တစ်ကိုယ်တည်း အပျိုကြီးအဖြစ် အရိုးထုတ်ရမယ့် မိန်းကလေးတွေရဲ့ အပြုအမူ လက္ခဏာများ ဒီအချက် တွေနဲ့ ကိုက်ညီရင် အပျိုကြီး ဖြစ်မယ် လို့ မပြောဘူးနော် ၊ဒါမဲ့ အပျိုကြီး ဖြစ်နေသူ တွေကတော့ ဒီအချက်တွေနဲ့ ကိုက်ညီ နေတာ သေချာပါတယ် ။ 1) ရည်းစားစကား ပြောခံရသည်ကို နှစ်သက်သော်လည်း အဖြေတောင်းလျှင်မူ ကတ်ကတ်လန် ရန်တွေ့တတ်ခြင်း 2) imaginary boyfriend များထားပြီး အပြင်လောက တွင် မိမိစိတ်ကူး ထဲက ကောင်လေး သကဲ့သို့ ယောကျ်ားလေးများကို ရှာဖွေနေတတ်ခြင်း 3) အဖေ နဲ့ အမေကို အလွန် တွယ်ကပ်ပြီး မိသားစု သာ မိမိဘဝ ဟု ကြွေးကြော်တတ်ခြင်း 4) ရသမျှ ပိုက်ဆံ […]
ၾကားသိရသမွ်
သစ္စာမရှိတဲ့ ခင်ပွန်းသည်ကို မိန်ကလေးဘဝပြောင်းပေးလိုက်တဲ့ ဇနီးသည်
Kelly နဲ့ Warren Allen တို့စုံတွဲနှစ်ဦးဟာ ထိမ်းမြားလက်ထပ်ထားတာ ၁၁ နှစ် ရှိခဲ့ပါပြီ။ သူတို့မှာ ၈နှစ်သမီး Molly နဲ့ ၁၀နှစ်သမီး George လို့ခေါ်တဲ့ ကလေးနှစ်ယောက်ရှိပါတယ်။ kelly ဟာ သူမခင်ပွန်းရဲ့ ကားထဲကနေ နှုတ်ခမ်းနီကို ရှာမတွေ့ခဲ့တဲ့နေ့တိုင်အောင် သူတို့တွေက ပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ အဲ့ဒီနောက် Warren က သိုဝှက်လာပြီး သူ့ရဲ့ဖုန်းကို ကြည့်ဖို့ ခွင့်မပြုတော့ပါဘူး။ Kelly က သူ့ခင်ပွန်းမှာ သူ့အပြင်တခြားကောင်မလေးတွေ ရှိနေမလားဆိုပြီး သံယစိတ်ပေါ်လာခဲ့ပါတယ်။ နောက်ဆုံးတော့ Kellyက ထိပ်ထိုက်တွေ့ပြီးဖြေရှင်းလိုက်တဲ့အခါမှာတော့ Warren က ဝန်ခံဖို့ ဆုံးဖြတ်လိုက်ရပါတယ်။ ဝန်ခံပြီးတဲ့နောက် Warren ကသူ့ဇနီးနဲ့အိမ်ထောင်မပျက်စီးဖို့ သူ့ရဲ့ယောကျာ်းဖြစ်တည်မှုကို ခွဲစိတ်ပြုပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တော့ Zoey ဆိုတဲ့ […]
မတန်ရင် ကံ ကဖယ်တယ် (သို့) ကံ ကကယ်တယ်
ဖူးစာမပါရင် ချစ်သူနှစ်ဦး ဆုံဆည်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကို ရင်နာနာနဲ့သာ လက်ခံပေးရပါလိမ့်မယ်။ တစ်ခါတစ်လေ ကိုယ်နဲ့ လေး ငါးနှစ်တွဲလာပြီး လေး ငါးဆယ်ရက်ပဲ တွဲရသေးတဲ့ ရည်းစားအသစ်နဲ့ လက်ထပ်ချင် ထပ်သွားတတ်ကြသေးတာ။ တကယ်လို့ ကိုယ့်ဘက်က သူ့ကို သစ္စာမပျက် ချစ်ခဲ့တယ်၊ အကောင်းဆုံး အနေအထားမျိုး ချစ်ပေးခဲ့တယ် ဆိုရင် ဒါသူ့ကံသူ ဖန်တီးတာပါ။ မတန်ရင် ကံကဖယ်တယ် ဆိုတာမျိုးပေါ့။ ကိုယ်နဲ့သူ မတန် လို့ ကံတရားက ပေါင်းစည်းခွင့် မပေးတာလို့သာ တွေးလိုက်ပါ။ သူ့ထက် ကိုယ့်အပေါ် ကောင်းတဲ့ ချစ်သူမျိုး သင်ထပ်ပြီး ပိုင်ဆိုင်လာရတဲ့အခါ၊ ဒါမှ မဟုတ် သူ့အချိုး သူ့ပုံစံတစ်ခုခု ပြောင်းလဲသွား တာမျိုး နောက်မှသိရတဲ့အခါ ငါနဲ့ပြတ်သွားတာ မှ ခပ်ကောင်းကောင်းပါလားလို့ […]
လူတစ်ယောက်ကိုမြင်တာနဲ့ သူ့တို့ ရဲ့အတွင်းစိတ်ကို ထိုးဖောက်မြင်ရကြောင်း ပြောပြလာတဲ့ ကောင်းမြတ်စံ…..
