ကျမ္မာရေး ဗဟုသုတ
အသိနောက်ကျလိုက်တာ မာလကာရွက်ဖြင့် ဒါတွေ ပျောက်ကင်းနိုင်ပါတယ်
အသိနောက်ကျလိုက်တာ မာလကာရွက််ဖြင့် ဒါတွေ ပျောက်ကင်းနိုင်ပါတယ် မာလကာသီးရဲ့အကျိုးကျေးဇူးတွေကိုတော ့သိကောင်းသိပါလိမ့်မယ်။ ဒါပေမဲ့မာလကာရွက်ရဲ ့အကျိုးကျေးဇူးတွေကို သိတဲ့သူရှားပါတယ်။မာလကာရွက်က ကိုယ်တွေထင်ထားတာထက်တောင် အလှအပနဲ့ကျန်းမာရေးအတွက် အသုံးဝင်နေတာပါ။ဘယ်လိုတွေအသုံးဝင်နေတာလဲဆိုရင်… ဆီးချိုရောဂါကာကွယ်ပေးတယ် ဂျပန်နိုင်ငံက ပညာရှင်တွေရဲ ့လေ့လာချက်အရ မာလကာရွက်လက်ဖက်ရည်ဟာ သွေးတွင်းဂလူးကိုစ့်ကိုလျှော့ချပေးတယ်လို့တွေ့ရှိထားရပါတယ်။မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို ၁၂ပတ်ကြာသောက်ပေးမယ်ဆိုရင် Insulin ထုတ်လုပ်မှုမတက်လာစေပဲ သွေးဖိအားကို လျှော့ချပေးပါတယ်။ ကိုလက်စထရောလျှော့ချပေးတယ် မာလကာရွက်ရေနွေးကြမ်း၊လက်ဖက်ရည်ကို သုံးလနီးပါးပုံမှန်သောက်သုံးပေးတာဟာ ကောင်းမွန်တဲ့ကိုလက်စထရောတွေကိုထိန်းသိမ်းပေးပြီးမကောင်းတဲ့ကိုလက်စထရောဓာတ်တွေကို ဖယ်ရှားပေးတယ်လို့လေ့လာတွေ့ရှိရပါတယ်။အထူးသဖြင့် မာလကာရွက်ဟာ အသည်းတွင်းအဆိပ်အတောက်ကို ဖယ်ရှားတဲ့နေရာမှာအရမ်းအသုံးဝင်ပါတယ်။ အစာချေဖျက်တဲ့နေရာမှာကူညီပေးတယ် မာလကာရွက်က အစာမကြေဖြစ်တာမျိုးကိုသက်သာစေပြီး အစာအိမ်တွင်းက ဘတ်တီးရီးယားပိုးတွေကို ဖယ်ရှားပေးပါတယ်။မကောင်းတဲ့ဘတ်တီးရီးယားတွေကြောင့်ဖြစ်ပွားတတ်တဲ့အဆိပ်အတောက်တွေကိုလည်းဖယ်ရှားပေးပါတယ်။မာလကာရွက်က အစာအဆိပ်သင့်တာ၊အော့အန်တာ၊ပင်ပန်းနွမ်းနယ်မှုတွေကိုလည်း ပြေပျောက်စေပါတယ်။အစာအိမ်နဲ့ပတ်သက်ပြီးနေထိုင်မကောင်းဖြစ်နေတယ်ဆိုရင် မာလကာရွက်အနည်းငယ်ကို ရေတစ်လီတာခွဲထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ပြီးရင် အဲ့ဒါကို တစ်နေ့သုံးကြိမ်သောက်ပါ။ သွားကိုက်၊လည်ချောင်းနာကိုသက်သာစေတယ် သွားကိုက်တာ၊လည်ချောင်းနာတွေအတွက် မာလကာရွက်ကိုအရေးပေါ်သုံးပေးနိုင်ပါတယ်။လည်ချောင်းနာတာ၊သွားကိုက်တာတွေဟာ ဘတ်တီးရီးယားပိုးတွေကြောင့် ဖြစ်တာဖြစ်လို့ ပလုတ်ကျင်းပေးတဲ့အခါ သက်သာသွားစေနိုင်ပါတယ်။မာလကာရွက်ကိုကြိတ်ချေပြီး သွားတိုက်တဲ့အခါမှာလည်းသုံးပေးနိုင်ပါတယ်။အဲ့ဒါဆိုရင် ဘတ်တီးရီးယားတွေကိုသန့်ရှင်းပေးလို့ သွားတွေကိုလည်းကျန်းမာစေပါတယ်။ ဆီးကျိတ်ကင်ဆာ […]
က်မၼာေရး ဗဟုသုတ
အုံးလွဲရင် ဒီနေရာကိုသတိရပါ (အများဆုံး ၃ကြိမ် ၄ ကြိမ် ) နှိပ်ရုံဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ်
