အထွေအထွေဗဟုသုတ

မိန်းကလေးတစ်ယောက် ဒီအမှား (၅) ခုကို လုပ်မိတာ သူ့ချစ်သူကို အရမ်းအရမ်း ချစ်လို့ပါတဲ့

အချစ်ရေးမှာ အမျိုးသားရော၊ အမျိုးသမီးတွေပါ အမှားလုပ်မိလေ့ရှိကြပါတယ်။ အမှားဆိုတာ ဖြစ်လေ့ရှိတဲ့အတွက် မရည်ရွယ်တဲ့အမှားမျိုးဆိုရင် ခွင့်လွှတ်ပေးဖို့ ပြင်ဆင်ရမှာဖြစ်ပါတယ်။ ခွင့်လွှတ်နိုင်လောက်တဲ့ အမှားလုပ်မိသူကို အပြစ်မဆိုပဲ ၊ နောက်မဖြစ်ဖို့သာ ပြောပြရမှာပါ။ အချစ်ရေးမှာ အမျိုးသမီးအများစု ပြုလုပ်မိလေ့ရှိတဲ့ အမှားတွေထဲက အမျိုးသားတွေ ခွင့်လွှတ်ပေးသင့်တဲ့ အမှား (၅) ခုရှိပါတယ်။ ၁။ စိုးရိမ်မှု လွန်ခြင်း သင် ဘာတွေမဟုတ်တာ လုပ်နေပြီလဲ။ သူ့ကိုမပြောထားတာ ဘာတွေများ ရှိနေပြီလဲ ဆိုပြီး တစ်ခါတစ်လေ စိုးရိမ်မှု လွန်ကဲတတ်ကြပါတယ်။ ဒါကို အမျိုးသားတွေဘက်က နားလည်အောင် သေချာရှင်းပြဖို့ လိုပါတယ်။ အမျိုးသမီးတွေဘက်ကလည်း စိုးရိမ်မှုလွန်ကဲရင် သံသယဖြစ်လာတတ်တာ သတိပြုရမှာပါ။ ၂။ စကားများခြင်း စကားများခြင်းဟာ အမှားတော့မဟုတ်ပါဘူး။ ယေဘုယျအားဖြင့် အမျိုးသမီးတွေက အမျိုးသားတွေထက် စကားပိုပြောတတ်ကြတာ သဘာဝဖြစ်ပါတယ်။ […]

အထွေအထွေဗဟုသုတ

လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို ဒီအပြုအမူတွေကြည့်ပြီး သိနိုင်ပါတယ်…

လူတစ်ယောက်စိတ်ကို ဘယ်လိုလုပ်သိနိုင်မှာလဲလို့ သင်တွေးမိနေပါလိမ့်မယ်။ တစ်ချို့လူတွေက သူတို့ရဲ့အတွင်းစိတ်ကို မျက်လုံးတွေ၊ အမူအရာတွေနဲ့ဖော်ပြလေ့ရှိကြတယ်။ သတိမထားမိလို့သာ အမှုမဲ့ အမှတ်မဲ့ဖြစ်နေတာပါ …။ အပြုအမူ၊ အမူရာတွေအကြောင်းအသေးစိတ်လေ့လာထားတဲ့ သြစတေးလျ ကျွမ်းကျင်ပညာရှင် Alan Pease က လူတစ်ယောက်ရဲ့အတွင်းစိတ်ကို သူ့ရဲ့အမူရာတွေကြည့်တာနဲ့ သိနိုင်မယ့်နည်းလမ်းကို စာဖတ်သူများ ဗဟုသုတရအောင်မျှဝေပေးလိုက်ပါတယ်နော် …။ ၁. မျက်လုံးမှိတ်ထားရင် လူတစ်ယောက်က မျက်လုံးမှိတ်ပြီး စကားပြောနေမယ်ဆိုရင် သူက တစ်ခုခုကို ဖုံးကွယ်ထားချင်လို့ဆိုတာ ပေါ်လွင်ပါတယ်။ ဒီအပြုအမူဟာ သင့်ကိုကြောက်နေတဲ့ အဓိပ္ပာယ်မဟုတ်ပါဘူး။ တကယ်တော့ သင့်ကို အနားမှမရှိစေချင်တာပါ။ သင့်အနားမှာရှိနေရင် သင့်အတွက်စိတ်ပင်ပန်း စေတယ်။ သူ့မျက်လုံးကို မှိတ်ထားတဲ့အခါ သင့်ကိုမမြင်ရတော့ဘူးလေ …။ ၂. ပါးစပ်ကိုလက်နဲ့ကွယ်ထားရင် ကလေးဘဝတည်းက အတန်တန်သတိပေးခံခဲ့ရတဲ့ အပြုအမူပါ။ ဘာစကားမှမပြောချင်တဲ့အခါ လူတွေက အလိုလိုသူတို့ပါးစပ်ကိုလက်နဲ့ကာထားတတ်ကြပါတယ်။ အရွယ်ရောက်လာတဲ့အထိလည်း […]

