က်မၼာေရး ဗဟုသုတ
သံပုရာသီးစိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ
သံပုရာသီးစိမ်ထားတဲ့ရေကို အမြဲသောက်ပေးခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးများ သံပုရာသီးဟာ လူ့ခန္ဓာကိုယ်ကိုအကျိုးပြုစေတဲ့ ဓာတ်တွေအများကြီးပါဝင်လို့နေပါတယ်။ အခုနောက်ပိုင်း ကျန်းမာရေးလိုက်စားသူတွေဟာ ရိုးရိုးရေတောင်မဟုတ်တော့ဘဲရေထဲကို သံပုရာကွင်းလေးတွေ ထည့်ပြီးသောက်လေ့ရှိကြပါတယ်။ဒီလိုသောက်ခြင်းဟာ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုစေလဲဆိုတာ ကြည့်လိုက်ရအောင်။ (၁) ရေဓတ်ပိုပြည့်စေတယ် အမျိုးသမီးတွေဟာ ပုံမှန်ရေဓာတ် ၉၁ အောင်စလိုအပ်သလိုအမျိုးသားတွေကတော့ ၁၂၅ အောင်စတောင် လိုအပ်ပါတယ်။ဒီတော့ ရိုးရိုးရေသောက်မယ့်အစား အရသာနဲ့အနံ့ပါအောင် သံပုရာသီးလေးထည့်ပေးခြင်းဟာ ရေကိုပိုသောက်ချင်စိတ်ဖြစ်စေတဲ့အတွက် ရေဓာတ်လည်း ပိုပြည့်ဝစေပါတယ်တဲ့။ (၂) ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် စီ သံပုရာသီးမှာ ဗီတာမင် စီပါဝင်တယ်ဆိုတာ လူတိုင်း သိမှာပါ။ဗီတာမင် စီ ဟာ ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ ဓာတ်တွေထဲက တစ်ခုပါပဲ။ဗီတာမင် စီ ဟာ antioxidant ဓာတ်ပေါကြွယ်ဝတဲ့အပြင် ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးတဲ့အတွက်သာမန်အအေးမိတာတွေအပြင် အူမဘကီးကင်ဆာ၊ သွေးတိုးခြင်းနဲ့ လေဖြန်းခြင်းတို့ကိုလည်း ကာကွယ်ပေးပါတယ်။ […]
က်မၼာေရး ဗဟုသုတ
နနွင်း နဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ
နနွင်း နဲ့ သံပုယိုရည်ရောသောက်ပေးရင် ဘယ်လိုအကျိုးကျေးဇူးရှိသလဲ နနွင်း နဲ့ သံပုယိုရည်ဟာ သင့်အတွက် ဆေးတစ်ခွက်လိုပါပဲ။ သင့်ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေပြီး အဝလွန်ခြင်းကိုလျှော့ချပေးနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိဖျားနာတာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး ဆီးဝမ်းမှန်စေပါတယ်။ Antioxidant နဲ့ ရောင်ရမ်းမှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ကြွယ်ဝစွာပါဝင်လို့ သင့်အတွက် ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဖျော်ရည်တစ်ခွက်ဆိုလည်းမမှားပါဘူး။ နနွင်း နဲ့ သံပုယိုရည်ကို တရုတ်ရိုးရာ ဆေးတစ်ခွက်အဖြစ် ရှေးယခင်ကတည်းက အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဘယ်လိုပြင်ဆင်ကြမလဲ ပါဝင်ပစ္စည်း ရေ တစ်ခွက် နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ သံပုယိုသီးတစ်ခြမ်း အရည်ညှစ် ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း ပြင်ဆင်ခြင်း အရင်ဆုံး ရေကို ပွက်ပွက်ဆူအောင်သည်ပါ။ ပွက်လာရင် မီးဖိုပေါ်ကချပြီး သံပုယိုရည်နဲ့ နနွင်းထည့်လိုက်ပါ။ […]
