ဗဟုသုတ

မိန်းကလေး တစ်ယောက် ရဲ့ (အိုး) တင် ၊ ရင် တွေကြည့်ပြီး အပျိုစစ် လား? မစစ်လား? ဝေဖန်နေကြတဲ့ တစ်ချို့ လူတွေ ဖတ်ဖို့

ယောက်ျားဆိုတာ မယုတ်မာ ဖို့ပဲ လိုတာပါ မိန်းကလေးတစ်ယောက် ရဲ့ တင် ရင် တွေကြည့်ပြီးအပျိုစစ်လား မစစ်လား ဝေဖန်နေတဲ့ တစ်ချို့ကောင်တွေမင်းတို့ရော လူပျိုစစ်ရဲ့လား?ရမလား စမ်းတာ ယောက်ျား သဘာဝလို့ မပြောပါနဲ့ အဲ့ဒီစကားတစ်ခွန်းကြောင့် မိန်းကလေးပေါင်းများစွာရဲ့အရှက်သိက္ခာ နစ်နာမှုတွေ ဘယ်လောက်များပြီးလဲကိုယ်ချင်းစာမိရဲ့လား? အိုင်တွေ့လို့ ခြေဆေးမယ် ဆိုကတည်းက ကိုယ်ခြေထောက်က နဂိုကတည်းက မသန့်လို့ပဲ ဆိုတာသိထားပါ… ကိုယ်ကိုယ်တိုင်က နှမချင်းစာနာတတ်တဲ့ စိတ် မရှိရင် ခွေးထက်ယုတ်ညံသွားလိမ့်မယ်… Tattoo ထိုးမှ ယောက်ျား ပီသတယ် ထင်နေ လားဆေးလိပ်/ အရက်သောက်မှ ယောက်ျားပီသတယ် ထင်နေလား..? ဗလတောင့်မှ ယောက်ျားပီသတယ် ထင်နေလား ?နောက်ဆုံးစစ်တပ်ထဲဝင်မှ ယောက်ျားပီသတယ် ထင်နေလား? တစ်ကယ် တမ်းတော့ ယောက်ျားပီသဖို့ သူများသားသမီးကိုမယုတ်မာဖို့ပဲ လိုတာပါ မင်းသာ ယောက်ျားကောင်းတစ်ယောက်ဆိုရင် […]

ဗဟုသုတ

ဝါယာရှော့စ် ကြောင့် ဖြစ်သော မီးဘေး ကာကွယ်နိုင်ဖို့ အချိန်သုံးမိနစ်ဖြင့် မဖြစ်မနေဖတ်ရှု့ပေးကြပါ

အချိန်သုံးမိနစ်ဖြင့် မဖြစ်မနေဖတ်ရှု့ပေးကြပါ ဝါယာရှော့စ် မီးဘေး ကာကွယ်နည်း မြန်မာနိုင်ငံအနှံအပြားတွင် မီးလောင်းခြင်းများလေ့လာကြည့်ရာ ဝါယာရှောစ် ကြောင့်အများဆုံးဖြစ်နေပါသည်ဘာကြောင့် ဝါယာရှောစ် ဖြစ်ရပါသလဲ ကျွန်တော် အတွေ့ကြုံနှင့်သိသလောက့်ရှင်းပြပါမည်တိုးတက့်လာသော လူနေမှု့အဆင်တန်း များ ၏ အဓိကသော့ချက့်တစ်ခုဖြစ်သော အိမ်တွင်းလျှပ်စစ်အသုံးဆောင်ပစ္စည်းများ များပြားစွာ ယခု ငါးနှစ်အတွင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက့်လာပါသည် ယခင် ကမိမိအိမ်တွင် သွယ်တန်းထားသော မီကြိုးများ ၏ ခံနိုင်ရည် ထက့် ယခု အိမ်တစ်အိမ်အတွင်း သုံးစွဲနေသော လျှပ်စစ်ပစ္စည်းများ Load ကပိုများနေသည်ကို သတိမထားမိကြပါ ။မျိုးစုံသော လျှပ်စစ်ပစ္စည်းများကိုသာ တစ်ခုပြီးတစ်ခု ဝယ်ယူကြပြီး အိမ်အတွင်း သွယ်တန်းထားသော မီးကြိုးများကို လဲရန် မည်သူမျှ စိတ်မဝင်စားကြပါ ပလပ်ပေါက့်ရှိရင် ထိုးပြီးအသုံးပြုလိုရသည်ဆိုသော အတွေးများသာ မြန်မာနိုင်ငံပြည်သူအများစုသိရှိကြပါသည် ။ကန်ထရိုက့်တိုက့်များတွင်လည်း လျှပ်စစ် […]

