ဘုန်းတော်ကြီးတွေကို မဝေဖန်ကောင်းဘူးလား…(ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်) ဘုန်းတော်ကြီးတွေကို မဝေဖန်ကောင်းဘူးလား… (ပါချုပ်ဆရာတော်ကြီးမိန့်ကြားချက်) *ဘုန်းကြီးရဟန်းတွေကိုဝေဖန်ရင်ငရဲကြီးတယ်။ အပြစ်ဖြစ်တယ်ဆိုတာဟုတ်ပါသလားဘုရား။လူပုဂ္ဂိုလ်တွေကဘုန်းကြီးရဟန်းတွေကို လုံးဝေဝဖန်ပိုင်ခွင့်မရှိဘူးဆိုတာဟုတ်ပါသလား။မေးသင့်မေးထိုက်တဲ့ မေးခွန်းဖြစ်ပြီး အဖြေကိုလည်းကျယ်ကျယ်ပြန့်ပြန့်ပြန်လည်ဆွေးနွေးနွေးဖြေကြားပေးမှ ကောင်းမယ်လို့ထင်မြင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ဘာသာရေးနဲ့ပတ်သက်ပြီးဝေဖန်ပြောဆိုရမှာကို ဗုဒ္ဓဘာသာဝင်အများစုဟာကြောက်ရွံ့ထိတ်လန့်တတ်ကြသလို ဝေဖန်သူရှိရင်တောင် မိစ္ဆာဒိဋ္ဌိတစ်ဦးသဖွယ် ရှု့မြင်တတ်ကြလို့ပါ။ ဗုဒ္ဓဘာသာဝင်မှန်ရင် ကလေးဘဝထဲက ငရဲကြီးလိမ့်မယ်ဆိုတဲ့ စကားနဲ့ကြီးပျင်းလာခဲ့ရတာမို့ ဗုဒ္ဓဘာသာဝင်မှန်ရင် အားလုံးနီးပါးကငရဲကြီးမှာ ကြောက်ကြတာ ဆန်းတော့လဲမဆန်းပါဘူး။ မြတ်စွာဘုရားရှင်က ဝိဘဇ္ဇဝါဒတော်ရှိပေမယ့် ရှင်ရဟန်းတွေပဲဖြစ်ဖြစ် ဘာသာဝင်တွေပဲဖြစ်ဖြစ် ကိုယ်တိုင်ဝေဖန်ရေးလုပ်ရမှာကိုလည်း သေမလောက်ကြောက်ကြသလိုအဝေဖန်ခံလိုက်ရပြီဆိုရင်လည်း ငါ့ကို ကောင်းစေချင်လို့ အပြုသဘောဝေဖန်တာလား – ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်လို့ အပျက်သဘောကဲ့ရဲ့အတင်းဆို ရှုတ်ချပြီးပြောတာလားဆိုတာကို မဝေခွဲတော့ပဲ`မင်းကတော့ ဘယ်လောက်ကောင်းနေလို့လဲ!ဆိုတဲ့ စကားလုံးကြမ်းကြမ်းတွေနဲ့ပြန်လည်တုန့်ပြန်တတ်ကြပါတယ်။ မညှာမတာဝေဖန်ရရင် ဒါဟာ ပညာမဲ့ခြင်းရဲ့အစဖြစ်ပြီး လူမိုက်တွေရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါဟာ ထေရဝါဒဗုဒ္ဓသာသနာတော်မှာ နေလိုလလို ထင်ရှားကျော်ကြားပါတယ်။ ဝိသာခါကျောင်းအမကြီးဟာ lရဟန်းတော်တွေကိုအကိုလိုမောင်လိုသားလိုလေးစားကြည်ညိုချစ်ခင်မြတ်နိုးတတ်သူတစ်ဦးဖြစ်ပြီး ရဟန်းတော်တွေ သာသနာ့ဝန်ကို အားသွန်ကြိုးပမ်းထမ်းရွက်နိုင်အောင် […]
