အခ်စ္နွင့္ဘဝ

မိန်းခလေးတွေ သေချာဖတ်ပါ…

မိန်းခလေးတွေ သေချာဖတ်ပါ ဒီခေတ်မှာ မိန်းခလေးတစ်ယောက်မြတ်မြတ်နိုးနိုးနဲ့အချစ်ခံရဖို့ဆိုတာ ရှားသွားပြီ။ မခူးရက်တဲ့ ပန်းလေးတစ်ပွင့်ကို အရိပ်တကြည့်ကြည့်နဲ့ထိုင်ကြည့်နေသလို မြတ်နိုးမှုမျိုးနဲ့ ချစ်ဖို့ဆိုတာဟာသတစ်ပုဒ်လိုတောင် ဖြစ်နေပြီ၊ ရည်းစားထားတာ အလှထိုင်ကြည့်ပြီး ဘာလုပ်ရမှာလဲ ကိုယ်မစားလည်း သူများစားမှာပဲ ဆိုတာတွေကပါသေးတယ် သူများသုံးပြီးသားညစ်နွမ်းနေတဲ့ ပုဝါလိုမျိုး အရင်လူနဲ့ ဖြစ်ချင်တိုင်းဖြစ်ခဲ့တာကို တန်ဖိုးကြီး ပစ္စည်းလို တန်ဖိုးထားနေလည်း အလကားပဲဆိုတဲ့ လူတွေနဲ့… ဒီလိုခေတ်ထဲမှာ မိန်းမဖြစ်ရတာ လူသုံးကုန် ပစ္စည်းတစ်ခုလိုပဲ…ပိုက်ဆံတတ်နိုင်တဲ့သူတွေကသူတို့လိုအပ်တာကိုပိုက်ဆံပေးပြီး ဝယ်တယ်။ တမင်ယုတ်မာတဲ့သူတွေက အချစ်ဆိုတာကို အသုံးချပြီး ကိုယ်လိုချင်တာကို ရအောင်ယူတယ်၊ ကတိတွေပေးတယ်ေ မျှာ်လင့်ချက်တွေ ပေးတယ်၊တစ်ဖက်မိန်းကလေးရဲ့အနာဂတ်တွေကို အိပ်မက်တွေပေးပြီး စိတ်ကြိုက်ခြယ်လှယ်နေတာ။ ပြည့်တန်ဆာနဲ့ အိပ်တတ်တဲ့ ယောက်ျားတွေက မယုတ်မာဘူး၊တန်ရာတန်ကြေးပေးပြီး သူတို့လိုအပ်တာကို ဝယ်တာ၊ချစ်ပါတယ်ဆိုပြီး အတူအိပ်ချင်ကြတဲ့ယောက်ျားတွေကတော့ပိုပြီး ယုတ်မာတယ်။ ပိုက်ဆံပေးစရာ မလိုတဲ့အပြင် လူတစ်ယောက်ရဲ့ ဘဝရော နှလုံးသားရောသေအောင် သတ်သွားတာမျိုးပေါ့၊ […]

