မတိုက်ဆိုင်လို့ လမ်းခွဲသွားကြရင် ဝမ်းနည်းစရာ မလိုသလို ပြန်ပြီးလည်း မမျှော်လင့်ပါနဲ့ … ။ ရေစက်ရှိလို့ ဆုံခဲ့ကြပြီး ကံကုန်ရင် လမ်းခွဲကြရမယ် ကံမကုန်သေးရင် ပြန်ဆုံတွေ့ဖြစ်ကြမယ် …. ။ ဘဝရဲ့ လှည့်ကွက်တွေအောက်မှာ တစ်ယောက်နဲ့တစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြပြီး မျှော်လင့်မထားတဲ့ ကံကြမ္မာမုန်တိုင်း ဖန်တီးလာပြီ ဆိုရင် ထင်မှတ်မထားတဲ့ အခြေအနေတွေကြောင့်လည်း တစ်ယောက်နဲ့ တစ်ယောက် ဝေးကွာသွားကြရတာပါပဲ … ။ တစ်ကယ်တမ်းကြတော့ ရေစက်ရှိလို့ ဆုံတာထက် တစ်ယောက်ကို တစ်ယောက် ဝဋ်ကြွေးဆပ်ဖို့ ဆုံဖြစ်ခဲ့ကြတာပါ … ။ အနားမှာ ထွက်ခွာသွားသူကို ကျေးဇူးတင်လိုက်ပါ သူ့ကြောင့် ဝဋ်ဒုက္ခမှ လွတ်ကင်းသွားလို့ပါ … ။ ဘဝဆိုတာ …? ကိုယ်က ချစ်နေပြန်တော့လည်း တစ်ဖက်သားက မုန်းနေပြန်တတ်တယ် […]
အထွေအထွေဗဟုသုတ
” ငါလာမှ သီး၊ ငါလာမှ ကြီး “မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာရဲ့ အမုန်းကျိန်စာနဲ့ ပေပင်လေးတွေ
ငါလာမှသီး ၊ငါလာမှကြီး ” တဲ့လားဖေဖေ ၊ သူ့ကျိန်စာကလည်း စိတ်ဝင်စားစရာကောင်းသလို .. ပေပင်လေးတွေကလည်း နှစ်ရာထောင်ချီနေတာတောင် သုံးလေးပေက မတက်ဘူးနော်…၊ သူ့နတ်နန်းမှာ ဘာလို့ ဘီလူးမကြီးနဲ့ တွဲထားရတာလည်း ဖေဖေ ၊ ကြည့်ရတာ တမျိုးကြီးပဲ … ” ဗိဿနိုးမြို့ထဲ ဝင်သွားချိန်ကစလို့တိတ်ဆိပ်ချောက်ချားစွာနဲ့ နေရာတစ်ခုချင်းဆီကို စိတ်ဝင်စားစွာ ကြည့်နေပေမယ့် စိတ်အစဉ်ကတော့ ဟိုး နှစ်ပေါင်း နှစ်ထောင်ခန့်က စည်ကားခဲ့တဲ့ဗိဿနိုးမြို့ကြီးရယ် ၊သရေခေတ္တရာဆိုတဲ့ ဒွတ္တဘောင်တို့ရဲ့ ပြည်မြို့ကြီးရယ်.. ၊အင်မတန်ချောမောလှပတယ်ဆိုတဲ့ ပန်ထွာဘုရင်မရယ် ..၊ ငယ်ငယ်ကအရမ်းသဘောကျခဲ့တဲ့ အတုလစည်တော်ကြီးနဲ့ စည်တီးရင် ရေကြီးတဲ့ ရန်ပယ်ချောင်းရယ် .. ရဟန်းတုတွေက ဖျက်ဆီးခဲ့လို့ ပျက်ဆီးသွားတဲ့အတုလစည်အပေါက်ကြီးရယ် …၊ ရဟန်းတုတွေအပေါ် အခဲမကြေနိုင်ခဲ့ပဲ မဟာမြိုင်တောမှာ ခုချိန်ထိ လက်စားချေနေတာရယ်.. သူလူပြန်ဖြစ်ပြီး ဒွတ္တဘောင်ဘုရင်ကို […]
” အဖေ့အကောင့်လေး မီးမစိမ်းတော့ပါ “
