အအေးလှိုင်းများ လာတော့မည် ၂၀၂၀ ပြည့်နှစ် ၊ ဆောင်းရာသီကာလ အတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာ အခြေအနေသတင်း (က) အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေ မျက်နှာပြင်အပူချိန်နှင့် လေထုဖြစ်စဉ်များအရ အားနည်းသော လာနီညာ အခြေအနေသို့ ရောက်ရှိနေပါသည် နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များ ခန့်မှန်းချက်အရ လာမည့်နိုဝင်ဘာလ-ဒီဇင်ဘာလများတွင် အားအသင့်အတင့်မှ အား ကောင်းသော လာနီညာအဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည် (ခ) လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြင်း၊ ဆောင်းရာသီကာလ အရှေ့မြောက်မုတ်သုံလေ အားကောင်းမှုကြောင့် မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေလှိုင်းများ […]
ကျမ္မာရေး ဗဟုသုတ
ငါးရက်အတွင်း ပွေး၊ ညှင်း ၊ တင်းတိတ် ၊ ၀က်ခြံကို ကြက်သွန်နီဖြင့် သက်သာပျောက်ကင်းစေတဲ့နည်း..
ငါးရက်အတွင်း ပွေး၊ ညှင်း ၊ တင်းတိတ် ၊ ၀က်ခြံကို ကြက်သွန်နီဖြင့် သက်သာပျောက်ကင်းစေတဲ့နည်း ပွေး၊ ညှင်း၊ တင်းတိတ်၊ က်ခြံ ဖု မပေါက်ဖူးတဲ့သူမရှိပါဘူး။ ပေါက်ဖူးတဲ့သူတွေပါပဲ။ စိုးရိတ်စရာ ရောဂါ အနာ မဟုတ်ပေမယ့် မျက်နှာ ပေါ်မှာ အပေါက်များတဲ့ ရောဂါဖြစ်လို့ အလှပျက်၊ မျက်နှာ ပြရခက်ပါတယ်။ ငါးရက်အတွင်း သက်သာပျောက်ကင်းစေတဲ့ မြန်မာ့ရိုးရာ လိမ်ဆေး လိမ်းကြည့်ပါ။ ဆေးဖော်ဖို့ ကလည်း အလွန် လွယ်ကူပါတယ်။ ဆေးနည်းမှာ ကြွက်သွန်နီ ဥသေးသေးတစ်လုံးကို အခွံနွှာပြီး ညက်နေအောင်ထောင်းပါ။ ပြီးရင် ကြွေပုဂံလုံးထဲ ထည့်ပြီး သံပရာသီး တစ်လုါံ်ကို အရည်ညစ်ချလို့ ရောဖျော်ပါ။ သင့်ရဲ့ပွေးကွက်၊ ညှင်းကွက်၊ တင်းတိတ်ကွက်၊ ၀က်ခြံဖုကို လိမ်းပေးပါ။ တစ်နေ့နှစ်ကြိမ် လိမ်းပေးပါ။ […]
သင့်ရဲ့ တစ်နေ့တာမှာ ဖုန်း လုံးဝ မသုံးသင့်တဲ့ အချိန်များ
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး အကြောင်းတစ်ခုခုကြောင့်တော့ ဖုန်းကို မလွှဲမရှောင်သာ အသုံးပြုနေကြရတာပဲ ဖြစ်ပါတယ်။ မရှောင်လွှဲနိုင်တဲ့ အခြေအနေကြီးမှာ ဖုန်းအသုံးပြုခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကို သိမ်းပိုက်ထားတာမျိုး မဖြစ်ရအောင် ဖုန်းအသုံးမပြုသင့်တဲ့ အချိန်တွေကို အခုလို ဖော်ပြပေးလိုက်ရပါတယ် … ။ ဒီလို ဖုန်းအသုံးမပြုဖြစ်အောင် ဆင်ခြင်ခြင်းကနေ ရလာမယ့်အကျိုးကျေးဇူးလေးတွေကို ပြောပြပေးသွားမှာပါနော်။ (၁) မနက် အိပ်ရာနိုးနိုးချင်း လူအတော်များများကတော့ နိုးနိုးခြင်း ပုံမှန်လုပ်မြဲ အလုပ်တစ်ခုလို ဖုန်းကို အရင်ဆုံး သုံးလေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင် လန်းဆန်းဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ နိုးနိုးချင်း အိပ်ယာထဲမှာ ဖုန်းနဲ့ အချိန်ကုန်လိုက်ခြင်းက လူကို လေးလံသွားစေသလို facebook ကြည့်တတ်ကြတဲ့သူတွေအတွက် facebook ကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့တဲ့အခါ စိတ်ကြည်လင်မှုကို […]
အရမ်း အသုံးဝင်သော မြန်မာဆေးမြီးတို ပေါင်းချူပ် (အများ သိအောင် မျှဝေပေးပါ)
ချောင်းဆိုးလျှင် ခရေပွင့်ကိုတညလုံးရေစိမ်၊ နံနက်တွင်း ထိုရေကိုစစ်၍ သောက်ပါ၊ ပျောက်၏။ ရင်ပြည့်ရင်ကယ် ကြက်ဟင်းခါးသက်စောင့်ဆေးကိုနှမ်းဆီ ပရုပ်ဆီဖြူ ဖြင့်ဖျော်၍ ရင်မှသာအယာသပ်ချပါ။ နှာပိတ်သော် ကြိတ်မှန်ရွက် ခွေးသေးပန်းရွက် နှစ်ပါးကြိတ်၊ ရှိန်းခိုနဲနဲထည့်၊ ငယ်ထိပ်မှနှာခေါင်းအထိဆေးအရည်နှင့်ဆွဲပေးပါ။ တက်လျှင် ဆင်ငိုမြက်ပြုပ်ရည်ကိုတိုက်ပါ။ အတက်ချက်ချင်းကျသွားမည်။ ရေငတ်ဝမ်းကျ ဆီးသီးအစေ့အတွင်းမှအဆန်ကို အမှုန့်ပြု၍ နွယ်ချိုနှင့်ရော ပြီးစားပေးပါ။ ကင်းထိုးသော် ကင်းကိုက် ကင်းထိုး ဒဏ်ရာ ငဖြူကြီးမြစ်သွေးလိမ်းပါ။ ကြို့ထိုးလျှင် ကြက်သွန်နီကိုထန်းလျှက်နှင့်နိုင်းချင်း ကြိတ်၍စား။ ခရုသင်း ကျည်းသီးဆန်ကို ဆန်ဆေးရည်နှင့်တွဲစပ်၍ ရက်ပေါင်း များစွာစားရပါသည်။ ခြေတုန် လက်တုန်ဖြစ်လျှင်ကြိတ်မှန်ရွက်ယိုထိုးစားပျောက်၏။ ခါးနာ ခါးကိုက် ညောင်ခြေထောက်ပင်၏ နို့စေးရည်လိမ်းပေးပါ။ ငှက်ဖျားထလျှင် မြင်းခွာရွက်ရည်ကို ငရုပ်ကောင်းနှင့်အမျှစီကြိတ်၍ သောက်ပါ။ ခံတွင်းပျက်လျှင် ကြိတ်မှန်ရွက်ယို ထိုးစားပေးပါ။ ခေါင်းတခြမ်းကိုက်လျှင် ကျည်းသီးဆန် ကို ဆိတ်ကျင်ငယ်ရည်နှင့်သွေးလိမ်းပေးပါ။ […]
ကြို့ထိုး တဲ့အခါ အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်း…လွယ်လွန်းလို့ အထင်တော့ မသေးနဲ့ လက်တွေ့နော်…