အုံးလွဲရင် ဒီနေရာကိုသတိရပါ (အများဆုံး ၃ကြိမ် ၄ ကြိမ် ) နှိပ်ရုံဖြင့် သက်သာပျောက်ကင်းနိုင်ပါတယ် အုံးလွဲ လျှင် ဦးခေါင်း ကို လှည့်မရတော့ပဲ အလွန် နာကျင်တဲ့ဝေဒနာကို ခံစားရတတ်ပါတယ်။ ဒီအခါမှာ ဆေးသောက်ဆေးထိုး ဒဏ်ကျေဆေးမျိုးစုံလိမ်းပြီး နှိပ်နယ်တတ်ကြပေမဲ့ ဝေဒနာ ကား မသက်သာ။ နာကျင်နေတဲ့ ကြွက်သား များကို နှိပ်နယ်ခြင်းကြောင့် နာကျင်တဲ့ဒဏ်ကို ပို၍ပင် ခံစားရတတ်ပါတယ်။ ဒီလိုဖြစ်ရင်… ဦးခေါင်း ရဲ့ ပထဝီကြော ခြေထောက်ကို သတိရလိုက်ပါ။ ခြေဖဝါးစောင်း ကို ဦးစွာနှိပ်ပါ။ ပြီးတော့ ခြေခလယ် ကိုနှိပ်ပါ။ ပြီးရင် ခြေသူကြွယ်ကိုနှိပ်ပါ။ မပြင်းထန်ရင် တစ်ကြိမ်နှိပ်ရုံနဲ့ ပျောက်ပြီးပြင်းထန်ရင် နာရီဝက်ခြားတစ်ကြိမ် နှိပ်ပေးပါ။ အများဆုံး ၃ကြိမ် ၄ ကြိမ် နှိပ်ရုံဖြင့် […]
က်မၼာေရး ဗဟုသုတ
မနက်အိပ်ယာနိုးနိုးချင်း လုံးဝ လုံးဝ မလုပ်သင့်တဲ့ အရာများ
မနက်အိပ်ယာနိုးနိုးချင်း လုံးဝ လုံးဝ မလုပ်သင့်တဲ့ အရာများ မနက်မိုးလင်း အိပ်ရာထရတဲ့အချိန်ဟာ လူအတော်များများအတွက်တော့ တကယ့်ကို အဆိုးရွားဆုံးအချိန်ပါပဲ ။တစ်နေ့တစ်နေ့ကြားနေရတဲ့ Alarms သံကိုမုန်းနေတဲ့သူ ဘယ်လောက်များပြီလဲ။ Alarms သံကြားတာနဲ့ နာရီကို ကိုင်ပေါင်ပြီး စောင်အောက်ထဲပြန်ဝင်ချင်စိတ်ပေါက်နေတာ ဘယ်လောက်များခဲ့ပြီလဲဆိုတာ ကိုယ်တိုင်သိကြမှာပါ ။ဒါပေမယ့်လည်း တာဝန် နဲ့ ဝတ္တရားတွေရှိတဲ့အတွက် မဖြစ်မနေထရတာပဲ ။ဒီလိုမျိုး စိတ်ပျက်စရာအခြေအနေမျိုးမှာ ဘယ်လိုကိစ္စတွေကို မပြုလုပ်ပဲ ရှောင်ရှားသင့်သလဲ ။ နောက်ငါးမိနစ်လောက်…..ဆိုတာဟာ အတော်ကို ဆိုးပါတယ် ။အိပ်ရာနိုးနိုးချင်း ရေမိုးချိုးတာမျိုး ချက်ချင်းလုပ်ဖို့မလိုအပ်ပေမယ့် ပွင့်နေတဲ့ မျက်လုံးကိုတော့ ပြန်မမှိတ်လိုက်သင့်ပါဘူး တကယ်လို့ Snooze ခလုတ်ကို နှိပ်ပြီး ပြန်အိပ်ပျော်သွားရင်တော့ သင်ဟာ အစကနေပြန်အိပ်သလိုဖြစ်သွားပါလိမ့်မယ် ။အဲ့ဒီအချိန်မှာ Alarm ထမြည်ခဲ့မယ်ဆိုရင် ဒေါသတွေအကြီးအကျယ်ထွက်လာပါလိမ့်မယ် ။ ငြိမ်မနေပါနဲ့ ခုနကပြောသလိုပဲ […]
က်မၼာေရး ဗဟုသုတ
ပိန်ချင်နေသူများအတွက် ဆန်ဆေးရည်