အထွေအထွေဗဟုသုတ

Crush နဲ့အမြန်ဆုံးအဆင်ပြေစေမယ့် SMS ပို့နည်းလေးများ

သင့်အနေနဲ့ ရုတ်တရက်ကြီး တစ်ယောက်ယောက်ကို ကြွေသွားတဲ့အခါ ဘာလုပ်ရမှန်းမသိဖြစ်တတ်ပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ သူနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းမယ်။ သူနဲ့သူငယ်ချင်းဖြစ်အောင်ကြိုးစားမယ်၊ သူသတိထားမိအောင် သူရဲ့ပို့စ်လေးတွေကို react တွေလုပ်မယ်၊ ပြီးရင် သူ့ကို မက်ဆေ့တွေ ပို့မှာပေါ့။ တခြားဟာတွေ လုပ်နေတုန်းက သိပ်အရေးမကြီးသေးပေမယ့် မက်ဆေ့ပို့တဲ့အခါ ကိုယ့်ဘက်ကချည်း တစ်ဖက်သတ်မဖြစ်နေဘဲ သူ့ဘက်ကလည်းပြန်ပို့တာ လိုချင်တာပေါ့။ ပြီးတော့ သူ့ဘက်က typing လို့ပေါ်နေပြီး ကိုယ့်ဆီကို လက်မကြီးပဲပြန်ရောက်လာရင် နေရာမှာတင် အသည်းကွဲရတော့တာပါပဲ။ ဒီတော့ ကိုယ်က စာတွေအများကြီးပို့လိုက်ပြီး လက်မပဲပြန်ရတာမျိုး မဖြစ်ရအောင် သူ့ဘက်က သေချာပေါက်ပြန်ပြောလာစေမယ့် မက်ဆေ့ပို့နည်းလေးတွေကို ဖော်ပြလိုက်ပြီနော်။ အခုပဲ လှုပ်ရှားလိုက်တော့နော်။ (၁) သူ့ရဲ့ဖက်ရှင်နဲ့ပတ်သက်လို့ အခုအချိန်မှာ ဖက်ရှင်နဲ့ပတ်သက်လို့ စိတ်မ၀င်စားတဲ့သူ မရှိသလောက်ပဲထင်ပါတယ်။ သင့်အနေနဲ့ ခရပ်ရှ်ကို မက်ဆေ့ပို့မယ်ဆိုရင် စားပြီးပြီလား၊ ဘာဟင်းနဲ့စားလဲ […]

အထွေအထွေဗဟုသုတ

စီးပွား တက်မည့်အိမ် (မဖတ်ထားရင် နောင်တရမယ်နော်)

မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင်ပြီး အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ …။ (1) ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။ ဘုရားပန်းအိုးထဲမှ ရေများမပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်း ကပ်ပေးပါ …။ (2) ဘုရားရှိခိုးလျင် အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ အိမ်ဝန်းအတွင်း မှီတင်းနေထိုင်စောင့်ရှောက် ကြသော နတ်မြတ်နတ်ကောင်းများ၊ မြင်အပ်မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပေးပါ …။ (3) အလွန်ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပါ။ ည ၁၂ နာရီ နောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်ဝ စေပါတယ် …။ (4) အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချို့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။ […]