ပရိတ်သတ်ကြီးရေ…. ထင်ရှားတဲ့ပါးချိုင့်လေးနဲ့ ထူးထူးခြားခြားဆွဲဆောင်မှုရှိနေတဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် ကောင်းမြတ်စံဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ဇာတ်ကားတွေလည်းများစွာ ရိုက်ကူးထားပြီး ပရိသတ် တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ယောက်ပဲဖြစ်ပါတယ်နော်..။မင်းသားကောင်းမြတ်စံကတော့ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လို အပ်နေသူတွေအတွက်လည်း လှူဒါန်းမှုတွေနဲ့ တတ်နိုင်သလောက် ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်..။ ကောင်းမြတ်စံကတော့ လူတစ်ယောက်ကိုမြင်တာနဲ့ သူ့ရဲ့အတွင်းစိတ်ကိုဖောက်ထိုးမြင်နေရတယ်ဆိုပြီး အသွင်အပြင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာပါတယ်..။တကယ်လား ဟန်ဆောင်နေတာလားဆိုတာကို လူကိုကြည့်လိုက်တာနဲ့ အတွင်းစိတ်ကိုမြင်နေရတဲ့ အတွေ့အကြုံအသစ်တွေကို ကောင်း မြတ် စံက သူ့ရဲ့လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။ “လူတစ်ယောက်ကိုကြည့်လိုက်တာနဲ့ သူရဲ့ အတွင်းစိတ်ကို ဖောက်ထိုးမြင်ရတယ်…တစ်ကယ်လား.. ဟန်ဆောင်နေတာလားဆိုတာ..ရုပ်အဆင်းအသွင်အပြင်နဲ့ မဆိုင်ဘူးနော်… အဲ့ဒါ ဘဝကသင်ပေးခဲ့တဲ့ အသိပညာ ✌🏻..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။အတွေ့အကြုံတွေကို ပြောပြလာတဲ့ မင်းသားကောင်းမြတ်စံကို […]
လက်ထပ်ပြီး နှစ်ပေါင်း30အကြာမှ မောင်နှမဖြစ်နေမှန်းသိခဲ့ရတဲ့လင်မယားရဲ့ အဆုံးသတ်မလှခဲ့တဲ့အဖြစ်
ဘဝဆိုတာက အနာဂတ်မှာဘာတွေဖြစ်လာနိုင်မလဲဆိုတာ ခန့်မှန်းလို့မရပါဘူး ။ ဘယ်လောက်ပဲ ချစ်လွန်းအားကြီးတဲ့စုံတွဲဖြစ်နေပါစေ ခန့်မှန်းလို့မရတဲ့အရာတစ်ခုကြောင့် လမ်းခွဲသွားရတာမျိုးတွေရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း မလေးရှားနိုင်ငံက @ibcig အမည်နဲ့ Twitter အသုံးပြုသူတစ်ယောက်က သူ၏ဆရာမဖြစ်သူရဲ့ စုံတွဲအကြောင်းကို ဝေမျှသွားခဲ့ပါတယ် ။ အဆိုပါစုံတွဲဟာ မင်္ဂလာသက်တမ်း