ကြို့ထိုး တဲ့အခါ အမြန်ဆုံးသက်သာပျောက်ကင်းစေမယ့် နည်းလမ်း ကြို့ထိုးတာဟာ လူတိုင်းသိတဲ့ အရာတစ်ခု ဖြစ်ပါတယ် ။ ရောဂါကြီး မဟုတ်ပေမယ့် ထိုးတဲ့အခါ နေရထိုင်ရခက် ကသိ ကအောက် ဖြစ်ရပါတယ် ။ အစာတွေခပ်မြန်မြန်စားမိတာ ၊ အစပ်တွေလို ကိုယ်မစားနိုင်တဲ့ ဟာတွေကို စားမိတာ နဲ့ အခြားအကြောင်းအရာတချို့ကြောင့် ကြိုးထိုးတာ ဖြစ်တတ် ပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာ နည်းမျိုးစုံ နဲ့ ကုသကြ ပါတယ် ။ ရေများများသောက်ခိုင်းတာ ၊ ထမင်းလုံးဝါးခိုင်းတာ ၊ စိတ်ဆိုးအောင်လန့်အောင် လုပ်တာ ၊ မြေပဲစားခိုင်းစာ စသဖြင့်နည်းမျိုးစုံနဲ့ လုပ်ကြပါတယ်။ တချို့ကြို့တွေက ခဏနေရင် သူ့အလိုလို ပျောက်သွားတတ် ပေမယ့် တချို့တလေကျတော့ ရှားပါးစွာနဲ့ ရက်ချီပြီး ထိုးတာတွေ ဖြစ်တတ် ပါတယ် […]
မိန်းကလေးတွေမှာအဖြစ်များတဲ့ အရေပြားလေးဖက်နာအကြောင်း…
အခုနောက်ပိုင်း အရေပြားလေးဖက်နာဆိုတဲ့ ဝေနဒနာဟာ အမျိုးသမီးတွေကြားမှာ တော်တော်လေး ခေတ်စားလာတာကို တွေ့ရမှာပါ။ သွေးလေးဖက်နာတို့၊ အဆစ်အမြစ်လေးဖက်နာတို့ိကိုတော့ ကြားဖူးကြပေမယ့် ဒီ အရေပြားလေးဖက်နာဆိုတာ ဘာလဲဆိုတာကို တော်တော်များများ အခုထိကွဲကြားစွာ မတေ့ွရသေးပဘူး။ ဒါဆိုရင် အရေးပြားလေးဖက်နာဟာ ဘာလဲ၊ ဘယ်လိုလက္ခဏာတွေရှိတတ်သလဲ၊ ဘယ်လိုအရာမျိုးတွေကို ဆောင်ရန်၊ ရှေင်ရန်ရှိနေလဲဆိုတာ ကြည့်လိုက်ရအောင်။ အရေပြားလေးဖက်နာဆိုတာ Rheumatoid arthritis လို့ခေါ်ပါတယ်။ Autoimmune နဲ့ inflammatory disease ဆိုတဲ့ ကိုယ့်ရဲ့ ကိုယ်ခံအားကနေ ခန္ဓာကိုယ်တွင်းမှာရှိနေတဲ့ healthy cells တွေကို မှားယွင်းစွာ တိုက်ခိုက်မှုကြောင့် ခန္ဓာကိုယ်မှာ ဖောယောင်တာမျိုးတွေ ဖြစ်လာတာပါ။ ဒီကနေမှတစ်ဆင့် သွေးကြောတွေကိုလည်း ထိခိုက်လာပြီးတော့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို သက်ရောက်မှုဖြစ်လာစေနိုင်ပါတယ်။ သာမန်လေးဖက်နာလိုမျိုး သွေးလေးဖက်နာဟာလည်း အဆစ်အမြစ်ကိုက်ခဲတာတွေ ဖြစ်တတ်တဲ့အပြင်ကိုမှ အရေပြားမှာ- အနီရောင်အကွက်ကြီး၊ […]
ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ
ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ အခုခေတ်မှာ လူတိုင်းလိုလို ဖုန်း၊ကွန်ပျူတာ အသုံးပြုကြပြီး မျက်စိကို တစ်ချိန်လုံး အနားမရအောင် ကြည့်နေကြပါတယ်။ screen အလင်းရောင်ကို တောက်လျှောက် ကြည့်နေတဲ့အခါ ရေရှည်မှာ မျက်စိကိုထိခိုက်လာစေပါတယ်။ screen အလင်းရောင် အကြည့်များလို့ ပင်ပန်းပြီး အားနည်းနေတဲ့ မျက်လုံးတွေကို သွေးလှည့် ပတ်မှုကောင်းစေပြီး အမြင်ကြည်လင်စေဖို့ နေ့စဉ်လုပ် ပေးသင့်တဲ့ မျက်လုံးလေ့ကျင့် ခန်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ ဖုန်းအသုံးများတဲ့သူတိုင်းလုပ်ပေးသင့်တဲ့မျက်စိအားကောင်းစေတဲ့လေ့ကျင့်ခန်းများ (၁) နှစ်မိနစ်မျက်တောင်ခတ်ခြင်း screen ကိုကြည့် တာများတဲ့အခါ မျက်တောင် ခတ်တဲ့အကြိမ်အရေ အတွက်နည်းပြီး မျက်လုံးခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်း၊ ကွန်ပျူတာကို ဆက်တိုက်ကြည့်ပြီး တဲ့အခါ နှစ်မိနစ်လောက်မျက်တောင်ခတ်ပေးပါ။ မျက်လုံးညောင်း ညာနေတာ ကိုပြေစေပြီး အမြင်ကြည်လင် စေပါတယ်။ (၂) မျက်နှာကျက် ကိုမော့ကြည့်ပြီး ဦးခေါင်းဘယ် […]
တစ်နေ့ကို ကြက်ဥ နှစ်လုံးစားရင် သင်ဘာတွေထူးခြားလာမလဲ…
တစ်နေ့ကို ကြက်ဥ နှစ်လုံးစားရင် သင်ဘာတွေထူးခြားလာမလဲ ကြက်ဥ ရဲ့အထောက်ကူပြုပုံတွေကို လူတွေခဏခဏမေးကြတာတွေ့ရပါတယ်။တစ်နေ့နှစ်လုံးစားပေးရုံနဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြုနိုင်တဲ့ကြက်ဥရဲ့အသုံးဝင်ပုံတွေကိုပြောပြပါမယ်။ ( ၁ ) မှတ်ဥာဏ်တွေကောင်းလာမယ် တစ်နေ့ကိုကြက်ဥနှစ်လုံးစားပေးရင် သင့်ခန္ဓာကိုယ်မှာ လုံလောက်တဲ့အာဟာရတွေရရှိပြီး Choline ဓာတ်တွေပိုများလာကာ မှတ်ဥာဏ်ကိုပိုမိုအားကောင်းလာစေပါတယ်။ ( ၂ ) မျက်လုံးအားပိုကောင်းလာမယ် ရှာဖွေတွေ့ရှိချက်အသစ်များအရ ကြက်ဥစားပေးခြင်းဟာ Lutein ဓာတ်ပိုမိုကြွဝစေတယ်လို့သိရပါတယ်။မျက်လုံးကိုအမြင်ကြည်ရှင်းလင်းစေပါတယ်။မျက်လုံးမှုန်ခြင်း..၊ မျက်ရိုးကိုက်ခြင်းတို့ကိုလည်းသက်သာစေပါတယ်။ ( ၃ )အသားရေ၊ ဆံသားနဲ့အသည်းတို့ကို ကာကွယ်ပေးနိုင် ဘိုင်အိုတင်း၊ဗီတာမင် B12 တို့ပါဝင်ကာ အစာခြေစနစ်တို့ကိုကောင်းမွန်စေပြီး အသားရေနဲ့ဆံသားတွေကိုလည်းကျန်းမာစေပါတယ်။ Phospholipids ပါဝင်တာကြောင့်အသည်းအတွက် အန္တရာယ်ဖြစ်စေနိုင်မယ့် အဆိပ်တွေကိုသုတ်သင်ပေးနိုင်ပါတယ်။ ( ၄ ) ဝိတ်တွေကျလာမယ် အမေရိကန် သိပ္ပံပညာရှင် များပြောစကားအရ ကြက်ဥ မှာ ကယ်လိုရီ ပါဝင်မှုနည်းတာကြောင့်မနက်စာအနေနဲ့ ကြက်ဥပြုတ်စားပေးမယ်ဆို ဝိတ်ကျတာပိုမြန်မယ်လို့သိရပါတယ်။ အစားစာချင်စိတ်ကိုလည်း […]
ရင်သားတွဲကျခြင်းကို တင်းရင်းအောင် ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်း (၂ )မျိုး
