးဖွားတဲ့ရာသီဥတုက ပြောနေတဲ့ သင့်အကြောင်းများ နွေ၊မိုး၊ဆောင်း ရာသီဥတုတွေဟာ တစ်ခုနဲ့တစ်ခု မတူညီကြဘဲ ကိုယ်ပိုင်ပုံစံတွေရှိကြပါတယ်။ ဒီလိုပါပဲ။ နွေ၊ မိုး၊ ဆောင်း မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်တို့၊ ခင်ဗျားတို့မှာလည်း မတူညီတဲ့ ပုံစံ၊ အကျင့်စရိုက်တွေရှိနေကြပါတယ်။ ကဲ…ကိုယ့်ကို မွေးခဲ့တဲ့ ရာသီဥတုက ကိုယ့်အကြောင်းဘာတွေ ပြောနေမလဲ။အောက်မှာ ကြည့်လိုက်ပါ။ နွေရာသီဖွား သင်ဟာ နွေရာသီမှာ မွေးဖွားခဲ့သူတစ်ယောက်ဆိုရင်တော့ သင်ဟာ အကောင်းမြင်တတ်သူတစ်ယောက်ပါ။ အဆိုးမြင်စိတ်နည်းတယ်။ လွတ်လွတ်လပ်လပ် နေချင်တယ်။ စိတ်ကူးစိတ်သန်းကောင်းတယ်။ အခက်အခဲတွေရှိလာရင် အိုင်ဒီယာကောင်းတွေ ထွက်လေ့ရှိတယ်။ ပျော်ပျော်နေတတ်တယ်။ စူးစမ်းလိုစိတ်ကြီးတယ်။ အမြဲတက်ကြွနေလေ့ရှိတယ်။ ဒါတွေဟာ နွေရာသီဖွားလေးတွေရဲ့ စရိုက်လက္ခဏာတွေပဲ ဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေကတောင် အားကျရလောက်တဲ့ တက်ကြွမှုမျိုး သင့်မှာရှိပါတယ်။ သူငယ်ချင်းတွေကိုလည်း အမြဲတမ်း ကူညီနေကျသူတစ်ယောက်၊ မိသားစုရဲ့ အားထားရသူတစ်ယောက်၊ အားလုံးရဲ့ […]

အထွေအထွေဗဟုသုတ

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်)

သင်္ချိုင်းကုန်းထဲမှာ ထမင်းစားခဲ့တဲ့ ကျောင်းဆရာ (ဖြစ်ရပ်မှန်) ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကို ပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာ မဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင် တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ်လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်း ပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြတာ။ ကျွန်တော့် ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီ ဆိုပြီးနေတာ။ အတန်းထဲက ကလေးတွေ မဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အား နည်းနေတယ်လို့ သုံးသပ် တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်းတခါတရံ သူ့ကိုယ်ရေးကိုယ်တာ ရှိလေတော့ […]