ပိန်ချင်နေသူများအတွက် ဆန်ဆေးရည် ပိန်ချင်သူတို့တွက် ဆန်ဆေးရည် ကိုရီးယား / ဂျပန် / ပိန်ဆေး တေ်ာတော် များများမှာ ဆန် ဖွဲနု ဂျင်ဆင်း ရှားစောင်း တို့ ပါ ၀င်ပါတယ် ပိန်ချင် သူတ်ု့ိ တွက် ဆန်ဆေးရည် အသုံး ပြုု ပြီး ၀ိတ်ချနည်းလေးကို ဝေမျှလိုက် ပေးလိုက် ပါတယ နော်ချစ်တို့ ဆန် ကို၁၅ မိနစ်စိမ်ပါ…အဲရေကိုသွန်ပစ်ပါ…. ရေသန့် သို့ ရေကျက်အေး နဲ့ ဖြစ်ဖြစ် ရေ ကို ၁၀ မိနစ် ပြန်စိမ်ပါ ရေစစ်နဲ့ ပြန်စစ်ပါနော်အဲ့ရေကိုသောက်ပေးပါရှင့် သောက်လို့ ခပ်မယ်ဆို ရင် ရေခဲသေတ္တာထဲထည့်ပြီးအေးအေးလေးသောက်ပေးနိုင်ပါတယ်နော် မနက် ၆ ည၆ ထိ သောက် သုံးပေးပါ […]
က်မၼာေရး ဗဟုသုတ
ဆံပင်ပါးပြီး ဆံပင်ခဏခဏ ကျွတ်တတ်သူတွေအတွက်
ဆံပင်ပါးပြီး ဆံပင်ခဏခဏ ကျွတ်တတ်သူတွေအတွက် ဆံပင်ပါးပြီး ဆံပင်ခဏခဏ ကျွတ်တတ်သူတွေအတွက် ကြက်သွန်နီနဲ့ ထိန်းသိမ်းနည်း Shampoo ထဲ ပါဝင်တဲ့ ဓာတုပစ္စည်း တွေက ကိုယ့် ဆံပင်ကို ထိခိုက်နိုင်ပါတယ်။ ဆံပင်ဆိုးတဲ့အချိန်မှာလည်း ဆံပင်ကျွတ်လွယ်စေပါတယ်။ ဆံပင် ကျွတ်တာက တော်တော် စိတ်ရှုပ်ဖို့ကောင်းတဲ့ အရာပါ။ ဆံပင် ပါးလွန်းတာကလည်း ကျန်းမာတဲ့ ဆံသား ပုံစံ မရဖို့ တံတိုင်းကြီး တစ်ခုလိုပါပဲ။ ဒီတစ်ခေါက်မှာတော့ ဆံပင်ပါးပြီး ခဏခဏ ဆံပင်ကျွတ်တတ်သူတွေ အတွက် ကြက်သွန်နီကို သုံးပြီး ထိန်းသိမ်းနည်းကို ဖော်ပြပါရစေ။ ဆံပင်အတွက် ကြက်သွန်နီရဲ့ ကောင်းကျိုးများ ကြက်သွန်နီက ဆံသားကို ခိုင်မာစေပြီး အားဖြည့်ပေးပါတယ်။ ဆံပင်အရှည်မြန်စေပြီး ဆံပင်ကျွတ် သက်သာစေပါတယ်။ ပြုလုပ်ပုံ ကြက်သွန်နီ တစ်ဥယူပြီး လှီးပေးရပါမယ်။ လှီးပြီးနောက် […]
က်မၼာေရး ဗဟုသုတ
ပန်းနာရင်ကျပ်ဖြစ်ပြီး အိပ်မရတဲ့ရောဂါသည်တွေအတွက် ဆေးနည်းကောင်းတစ်လက်
ပန်းနာရင်ကျပ်ဖြစ်ပြီး အိပ်မရတဲ့ရောဂါသည်တွေအတွက် ဆေးနည်းကောင်းတစ်လက် ညညဆိုရင် ပန်းနာရင်ကျပ်ဖြစ်ပြီး အိပ်မရတဲ့ရောဂါသည်တွေအတွက် တစ်သက်လုံးရာသက်ပန် ပျောက်ကင်းစေတဲ့ဆေးနည်းလေးမျှဝေပေးလိုက်ပါတယ်နော်”ပန်းနာရင်ကျပ် ရောဂါရှိသူများအတွက် တစ်သက်လုံးပျောက်ကင်းစေသော ဆေးနည်းကောင်းပေးလိုက်ပါတယ်။မိတ္ထိလာမြို့မှ အဘိုးကြီးတစ်ဦး နှစ်နှစ်ကြာကြာ ပန်းနာရင်ကျပ်ရောဂါ ဖြစ်နေခဲ့ရာ လူပြောများ၍ ပဲစဉ်းငုံ အလုံးလိုက် တစ်နေ့ နို့ဆီဘူး တစ်လုံးကျ ပြုတ်၍ ဆားခတ်ပြီး အစမ်းသဘောဖြင့် နေ့စဉ်စားနေခဲ့ပါတယ်။ စားနေရင်း နေရထိုင်ရတာ သက်သာလာပုံ ခံစားရသည် ဆို၏၊ထို့ကြောင့် အားတက်၍ နေ့စဉ်ပုံမှန် ဆက်စားနေခဲ့ရာ ၃ လကြာလျင် လုံးဝ ပျောက်ကင်းသွားပုံ လက်တွေ့ဖြစ်ကြောင်း ရောဂါပျောက်သူ၏တူ ကျောင်းဆရာကြီး ဦးတင်ဝင်းက လျောက်ထားပါသည်။ စားသုံးနည်းမှာ လွယ်ပါ၏၊ ပဲစဉ်းငုံ အလုံးလိုက် ရေနှင့်နပ်အောင်ပြုတ်ပြီး ဆားခပ်၍ ပဲလုံးဟင်းကဲ့သို့ အရေအဖတ် စားခြင်းဖြစ်သည်။ နေ့စဉ် နို့ဆီဗူး တစ်လုံးကျစားနေပါ၊ ၄ […]