” အဖေ့အကောင့်လေး မီးမစိမ်းတော့ပါ ” (ဇူလိုင် ၃၁ ၂၀၁၆ ကြေးမုံ သတင်းစာ) အဖေ Facebook ဆိုတာကို စသုံးတော့ ကျွန်တော့်အကောင့်ကို စပြီး add တာ။ အဖေ့နာမည်နဲ့ အဖေ့အကောင့်ကိုမြင်တော့ လန့်သွားတယ်။ ငါ့အဖေပါလား….. … အံမယ် အဖေက အင်တာနက်တောင်သုံးတတ်လို့၊ …… အဖေက ကျွန်တော့ အကောင့်ကို add ပြီး ကျွန်တော့ ညီမလေး အကောင့်ကိုလည်း ရှာပြီး add တယ်။ သူကမောင်နှမ နှစ်ယောက်စလုံး ဘာတွေတင်ထားလဲ ဘယ်သူနဲ့ ဘာတွေပြောလဲ သိချင်ရုံသာ။ ကျွန်တော်ကတော့ အ ဖေ့အကောင့်ကိုလက်ခံပြီးမှ စဉ်းစားတယ်၊…….ငါပေါက်ကရတွေလျောက်တင်လို့ အဖေမြင်ရင် အဆူခံရမလားဆိုပြီး။ …. သူကကျွန်တော် အချစ်အကြောင်းတွေ လျောက်ရေးရင်လဲ ဖတ်တာပဲ။ ပြီးရင် […]
အပျိုဖော်ဝင်စ မိန်းခလေးငယ်လေးများကို ဖတ်စေချင်ပါတယ်
အပျိုဖော်ဝင်စ လှသွေးကြွ အပျိုဖော်ဝင်စငယ်သွေးကြွလှပ ဆိုသောစကားသည် မိန်းခလေးတယောက်အပျိုစဖြစ်စတွင်လှပမူကိုတင်စားထားခြင်းဖြစ်ပါတယ်။မိန်းခလေးငယ်တစ်ယောက်အပျိုစဖြစ်စသော ကိုယ်ခန္ဓာပြောင်းလဲမူကို သိထားသင့်သောအချက်များကို OnDoctor တွင် အမေးများလေ့ရှိပါတယ်။မိဘများအနေဖြင့်လည်းမိမိသမီးငယ်ကို ပြောင်းလဲလာသောလူနေမူပတ်ဝန်းကျင်စိတ်မချမူကြောင့် အပျိုဖော်ဝင်သည့်အချက်များကို စောစီးစွာသတိထားသိချင်သောဆန္ဒကြောင့်မေးကြပါတယ်။ (1)အပျိုစဖြစ်သောအသက်အရွယ် မိန်းခလေးတစ်ယောက်အနေဖြင့် အသက် ၈နှစ်မှ ၁၃နှစ်ကြားအပျိုစဖြစ်ပါတယ်။အဝလွန်သောမိန်းခလေးများ အပျိုစဖြစ်သောအသက်အရွယ်စောလေ့ရှိပြီး ပိန်သောမိန်းခလေးများသည် နောက်ကျလေ့ရှိပါတယ်။အသက်၁၂နှစ်အရွယ်တွင် ရင်သားဖွံ့ဖြိုးမူမရှိဘဲ အသက်၁၅နှစ်ထိရာသီလာရန်နောက်ကျသည့်အခါ ဆရာဝန်နှင့်သေချာစမ်းသပ်ရန်လိုအပ်ပါတယ်။ (2)ဟော်မုန်းအပြောင်းအလဲ အပျိုစဖြစ်ချိန်အတွင်းကိုယ်ခန္ဓာမှ ထွက်သောဟော်မုန်းကြောင့် သားဥအိမ်မှ အမျိုးသမီးဟောမုန်းအီစတိုဂျင်ထွက်ပါတယ်။အဆိုပါဟော်မုန်းကြောင့် တဖြေးဖြေးအပျိုအဖြစ်စတင်ပြောင်းလဲလာပါတယ်။ဟော်မုန်းအတက်အကျပေါ်မူတည်ရျ်လည်း အပျိုစဖြစ်စစိတ်အခြေအနေသည်လည်း အပြောင်းအလဲမြန်တတ်ပါတယ် (3)ဖွံ့ဖြိုးမူနှင့်ကိုယ်အလေးချိန်တိုးလာခြင်း မိန်းခလေးအများစုရဲ့ဖွံ့ဖြိုးသည် တရှိန်ထိုးတိုးတက်ပြီး အစောပိုင်းတွင် ယောကျာၤးလေးများထက်ပိုမိုမြန်ဆန်ပါတယ်။ထို့ကြောင့် အလယ်တန်းကျောင်းတွင် မိန်းခလေးများသည်ယောကျာၤးလေးများထက်အရပ်ပိုရှည်ပါတယ်။မိန်းခလေးရဲ့ဖွံဖြိုးမူသည် သိသာစွာပြောင်းလဲလာသည်မှာ အဆီများ ၈%မှ ၂၁%ထိတိုးလာသောကြောင့်ပါ။အဆိုပါအဆီများသည် မျိုးပွားမူအတွက်နှင့် ရာသီစက်ဝန်းအတွက်လည်းလိုအပ်ပါတယ် (4)ရင်သားဖွံဖြိူးမူ အပျိုစဖြစ်သည်နှင့် တင်။ရင်သားသိသားစွာစတင်ဖွံ့ဖြိုးပြောင်းလဲလာပါတယ်။အချို့အမျိုးသမီးများသည်ရင်သားမဖွံ့ဖြိုးသောကြောင့်စိတ်ပူတတ်ကြပါတယ်။အချို့မူ လျင်မြန်စွာကြီးထွားသော်လည်းအချို့မူ တဖြေးဖြေးသာအချိန်ကြာကြီးထွားလာပါတယ်။နို့သီးခေါင်းအရောင် နှင့်ဖွံဖြိုးမူသိသာလာပါလိမ့်မယ် (5)ရာသီစက်ဝန်း ရင်သားဖွံ့ဖြို့မူရှိလာရာမှ နှစ်အနည်းငယ်အတွင်းပထမဦးဆုံးရာသီစက်ဝန်းစတင်ဖြစ်ပေါ်ပါတယ်။ရာသီလာချိန်သည် ၂ရက်မှ၈ရက်ထိကြာမြင့်တတ်ပြီး […]
တရက်ကို ၂၇ ခေါက်သာ ရွတ်ဖတ်ပါ ဘဝတွင် စိန် ရွှေ ငွေ၊ အိမ် တိုက် ခြံ ကား အဆင်ပြေပြေ ၀င်လာစေမည့် ဂါထာတော်
စိန် ၊ရွှေ၊ငွေ၊ အိမ် ၊တိုက်၊ခြံ၊ကား အဆင်ပြေပြေ ၀င်လာစေမည့် ဂါထာတော် ၂၇ ခေါက်သာ ရွတ်ဖတ်ပါ ဘဝတွင် စိန်ရွှေငွေ၊ အိမ်တိုက်ခြံကား မလိုချင်မှအဆုံး ပေါများချမ်းသာလာပါလိမ့်မယ် မနက်အာရုံတက်တိုင်း၂၇ခေါက်တိတိရွတ်ဖတ်ပေးပါကမိမိဘဝတွင်စိန်၊ရွှေ၊ငွေ၊ကျောက်သံပတ္တမြား၊အိမ်တိုက်ခြံကားမလိုချင်မှအဆုံးပေါများချမ်းသာလာစေ၏ တောစောင့်နတ်၊တောင်စောင့်နတ်၊ရုက္ခစိုး၊ဘုမ္မစိုး၊အာကာသစိုး၊လူမိန်းမ၊လူယောက်ကျား၊တိရစ္ဆာန်များ၊စုန်းကဝေ၊အစိမ်းသရဲ၊နာနာဘာဝများ၊အတွင်း၃၇မင်း၊အပြင်၃၇မင်း၊ဘုတ်၊ဘီလူး၊နတ်စိုးနတ်ဝါးများပါချစ်ခင်လာ၏ ၊တောင်းတိုင်းတတိုင်းရ၏၊သတိပြုရန်မှာ၂၇ခေါက်သာရွတ်ရန်နှင့်မနက်အာရုံတက်ချိနိရွတ်ပါ၊ကာမေသုကံရှောင်ပါ၊အဖြတ်အတောက်မှန်မှန်နှင့်ခက်လေးလေးဘဲရွတ်ပါ၊ အံ့သြရလောက်အောင်တန်ခိုးကြီးတဲ့ဂါထာတော်ပါကျွန်မကတော့ပုတီးစိတ်ပါတယ် မဏိဇောတပတ္တမြားရတနာဂါထာတော် ၁။ ဒိဝါတပတိ အာဒိစ္စော ရတ္တိမာ ဘာတိ စန္ဒိမာ ဿန္နဒ္ဓေါ ခတ္တိယောတပတိ ဈာယီ တပတိ ဗြဟ္မဏော အထသဗ္ဗာ မဟောရတ္တိံ ဗုဒ္ဓေါ တပတိ တေဇသာ ဧတေန သစ္စဝဇ္ဇေန သောတ္ထိမေ ဟောတု ဇယ မင်္ဂလံ။ ။ ၂။ ဖုဋ္ဌဿ လောကဓမ္မေဟိ စိတ္တံ ယဿ န ကမ္ပတိ အ သောကံ ဝိရဇံ ခေမံ။ ၃။ […]
Fb ပေါ်မှာ ပုံတင်ကောင်းတဲ့ ညီမငယ်များ ကျော်မသွားကြပါနဲ့ဖတ်ဖြစ်အောင် ဖတ်ပေးကြပါ။