ဗဟုသုတ
သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ်
သခင်အောင်ဆန်းနှင့် သူ့ကဗျာ သူ့နိမိတ် ၁၉၈၀ ပြည့်နှစ် ဇူလိုင်လထုတ် စစ်ပြန်မဂ္ဂဇင်းတွင် သခင်အောင်ဆန်းနဲ့ ကဗျာတပုဒ်ဟူသော ဆောင်းပါးကို သုတေသီတဦးဖြစ်သူ မောင်သော်ကက ရေးသားတင်ပြခဲ့ပါသည်။ သခင်အောင်ဆန်း၏ ကဗျာမှ William Ernest Henley ရေးသားသည့် အင်္ဂလိပ်ကဗျာ Invictus ကို မှီငြမ်းပြု၍ ရေးသားကြောင်းကိုလည်း တင်ပြထားပါသည်။ ဤကဗျာကို သခင်အောင်ဆန်းသည် ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်း အတွဲ ၆၊ အမှတ် ၁၊ ခေါင်းကြီးပိုင်းတွင် ရေးသားထည့်သွင်းခဲ့ပါသည်။ကဗျာ၏အမည်မှာ “အနိုင်မခံ” ဖြစ်ပါသည်။ ထိုအခါက သခင်အောင်ဆန်းသည် အိုးဝေမဂ္ဂဇင်းတာဝန်ခံ အယ်ဒီတာ ဖြစ်သဖြင့် ခေါင်းကြီးပိုင်းကို သခင်အောင်ဆန်းပင် ရေးမည် ထင်ကြောင်း၊ သို့သော် ထိုခေတ်အခါက မသိနားမလည်သူများကမူ ယင်းကဗျာကို သခင်အောင်ဆန်း မရေး၊ အစကနဦး ရေးသားသူမှာ […]
လူသားတိုင်းအတွက် အရေးကြီးသည့် အရေး(၅)ပါး
လူသားတိုင်းအတွက် အရေးကြီးသည့် အရေး(၅)ပါး လူတိုင်းအတွက် အရေးကြီးသည့် အရေး(၅)ပါး နိုင်ငံရေး၊ စီးပွားရေး၊ကျန်းမာရေး၊ပညာရေး၊ဘာသာရေးသည်လူတိုင်းအတွက်အ ဓိကဖြစ်ပါတယ်။ နိုင်ငံ ရေး နိုင်ငံရေး ဆိုတာ “မိမိတို့နေထိုင်ကြသည့် ရက်ကွက်၊ကျေးရွာ၊မြို့၊တိုင်း၊ပြည်နယ်များအားလုံးကို ခြုံငုံ၍ “နိုင်ငံ”ဟု အမည်သတ်မှတ်ကာ ခေါ်ဆိုခြင်းဖြစ်ပါ တယ်။ မိမိတို့နေထိုင်ရာနိုင်ငံ၏အရေးသည် မိမိတို့၏ အရေးပင်ဖြစ်ပါတယ်။ မိမိတို့အရေးကောင်းမှ သာလျှင် နိုင်ငံရေးသည်လည်းကောင်းပါ လိမ့်မယ်။ နိုင်ငံ ရေး သည် နိုင်ငံ၏အရေး (သို့) နိုင်ငံအတွင်းရှိ နေထိုင်သူ တို့၏အရေး ဖြစ်ပါတယ်။ စီးပွား ရေး မိမိတို့နေထိုင်ရာ ဒေသ ပတ်ဝန်းကျင် ငြိမ်းချမ်းသာယာမှ သာလျှင် အလုပ်ကောင်းမွန်စွာ လုပ်ကိုင်နိုင်ရမည်။ မိမိတို့လုပ်ကိုင်သည့် အလုပ်များ တွင်ကျယ်စွာ လုပ်ကိုင်နိုင်မှသာ စီးပွားရေး (သို့) ဝင်ငွေများ ရရှိကြ၍ စားဝတ်နေရေး အတွက် […]