က်မၼာေရး ဗဟုသုတ
ဆရာဝန်ကြီးတောင် အံ့သြရတဲ့ ၁၀ ရက်နဲ့ ဆီးကျောက်ပျောက်သွားတဲ့ အပင်
ဆရာဝန်ကြီးတောင် အံ့သြရတဲ့ ၁၀ ရက်နဲ့ ဆီးကျောက်ပျောက်သွားတဲ့ အပင် 20.7.2017 နေတွင် အရွက် ကိုပြ၍ ကျတော် အပင် အမျိုးစားသိခြင်းကြောင်းတင်ခဲ့ပါတယ်၊ ယင်း အရွက် ကို ပါးပါးလှီးပြီး ငါးကြင်း ဖန်ခွက် တွင်ထည့်ရေထည်ကာတစ်ည ထားပြီး နံနက်တွင်သောက်ရပါသည်။ စသောက်သည်နေ့တွင် နေလည်းပိုင်းမှစပြီး ဝမ်းဗိုက်လှုပ်ရှားလာသည် အိမ်သာ တက်ခြင်းသလိုလို လေလည်ခြင်းသလိုလိုမျိုးပါ ။ဆီးသွားနှုံး နဲနဲများလာပါသည်။ နောက်တရက်တွင် ဝမ်းပုတ် များဆင်းလာပါသည် ပုံမုန်တနေတကြိမ်ဝမ်းမှ သုံးကြိမ်အထိသွားလာသည် နှစ်ရက်ခန့်သာဖြစ်ပြီး နောက်ရက်များတွင် ပုံမုန် ဝမ်းသာ သွားတောသည် ဆီးသွားနှုံး တနာရီ တကြိမ်နှုံးခန့်သွားပြီးညဘက် ည၁၀နာရီခန့်တွင်သွားပြီးနောက် နံနက်၆နာရီမှာနောက်တကြိမ်သွားပါသည်။၁၀ ရက်ဆက်တိုက်သောက်ပြီး ultrasound ပြန်ရိုက်လိုက်သောအခါ ဆီးလမ်းကြောင်း တွင် ကျောက်မရှိတောပါ။ ကျိုက်မရောမြို့နယ် နတ်စမ်းရွာတွင် ယင်းအပင်ရှိပါသည် အပွင် […]
က်မၼာေရး ဗဟုသုတ
အထူးသတိထားသင့်တဲ့လေမဖြတ်ခင်ပြသလေ့ရှိတဲ့လက္ခဏာများ
အထူးသတိထားသင့်တဲ့လေမဖြတ်ခင်ပြသလေ့ရှိတဲ့လက္ခဏာများ ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားတဲ့အခါ လေဖြတ်မဲ့ အရိပ်အယောင်လက္ခဏာများ ပေါ်လာတတ်ပါတယ်။ အဲဒီလက္ခဏာများက မိနစ်အနည်းငယ်မျှသာ ကြာမြင့်ပြီး သွေးသွားလာမှု ပုံမှန်ပြန်ဖြစ်ပါက ချက်ချင်းပျောက်ကွယ်သွားလေ့ရှိပါတယ်။ အဲဒီလိုဖြစ်ခြင်းကို လေဖျန်းခြင်း (သို့မဟုတ်) အသေးစားလေဖြတ်ခြင်းလို့ ခေါ်လေ့ရှိပါတယ်။ လေမဖြတ်ခင် ကြိုတင်သတိပေးတဲ့ လက္ခဏာများကတော့………. မျက်နှာ၊ လက်၊ ခြေတစ်ဖက် ရုတ်တရက်ထုံခြင်း၊ လေးလံခြင်း ရုတ်တရက် စကားပြောမရခြင်း၊ ပြောသောစကားကို နားမလည်ခြင်း၊ စကား ဗလုံးဗထွေးဖြစ်ခြင်း ရုတ်တရက် အမြင်အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း ရုတ်တရက် လမ်းမလျှောက်နိုင်တော့ခြင်း၊ ဒယီးဒယိုင် ဖြစ်ခြင်း ရုတ်တရက် မူးဝေခြင်း ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း အဲဒီအချိန်အတွင်း စနစ်တကျကုသမှု မခံယူပါက လေဖြတ်ခြင်းအဆင့်သို့ ရောက်ရှိသွားနိုင်ပါတယ်။ Zawgyi ဦးနှောက်အတွင်း သွေးသွားလာမှု ခေတ္တရပ်ဆိုင်းသွားတဲ့အခါ လေဖြတ်မဲ့ အရိပ်အယောင်လက္ခဏာများ […]
ကျမ္မာရေး ဗဟုသုတ
မထနိုင်လောက်အောင် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်အတွက် ထောပတ်သီးစေ့