နှစ် 30 ရှိနေပြီဖြစ်ပြီး ၊ သားသမီးများလည်းရှိနေကာ ၊ မြေးများပင်ရနေပြီဖြစ်တဲ့ စုံတွဲဖြစ်ကြောင်းသိရှိရပါတယ် ။ ၎င်းတို့ဟာ အတော်လေးချစ်ခင်ကြင်နာကြတဲ့စုံတွဲဖြစ်ပေမဲ့လည်း မကြာသေးခင်ကမှ ဖအေတူမအေကွဲ မောင်နှမတွေဖြစ်မှန်းသိခဲ့ကြတဲ့အတွက် လမ်းခွဲခဲ့ရပါတယ် ။ ဖြစ်စဉ်ကတော့ ၎င်းတို့ရဲ့ဖခင်ဖြစ်သူဟာ ကုန်တင်ကားမောင်းနှင်သူတစ်ဦးဖြစ်တဲ့အတွက် အလုပ်အရ မလေးရှားနိုင်ငံမြို့အတော်များများကို အမြဲသွားလာနေရသူဖြစ်တဲ့အတွက် ဘယ်သူမှမသိအောင် တိတ်တဆိတ်ခိုးပြီးလက်ထပ်ခဲ့ပါတယ် ။ ထို့ကြောင့် Terengganu ပြည်နယ်မှာရှိတဲ့ ဇနီးနဲ့ Johor ပြည်နယ်မှာရှိတဲ့ ဇနီးသည် နှစ်ဦးလုံးက အဆိုပါအဖြစ်ကိုလုံးဝရှာမတွေ့နိုင်လောက်ဘူးလို့ […]
မျက်ရည်လွယ်တဲ့သူတွေဟာ …
မျက်ရည်လွယ်တဲ့သူတွေဟာ … စိတ်ဓါတ်ပျော့ညံ့တာ မဟုတ်မှန်းသိစေချင်တယ် တစ်ချို့လူတွေ ထစ်ကနဲ့ဆို မျက်ရည် လွယ်တယ် အဲ့ဒီ အခြေအနေကို စိတ်ဓာတ်ပျော့ ညံ့ တယ် လို့၊ မထင် လိုက် နဲ့။ စိတ် ခံစားချက် ပြင်းပြ တယ်လို့လည်း မတွေးနဲ့ သူတို့ ချစ်တဲ့ ပတ်ဝန်းကျင်ကို မထိ ခိုက်စေ ချင်လို့၊ ဒေါသကိုမျက်ရည်နဲ့ ဖျော်ချ လိုက်တာ။ အဲ့ဒီ လူတွေဟာ အရာရာကို ရင်ဘက်နဲ့ပဲ ပေါင်းသင်းတတ် တယ် ။ အကယ်၍ သူတို့ မျက်ရည် မကျတော့ဘူး ဆိုရင်သေချာ တယ်။ အဲ့ဒီ လူဟာ သူချစ်တဲ့ ပတ်ဝန်းကျင် (သို့မဟုတ်) သူမြတ်နိုးတဲ့ အရာတွေအပေါ်မှာ အရာရာကို ဘေးဖယ် ထားလိုက် ပြီလို့ […]
လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ
လူတစ်ယောက်သေလျှင် လက်မနှစ်ခုနှင့် ခြေမနှစ်ခုကိုကြိုးချည်ထားတတ်သည် ဘာကြောင့်မှန်းမသိခဲ့ပါ ထုံးစံအရလုပ်သည်ဟုသာ နားလည်ထား၏။ ဟိုတုန်းက ဆရာတော်တစ်ပါးဟောကြားသော တရားကိုနာရင်း ဤအကြောင်းကို သိခွင့်ရခဲ့သည်။ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ နားထောင်ရင်းသဘောကျမိသည်။ ဓမ္မမိတ်ဆွေများ အကျိုးရှိနိုင်သည့်အတွက် ဖော်ပြလိုက်ပါသည်။ တစ်ခါတုန်းက လယ်ပိုင်ရှင်သူဌေးတစ်ယောက်ဆီမှာ အခစားလုပ်သည့် သူရင်းငှားတစ်ယောက်ရှိသည်။ နေ့စဉ်လုပ်နေသော်လည်း ကြီးပွားတိုးတက်ခြင်းမရှိ၍ စိတ်ပျက်နေလေ၏။ တစ်နေ့၌ စဉ်းစားမိ၏။ လယ်ပိုင်ရှင်ထံ လယ်တောင်းမည်။ ကိုယ်ပိုင် လယ်လုပ်ခွင့်ရလျှင် စီးပွားရေး အဆင်ပြေနိုင်သည်။ “သူဌေး သူဌေးမှာ မျက်စိတစ်ဆုံး လက်ညိုးထိုးမလွဲ လယ်တွေအများကြီးပါ။ ကျွန်တော့်မှာ လယ်တစ်ကွက်တောင်မရှိဘူး လယ်တစ်ရှင်စာလောက်ပေးပါ။ လယ်တစ်ရှင်စာဆိုတာ နွားနှစ်ကောင်နှင့် တစ်မိုးတွင်း လုပ်ကိုင်လောက်တဲ့ မြေကိုပြောတာပါ။ သူဌေးက သူရင်းငှားကိုကြည့်ပြီး သနားသွားပါတယ်။ “မင်းလိုချင်သလောက် ငါပေးမယ်။ ရော့ ဒီမှာ ငုတ်တစ်ချောင်း ရော့ […]
နှစ် 20ကြာမှ ဇနီးဖြစ်သူရဲ့ဓာတ်ပုံအနောက်ဖက်မှာ ကပ်ပါလာတဲ့သူကကိုယ်ဖြစ်နေမှန်း သိခဲ့ရတဲ့အမျိုးသား
ကံကြမ္မာဆိုတာ ခက်မှန်းရခက်လွန်းပါတယ် ။ မသိဘဲ ကိုယ့်ဘေးကိုဖြတ်လျှောက်သွားတဲ့သူမျိုးဟာလည်း တစ်ခါတစ်လေမှာကိုယ့်ရဲ့ဖူးစာဖြစ်သွားတတ်ပါတယ် ။ ဒီတစ်ခေါက်မှာလည်း တရုတ်နိုင်ငံက Mr Ye အမည်ရှိတဲ့အမျိုးသားဟာ ဇနီးဖြစ်သူရဲ့ဓာတ်ပုံတွေထည့်ထားတဲ့သေတ္တာကို မွှေနောက်ခဲ့လို့ မမျှော်လင့်ထားတဲ့ ဓာတ်ပုံတစ်ပုံတွေ့ရှိခဲ့ပါတယ် ။ အဲဒါကတော့ လွန်ခဲ့တဲ့ 2000 ခုနှစ် July လက Mr Ye ဟာ Qingdao မြို့သို့အလည်သွားရောက်ခဲ့တုန်းက ဓာတ်ပုံဖြစ်နေပါတယ် ။ ထိုအချိန်တုန်းက ဇနီးဖြစ်သူကလည်း ခွဲစိတ်ကုသမှုခံယူပြီးစအချိန်ဖြစ်တဲ့အတွက် အပန်းဖြေ ဖို့ဆိုပြီး သူမရဲ့မိခင်နဲ့အတူ Qingdao မြို့သို့လာရောက်လည်ပတ်ခဲ့တဲ့အချိန်ဖြစ်ပါတယ် ။ ထို့နောက် တစ်နယ်တခြားစီကလာရောက်ကြသူတွေဖြစ်တဲ့အတွက် May Fourth Square ရုပ်တုရှေ့မှာ အမှတ်တရဓာတ်ပုံရိုက်ဖို့ အကြောင်းဖန်လာကြပြီး နှစ်ယောက်လုံးက အမှတ်တရဓာတ်ပုံကို တစ်နေရာစီရိုက်ကူးခဲ့ကြပါတယ် ။ ဇနီးဖြစ်သူ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံရဲ့အနောက်မှာ Mr Ye […]
ဆွေမျိုးသားချင်းတစ်ဦးမှ လာမတွေ့တဲ့ လူနာအဖိုးအို ကိုယ်ပေါ်သို့ နှစ်ရက်တိုင်တိုင် လားနားနေတဲ့ ခိုလေး