လှတယ်ဆိုပြီးတော့လည်း ကြွားချင်ပြီး မတင်လေနှင့် ဝါသနာ အရပါဆိုပြီးလည်း မိမိ ပုံတွေကို မိမိ အကောက်ထဲမှာ အလွဲသုံးစား မတင်လေနှင့် Like & comments တွေလိုချင်ရုံနဲ့ ထပ်ကာထပ်ကာ မတင်လေနှင့် Facebook ဆိုတာကို ဘာမှတ်လဲ အထင်သေး မစောလိုက်ပါနဲ့ အုန်း….. ညီမလေး တို့ရဲ့ ဂုဏ်သေက္ခာ တွေ မကျခင် အရှက်တရားတွေ မရခင်မှာ မြန်မြန်သာ ဆင်ခြင်လိုက်ပါတော့၊ သမင်ကို ချောင်းတဲ့ ကျားက တစ်ကောင်တည်း ဖြစ်နေပေမဲ့.. မိန်းမတွေကို ချောင်းနေတဲ့ တဏှာရူးကျားတွေက ထောင်သောင်းများစွာ.. သတိထားကြပါ ညီမလေးတို့.. ပုံတင်ကောင်းတဲ့ ညီမလေး ညီမလေးတို့ရဲ့ ပုံတွေကို ဆက်အကောင့်တွေပေါ်ကို မရောက်ခင် ဆင်ခြင်ကြပါ။ ပုံတွေကို ယူပြီး အကောက်တုဖွင့်လို့.. ဖာအကောက်တွေပေါ်မှာ မျက်နှာဖုံး […]
နေ့စဉ်မျက်နှာသစ်တိုင် ရွတ်ဖတ်ပါမမေ့ပါနဲ့
မျက်နှာသစ်ရာ ရွတ်ကြပါ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဓမ္မံ သရဏံ ဂစ္ဆာမိ သံဃံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ ဒုတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တတိယမ္မိ ဓမ္မံ သရဏံ ဂစ္ဆာမိ တတိယမ္မိ သံဃံ သရဏံ ဂစ္ဆာမိ ကျွန်ုပ်အား မွေးထုတ်ပေးခဲ့သော မိဘနှစ်ပါးတို့သည် ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ကျွန်ုပ်အား ပညာသင်ကြားပေးကြဖူးသော ဆရာသမားအပေါင်းတို့သည် ….. ဘေးရန်ခပ်သိမ်းကင်းပါစေ။ ဒေါသခပ်သိမ်း ကင်းပါစေ၊ဆင်းရဲခပ်သိမ်း ကင်းပါစေ။မိမိကိုယ်ကို ချမ်းသာစွာ ရွက်ဆောင်နိုင်ပါစေသတည်း။ ၁။လုံးစုံများစွာ သတ္တဝါ […]
ထီပေါက်ရင် ဘယ်လိုထုတ်ရမလည်းဆိုတာ sharing လေး လုပ်ပေးချင်ပါတယ်
ထီပေါက်ရင် ဘယ်လိုထုတ်ရမလည်းဆိုတာ sharing လေး လုပ်ပေးချင်ပါတယ် ထီပေါက်ရင် ထီ ရုံးချုပ် ၃၇လမ်းမှာသွားထုတ်ရပါမယ် ဘာတွေထည့်သွားရမလည်းဆိုတော့ 1. အိမ်ထောင်စုစာရင်း မူရင်း နဲ့ မိတ္တူ 2. မှတ်ပုံတင်မူရင်း မိတ္တူ 3. ထီလက်မှတ် 4.ပတ်စပို့စ် ပုံ ၃ပုံ ( ၅သောင်းဆုဆိုရင်တော့ ၁ပုံဆိုရပါတယ်) အပေါ်ကအချက်အလက်များကိုယူသွားရပါမယ် ရုံးချုပ်ရောက်ရင် အပေါက်ဝမှာ အဝင်အထွက်စစ်ဆေးတဲ့ အန်တီ(သို့)ဦးလေးကို ထီသွားထုတ်မလို့ ပြောပြီး နာမည်ရယ် မှတ်ပုံတင်ရယ်ရေး လက်မှတ်ထိုးရပါမယ် ပြီးရင် ၃လွှာကို ဓါတ်လှေကား (သို့) ရိုးရိုးလှေကားက တတ်သွားပါ ဝင်ဝင်ချင်း ဓါတ်လှေကားဘယ်ဘက်ခြမ်းမှာ ထီဆုငွေများထုတ်ယူရန်ဆိုပြီး ရေးထားတယ် အာ့မှာ ပေါက်တဲ့ ထီလက်မှတ်တွေကို ထုတ်ပေးရတယ် အာ့ ထီလက်မှတ်နောက်ကျော ဘယ်ဘက်ခြမ်းမှာ ဘက်လက်မနဲ့ လက်ဗွေနှိပ်ရပါတယ် […]