မထနိုင်လောက်အောင် အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်အတွက် ထောပတ်သီးစေ့ ထော ပတ်သီးဟာ အရသာရှိပြီး အာဟာရပြည့်ဝသလို ကျန်းမာရေးအတွက် အကျိုးကျေးဇူးများတဲ့အသီးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် အသားကိုစားပြီးရင် စွန့်ပစ်လေ့ရှိကြတဲ့ထောပတ်သီးအစေ့ကလည်း အသုံးဝင်တဲ့နေရာတွေ အများကြီးရှိတယ်ဆိုတာ သင်သိပါသလား။ ထောပတ်သီးအစေ့မှာဆေးဖက်ဝင်အာနိသင်တွေပါရှိတာကြောင့် အသားအရေအတွက်ရော၊ အရိုးအဆစ်နဲ့ ကြွက်သားတွေအတွက်ပါ အသုံးဝင်တဲ့နည်းလမ်းတွေရှိပါတယ်။ထောပတ်သီးအစေ့ကို ဘယ်လိုစွယ်စုံသုံးမလဲဆိုတာဒီမှာ ဆက်ကြည့်ပါဦး။ ခေါင်းလျှော်ရည် ထောပတ်သီးခေါင်းလျှော်ရည်ကို ကိုယ်တိုင်ဖန်တီးလို့ရပါတယ်။ ထောပတ်စေ့သုံးစေ့ကို အခြောက်လှမ်းပြီးခြစ်ထားပါ။ရေ ၆ ခွက်နဲ့ရောမွှေပြီး ကိုယ်သုံးမယ့်ခေါင်းလျှော်ရည်အနည်းငယ်ထည့်ပါ။ ရလာတဲ့ ရှန်ပူပျစ်ပျစ်နဲ့ခေါင်းလျှော်ပေးရင် ပေါင်းတင်ထားသလို ဆံသားနူးညံ့စေပါတယ်။ သွားကိုက်ခြင်း သွားကိုက်နေတယ်ဆိုရင်ထောပတ်သီးအစေ့ကို အနည်းငယ်လှီးဖြတ်ပြီး ကိုက်နေတဲ့သွားတဝိုက်ကို ပွတ်လိမ်းပေးပါ။ထောပတ်သီးအစေ့ အတုံးသုံးတုံးလောက်ကိုရေနွေးဆူဆူနဲ့နှပ်ထားတဲ့ရေနဲ့ ပလုတ်ကျင်းပေးရင်လည်း သက်သာစေနိုင်ပါတယ်။ အကိုက်အခဲပျောက်ဆေး ထောပတ်သီးအစေ့ကို ကြိတ်ပြီး အရက်နဲ့ရောပြီး တစ်ပတ်လောက်နှပ်ထားပါ။ အဆစ်အမြစ်နဲ့ ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးမှာ အဲဒီအရည်ကို ယူပြီး နှိပ်နယ်လိမ်းပေးရင် သက်သာစေပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာအတွက်လည်း […]
က်မၼာေရး ဗဟုသုတ
ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ နာမည်ကြီးဆေးဖက်ဝင် တမာရဲ့အခေါက်၊ အရွက်၊ အသီးအပွင့်အသုံးပြုပုံများ
ကျန်းမာရေးအတွက် အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ နာမည်ကြီးဆေးဖက်ဝင် တမာရဲ့အခေါက်၊ အရွက်၊ အသီးအပွင့်အသုံးပြုပုံများ ကျန်းမာရေးအတွက် အသုံးဝင်တဲ့အစွမ်းသတ္တိတွေ အများကြီးရှိတဲ့ တမာပင်ရဲ့ အခေါက်၊ အရွက်၊ အသီးအပွင့်တွေကို ပန်းနာရင်ကြပ်ရောဂါ၊ အရေပြားရောဂါ၊ ဆီးချိုရောဂါ၊ အဖျား စတဲ့ ရောဂါတွေအတွက် ဆေးတွေဖော်ရာမှာ ထည့်သုံးလေ့ရှိပါတယ်။ အိမ်သုံးဆေးမြီးတိုအနေနဲ့ အသုံးဝင်ပုံတွေကို သိသလောက်ပြောရရင်တော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ တမာရွက်မှာ ပိုးမွှားအတော်များများကိုနိုင်တဲ့ အာနိသင်ရှိတာကြောင့် အနာဖြစ်တဲ့အခါ တမာရွက်ပြုတ်ရည်နဲ့ အနာကို ဖန်ရည်ဆေးပေးခြင်းဖြင့် အနာသက်သာပျောက်ကင်းနိုင်ပါတယ်။ ဒါ့အပြင် တမာရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးပါက အရေပြားယားယံတာတွေကို ပျောက်ကင်း သက်သာစေနိုင်ပါတယ်။ အပူလောင်ဒဏ်ရာတွေ (ရေနွေးပူလောင်၊ ဆီပူလောင်) ဖြစ်ပါကလည်း တမာရွက်ပြုတ်ရည်ကို ဒဏ်ရာတဝိုက်လိမ်းပေးခြင်းဖြင့် ပိုးမွှားမဝင်အောင်ကာကွယ်ပေးနိင်ပြီး အနာကျက်ဖို့အတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ ခံတွင်းပျက်ပြီး စားသောက်ချင်စိတ်မရှိတာ၊ ဝမ်းချုပ်တာ၊ အစာမကြေတာတွေဖြစ်ပါက […]