ရင်သားတွဲတာ ၊ နှစ်ဖက်မညီတာဟာ အိမ်ထောင်သည် ၊ ကလေးအမေတွေမှဖြစ်လေ့ရှိတာမဟုတ်ပါဘူး ။ နေထိုင်စားသောက်ပုံမှားယွင်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒီလိုရင်သားတွဲကျမှုအတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းနည်းနဲ့အိမ်တွင်းနည်းလမ်းလေးကို ဖော်ပြပေးချင်ပါတယ် ။ ပထမဆုံးအိမ်တွင်း နည်းလမ်းကောင်းတွေ အများကြီး ရှိပေမယ့် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လူသုံးများတဲ့ နည်းလမ်းလေးကို ပြောပြပေးပါမယ်နော် ။ လိုအပ်တဲ့ ပါဝင်ပစ္စည်းကတော့ တစ်မျိုးတည်းပါပဲ ။ အဲ့ဒါကတော့ သံလွင်ဆီစစ်စစ်ပဲဖြစ်ပါတယ် ။ ပထမဦးစွာ အိပ်ရာပေါ်လှဲပြီး ကျောနောက်မှာ ခေါင်းအုံးခံထားလိုက်ပါ ။ ထို့နောက် သံလွင်ဆီ အနည်းငယ်ကိုယူပြီး ရင်သားပေါ် ပွတ်လိုက်ပါ ။ ပြီးလျှင် ရင်သားကို စက်ဝိုင်းပံစံအတိုင်း နှိပ်နယ်ပေးရပါမယ် ။ နှိပ်တဲ့အခါ လက်နှစ်ဖက်စလုံးက ရင်သား တစ်ဖက်တစ်ချက်ဆီမှာ ရှိနေပြီး ပြိုင်နှိပ်ရမှာပါ ။ […]
အနံ့ပျောက်သူတွေအတွက် အနံ့ပြန်ရမယ့်နည်းလမ်းကောင်းလေးကို မျှဝေပေးလာတဲ့ ဖိုးချစ်…..
အနံ့ပျောက်သူတွေအတွက် အနံ့ပြန်ရမယ့်နည်းလမ်းကောင်းလေးကို မျှဝေပေးလာတဲ့ ဖိုးချစ်…. ဖိုးချစ်ကတော့ လတ်တလောတစ်ကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်ခံရတဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်တဲ့ အနံ့ပျောက်တာနဲ့ ပတ်သက်ပြီး သူသိထားတဲ့နည်းလမ်းကောင်းလေးကို မျှဝေခဲ့ပါတယ်။ အဲ့ဒါကတော့ ကြက်သွန်နီဥကို အပေါ်ယံအခွံခွာကာ အလုံးလိုက်ဝါးပြီး အရည်ကိုပါမြိုချပေးရမှာ ဖြစ်ပါတယ် ဒီလိုမျိုးနှစ်ကြိမ်ခန့်ပြုလုပ်ပြီးတာနဲ့ အနံ့ပြန်ရမှာဖြစ်ပြီး လူတချို့ကတော့ နောက်ရက်တွေကျရင် ဝမ်းနည်းနည်းသွားတတ်ပါတယ်တဲ့၊ ဒါပေမယ့် နုံးချိသွားခြင်းမရှိပါဘူးတဲ့ ပရိသတ်ကြီးရေ ပထမ အမွှေးရနံ့များရလာမှာဖြစ်ပြီး နောက်ရက်တွေမှာတော့ တခြားအနံ့တွေ ရလာပါမယ်ဆိုတဲ့အကြောင်း မျှဝေခဲ့ပါတယ် ငွေလည်းမကုန်၊ မပင်ပန်းဘဲ လွယ်ကူစွာလိုက်လုပ်နိုင်တဲ့နည်းလမ်းလေးဖြစ်တဲ့အပြင် အနံ့ပျောက်သူ ဆယ်ဦးလောက် ဒီနည်းလမ်းလေးလုပ်ကြည့်တာ အကုန်အနံ့ပြန်ရလာကြတာမိုယုံကြည်စွာလုပ်နိုင်ကြောင်း ရေးသားမျှဝေခဲ့တာပါ ဒါပေမယ့် ဒီလိုမျိုးမျှဝေပေးတာက ကြိတ်ကုဖို့မဟုတ်ဘဲ တကယ်အနံ့ပျောက်တာနဲ့ကြုံလာရင် ညွှန်ကြားထားတဲ့ဆေးရုံ၊ဆေးခန်းတွေကို သွားပြကြဖို့၊ ညွှန်ကြားချက်တွေအတိုင်း စနစ်တကျလုပ်ဆောင်ကြဖို့လည်း ထပ်ဆောင်းပြောကြားခဲ့ပါသေးတယ် ကြက်သွန်နီကတော့ တော်ရုံဖျားနာတာမျိုး၊အသက်ရှုကြပ်တာမျိုးစတာတွေအတွက် ရှေးအရင်အဆက်ဆက်ကတည်းက […]