အနော်ရထာမင်း ၏ ထူးဆန်းသော အိမ်မက်ကြီး(၃) ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း
အနော်ရထာမင်း ၏ ထူးဆန်းသော အိမ်မက်ကြီး(၃) ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်း ဓမ္ပဒီပတိုင်း ပုဂံပြည့်ရှင် အနော်ရထာမင်း သည် သူနတ်ရွာမစံမီ (၇) ရက်အလိုတွင် ထူးဆန်းသောအိမ် မက်ကြီးသုံးခုကို မက်လေသည်။ ပထမအိမ်မက် – အနော်ရထာမင်း ၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး ထိုမီးတောက်ထဲမှ ရဲမက် တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းကို ပြန် ထောင်လေသည်။ ဒုတိယအိမ်မက် – အနော်ရထာမင်း၏ နန်းတော်သည် လည်းပြိုကျလေသည်။ထိုအခါ နန်းတော် အနောက်တွင် ရှိသော မီးဖိုထဲ မှ မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည်တည်ဆောက်ပေးလေသည်။ တတိယအိမ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရားတည်ရှိနေပြီး မြေကြီးပေါ်တွင် […]
ဆရာတော်ကြီးတစ်ပါးတည်း စကားပြောနေလို့ ကင်မရာနဲ့ ရိုက်မိလိုက်တဲ့အခါ
လူသားတွေနဲ့ မတူကြပါဘူး….ဒီလို ထူးခြားတဲ့ပုဂ္ဂိုလ်တွေထဲမှာ ခမုံဆရာတော်ကြီးရဲ့ ထူးခြားတဲ့ ဖြစ်စဉ်လေးကို ပရိသတ်ကြီးတို့ သိရှိကြည်ညိုနိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ရပါတယ်… ((မြန်မာနိုင်ငံ ပဋိပတ္တိသမိုင်းတစ်လျောက် ထူးခြားလှတဲ့သံဃာတော်များ လူပုဂ္ဂိုလ်များအမြောက်အများရှိကြတဲ့ ထဲမှာ ဖိနပ်မစီး ထီးမဆောင်း ကျောင်း ၁၂ ကျောင်းကိုခေါင်းလောင်းထိုးလှူခဲ့တဲ့ ခမုံဆရာတော်ကြီး လည်းတစ်ပါး အပါအဝင်ဖြစ်ပါတယ် … ဆရာတော်ကြီးဟာ အရပ်မြင့်မြင့် အသားဖြူ ဖြူ ကြည်လင်သောအသားအရည် ခန့်ညားတဲ့ ဥပဓိရုပ်နဲ့ ပြည့်စုံတဲ့ ဆရာတော်ကြီးဖြစ်ပြီး အမြဲတမ်း တက်ကြွရွှင်လန်းစွာ ပရိတ်သတ်နဲ့ တရင်းတနှီးနေလေ့ရှိပါတယ် … ဆရာတော်ကြီးရဲ့ဓမ္မစွမ်းအား လောကီစွမ်းအားမည်မျှထိ ရှိတယ်ဆိုတာကို သာမန်လူတို့ ခန့်မှန်းဖို့ မဖြစ်နိုင်ပေမယ့် ကာလတစ်ခုထိ တပည့်သာဝကအဖြစ် အတူရှိနေခဲ့ဖူးတဲ့အဘဦးကောင်းခန့်ရဲ့အတွေ့အကြုံများအရ ဆရာတော်ကြီးဟာ ထူးခြားသောဝိသေသရှိတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်ဆိုတာ မြေကြီးလက်ခတ် မလွဲသိရှိရပါတယ် … လွန်ခဲ့သော နှစ် […]