အခ်စ္နွင့္ဘဝ

အချစ်စိတ်ကို ပိုပြီး နိုးကြားလာစေမယ့် အပြုအမူလေးတွေ

မထိတထိအနမ်းလေးတွေကတော့ အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ်….ဖတ်ကြည့်နော်…. အနမ်းလေးတွေထဲကမှ မထိတထိအနမ်းလေးတွေကတော့ အနမ်းခံရသူရဲ့ ရင်ထဲက အချစ်စိတ်တွေကို ထူးထူးခြားခြား နိုးကြားစေပါတယ် ကိုယ့်ရဲ့ အပြုအမူလေးတွေကြောင့် ကိုယ်ချစ်ရသူက ကိုယ့်ကိုပိုပိုပြီး ချစ်လာတာမျိုးကို လူတိုင်းလိုချင်ကြမယ် ထင်ပါတယ်။ ဒါကြောင့် ဘယ်လို အပြုအမူလေးတွေက ကိုယ့်ချစ်သူရဲ့ အချစ်စိတ်ကို ပိုပြီး နိုးကြားတက်ကြွလာစေသလဲ ဆိုတာ ပြောပြပေးချင်ပါတယ်။ အချစ်ကလေးတို့ကို ချစ်သူက ပိုပို ချစ်လာစေဖို့ အတွက်ပါနော်။ နားနား ကပ်ပြောတဲ့ စကားတိုးတိုးလေးတွေ နှစ်ကိုယ်ကြားစကားလေးတွေကို ချစ်သူရဲ့ နားနားကပ်ပြီး ခပ်တိုးတိုးလေး ပြောရတာက ရင်ခုန်စရာကောင်းသလို၊ ပျော်စရာလည်း ကောင်းလှတဲ့ အပြုအမူလေးပါ။ ကိုယ့်ရဲ့ နှုတ်ခမ်းသားနဲ့ ချစ်သူရဲ့ နားရွက်နားလေး မထိတထိ ဖြစ်နေတဲ့ အနေအထားလေးက သူ့ရင်ထဲက အချစ်တွေကို လှိုင်းလုံးတွေလို ရုန်းကြွစေမယ့် […]

အခ်စ္နွင့္ဘဝ

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေအရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါ…

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေအရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါ ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေ အရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါခေါင်းမာတဲ့သူလေးတွေဟာ တခါတလေ ပြောရဆိုရခက်လွန်းတာကြောင့် သူတို့ကို စိတ်ရှည်တဲ့သူဆိုတာ နည်းနည်းတော့ ရှားပါတယ်။ ဒါပေမယ့် ယောကျာ်းလေးတွေကတော့ ခေါင်းမာတဲ့မိန်းကလေးတွေကို ချစ်မိတဲ့အခါ အရူးအမူးဖြစ်လောက်အောင် ချစ်မိသွားတတ်ပါတယ်အဲ့ဒါကတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပါပဲ။ (၁) ခေါင်းပဲမာတာ နှလုံးသားကတော့ နူးညံ့လွန်း ခေါင်းမာတဲ့ သူလေးတွေဟာ နှလုံးသားကတော့ တခြားသူတွေထက် ပိုနူးညံ့ပါတယ်။သူတို့ရဲ့ ကိုယ်ပိုင် ခံယူချက်၊ အတွေးအမြင်နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုးရှိသလို အဆင်မပြေတဲ့သူတွေ တွေ့ရင်လည်း သူများထက်ပို သနားနေတတ် တာမျိုးပါ။ စိတ်ထိခိုက်စရာမြင်ကွင်းမျိုးကိုမြင်တဲ့အခါ၊ စိတ်ထိခိုက်စ ရာအကြောင်းအရာတစ်ခုကို ကြားလိုက်ရ တဲ့အခါတွေမှာ ဝမ်းနည်းတတ် လွန်းသူလေးတွေပါ။ (၂) စစ်မှန်တဲ့သူတစ်ယောက် ခေါင်းမာပေမယ့် အပိုတွေ မလုပ်ဘူး၊ အပိုစကားတွေမပြောဘူး၊ ကိုယ့်ရဲ့အားနည်းချက်ကို ထုတ်ပြောပြီး လူတွေ […]