ဗဟုသုတ

ဝိတ်ချ နေရင်း ကြုံနေရမယ့် သင်သတိမထားမိတဲ့ ထောင်ချောက်တွေ

ကိုယ်က သစ္စာရှိရှိနဲ့ ဝိတ်ချ နေပါတယ်။ စားချင်တာတွေကို အောင့်ထားရတယ်၊ အပင်ပန်းခံပြီး အားကစားလုပ်တယ်၊ လမ်းလျှောက်ထွက်တယ်၊ အရသာမရှိတဲ့ diet ပလန်တွေလည်း ကြိုးစားပြီး စားပါတယ်။ ဒါပေမယ့် ဝိတ်ကမကျတဲ့အပြင် ပိုတောင်တက်တက်လာလို့ စိတ်ညစ်နေရတာမျိုး သိပ်ဆိုးပါတယ်နော်။ ကိုယ်အလေးချိန်ထိန်းဖို့ လေ့ကျင့်ခန်းတွေနဲ့ diet တွေက အရေးပါတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ သတိမထားမိလိုက်တဲ့ထောင်ချောက်တွေ ရှိနေတတ်ပါတယ်။ အဲဒါတွေကြောင့် ကြိုးစားထားသမျှ အရာမထင်တာ၊ ဖတ်ခနဲ ဝိတ်ပြန်တက်တာတွေ ဖြစ်စေတာပေါ့။ အဲဒီထောင်ချောက်တွေက ဘာတွေများလဲ ဆက်ပြီးကြည့်ရအောင်… ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက်တွေ အစားများသွားတာ ကျန်းမာရေးနဲ့ညီတာ ကောင်းတယ်ဆိုပေမယ့်လည်း ပမာဏကလည်း အရေးပါတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဥပမာ ထောပတ်သီး၊ အုတ်ဂျုံ၊ ဆန်လုံးညို၊ အစေ့အဆန် စတဲ့ အာဟာရပြည့်အစားအစာတွေကို ဝိတ်ချပလန်မှာ အသုံးများပေမယ့် လိုတာထက်ပိုစားမိရင် ကယ်လိုရီများပြီး […]

ဗဟုသုတ

တစ်ကယ့်အဖြစ်ပျက်လေးပါ ဖာခေါင်းများသို့ပေးစာ

တစ်ကယ်အဖြစ်ပျက်လေးပါ ဖာခေါင်းများသို့ပေးစာ ယခုခေတ် လူငယ် ကျား/မ မရွေး ပြီးဆုံးအောင်ဖတ်ပေးကြ​စေလိုပါတယ်​​နော်​. a´ ” ဟျောင့် ငါ့စော်ဆီကအဖြေရပြီကွ “b´ ” ဟုတ်လား ” Congrats သားကြီးတစ်ဝိုင်းတော့လုပ်လိုက်တော့ လအနည်းငယ်အကြာ b ဟျောင့် မင်းစော်နဲ့ ဘယ်အခြေအနေရောက်နေပြီလဲ ” ပြောစမ်းပါဦး ” a ဒီလိုပါပဲကွာ ” အဆင်ပြေပါတယ် ” b ငါမေးတာက ဟိုဟာဒီဟာလုပ်ပြီးပြီလား a ” ဟာ ” မဖြစ်ရသေးပါဘူးကွာဒီတိုင်း ရိုးရိုးသားသားပဲချစ်ကြတာပါကွ b မင်းကလဲ ညံ့လိုက်တာကွာ,,,ဒီခေတ်က ကိုယ်မစားရင် ” သူများစားတဲ့ခေတ်ကွ ” a ” ဟင် ” ဟျောင့် ဘာဆိုင်လို့လဲကွ b ” အေးမှတ်ထား […]

ဗဟုသုတ

လူတစ်ယောက် သင့်အကြောင်း အိပ်မက်မက်စေချင်ရင် ဒါတွေ လုပ်ကြည့်ပါ

လူတစ်ယောက်ကို ကိုယ့်အကြောင်း အိပ်မက်စေဖို့ဆိုတာ တော်တော် ခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်အိပ်မက်တောင် ဘာကို မက်ချင်တယ်ဆိုပြီး ကြိုတင်ပြီး အစီအစဉ်ချထားလို့မှ မရတာကိုး။ ဒါပေမယ့် မဖြစ်နိုင်ဘူးရယ်တော့ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ မသိစိတ်က လူတစ်ယောက် ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ညဘက်မှာ အိပ်မက်အဖြစ် အသွင်ပြောင်းပစ်လိုက်ခြင်း ဖြစ်ပါတယ် …။ မသိစိတ်ဆိုတာကလည်း ကိုယ်တွေလူသားတွေအနေနဲ့ လုံးဝမသိတဲ့ အတွက် မသိစိတ်ရယ်လို့ နာမည်ပေးထားခြင်း ဖြစ်ပါတယ်ဒါပေမဲ့ မသိစိတ်အကြောင်းကို လုံးလုံးလျားလျားကြီး မသိကြတာမဟုတ်ဘဲ မသိစိတ်မှာ စိုးမိုးသွားစေနိုင်တယ်လို့ ယူဆထားတယ် အချက်လေးတွေရှိပါတယ်။ အခုတော့ လူတစ်ယောက် မိမိအကြောင်းကို အိပ်မက်မက်စေဖို့ သူရဲ့ မသိစိတ်ထဲမှာ စိုးမိုးသွားစေနိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော် …။ ၁။ မသိစိတ်ထဲရောက်အောင်လုပ်ပါ” အထက်က ပြောခဲ့သလိုပါပဲ မသိစိတ်က လူတွေရဲ့ […]

ဗဟုသုတ

“အသည်းလေးတွေက ‌ပြော‌တဲ့ ဘာသာစကား”

❤ (Red heart) ဂန္တဝင်မြောက် အချစ်ရဲ့ သင်္ကေတ ပါ။ရိုဆန်တဲ့ သဘောနဲ့ သုံးလို့ ရသလို သူငယ်ချင်းတွေ ကြားမှာလည်း သုံးလို့ ရပါ တယ်တဲ့ 🧡 (Orange heart) – Friend zone ရဲ့ သင်္ကေတလို့ ပြောရမယ် ထင်တယ်။ သိပ်စိတ် မပါတဲ့ အချစ်၊ မတွဲချင်ဘူး သူငယ်ချင်း‌တွေလိုပဲ ဆက်‌နေချင်တဲ့ အခါမျိုးကို ကိုယ်စားပြု နိုင်ပါ တယ်တဲ့ 💛 (Yellow heart) – ကောင်းမြတ်သော နှလုံးသား။ နွေးထွေးတဲ့ အချစ်နဲ့ နှလုံးသားရဲ့ သန့်ရှင်းဖြူစင်မှု။ ပျော်ရွှင်မှု သူငယ်ချင်း သံယောဇဉ်နဲ့ ဘဝရဲ့ စိတ်ချမ်းသာ စရာတွေကို ရည်ညန်း ပါတယ်တဲ့ 💚 (Green […]