အစ်ကိုရှိတဲ့ မိန်းကလေးတွေမှာသာတွေ့ရမယ့် အားသာချက်များအကြောင်း….
မိန်းကလေးတွေမှာ အစ်ကို ရှိနေပြီ ဆိုရင်တော့ အဲ့မိန်းကလေးလောက် ကံကောင်းတဲ့ မိန်းကလေး ရှိတော့မှာ မဟုတ်ပါဘူး။ မိန်းကလေးဆိုတဲ့ သဘော သဘာဝအရ မိန်းကလေးတွေရဲ့အကြောင်းကို သိပြီးသား ဖြစ်နေမှာ ဖြစ်သလို အစ်ကို ရှိနေတဲ့အတွက် ယောင်္ကျားလေးတွေ အကြောင်းလည်း သိပြီးသား ဖြစ်သွား တတ်ကြ ပါတယ်။ ဒါတွေအပြင် အစ်ကှိုရှိတဲ့ သူတွေ ရတဲ့ အားသာချက်လေးတွေ အများကြီး ရှိနေ ပါတယ်။ (၁) သတ္တိရှိတယ် မိန်းကလေး သဘာဝကတော့ ပျော့ညံ့တဲ့ သဘော ရှိတတ်ပါတယ်။ အားငယ်တ တ်ကြ ပါတယ်။ အစ်ကိုရှိတဲ့ ကောင်မလေးတွေ ကတော့ တမူထူးခြား ပါတယ်။ အစ်ကိုတွေက အလိုလိုက် အချစ်ပိုသလို အားကိုးရတဲ့ အတွက် အားကိုးနဲ့ မိုက်တတ်တဲ့ […]
ညီမေလး အိမ်ထောင်ပြုဖို့ ဆုံးဖြတ်တော့မယ်ဆိုရင်
(1)စာတတ်တဲ့ ယောက်ထက် စာနာစိတ်ရှိတဲ့ ယောက်ျားကိုသာ ရွေးချယ်ပါ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာ ကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ ကြည့်မြင်တတ်သူ ဖြစ်နေဖို့ သိပ်လိုအပ်တယ် ။ (2)ပညာတတ်သူထက် ကြင်နာစိတ် ရှိသူကိုသာ ရွေးချယ်ပါ ကိုယ့်ဘဝ တစ်သက်တာလုံး အနီးဆုံးမှာ ရှိနေမဲ့သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့ စိတ်နဲ့ ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ် ပါတယ် ။ (3)ငွေချမ်းသာ သူထက် စိတ်ထား ရိုးဖြောင့်သူကိုသာ ရွေးချယ်ပါ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲ ထားရမဲ့ သူဟာ ကိုယ့်လိုအပ်ချက်တွေကို ငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူး ဘယ်အရာမှာ မဆို ပွင့်လင်း ရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ် (4)ဂုဏ်ရှိသူထက် ပြုံးရယ် နိုင်စေသူကိုသာ ရွေးချယ်ပါ လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ […]