က်မၼာေရး ဗဟုသုတ
ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့ ခဝဲသီး
ဆီးချိုသမားတွေအတွက် အထူးသင့်တော်တဲ့ ခဝဲသီး ခဝဲသီးလေးကို စားပေးခြင်းဖြင့် အခုလို အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ် ကယ်လ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင် နဲ့ သတ္တုဓါတ်တွေကြွယ်ဝစွာပါဝင်နေပြီး ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေတဲ့ ခဝဲသီးလေးက စားလိုက်ရင် အခုလို အကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါတယ်။ သွေးသန့်စေတယ် ခဝဲသီးကို မကြာခဏစားပေးတာကခန္ဓါကိုယ်တွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ သွေးသန့်စေပြီး အသည်းကျန်းမာရေးကိုကောင်းစေပါတယ်။ အယ်လ်ကိုဟောကြောင့် အသည်းထိခိုက်တာကို လျှော့ချပေးနိုင်ပါတယ်။ ဝမ်းမှန်စေနိုင်တယ် အမျှင်ဓါတ်ကြွယ်ဝမှုက အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်မှုကင်းဝေးစေပြီး အစာအိမ်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဝမ်းချုပ်တာကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲပြဿနာတွေကိုလည်း အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။အသားဝါတာကို သက်သာစေနိုင်တယ်ခဝဲသီးက အသားဝါတာကို သက်သာစေနိုင်တာကြောင့် အသားဝါရောဂါခံစားနေရသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုသမားတွေအတွက် သင့်တော်တယ် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်တုံ့ပြန်မှုကို ကောင်းစေပါတယ်။ အချိုဓါတ်လေးရှိပေမယ့် သွေးတွင်းသကြားဓါတ်အပေါ်မှာ သက်ရောက်မှု မရှိတာကြောင့် ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်ပါတယ်။ ကိုယ်အလေးချိန်ကျစေနိုင်တယ် […]
က်မၼာေရး ဗဟုသုတ
ခေါင်းအုံးအောက်မှာကြက်သွန်ဖြူထားပြီးအိပ်ခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး ၄ ခု