ဗဟုသုတ

ဘဝမှာ ရှေ့ဆက်ဘာလုပ်ရမှန်းမသိဘဲ့ လမ်းပျောက်နေတဲ့သူတွေ ဖတ်ဖို့

လူတိုင်းက ရည်မှန်းချက်ကိုယ်စီနဲ့ကြိုးစားနေကြတဲ့ အချိန်မှာ ကိုယ်တစ်ယောက်တည်း ဘဝကြီးကိုငြီးငွေ့ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိ လမ်းပျောက်နေသလိုမျိုး ဖြစ်ဖူးပါသလား?? ဒါဆိုရင်တော့ ဒီလိုအချိန်ဟာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သင်ကောင်းကောင်း နားလည်မှာပါ။ ဘာလုပ်ရမှန်းမသိ၊ ဘာမှလည်းမလုပ် ချင်ဘူးဆိုတဲ့စိတ်မျိုးဖြစ်နေတဲ့အခါမှာ ဒီအချက်လေး တွေကို လုပ်ပေးမယ်ဆိုရင် လမ်းပျောက်နေတဲ့အခြေအနေကနေ ပြန်ပြီးအဆင်ပြေလာမှာပါ။ ၁။ သင့်ကိုစိတ်ဖိစီးစေတဲ့ ပတ်ဝန်းကျင်ကိုရှောင်ပါ ကိုယ်တိုင်က ရှေ့ဆက်ဘာလုပ်ရမယ်မှန်းမသိ ရည်မှန်းချက်ပျောက်နေချိန်မှာ စိတ်ဖိစီးမှုတွေထပ်ဖြစ်လာမယ်ဆိုရင် အခြေအနေက ပိုဆိုးသွားပြီး ထစ်ခနဲရှိစိတ်တိုဒေါသထွက်တတ်တဲ့သူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီလိုဖြစ်နေပြီဆိုရင် ကိုယ့်ကိုစိတ်ဖိစီးစေတဲ့ပတ်ဝန်းကျင်ကို ရှောင်ပြီး တစ်ယောက်တည်းအေးအေးဆေးဆေး နေနိုင်အောင်ကြိုးစားပါ။ ခရီး လေးဘာလေး ထွက်သင့်ရင်ထွက်ပါ။ ခရီးမထွက်နိုင်ဘူး၊ တစ်ယောက်တည်းနေဖို့လည်း အဆင်မပြေဘူးဆိုရင်တော့ ပိတ်ရက်၊အားလပ်ရက်တွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေးအပြင်ထွက်လမ်း လျှောက်တာ၊ လူရှင်းတဲ့ကော်ဖီဆိုင်မှာထိုင်တာ၊ တိတ်ဆိတ်တဲ့နေရာလေးမှာ စာအုပ်ဖတ်တာမျိုး လုပ်ပေးပါ။ ကိုယ့်ကို စိတ်ပျော်ရွှင်စေတဲ့သူတွေ […]

ဗဟုသုတ

အိမ်တောင်လူမိုက်_ဘူးမစိုက်နဲ့ ဆိုတဲ့ စကားပုံ၏ အဓိပ္ပါယ်

သည်စကားပုံလေး ငယ်စဉ်ကပင် ကြားဖူးခဲ့ပါ၏။ သို့သော် ဆိုလိုရင်းကို ဝေဝါးစွာပင် …. အိမ်ထောင်ကျပြီး ဘူးစိုက်ရင် လူမိုက်လား…? လူလိမ္မာ မှ စိုက်ရမည်လား …? စသဖြင့်.. အမှတ်မထင် ဆရာကြီး(စစ်ကိုင်းဦးဖိုးသင်း)၏ ဆောင်းပါးကို ဖတ်မိ၍ ဆိုလိုရင်း အမှန်ကို သိရတော့သည် ။ ဘူးပင်ကို အိမ်ဝင်းများအတွင်း မိုးအခါ စိုက်ပျိုးတတ်သည် ။ ဆောင်းအခါတော့ ကိုင်းဘူးပေါ့ ။ မိုးတွင်း လေတိုက်ခတ်ရာ အရပ်မှာ တောင်လေ၊ အနောက်တောင်လေများ တိုက်ခတ်ပါသည် ။ ဘူးပင်သည် နေ့အခါ နိုက်ထရိုဂျင်ကို ရှူသွင်းပြီး အောက်စီဂျင်ကို ထုတ်ပါသည် ။ ည အခါတွင်မတော့ အောက်စီဂျင်ကို ရှူသွင်းပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပါသတဲ့ ။ ကာဗွန်ဒိုင်အောက်ဆိုဒ်သည် အဆိပ်ဓါတ်။ ထို့ကြောင့် […]