အထွေအထွေဗဟုသုတ

သင့်ဗီဇရဲ့ အမှောင်ခြမ်းကို ဖော်ထုတ်ပေးမယ့် ကတ်သုံးကတ်

ကတ်နံပါတ် (၁) ကတ်နံပါတ် (၁) ကို ရွေးလိုက်တယ်ဆိုရင် သင်ရဲ့ အမှောင်ခြမ်းဟာ အပြစ်တင်စိတ် များခြင်းဖြစ်ပါတယ်။ သင့်ဘဝမှာ ဖြစ်ပျက်နေသမျှအလွဲတွေအတွက် တစ်ပါးသူကို အပြစ်တင်နေတတ်ပါတယ်။ သူများကို အပြစ်တင်တာလျှော့ပြီး အကောင်းမြင်စိတ် မွေးဖို့ ကြိုးစားသင့်ပါတယ်။ ကတ်နံပါတ် (၂) ကတ်နံပါတ် (၂) ဆိုရင်တော့ သင်ဟာ သိပ်ဉာဏ်ကောင်းသူပါ။ ဘာကိုမဆိုနားလည်နိုင်စွမ်း မြင့်မားပြီး ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးလဲဆိုတာကို ကောင်းကောင်းသိသူ ဖြစ်ပါတယ်။ ဒါပေမယ့် သင်ဟာ ဦးနှောက်ကိုပဲ အသုံးများပြီး နှလုံးသားကို သိပ်မသုံးတဲ့အတွက် တစ်ကိုယ်ကောင်းဆန်သူ၊ ရက်စက်တတ်သူ ဖြစ်နေတာက သင့်ရဲ့ အမှောင်ခြမ်း ဖြစ်ပါတယ်။ ကတ်နံပါတ် (၃) ကတ်နံပါတ် (၃) ကို ရွေးလိုက်တယ်ဆိုရင် သင့်ရဲ့ အမှောင်ခြမ်းကတော့ လူတိုင်းမှာ မကောင်းတဲ့ […]

အထွေအထွေဗဟုသုတ

မိန်းမသား တစ်ယောက် ဖြစ်ရတာ မလွယ်ပါဘူး မိန်းမသားဘဝကို ကိုယ်ချင်းစာတတ်ပြီး တန်ဖိုးထားတတ်ကြပါစေ

မိန်းကလေး တစ်ယောက်👩 ဘဝမှာ အရွယ်ရောက် လာပါပြီတဲ့ ရာသီ ကလာပြီ ၊ ထိန်းရပြီ ၊သိမ်းရပြီ ၊ ဂရုစိုက်ရပြီ ရည်းစား ထားပါပြီတဲ့ လွမ်းရပြန်ပြီ၊ ဆွေးရပြန်ပြီ ၊ ကြေကွဲရပြန်ပြီ ၊ ခံစားရပြန်ပြီ အိမ်ထောင်ပြု ပါပြီတဲ့ မိဘ ၊ မောင်နှမတွေနဲ့ ခွဲရပြန်ပြီ ၊ ငိုရပြန်ပြီ အိမ်ထောင် ကျပါပြီတဲ့ ယောက်ျားလည်း ထိန်းရ ၊ အိမ်ကိုလည်း သိမ်းရ ယောက္ခမ ကိုလည်း ဂရုစိုက်ပေးရ ၊ သားသမီးတွေကိုလည်း သွန်သင်ပေးရ ၊ ခန္ဓာကိုယ်က ယောက်ျား အတွက် အချိန်တွေက သားသမီး အတွက် သတိရနေတဲ့ စိတ်က မိဘ အတွက် ပင်ပန်း နွမ်းနယ်မှု နဲ့ […]

အထွေအထွေဗဟုသုတ

“ မျက်ခုံးလှုပ် ၊အသားလှုပ်ခြင်းတို့၏ နိမိတ်အဟော ”