ဆွေမျိုးသားချင်းတစ်ဦးမှ လာမတွေ့တဲ့ လူနာအဖိုးအို ကိုယ်ပေါ်သို့ နှစ်ရက်တိုင်တိုင် လားနားနေတဲ့ ခိုလေး ဆေးရုံတွင် သူနာပြုဆရာမ တဦးက ရိုက်ထားသောပုံလို့ သိရပါတယ်။ ဆေးရုံတွင် ကုသခံနေသော လူနာအိုတဦး ဖြစ်ပြီး ဆေးရုံတက်စဉ်ကာလအတွင်း မည်သည့်ဆွေမျိုးသားခြင်းမှ လာရောက်ကြည့်ရှုခြင်းမရှိသလို လာရောက်ကြည့်ရှုမည့် ဆွေမျိုးသားချင်းများလည်း တစ်ယောက်မျှ မရှိဘူးဆိုတာ နောက်ပိုင်းမှ သိရသည်ဟု ဆိုပါသည်။ ထိုသို့ မည်သည့်ဆွေမျိုး သားချင်းတဦးမျှ လာမကြည့်သော်လည်း လူနာ၏ ခန္တာကိုယ်ပေါ်တွင် ခိုတကောင်မှ ၂ ရက်တိုင်တိုင် ဆက်တိုက်လာနားနေသည်တွေ့ရပြီး သူနာပြုဆရာမ တစ်ဦးမှ မှတ်တမ်းတင်ရိုက်ကူးထားခြင်းဖြစ်သည်။ နောက်ပိုင်း စုံစမ်းသိရမျှ ထိုလူမှာ ပန်းခြံထဲ အပန်းဖြေရန် ရောက်တိုင်း ခိုများကို အစာကျွေးလေ့ ရှိတတ်သည် ဆို၏။ Credit – ဆွေမျိုးသားချင်းတစ်ဦးမှ လာမတွေ့တဲ့ လူနာအဖိုးအို ကိုယ်ပေါ်သို့ […]
မိန်းမလိုချင်ကြောင်း ကြော်ငြာဆိုင်းဘုတ်တွေမှာလိုက်ကပ်ပြီး ကြောငြာခဲ့တဲ့အမျိုးသား
တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကာလတွေအရ ကိုယ့်နဲ့လိုက်ဖက်တဲ့ ဘဝလက်တွဲဖော်ရှာဖွေရတာဟာ အတော်လေးကိုခက်ခဲလာခဲ့ပါတယ် ။ ချမ်းသာတဲ့ အသိုင်းအဝိုင်းဆိုရင်လည်း သူတို့ရဲ့အဆင့်အတန်းတွေနဲ့လိုက်ဖက်တဲ့ သူမျိုးကိုရှာဖွေကြသလို ၊ လူတိုင်းက ကိုယ့်နဲ့လိုက်ဖက်တဲ့ ဘဝအဆင့်အတန်းမျိုးပိုင်ဆိုင်တဲ့ သူမျိုးကိုသာ ရှာဖွေလာကြတဲ့အတွက် အတော်လေးကို ခက်ခဲလာခဲ့ပါတယ် ။ လူအတော်များများက social media တွေ ၊ dating apps တွေအသုံးပြု ပြီး ကြင်ဖက်တွေရှာဖွေနေကြပေမဲ့လည်း မလေးရှားနိုင်ငံ ၊ Terengganu ပြည်နယ်မှာနေထိုင်တဲ့ အသက် 35 နှစ်အရွယ် Noor Aziro bin Abdullah အမည်ရှိတဲ့အမျိုးသားမှာတော့ လူတွေရဲ့စိတ်ဝင်စားမှုရရှိအောင် သူနေထိုင်တဲ့ မြို့အနှံ့ နှင့် Pantai Teluk Bidara ကမ်းခြေတစ်လျှောက် သူ၏ဘဝလက်တွဲဖော်ဇနီးလိုချင်ကြောင်း ကြော်ငြာစာရွတ်တွေထောင်ပြီး လိုက်လံကြော်ငြာခဲ့ပါတယ် ။ အစပိုင်းမှာတော့ Aziro […]