ဗဟုသုတ

ညဘက်အိပ်နေရင်း သွားကြိတ်တဲ့သူတွေ မကြိတ်အောင်ပြုလုပ်နည်းအရမ်းကောင်းတယ်

မိုးလင်းလို့အိပ်ရာကထလာရင် မေးရိုးကိုက်တာတွေ ခေါင်းကိုက်တာတွေကို ကြုံတွေ့ရနေပါသလား။ ဒါကသင်အိပ်နေစဉ် သွားကြိတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးကိုဆေးပညာလောကမှာတော့ Bruxism လို့ခေါ်ပြီး အိပ်မပျော်တဲ့ရောဂါပါရနိုင်ပါတယ်။ သင့်လည်ချောင်းကြွက်သားတွေ ဖြေလျော့နေစဉ်မှာ သင့်အသက်ရှူလမ်းကြောင်းကိုပိတ်သွားလို့ဖြစ်ပေါ်တာဖြစ်ပါတယ်။ အောက်မှာတော့ ဒီလို သွားကြိတ်တာတွေကိုရပ်တန့်နိုင်မယ့်နည်းလမ်းတွေကို ပြပေးထားတာမို့ ကောင်းကောင်းအိပ်ပျော်ပြီး ကျန်းမာတဲ့ သွားလေးတွေ ရရှိနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ဗျာ Brixism ဆိုတဲ့ရောဂါဟာ သွားတွေရဲ့မူမမှန်လှုပ်ရှားမှုလို့ဆိုနိုင်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၈ ရာခိုင်နှုန်းကနေ ၃၁ ရာခိုင်နှုန်းလောက်က ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါဖြစ်ရတဲ့ အကြောင်းအရင်းတွေက တစ်ယောက်နဲ့တစ်ယောက်တော့မတူညီကြပါဘူး။ အပေါ်သွားတွေကအောက်သွားတွေထက်အရှေ့ပိုရောက်နေခြင်းကလည်း ဒီရောဂါခံစားနေရကြောင်းပြတာပါပဲ။ ဒါကြောင့် အောက်က ဆောင်ရန် ရှောင်ရန်တွေကိုလိုက်နာဖို့လိုမယ်နော် ၁။ ကဖိန်းဓာတ်နဲ့ အရက် ရှောင်သင့် ဒီနှစ်မျိုးစလုံးကတော့ သင့် သွားကြိတ်ရောဂါကို ပိုမိုဆိုးရွားစေမှာပါ။ ကဖိန်းဓာတ်ကတော့ ညဘက်အိပ်မပျော်စေမှာဖြစ်ပြီး အရက်ကတော့ သင့်ကို နမော်နမဲ့ အိပ်ပျော်စေမှာဖြစ်ပါတယ်။ အကျိုးဆက်အားဖြင့် ရောဂါသာ […]

ဗဟုသုတ

ချစ်ဖို့ကောင်းသူလေးများသာ ပိုင်ဆိုင်သော အမူ အကျင့်လေးများ

ချစ်ဖို့ကောင်းတဲ့သူတွေ လုပ်လေ့ရှိတဲ့အကျင့် (၉)မျိုး အလုပ်မှာ ပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်မှာ ပဲဖြစ်ဖြစ် နှစ်သက်ဖို့ ကောင်းတဲ့သူ …. ခင်ဖို့ကောင်းတဲ့ သူတွေကို တစ်ခါတစ်လေတွေ့ ရလေ့ ရှိပါ တယ်။သူတို့တွေက ဘယ်နေရာ ဖြစ်ဖြစ် လူချစ်လူခင်များလေ့ ရှိပါတယ်။ သင်ရော သူတို့လို မဖြစ်ချင်ဘူးလား?ဒီဆောင်းပါးမှာတော့ သူတို့တွေ ပြုလုပ်လေ့ ပြုလုပ်ထ ရှိတဲ့ အကျင့်(၉)မျိုးကို ဖော်ပြပေး သွားမှာ ဖြစ်ပါတယ်။ (၁) ဖြတ်မပြောပဲနားထောင်ခြင်း သူတို့တွေက သင်စကား ပြောနေရင် ဘယ်တော့မှ ဖြတ်ပြောလေ့ မရှိပါဘူး။ သင့်ခံစား ချက်တွေကို အမှန်တကယ် စိတ်ရင်းနဲ့ သေသေချာချာကို နားထောင် ပါတယ်။ သင့်ပြောတာကို စိတ်ရှည်ရှည် နဲ့ ပြီးဆုံးတဲ့အထိ နားထောင်လေ့ ရှိပါတယ်။ (၂) လှိုက်လှိုက်လှဲလှဲပြုံးလေ့ရှိခြင်း […]