အခ်စ္နွင့္ဘဝ

သင့်အနာဂတ်ကိုပံ့ပိုးကူညီနေတဲ့ ချစ်သူတစ်ယောက်ရဲ့ လက္ခဏာများ

သင့်အနာဂတ်ကိုပံ့ပိုးကူညီနေတဲ့ ချစ်သူတစ်ယောက်ရဲ့ လက္ခဏာများ အချို့ချစ်သူတွေဟာ ကိုယ်ရဲ့အတ္တကို ရှေ့တန်းတင်ပြီး ချစ်သူရဲ့ အနာဂတ်ရည်မှန်းချက်တွေကို ပုံဖော်ခွင့်မပေးတာမျိုး ရှိပါတယ်။ဒါပေမယ့် တစ်ချို့ချစ်သူမိန်းကလေးကျတော့လည်း ချစ်သူအပေါ်မှာ နားလည်မှုတွေ ရှိပြီး အနာဂတ်ရည်မှန်းချက်တွေ အကောင်အထည်အဖော်ရမှာလည်း အားပေးအားမြှောက်ပြုလေ့ရှိပါတယ်။ ပရိသတ်ကြီးအတွက် အနာဂတ်ကို ပံ့ပိုးကူညီနေတဲ့ချစ်သူတစ်ယောက်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အနှောက်အယှက်မပေးဘူး ဥပမာအားဖြင့် သင်ဟာ စာရေးတာ ဝါသနာပါသူတစ်ယောက် ဆိုပါတော့။ သင်စာရေးနေရင် အခြား ဆူညံသံပြုနေတယ်ဆိုရင်တောင် အလိုက်တသိ ရပ်ပေးလိုက်တယ်၊သင် စိတ်အာရုံစုစည်းမှုကို ပျက်ပြားစေမယ့် အရာတွေ မလုပ်ဘူး။ သီချင်းဆိုတာ ဝါသနာပါတယ်ဆိုရင်လည်း သင် ဂစ်တာတီးလုံး စမ်းနေချိန်၊ Note ရေးနေတဲ့အချိန်မျိုးမှာဆိုရင်လည်း ဒီသဘောပါဘဲ။ ငြိမ်ငြိမ်လေးနေပြီး ကော်ဖီရေ အဆင်သင့်ချပေးတယ်ဆိုရင် သင်ဟာ အလွန်ချစ်စရာကောင်းတဲ့ ချစ်သူကို ရထားတယ်ဆိုတာပါဘဲ။ (၂) လိုအပ်ရင် […]

အခ်စ္နွင့္ဘဝ

နောက်တစ်နေ့မှာ သိစေနိုင်မယ့် လက္ခဏာများ…

မိန်းကလေး တစ်ယောက် ကောင်လေး နဲ့ အိပ်ခဲ့မယ်ဆိုရင် နောက်တစ်နေ့မှာ သိစေနိုင်မယ့် လက္ခဏာများ သင့် ဘော်ဒါ တစ်ယောက် မနေ့ညက ကောင်မလေး ချောချောလေးနဲ့ တူတူ အိပ်ခွင့်ရခဲ့ရင်တော့ သိသာလွန်းနေမှာပါ။ လေလေး တစ်ချွန်ချွန်နဲ့ အကြောင်းမရှိ အကြောင်းရှာ ပြုံးနေမှာပါ။ ပြီးတော့ အတွေ့အကြုံကို မနေနိုင် မထိုင်နိုင် သင့်ကိုလာပြောပြနေမှာပါ။ ဒါပေမယ့် မိန်းမ တွေ ဆိုရင်ရော?? သင်ဘားမှာတွေ့တဲ့ မိန်းကလေး၊ လုပ်ဖော်ကိုင်ဖက် ကောင်မလေး၊ Gym က ချိတ်တိတ်တိတ်ဖြစ်နေတဲ့ ကောင်မလေး၊ သူတို့ မနေ့ညက ဆက်ဆံခဲ့ရင် သင် ဘယ်လို သိပါမလဲ?? ဆံပင်ကောက်နေတာလား?? Bite Mark တွေလား?? အဲဒီ ရုပ်ရှင်ထဲက လက္ခဏာ တွေဟာ တကယ်တော့ မှားနေပါသေးတယ်။ […]