ခေါင်းအုံးအောက်မှာကြက်သွန်ဖြူထားပြီးအိပ်ခြင်းကြောင့်ရရှိလာမယ့်ကောင်းကျိုး ၄ ခု ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားပြီးအိပ်တာမျိုးကို သိပ်ပြီးကြားဖူးကြမှာမဟုတ်ပါဘူး။ ဒါပေမယ့် ညအိပ်တဲ့အခါတိုင်း ခေါင်းအုံးအောက်မှာ ကြက်သွန်ဖြူထားပြီး အိပ်ခြင်းကြောင့် ရရှိလာမယ့်ကောင်းကျိုးကတော့ ၄ ခုရှိပါတယ်။ နှာခေါင်းပိတ်တာပျောက်စေတယ် တစ်ခါတစ်လေကျရင် နှာစေးလို့၊ အအေးမိလို့ နှာခေါင်းပိတ်တာမျိုးမဟုတ်ပဲ ညဘက်ရောက်မှ နှာခေါင်းတစ်ဖက်ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင်တော့ ဒီလိုနှာခေါင်းပိတ်တာ သက်သာပြီး ပျောက်သွားစေပါတယ်။ အသက်ရှူလို့ပိုကောင်းလာစေပါတယ်။ ကိုယ်ခံအားစနစ်ပိုကောင်းလာစေတယ် ကြက်သွန်ဖြူက မကောင်းတဲ့ဘတ်တီးရီးယားတွေကို ချေဖျက်နိုင်ပါတယ်။ ဒါ့အပြင် ညအိပ်တဲ့အခါတိုင်းမှာ ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားပြီး အိပ်မယ်ဆိုရင် ကိုယ်ခံအားစနစ်ပါ ပိုပြီးကောင်းလာစေပါတယ်။ မနက်နိုးတဲ့အခါမှာလည်း နေလို့ကောင်းတဲ့ feeling မျိုးရစေပါတယ်။ ပိုးကောင်တွေမလာအောင်ကာကွယ်ပေးနိုင်တယ် ကြက်သွန်ဖြူကို ခေါင်းအုံးအောက်မှာထားတာက ပိုးကောင်တွေ၊ ပင့်ကူတွေ၊ ခြင်တွေမလာအောင် ကြိုတင်ကာကွယ်ပေးပါတယ်။ တချို့ကတော့ ကြက်သွန်ဖြူကနံတယ်ဆိုပြီး အဲ့လိုထားတာမကြိုက်ပါဘူး။ […]
က်မၼာေရး ဗဟုသုတ
ညဘက်အိပ်နေတဲ့အချိန်မှာ ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း
ညဘက်အိပ်နေတဲ့အချိန်မှာ ခြေထောက်ကြွက်မတက်စေမယ့် အိမ်တွင်းနည်း အေးတဲ့အခုလိုရာသီမှာ ပိုပြီးဖြစ်တတ်တဲ့ ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြထားတဲ့ ဆောင်းပါးလေး တစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အိပ်နေရင်း ခြေထောက် ကြွက်တက်ခြင်း ကြုံဖူးသူတွေဟာ ခံရအတော်ခက်ကြောင်း သိကြပါတယ်။ အင်မတန် နာကျင်ပြီး နေရထိုင်ရ မသက်သာလှပါဘူး။ အိပ်နေချိန်တွေမှာ ခြေထောက်ကြွက်မတက်ရအောင် အိမ်တွင်းနည်းလေးတွေနဲ့ ပြင်ဆင်ထားရင် အဆင်ပြေလှပါပြီ။ အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်တာက ခြေသလုံးကြွက်တက်တဲ့ဝေဒနာကို သက်သာစေတဲ့ ထိရောက်တဲ့နည်းပါ။ အိပ်ရာမဝင်ခင် ကြက်သီးနွေး ရေချိုးတာက ခြေသလုံးကြွက်တက်တာကို သက်သာစေတဲ့ နည်းလမ်းကောင်း တစ်ခုပါ။ ကြွက်တက်ပြီး နာကျင်နေတဲ့ ခြေသလုံးနေရာကို ကြက်သီးနွေးရေ များများလောင်းချပေးရပါမယ်။ အိပ်ရာထဲ ရှိနေချိန်မှာ တတ်နိုင်သလောက် ခြေထောက်ကို ဆွဲဆန့်ပေးပါ။ ပြီးရင် အဲဒီအနေ အထားနဲ့ နာရီဝက်ခန့် […]
က်မၼာေရး ဗဟုသုတ
ခြေဖဝါးခြေဖနှောင့်ကွဲခြင်းအတွ​က်ရိုးရှင်းလွယ်ကူတဲ့ဆေးနည်း