အသားလှုပ်နိမိတ်ကျမ်း (၁) ငယ်ထိပ်လှုပ်မူ မင်းပူဇော်ခံရအံ့၊ ချစ်ခင်သော မိတ်ဆွေများနှင်တွေ့ရအံ့။ (၂) လက်ဝဲဦးခေါင်းလှုပ်မူ သတင်းကောင်းကြားရအံ့၊ အကြံအစည် အထမြောက်အံ့။ (၃) လက်ယာဦးခေါင်းလှုပ်မူ လာဘ်ရအံ့။ (၄) လက်ယာအထက်မျက်ခုံးလှုပ်မူ လာဘ်ရအံ့။ အဆွေခင်ပွန်းကောင်းနှင့် တွေ့ကြုံရအံ့။ (၅) လက်ဝဲအထက်မျက်ခုံးလှုပ်မူ အကြံအစည်အောင်အံ့။ (၆) လက်ယာအောက်မျက်ရေခံလှုပ်မူ သူတစ်ပါးတို့နှင့် ခိုက်ရန်ညအမျက်ဒေါသရှိအံ့။ ချစ်သူနှင့် တွေ့ရအံ့။ မယားရအံ့။ (၇) လက်ဝဲအောင်မျက်ရေခံလှုပ်မူ ငိုရအံ့။ဆင်းရဲအံ့။ (၈) လက်ယာနားလှုပ်မူ ချမ်းသာအံ့၊ သုခရအံ။ (၉) လက်ဝဲနားလှုပ်မူ သူတပါးနှင့် ခိုက်ရန်ဒေါသဖြစ်ပွားရအံ့။ ဥစ္စာပစ္စည်းရအံ့။ (၁၀) လက်ယာဘက်နှာခေါင်းလှုပ်မူ ချစ်ခင်သူများပြီး မိတ်ဆွေကောင်းရအံ့ (၁၁) လက်ဝဲဘက်နှာခေါင်းလှုပ်မူ ချမ်းသာသုခကို ရအံ့ (၁၂) ဦးခေါင်းလှုပ်မူ ငယ်သူမှာကြင်ယာရအံ့။ ကြီးသူမှာ ဥစ္စာရအံ့။ (၁၃) […]

အထွေအထွေဗဟုသုတ

တနင်္ဂနွေ သားသမီးလေးကိုချစ်သူတော်မယ်ဆိုရင် ဒါလေးတွေသိသင့်တယ်နော်…

ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြတယ်။ တနင်္ဂနွေ သားသမီးတွေက အရမ်းကြီး မထူးဆန်းပေမယ့် အခြားလူတွေနဲ့ ကွဲပြားတဲ့စရိုက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ ဒါကြောင့် သူတို့ဟာ အခြားလူတွေနဲ့ ကွဲပြားနေတတ်ကြပါတယ် တနင်္ဂနွေ သားသမီးတွေဟာ စာဖတ် ဝါသနာပါကြတယ်။ ဗဟုသုတကို လိုက်စားတယ်။ အအိပ်မက်တယ်။ အစားမကြီးဘူး ဒါပေမဲ့ ခဏ ခဏ စားနေတတ်တာမျိုး၊ ဒေါသကြီးပေမဲ့ ကောက်ရိုးမီးလိုမျိုး။ ခဏပဲ ပြီးရင် သူမဟုတ်သလိုမျိုး၊ စိတ်ဆိုး စိတ်ကောက် လွယ်တယ်။ ဒါပေမဲ့ စိတ်ပြေလွယ်တယ်။ ဒါကြောင့်မို့ သူတို့ဟာ ချစ်စရာ ကောင်းနေတတ်ကြပြန်ရော။ ချစ်သူအပေါ် အနိုင်ယူလိုတဲ့စိတ် ရှိတယ်။ ကိုယ့်ချစ်သူကို ကိုယ့်ရဲ့ အလိုကျအတိုင်း ဖြစ်စေချင်တဲ့သူမျိုး။ အရမ်းလည်း ချစ်တတ်ကြတယ်။ […]