အခ်စ္နွင့္ဘဝ

နှလုံးသားချင်း ဝေးနေပြီဆိုရင်

နှလုံးသားချင်း ဝေးနေပြီဆိုရင် ဦးအောင်ဟာ ဧည့်ခန်းထဲမှာ စာဖတ်နေရင်း မိးဖိုချောင်ထဲမှာ သူ့သားဟာ သူ့မိန်းမကို အော်ဟစ်ပြောနေသံကို ကြားလိုက်တယ်။ သူလည်း မကြားသလို နေပြီး စာကို ဆက်ဖတ်နေတယ်။ ဒါပေမဲ သူ့သားရဲ့ အော်ဟစ်သံဟာ တိုးမသွားဘဲ ပိုတောင် ကျယ်လာတယ်။ ဒါကြောင့် ဦးအောင်လည်း နားမခံနိုင်တော့လို့ သားကို ဧည့်ခန်းကို လာဖို့ ခေါ်လိုက်တယ်။ အနားရောက်လာတဲ့ သားကို ဦးအောင်က ဘာဖြစ်လို့ မိန်းမကို ဒီလောက် အော်ကြီးဟစ်ကျယ် ပြောနေရတာလဲလို့ မေးလိုက်တယ် …။ သားက ခုလို ပြန်ဖြေတယ်…“ဘာမှ မဟုတ်ပါဘူး အဖေရာ အဖေ့သမီးက ကျွန်တော်ပြောတာကို နားမလည်လို့ ကျွန်တော်လည်း စိတ်တိုပြီး အော်ပြောနေမိတာပါ…” “မင်းမိန်းမဟာ မင်းနဲ့ ကပ်လျက်မှာ ရှိနေတာပဲကွာ…ဒီလောက် ၇ အိမ်ကြား […]

အခ်စ္နွင့္ဘဝ

မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ…

မိန်းမ ယူမယ်ဆိုရင် ဘယ်နေရာကို ကြည့်ပြီး အကြိုက်ဆုံးအဖြစ် ရွေးယူမလဲ… သား အတွက် အဖေ့ရဲ့အကြံပြုချက်… ငါ့သား အိမ်ထောင်ဖက် ရှာနေတယ် ဆိုရင် မိန်းမတွေရဲ့ရင်သားနဲ့တင်ပါး အရွယ်အစားအတွက် မင်း စိတ်မပူနဲ့။နှလုံးသား နဲ့ဦးနှောက် အရွယ်အစားအတွက်ပဲ စိတ်ပူပါ။ သူမရဲ့ချစ်မေတ္တာနဲ့ သည်းခံစိတ်အရွယ်အစားအတွက်ပဲ စိတ်ပူပါ ။နောက် ၅ နှစ် ၁၀ နှစ် ကြာပြီးတဲ့အခါ ရင်သားနဲ့ တင်သားတွေက ပြောင်းလဲသွားလိမ့်မယ် …။ အခု မင်းအမေကိုပဲ ကြည့်လေ ရင်ပြားကြီးနဲ့ တင်ပြားကြီးသာ ကျန်တော့ပေမဲ့ငါတို့တစ်ယောက်ကိုတစ်ယောက် ချစ်ကြတယ်။ ငါ့သား… ငွေကို ချစ်တဲ့မိန်းမတွေကို သတိထားပါ။ အဲ့ဒီ မိန်းမတွေဟာ အချိန်ပြည့် သူတို့ရဲ့ဆံပင်တွေ အဝတ်အစားတွေ ဖိနပ်တွေ ပိုက်ဆံအိတ်တွေ အတွင်းခံဘောင်းဘီတွေနဲ့ မိတ်ကပ်တွေအကြောင်း ပြောတတ်ကြတယ်။ အဲ့ဒီ […]