အထွေအထွေဗဟုသုတ

ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ

ခွင့်လွှတ်နားလည်ပေးခြင်းသည်သာ အထိရောက်ဆုံး လက်စားချေခြင်းပါ “ကိုယ့်အပေါ်မကောင်းတဲ့သူတွေကို ဘယ်လို ခွင့်လွှတ်ပေးမလဲ”။ တစ်စုံတစ်ယောက်က ဒီအဖြေကို ဖြေဖူးပါတယ်။ “တကယ်တော့ ခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ ကိုယ့်ရဲ့ စိတ်ကြောင့်ပါပဲ။ ကိုယ့်နှလုံးသားလေးကို ဖြူစင်မြဲဖြူစင်နေအောင်ထားပါ။ စိတ်တံခါးတွေကို ဖွင့်လှစ်ထားလိုက်ပါ” တဲ့။ စိတ်နှလုံးကို အမြဲတမ်းသန့်စင်ကြည်လင်အောင် ထားခြင်းက ခွင့်လွှတ်ပေးတတ်ဖို့ လေ့ကျင့်မှုတစ်ခုပါပဲ။ ကျွန်မတို့ရဲ့ စိတ်နှလုံးအတွင်းက ငြိမ်းချမ်းမှုတွေကို နှောင့်ယှက်ဖျက်ဆီးတဲ့အရာတွေကို ဖယ်ထုတ်စွန့်လွှတ်နိုင်ဖို့ လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်အလိုမကျဖြစ်နေချိန်မှာ ကျွန်မတို့ နှလုံးခုန်နှုန်းတွေ မြန်လာတတ်တယ်။ စိတ်တွေလှုပ်ရှားလာတတ်တယ်။ မှားနေတာတွေကို အမှန်ပြင်သင့်တယ်လို့ ခံစားလာရတယ်။ တရားမျှတမှုကို လိုလားလာကြတယ်။ တကယ်တော့ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ ကျွန်မတို့အတွင်းစိတ်မှာ တိုက်ခိုက်နေရတဲ့ တကယ့်ရန်သူက ကျွန်မတို့ရဲ့ အတ္တစိတ်ပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က “ခင်ဗျားမှန်တယ်၊ ခင်ဗျားပြောတာကို ထောက်ခံတယ်” ဆိုတော့မှ ကျွန်မတို့တွေ […]

အထွေအထွေဗဟုသုတ

ရှေးလူကြီးတွေထားခဲ့တဲ့ အတိတ်တဘောင်…

တရားကို တေးဆို ၊ အဖေကိုသားကဆဲ ဆွေမျိုးထဲက ဓါးပြတိုက် ၊ မိုက်လျှင်သောတာပန် မကောင်းကြံလျှင် သမာဓိ ၊ရွှေရှိမှ လူလိမ္မာ လိမ်နိုင်မှ သစ္စာရှင် ၊ပညာရှင်ကို ပယ်၍ထား အချစ်ဆုံးက သစ္စာပျက် ၊ရိုးသားသူကို အရူးဆို အပျိုငယ်က လင်နေစော ၊အင်္ကျီပါးနဲ့ ဥပုသ်သည်ဇရပ်အလယ် ကို့ယို့ကားယား ၊အမျိုးသမီးကောင်းက ပိုက်ဆံရှာ အပျိုမဖြစ်ခင်က ရည်းစားထား ၊ဆင်းရဲသားက သူဌေးယောင်ဆောင် အဝတ်ပြောင်မှ လူရိုသေ ၊လင်ရှိမယားက အပျိုလုပ် မသာပို့ရင်း အပျိုလှည့် ၊အလှူပေးရင်း ထမင်းရောင်း ဆယ်နှစ်သမီးက အိမ်ထောင်ကျ ၊ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင် ပွဲသဘင်ပါမှ အလှူဖြစ် ၊စာမတတ်သူက တရားပြ ဇာတ်သမားမှ လူခေါ်ချင် ၊သူတော်စင်ကို ပယ်၍ထား ကြွေးပေးသူက ကျွန်နဲ့တူ ၊ကြွေးယူသူက သခင်ဖြစ် […]