အထွေအထွေဗဟုသုတ

လက်သည်းခွံပေါ်က အဖြူရောင်လခြမ်းလေးတွေရဲ့အဓိပ္ပါယ်…

သင့်ရဲ့ လက်ချောင်းလေးတွေကို ကြည့်တဲ့အခါ လက်သည်းခွံ အရင်းနေရာ ကနေ ထွက်လာတဲ့ အဖြူရောင် လခြမ်းသဏ္ဍာန်လေးတွေကို သတိပြုမိ ပါသလား။ တကယ်တော့ ဒီလခြမ်းလေးတွေက လက်သည်းရဲ့ အရမ်းကို အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဒါက လက်သည်းမှာပါတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာထက် ပိုပါတယ်။ အကြောင်းကတော့ ဒီလခြမ်းလေးတွေ ကတဆင့် သင့်ရဲ့ကျန်းမာရေးအခြေအနေကို အများကြီးသိနိုင်လို့ပဲ ဖြစ်ပါတယ်… တရုတ်ဆေးပညာမှာ လက်သည်းပေါ်က လခြမ်းလေးတွေကို လေဖိအားတိုင်း ကိရိယာလိုပဲ ကျန်းမာရေးကိုတိုင်းတဲ့ ကိရိယာတစ်ခု အနေနဲ့ မှတ်ယူ ပါတယ်။ လခြမ်းရဲ့ အခြေအနေက သင့်ကျန်းမာရေး သင်္ကေတပါ။ ကျန်းမာရေးချွတ်ယွင်း လာတဲ့အခါမှာ လခြမ်းကပြောင်းလဲလာတာ၊ လုံးဝပျောက်သွားတာတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာတဲ့ အချိန်မှာ လခြမ်းလေးတွေက မူလအခြေအနေအတိုင်း ပြန်ဖြစ်လာတတ်ပါတယ်။ ဆေးပညာရှင်များရဲ့ အဆိုအရ လက်ချောင်း ၈ […]

အထွေအထွေဗဟုသုတ

အိမ်တွင်းမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာ (၆) မျိုး သင့်အိမ်မှာ ဒီအရာတွေရှိနေရင်တော့ အမြန်ဆုံးဖယ်ရှားလိုက်ပါ

သင့်အိမ်မှာ အကြောင်းအရာ ထွေထွေထူးထူးမရှိဘဲ ပြဿနာတွေ ဖြစ်တတ်လား။ ကြိုးစားရုန်းကန်နေတဲ့ကြားက အိမ်ရဲ့စီးပွားရေးတွေ ကျဆင်းနေလား။ အိမ်ထဲမှာ မကောင်းတဲ့ ဝိညာဉ်တွေရဲ့ အငွေ့အသက်တွေရှိနေတယ်လို့ ခံစားနေရလား “ဈေးသုံးလည်း မကြွယ်နဲ့၊ ရှေးထုံးလည်း မပယ်နဲ့” ဆိုသလိုရှေးအစဉ်အဆက်ကတည်းက ယနေ့တိုင် အကျုံးဝင်နေသေးတဲ့ ဓလေ့ထုံးစံတွေကို မေ့ပစ်လို့တော့ မရပါဘူး။ အခုပြောပြမှာကတော့ အိမ်ထဲမှာ မထားသင့်တဲ့ ကံဆိုးစေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီအရာတွေကြောင့်ချည်းပဲ ကံဆိုးနေတယ်လို့ မဆိုလိုပါဘူး။ ဒီအရာတွေကြောင့် ပိုကံဆိုးသွားနိုင်တယ်၊ ကံကောင်းခြင်းတွေကို ပိတ်စေနိုင်တယ်လို့ပဲ ဆိုလိုပါတယ်။ သတိဟူသည် လိုသည်မရှိဘူး မဟုတ်လား။သင်ကံဆိုးနေတယ်လို့ ခံစားနေရတဲ့အခါ ဒီအရာတွေကို အိမ်ထဲမှာ၊ အခန်းထဲမှာ ထားမိလားဆိုတာ ပြန်စစ်ဆေးကြည့်သင့်ပါတယ် (၁) လှုပ်ကုလားထိုင် ဘယ်သူမှမရှိတဲ့ အခန်းထဲမှာ လှုပ်ကုလားထိုင်က ဘယ်သူမှလည်းမထိုင်ဘဲ လှုပ်နေမယ်ဆိုရင် ဘယ်လိုခံစားရမလဲ စဉ်းစားကြည့်ပါ။ […]