အချစ်နှင့်ဘဝ

ကျွန်တော် နမ်းလို့ မဝသေးတဲ့ ပါးတစ်ခြမ်း

ျန်တော့် မိန်းမက သူ ကိုယ်ဝန်ရှိနေပြီ လို့ပြောတော့ကျွန်တော် မြန်မာ ဗီဒီယို ကားထဲကမင်းသားတွေ ပျော်သလိုမျိုး ဟိုလျောက်ပြေး ဒီလျောက်ပြေး ၊ဟိုအော်ဒီအော် ပုံစံမျိုးနဲ့မပျော်ခဲ့ပါဘူး။ မိန်းမကလည်း သူကိုယ်ဝန်ရှိနေတာကိုရုပ်ရှင်ထဲကလို နား နားကပ်ပြီးမပြောပါဘူး ကြေးအိုး ဆိုင်မှာကြေးအိုးစားရင်းပလုပ်ပလောင်းနဲ့ ပြောတာ၊ကိုယ်ဝန်ရှိနေပြီထင်တယ်တဲ့ကျွန်တော်လည်း ဟုတ်လားပျော်စရာကြီးပေါ့၊လို့ပြောလိုက်တယ်ဒီလောက်ပါပဲ အာထရာ စောင်းရိုက်ကြည့်တော့ သမီးလေးလို့သိရတယ် ငါ သမီးလေးရတော့မယ်၊ကလေးအဖေ ဖြစ်တော့မယ် ဒီထက်ကြိုးစား ရတော့မယ်ဆိုတဲ့အသိ တော့ ရှိလာတာအမှန်ပဲ။ သမီးလေးကိုSSC ရွှေဂုံတိုင် ဆေးရုံမှာမွေးတာမိန်းမမွေးခန်း ဝင်တော့ စိတ်တော့ပူသား ၊မိန်းမ နေကောင်းဖို့ နဲ့သမီးလေး ကောင်းကောင်းမွန်မွန်ဖြစ်ဖို့ ရုပ်ရှင်ထဲကကလေးအဖေတွေလိုဆပ်ပြာသည်လင်ပျောက်သလိုတော့မဖြစ်ပါဘူး။ မွေးခန်း ထဲက နပ်(စ်) မကဘေဘီ ချောစုဝင်းရှိလားတ ဲ့ဒီနပ်(စ်)မ ကငါ မိန်းမ ကို ဘေဘီလို့ခေါ်တာသူဘယ်လိုများသိသွားသလည်းပေါ့ ဟုတ် ကျွန်တော်ပါ ကျွန်တော်ပါ ရော့ […]

အခ်စ္နွင့္ဘဝ

“ချစ်တာတော့ ချစ်ပါ ညီမလေး ပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့”

သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူးပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။ မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်က ခဏတာဝါးမယ့်သွားမဟုတ်ဘူးစကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့ ဘဝနဲ့ရင်းတဲ့လက်ရေးအတွက် ဖျက်ဆေးမရှိဘူးဘဝရဲ့အစိတ်အပိုင်းလေးတစ်ခုအတွက် စိတ်ရိုင်းမမွေးမိပါစေနဲ့မှတ်ပုံတင်ထဲပြန်ကြည့်ပါ ညီမလေးကိုးကွယ်စရာမှာ အချစ် မဟုတ်ဘူးလေ။ ညီမလေးရေ….ချစ်ဦးသူနဲ့ ရတယ်ဆိုတာတို့အိမ်ဘေးက နှင်းဆီလောက်သာရှိပြီးအချစ်ဦးနဲ့ လွဲဖူးသူဟာအိမ်ရှေ.က ခရပွင့်တွေကြွေသလောက်ရှိတယ်အသဲကွဲတယ်ဆိုပြီး ဘီယာသောက်လောကကြီးကို မှောက်ပစ်တတ်တာပညာမဲ့သူတွေ သက်သက်ပေးတဲ့ဆင်ခြေတစ်ခုပါ မုန်တိုင်းထဲမှာလဲ အောက်ဆီဂျင်ပါပါတယ်လေနည်းတယ်အထင်နဲ့ ရွက်ကိုတော့ပြင်းပြင်းမလွင့်လိုက်ပါနဲ့တည်ငြိမ်ခြင်းဆိုတာ မိန်းကလေးအိနြေ္ဒလေတန်ဘိုးသိတဲ့သူက တန်ဘိုးထားလာပါလိမ့်မယ်ကိုယ်ကသာ ရတနာတစ်ပါးဖြစ်ပါစေ ညီမလေးရေ….. ညီမလေးရေ…ယောကျာ်းဆိုတာ ဧကရာဇ်ဘုရင်ပဲဖြစ်ဖြစ် နန်းကျဘုရင်ပဲဖြစ်ဖြစ် မြှောက်စားတာ ခံချင်ကြတယ်ကျားကြီးရဲ့ဆရာဖြစ်ဖို့ဆိုတာ ကြောင်တစ်ကောင်လို ညှင်သာတတ်မှဖြစ်မယ် ကမ္ဘာကျော်တဲ့ စဈသူရဲတဈေယာက်တောင်အေပြာခြိုတဲ့ […]