က်မၼာေရး ဗဟုသုတ
အသားရေ စိုပြေပြီး ဝက်ခြံကင်းစေဖို့ နည်းလမ်းကောင်း
အသားရေ စိုပြေပြီး ဝက်ခြံကင်းစေဖို့ နည်းလမ်းကောင်း ကျွန်မတို့လို အသက် ၄၀ နားနီးတဲ့ အိမ်ထောင်ရှင်မတွေသာမက အရွယ်ရောက်ပီးတဲ့ ပျိုမေတို့အားလုံး ခုချိန်ကစပြီး Skin care သေချာလေး လုပ်သင့်ပါတယ် …။ အသားဖြူတာ ညိုတာထက် အသားအရေ ကောင်းပြီး စိုပြေလှပဖို့က အရေးကြီးပါတယ်။ ကျွန်မဆို အသားညိုတဲ့ ထဲမှာပါတယ် ။ နောက်ပိုင်း ရေများများသောက် အသီးအရွက် များများစားတော့ အသားအရေ သိသိသာသာ စိုပြေလာတယ် …။Skin care အတွက် Branded တွေကို မသုံးရလို့လဲ ကိစ္စမရှိပါဘူး။ ကျွန်မတို့ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ အဖိုးနည်းပြီး အစွမ်းထက်တဲ့ သဘာဝပစ္စည်း တွေရှိပါတယ်နော် …။မသိသူကျော်သွား သိသူဖော်စားလည်း မဟုတ်ပါဘူး။ အားလုံးသိကြပါတယ်။ မလုပ်ဖြစ်ကြတာပါ။ ဒီတော့ကား ဟင်းမချက်ခင် […]
က်မၼာေရး ဗဟုသုတ
ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့သူတွေ လိုက်နာကျင့်သုံးသင့်တဲ့အရာတချို့
ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်တတ်တဲ့သူတွေ လိုက်နာကျင့်သုံးသင့်တဲ့အရာတချို့ အရေးအကြီးဆုံးကတော့ အိပ်စက်ချိန်နဲ့ နိုးထချိန်ကို သတ်မှတ်ထားဖို့ပါ။ ညဘက် ၁၀ နာရီအိပ်မယ်ဆိုရင် မနက် ၆ နာရီထပါ။ နေ့တိုင်းအချိန်မှန်အိပ်ပြီး အချိန်မှန်ထပေးပါ။ တော်တော်များများက ပိတ်ရက်ဆိုရင် နောက်ကျမှအိပ်ပြီး မနက်ဆိုလည်းနောက်ကျမှထကြတယ်။ ဒီလိုမလုပ်ပါပဲ အမြဲတမ်းအိပ်စက်ချိန်၊ နိုးထချိန်ကို အချိန်မှန်မှန်လေးလုပ်ထားပေးရင် ပိုကောင်းပါတယ်။ အိပ်ခါနီးမှာ ရေများများမသောက်ပါနဲ့။ ရေများများသောက်ရင် ခဏခဏအပေါ့သွားချင်တဲ့အတွက် အိပ်စက်ခြင်းကို အနှောက်အယှက်ပေးပါတယ်။ ကော်ဖီကို ညနေ ၅ နာရီကစပြီး လုံးဝမသောက်ပါနဲ့။ အိပ်ခါနီးမှာ အစာစားတဲ့အကျင့်ကိုလည်း ရှောင်ပေးပါ။ အိပ်ခါနီးမှာ နွားနို့ပူပူလေးတစ်ခွက် ပုံမှန်သောက်ပေးရင် ကောင်းကောင်းအိပ်ပျော်ပါတယ်။ အစားအသောက်တွေစားတဲ့အခါမှာလည်း အသီးအရွက်တွေကိုသာ အဓိကထားပြီးစားသုံးပေးပါ။ ညဘက်မှာ တော်ရုံနဲ့အိပ်မပျော်တာ စိတ်ဖိစီးမှုတွေ၊ Stress တွေရှိနေလို့လည်း ပါပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ Stress […]
က်မၼာေရး ဗဟုသုတ
ဗိုက်ပူပြီး ​လေပွ လေမလည်ရသူတွေအတွက်ဆေးနည်း
ကျမ္မာရေး ဗဟုသုတ
ကျောက်ကပ်ကြောင့် ခါးနာတာဆိုရင် ချက်ချင်းသက်သာစေမည့် မုန်လာဥဖြူ