အထွေအထွေဗဟုသုတ

တံမြက်စည်းကြမ်းလေး တချောင်းက ပေးတဲ့ သင်ခန်းစာ

တစ်ခါတုန်းက တံမြက်စည်းသည်ကြီးက တံမြက်စည်းနှစ်ချောင်းကို ရောင်းချခဲ့တယ်။ ဝယ်တဲ့သူက တစ်ချောင်းကို အိမ်ပေါ်မှာလှည်းဖို့နဲ့ တစ်ချောင်းက မြေကြီးမှာ လှည်းဖို့ဆိုပြီး ဝယ်ခဲ့တာပေါ့။ မြေကြီးမှာ အလှည်းခံရတဲ့ တံမြက်စည်းက နေ့စဉ်နေ့တိုင်း ဖှုန်တွေနဲ့လုံးပန်း ကျင်ကြီးကျင်ငယ်တွေနဲ့ထိရ ကြမ်းတမ်းတဲ့ ကျောက်စရစ်တွေနဲ့လဲ ကြုံရဆုံရတော့ သူ့ဘဝဟာ ကြမ်းသထက် ကြမ်းလာတယ်တဲ့။ ဒီဟာကိုကြည့်ပြီး သူ့ဘဝသူ အားငယ်တတ်လာတယ်။ အိမ်ပေါ်မှာ နေရတဲ့ တံမြက်စည်းလေးဖြစ်ရင် သိပ်ကောင်းမှာ သူ့ဘဝကျတော့ နေလဲမပူ ကြမ်းတဲ့ကျောက်စရစ်တွေနဲ့မတွေ့ရ ကျင်ကြီးကျင်ငယ်နဲ့မဆုံနဲ့.. သူ့ဘဝသာယာနေမှာ ဘဲဆိုပြီး သူ့မိတ်ဆွေ အိမ်ပေါ်လှည်းခံရတဲ့ တံမြက်စည်းကို အားကျနေတယ်တဲ့။ နောက်ပြီး သူကအိမ်ပေါ်မှာနေရတော့ သူက သင်းပျံ့တဲ့ရနံ့တွေနဲ့နေရမှာပဲ ငါလိုဘဝမကြမ်းလောက်ဘူး ငါလဲသူ့လို ဘဝရောက်ရင် သိပ်ကောင်းမှာပဲဆိုပြီး….အမြဲတွေးပြီးနေတတ်တယ်တဲ့။ ဒါနဲ့တစ်နေ့ သူ့သူငယ်ချင်းတံမြက်စည်းကို လှေခါးနားမှာ ဆုံမိကြတယ်တဲ့။ စကားပြောဖြစ်ကြတယ်ပေါ့။ အိမ်အောက်မြေကြီးမှာအလှည်းခံရတဲ့ တံမြက်စည်းက […]

အထွေအထွေဗဟုသုတ

ဝါဆိုသင်္ကန်းလှူရကျိုး(၇)မျိုး……..

ဗုဒ္ဓဘာသာဝင်တို့၏ ဝါတွင်းကာလ နီးလာပြီဖြစ်လို့ ဝါဆိုသင်္ကန်းကပ် လှူဒါန်းလျင် ရရှိနိုင်သည့် ကောင်းကျိုးတွေကို ရေးသား၍ ဓမ္မဒါနပြုလိုက်ပါတယ်….. ဗုဒ္ဓဘာသာဝင်တို့သည် ဝါတွင်းအခါ ကာလမှာ နီးစပ်ရာ သံဃာတော်များသီတင်းသုံးရာကျောင်းတိုက်တို့မှာ အဖွဲ့အစည်းဖြင့်လည်းကောင်း၊မိသားစု ဖြင့်လည်းကောင်း၊တစ်ဦးတစ်ယောက်ထဲသော် လည်းကောင်း….. ကျောင်းတိုက်ရှိ သံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူဒါန်းလေ့ ရှိကြပါတယ်။ ထိုသို့ သံဃာတော် များအား မိမိတို့၏ ချွေးနည်းစာဖြင့် ဝါဆိုသင်္ကန်းများ ကပ်လှူဒါန်သည့်အခါ……. ထိုအလှူကို အကြောင်းပြု၍ ကောင်းကျိုးတွေ ဘယ်လောက်ရသလဲ ဆိုတာသိရင် မိမိတို့၏ အလှူဒါနအပေါ်မှာ ပိုပြီး တော့ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်…..ပို၍လည်း အကျိုးပေးထက် သန်ပါတယ်။ ဒါမို့ကြောင့် ဝါဆို သင်္ကန်းပေး လှူဒါန်းရသဖြင့် မိမိတို့ရရှိနိုင်သည့် ကောင်းကျိုးတရား များကို တစ်ခုချင်းစီ သိထားသင့် ပါတယ်…… သံဃာတော်တို့အား ဝါဆိုသင်္ကန်းကပ် […]

အထွေအထွေဗဟုသုတ

‘ပင်လယ်နှစ်ခု ဆုံရာနေရာမှာ တည်ထားတဲ့ သမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် အကြောင်