အချစ်နှင့်ဘဝ

ကိုယ့်ချစ်သူ ပျော်မယ်ဆိုရင် စွန့်လွှတ်ပေးဆပ်ရဲတာ မိန်းမသားတွေရဲ့ အချစ်မို့ပါ

ကိုယ့်ချစ်သူ ပျော်မယ်ဆိုရင် စွန့်လွှတ်ပေးဆပ်ရဲတာ မိန်းမသားတွေရဲ့ အချစ်မို့ပါ တဖက်သတ်အချစ်ဟာ စိတ်မထားတတ်ရင် ပူလောင်လွန်းလှပါတယ်။ တနည်းအားဖြင့် ကိုယ့်လူဖြစ်နိုင်မဖြစ်နိုင်မသေချာသေးဘဲ ကိုယ်တစ်ယောက်တည်းကြိတ်ချစ်နေတာမျိုးက ပြုတ်ကျမလား၊ မပြုတ်ကျဘူးလားလို့ ဝေခွဲမရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့။ တဖက်လူက ကိုယ့်ကို မချစ်ဘူးဆိုတာသိတဲ့အခါမှာတော့ လှပ်ခနဲ နှလုံးသားတစ်ခုလုံး အသိမ်းခံလိုက်ရသလို ကိုယ်က ကြိုးတန်းပေါ်ကနေ ပြုတ်ကျတော့တာပါပဲ။ အဲဒါကြောင့်တဖက်သတ်ချစ်မိတဲ့အခါ ကိုယ့်ကို တဖက်လူကပြန်မချစ်နိုင်ဘူးလို့သိသော်လည်း စိတ်ဘယ်လိုထားမလဲ။ ကိုယ့်တဖက်သတ်အချစ်ကို ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ (၁) သူပျော်ပါစေ။ ကိုယ့်ကိုချစ်မှ သူပျော်မယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ကိုယ့်ကိုမချစ်ဘူးဆိုမှတော့ သူဘယ်ပျော်ပါ့မလဲ၊ သူပျော်တဲ့နေရာမှာနေပါစေ၊ သူပျော်တဲ့သူနဲ့နေပါစေလို့တွေးကြည့်လိုက်တာ ကိုယ့်အတွက်ပိုစိတ်ချမ်းသာပါတယ်။ ချစ်တယ်ဆိုတာနဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ရမှမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ထဲသူ့ကိုချစ်နေတဲ့စိတ်လေးပါပဲ။ အဲဒါကြောင့် တဖက်သတ်ချစ်တဲ့စိတ်ကို စိတ်ထဲမှာပဲထားပါ။ သူပျော်ပါစေ။ သူပျော်နေတာကို ကိုယ်ကလိုက်ပျော်ကြည့်လိုက်ပါ။ စိတ်သက်သာရာရပါလိမ့်မယ်။ ကိုယ်နဲ့နေလိုသူမပျော်ရင် သူပျော်ဖို့သာ […]