ငါနဲ့မဆိုင်ပဲနေစိမ့်တဲ့အခါ အသာနေရင် အသေနာသွားရတဲ့ ကြွက်ကလေးပုံပြင်
အသာနေရင်အသေနာလိမ့်မယ်ကြွက်ကလေးတစ်ကောင်ဟာနရံတစ်ခုရဲ့အပေါက်လေးတစ်ပေါက်ကနေငေးကြည့်နေရင်းနဲ့လယ်သမားကြီးနဲ့သူရဲ့ဇနီးတို့အထုပ်ကြီးတစ်ထုပ်ကိုဖွင့်နေတာကိုတွေ့လိုက်ရတယ် ကြွက်ကလေးဟာအဲ့အထုပ်ထဲမှာအရသာရှိတဲ့အစားအစာတွေရှိနေမလားဆိုပြီးသိချင်စိတ်များနေလေသတဲ့။ဒါပေမယ့်အထုပ်ထဲမှာပါတဲ့အရာကကြွက်ထောင်ချောက်တစ်ခုဆိုတာတွေ့လိုက်ရတဲ့အချိန်မှာတော့ကြွက်ကလေးအရမ်းကို တုန်လှုပ်သွားခဲ့တယ်။ဒါကိုသိပြီးတဲ့နောက်ကြွက်ကလေးကသူ့မိတ်ဆွေတွေအားလုံးကိုပြေးပြီးအသိပေးတော့တယ်။လယ်သမားကြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရောက်နေပြီဟေ့လို့ပြောလိုက်တယ်အဲ့အချိန်မှာအစာစားနေတဲ့ ကြက်မကြီးကနေကြွက်ကလေးကိုကြည့်ပြီးပြောလိုက်တယ်။ကြွက်ကလေးရေဒါကမင်းအတွက်ပြသနာကြီးတစ်ခုဆိုပေမယ့်ငါတို့အတွက်သိပ်အရေးမကြီးသလိုဆိုင်လဲမဆိုင်ဘူးလေလို့ပြောလိုက်တယ်အဲ့ဒီနောက်ကြွက်ကလေးက သူ့မိတ်ဆွေသိုးလေးဆီဆက်သွားခဲ့တယ်လယ်သမားကြီးအိမ်ထဲမှာကြွက်ထောင်ချောက်တစ်ခုရှိနေတယ်လို့ပြောပြလိုက်တယ်သိုးကလေးကကြွက်ကလေးရေဒီကိစ္စအတွက်ငါလုပ်ပေးနိုင်တာတစ်ခုမှမရှိလောက်ဘူးလို့ပြောလိုက်တယ် ဒါပေမယ့်စိတ်မပူပါနဲ့မင်းကံကောင်းဖို့အတွက်ငါဆုတောင်းပေးနေမှာပါ။ကြွက်ကလေးကသူ့မိတ်ဆွေနွားမကြီးဆီသွားပြီးကြွက်ထောက်ခြောတစ်ခုရှိနေတဲ့အကြောင်းကိုပြောပြတယ်နွားမကြီးကလဲကောင်းပါပြီကြွက်ကလေးရေငါ့အတွက် တော့န္တရာယ်ကြီးကြီးမားမားမရှိနိုင်လောက်ပါဘူးလို့ပြောလိုက်ပြန်တယ်နောက်ဆုံးတော့ကြွက်ကလေးလဲ၀မ်းနည်းစိတ်ပျက်စွာနဲ့ကြွက်ထောင်ချောက်ကိုရင်ဆိုင်ဖို့အတွက်သတ္တိရှိရှိနဲ့အိမ်ကိုပြန်လာလိုက်တယ်ဒီလိုနဲ့ ကြွက်ထောင်ချောက်မှာအကောင်တစ်ကောင်မိတဲ့အသံကိုကြားလိုက်ရတယ်လယ်သမားကြီးရဲ့ဇနီးကဘာဖြစ်တာလဲဆိုပြီးအပြေးအလွှားလာကြည့်တဲ့အခါမှာညပိုင်းဆိုတော့အရမ်းမှောင်ပြီးဘာမှမမြင်ရတာကြောင်ကြွက်ထောင်ချောက်မှာ ဘာအကောင်မိနေလဲဆိုတာကိုသူသေချာမမြင်ရဘူး။ကြွက်ထောင်ချောက်မှာမိနေတာကမြွေအမြီးကြီးဖြစ်နေတယ်။ခေါင်းပိုင်းလွတ်နေတဲ့အတွက်ကြောင့်မြွေကလယ်သမားကြီးရဲ့ဇနီးကိုကိုက်လိုက်တယ်။လယ်သမားကြီးကသူ့ဇနီးကို မြွေကိုက်တာလဲမြင်ရောချက်ချင်ပွေ့ပြီးဆေးရုံကိုတန်းပြေးတယ်။လယ်သမားကြီးဇနီးဆေးရုံကဆင်းလာတဲ့အချိန်မှာသူမရဲ့ဖျားနာတဲ့ဒဏ်ရာကိုသက်သာအောင်စွပ်ပြုတ်ပူပူလေးတစ်ခွက်တိုက်ဖို့လိုအပ်လာတယ်။လယ်သမာကြီးက စွပ်ပြုတ်ချက်ဖို့အတွက်ဟင်းအမယ်တခုရအောင်အိမ်မှာရှိတဲ့ကြက်ကလေးကိုဖော်လိုက်ပါတော့တယ်လယ်သမားကြီးရဲ့ဇနီးနေမကောင်းတာကိုကြားလို့သူရဲ့အိမ်နီးချင်းနဲ့ဆွေမျိုးတွေကသတင်းမေးဖို့ရောက်လာတယ် သတင်မေးတဲ့သူတွေကိုဧည့်ခံဖို့ဟင်းမရှိလို့သိုးကလေးကိုအသားဖော်ပြီးသိုးသားဟင်းချက်လိုက်ရတယ်ကံမကောင်းစွာနဲ့ပဲလယ်သမားကြီးမိန်းမကအဖျားဒဏ်မခံနိုင်ဘဲဆုံးသွားခဲ့တယ်Credit Story
လပြည့်ည ရောက်တိုင်း ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာ
လပြည့်ည ရောက်တိုင်း ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာ ငွေဝင်ဂါထာဟု ကျော်ကြားသော ဒိဝါတပတိဂါထာတော် သဗ္ဗမင်္ဂလာဂါထာပါဠိတော် (၁) ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ စျာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိ ံဗုဒ္ဓေါ တပတိ တေဇသာ။ (၂) တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ။ ဂါထာတော် မြန်မာပြန် အနက် (၁) နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။ လမင်းသည် ညဥ့်အခါ၌သာ တောက်ပ၏။ […]
သော့ပေါင်း(၁၃)ချောင်းကိုကျော်ဖြတ်ပြီးမှပူဇော်ကန်တော့ခွင့်ရမဲ့ရှေးဟောင်းရွှေဆင်းတုဘုရား
သမီးမိုက်မဖြစ်စေနဲ့ ( အရမ်းကောင်းလို့ဖတ်စေချင်)