ဆံတော်ရှင် မြတ်မော်တင်စွန်း စေတီတော် ကပ္ပလီပင်လယ် (Andaman Sea) နှင့်အနာက်ဘက်ဘင်္ဂလားပင်လယ်အော်(BayofBengal)တို့ထိစပ်ရာ၊(သို့မဟုတ်) ပိုင်းခြားထားရာနေရာလေးတခုဖြစ်သော၊မြန်မာနိုင်ငံ၏သမိုင်းဝင်တန်ခိုးကြီးဘုရားစေတီများထဲတွင် တစ်ဆူအပါအဝင်ဖြစ်သော၊ ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်သည်ဧရာဝတီတိုင်းဒေသကြီးဟိုင်းကြီးကျွန်းမြို့နယ်၊မြန်မာနိုင်ငံ၏အနောက် တောင်ဘက် အစွန်ဆုံးနေရာတွင် တည်ထားလျှက်ရှိပါသည်။ တဖုသနှင့် ဘလိက္က ကုန်သည် ညီနောင်နှစ်ဦးတို့မြတ်စွာဘုရားအား လျှောက်ထားချက်အရ ပေးသနားတော်မူသောဆံတော် ရှစ်ဆူအနက် နှစ်ဆူကို ဇေယျသေန နဂါးမင်းက သက္ကရာဇ်၁၀၃ခုနှစ်ဝါဆိုလပြည့်နေ့တွင်လွှဲပြောင်းပင့်ဆောင်ပြီး ဌာပနာကာ စေတီတော်ကို တည်ထားကိုးကွယ်သည်ဟု သမိုင်းရာဇဝင်များတွင်တွေ့ရှိရပြီး အသောကမင်းကြီးလက်ထက်တွင်တစ်ကြိမ်၊ ပုဂံခောတ်အလောင်းစည်သူမင်းလက်ထက်တွင်တစ်ကြိမ်ထပ်မံမွမ်းမံတည်ထားခဲ့ပါသည်။ဆံတော်ရှင်စေတီတော်မြတ်ကြီးအား နှစ်စဉ် တပေါင်းလဆန်း ၁ ရက်နေ့မှ တပေါင်းလပြည့်နေ့အထိစည်ကားသိုက်မြိုက်စွာ ကျင်းပလေ့ရှိပါသည်။ ဘုရားဖူးမိဘပြည်သူများအနေဖြင့်ရှေးယခင်ကဘုရားဖူးရာသီချိန်တွင်ရေလမ်းခရီးမှသာအထူးရေယာဉ်များဖြင့်သွားရောက်ဖူးမျှော်နိုင်ပြီး ၂၀၁၀ခုနှစ်မေလ၁၄ရက်နေ့မှစကာပုသိမ်သလပ်ခွာ–မော်တင်စွန်းကားလမ်းအတိုင်း(၉၆)မိုင်အကွာအဝေးဖြင့် လွယ်ကူစွာသွားရောက်ဖူးမျှော်နိုင်ပါသည်။ကားလမ်းမှာအနောက်ရိုးမတောင်တန်းကိုဖြတ်လျှက်ပုသိမ်၊ငပုတောနှင့်ဟိုင်းကြီးကျွန်းမြို့များမှတဆင့် ခက်ခက်ခဲခဲ ဖောက်လုပ်ထားခြင်းလည်းဖြစ်ပါသည်။ ကားလမ်းတလျှောက်ကိုလေ့လာကြည့်ပါကတောင်တက်လမ်း၊တောင်ဆင်းလမ်းများကိုမြွေလိမ်မြွေကောက်တွန့်ကာကွေးကာဖောက်လုပ်ထားသဖြင့်အသည်းတထိပ်ထိပ်၊ရင်တဖိုဖိုလည်းဖြစ်ရပါသည် ။တောတောင်သဘာဝကိုခံစားရှုစားရင်းစိမ်းလန်းစိုပြေနေသည့်ရှု့ခင်းများ၊သဘာဝအတိုင်းတည်ရှိနေ့သည့်ကျေးလတ်ဒေသရွာငယ်လေးများကိုမြင်တွေရသည်မှာလည်းစိတ်ကိုကြည်လင်လန်းဆန်းစေသည် မဟုတ်ပါလား ခင်ဗျာ။ ရိုးသားကြိုးစားဧရာဝတီသားတို့နေထိုင်ရာပုသိမ်မြို့မှထွက်ပြီးငဝန်မြစ်ကူးတံတားကိုကျော်လိုက်သည်နှင့်ချောင်းသာ၊ငွေဆောင် လမ်းဆုံမှသည် စခဲ့သော ခရီးစဉ်မှာ ရေသိုးကြီးစခန်း၊ စိန်တောင်စခန်း၊ တတန်ကူးစခန်း၊ သစ်ကတိုးအိုင်းစခန်း၊ […]

အထွေအထွေဗဟုသုတ

“ကိုယ် ဘာမှမတတ်နိုင်တဲ့အခါ”

ကိုယ် ဘာမှမတတ်နိုင်တဲ့အခါ” #လမင်းမိုမို တစ်ခါတစ်ရံမှာ နားမလည်ခြင်းများစွာနဲ့ စိတ်မကောင်းဖြစ်ရသော အချိန်မျိုးတွေရှိတတ်ပါတယ် .. လူတိုင်းမှာ ရှိဖူးကြလိမ့်မယ်ထင်တယ် .. ဘယ်လိုအခါမျိုးတွေလဲဆိုရင် ကိုယ် ဘာမှမတတ်နိုင်တဲ့ အချိန်မျိုးတွေပါ .. လူ့အသိုင်းအဝိုင်းအကြား လူလူချင်းပေါင်းသင်းဆက်ဆံရေးမှာ ဘာမှမတတ်နိုင်တဲ့အဖြစ်မျိုး ဆိုတာတွေ မကြာခနကြုံတွေ့တတ်ပါတယ် .. အဲသလို ကိုယ်ဘာမှ မတတ်နိုင်တဲ့အဖြစ်မျိုး ..ကြုံလာတဲ့အခါ ဝမ်းမနည်းပါနဲ့ .. ★ အကြောင်းရင်းမသိရပဲ တစ်စုံတစ်ယောက်က ..ကိုယ့်ကို အေးတိအေးစက်ဖြစ်သွားတဲ့အချိန်မျိုး .. ဆက်ဆံရေးအကောင်းကြီးကနေ ထူးခြားတဲ့အရေးကိစ္စလည်းမဖြစ်ပဲ ကိုယ်ကဘာမှမဖြစ်ပဲ သူက အေးစက်စိမ်းကားနေတာမျိုးပါ .. သိပ်ကြီးအနီးကပ်မဟုတ်တဲ့ သူတွေထဲကလည်း ဖြစ်တတ်သလို သိပ်ရင်းနှီးနီးကပ်တဲ့ သူတွေထဲကလည်း ရှိတတ်တယ် .. အဲဒိအခါတွေမှာ မင်း ဘာဖြစ်နေတာလဲဟင် ဆိုတာမျိုးမေးဖို့ ကျမဆိုရင် သိပ်ဝန်လေးတတ်ပါတယ် .. သူ့ဘာသာ […]

အထွေအထွေဗဟုသုတ

”အခက်အခဲတွေနဲ့ အရမ်း ကြုံနေရရင် ဒီဂါထာလေး ရွတ်ကြည့်ပါ”

တစ်နေ့ ၇ ခေါက် ပုံမှန်ရွတ်ရုံနဲ့ ထူးခြားပါလိမ်မယ်။ သိကြားမင်း ဂါထာတော် ဝေဒါသာကု ၊ ကုသာဒါဝေ …. ဒါယသာတ ၊ တသာယဒါ သာသာဓိကု ၊ ကုဓိသာသာ …. ကုတကုဘု ၊ ဘုကုတကု ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည် …. ဒါ = ဝေးစွာသော အရပ်သို့ …. သာ = လျင်စွာ …. ကု = ပြေးကုန်သတည်း။ ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည် …. သာ = မိမိအလိုလို …. ဒါ = အကြံအစည် ပျက်သောအားဖြင့် …. ဝေ = […]