သမီးမိုက်မဖြစ်စေနဲ့ ( အရမ်းကောင်းလို့ဖတ်စေချင်) စာဖတ်မပျင်းပါနဲ့ ….ဖတ်ကြည့်စေ ချင်ပါတယ် ။ ညီမလေး တို့ရေ ဆင်းရဲတဲ့ လင်မယား ၂ ယောက်မှာ စာတော်တဲ့ သမီးလေး ရှိတယ် ၊ တစ်နေ့ သမီးလေးဟာ အတန်းတင် စာမေးပွဲမှာ ပထမ ရတယ် ။ အဖေဟာ ဝမ်းသာလွန်း လို့ လိုချင်တာဝယ်ပေးမယ် ပြောတယ် ။သမီးလေးဟာ သိပ်လိုချင်ခဲ့ပေမဲ့ အဖေမှာ ပိုက်ဆံ မရှိမှန်းသိလို့ မပူဆာခဲ့တဲ့ အဝတ်အစား တစ်စုံကိုလိုချင်တယ်လို့ ပြောလိုက် တယ် ။ နောက်တစ်နေ့မှာ အဖေဟာ သမီးလေး လိုချင်တဲ့ အဝတ်တစ်စုံကို ပေးလိုက် တယ် ၊ သမီးလေးဟာ ဝတ်ကြည့်ပြီး မှန်ရှေ့မှာ ပျော်လို့ ၊ အဖေ ကလည်း […]
ငွေဝင်မည့်နိမိတ် 👉👉👉 (ရှဲလ်သောသူလာဘ်ရွှင်မည်)
ငွေဝင်မည့်နိမိတ် 👉👉👉 (ရှဲလ်သောသူလာဘ်ရွှင်မည်) လူရဲ့သည်းခြေကြိုက်ဟာငွေပါ။ ငွေမရှိရင်လဲ လူတွေဟာလောကကြီးမှာရပ်တည်နေထိုင်ဖို့ ခက်ခဲလှပါတယ်။ ငွေရှိမှလဲ၊ စားဝတ်နေရေးပညာရေးကနေ ကျန်းမာရေးအဆုံး ပြေပြေလည်လည်ဖြစ်နိုင်မှာပါ။ ဒီအတွက်လူတွေဟာငွေကို ရှာကြရတယ်။ စိတ်ကောင်းရှိတဲ့လူများက သမ္မာအာဇီဝလို့ခေါ်တဲ့ မှန်မှန်ကန်ကန်ရှာဖွေပြီး၊ အသက်မွေးကြတယ်။ ဒီလိုမဟုတ်ပဲ၊ စိတ်ကောင်းမရှိတဲ့သူများ(စိတ်ယုတ်မာ ရှိတဲ့သူများ)ကျတော့ မသမ္မာတဲ့နည်းနဲ့ရှာဖွေပြီး အသက်မွေးကြတယ်။ (ခိုးဆိုးလုနှိုက်)အဲဒီအပြင် ဝိသမလောဘနဲ့လောသတကြီးနဲ့ လူအချင်းချင်းဂုတ်သွေးစုတ်ကြတယ်။ အာဏာအရင်းတည်ပြီး၊ မတော်မတရားသိမ်းပိုက်လာကြတယ်၊ ဓားပြအကြီးစားတွေ ဖြစ်လာကြတယ်။ ထားတော့ငွေဆိုတဲ့အရာဝတ္ထုကို မလိုချင်တဲ့ လူရယ်လို့မရှိပါဘူး။ တရားမျှတစွာလိုချင်သူနဲ့ မတရားလိုချင်သူပဲကွာတာပါ။ လုံးဝမလိုချင်တော့ပါဘူးဆိုတဲ့လူဟာ ဘုရား၊ ရဟန္တာ၊ ပစ်စကေဗုဒ်ဓါတှပေဲရှိမှာပါ။ ပုထုဇဉ်လူသား အနေနဲ့တော့ ငွေကို မလိုချင်တဲ့သူ မရှိနိုင်ပါဘူး။ စားဝတ်နေရေး၊ သာရေး၊ နာရေးတွေ ရှိနေကြတဲ့အတွက်၊ ငွေဟာသူ့အိုးနဲ့သူ့ဆန်တန်သလောက်တော့ လိုနေကြတာပါပဲ။ ကျားကြီးရင် ခြေရာကြီးသတဲ့။ သူ့အထွာနဲ့သူတော့ သူ့အတိုင်း အတာနဲ့သူတော့ရှိနေကြတာပါပဲ။ ဒီတော့ငွေဝင်မယ်ဆိုတဲ့သတင်းကြားရရင် […]