မိန်းကလေးတွေ သိထားသင့်တဲ့ ကောင်လေးချစ်ဆေး (၅) မျိုးအကြောင်း မိန်းကလေးတိုင်း ကိုယ့်ချစ်သူကောင်လေးက ကိုယ့်ကိုအရမ်းချစ်တာတော့ ခံချင်ကြမှာချည်းပါပဲနော်။ ဒီလိုချစ်ဖို့ဆိုတာလည်း ကိုယ်က ချစ်အောင်နေတတ်ဖို့ကလည်း နည်းနည်းလေးလိုပါသေးတယ်။ ဒါဆိုရင်တော့ ဒီတစ်ခေါက် ကောင်လေးချစ်ဆေးနည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ (၁) နားလည်ဆေး ကောင်လေးတွေသဘောကျကြတဲ့ မိန်းကလေးထဲ သဝန်အတိုလွန်ပြီး ချုပ်ချယ်လွန်းတဲ့ မိန်းကလေးတွေသိပ်မပါတတ်ကြပါဘူး။ အဓိက ကိုယ်နဲ့သူ့ကြားမှာ နားလည်မှုအပြည့်အဝရှိနေပြီး အပေးအယူတည့်တဲ့ ကောင်မလေးမျိုးကို ကောင်လေးတွေက စိတ်ထဲမှာတကယ်သဘောကျကြတာပါ။ ပျော်ရွှင်တဲ့ relationship တစ်ခုဖြစ်ချင်ရင်တော့ နားလည်မှုရှိဖို့တော့ လိုမယ်နော်။ (၂) Supporting ဆေး ကိုယ့်ချစ်သူကို supporting ပေးတာမျိုးကိုလည်း ကောင်လေးတွေက အရမ်းချစ်တတ်ကြပါတယ်တဲ့။ စာဆိုလည်းစာ၊ အလုပ်မှာဆိုလည်းအလုပ်မှာစသဖြင့် ကောင်လေးရဲ့ တိုးတက်တာတိုးတက်ကြောင်းတွေ၊ ဝါသနာတွေကို အားပေးပြီး စိတ်ညစ်တဲ့အခါ ခိုနားစရာ ရင်ခွင်တစ်စုံဖြစ်အောင်နေခြင်းဟာ ကောင်လေးတွေချစ်ရတဲ့အကြောင်းအရင်းတွေထဲက တစ်ခုပါပဲ။ […]
အချစ်နှင့်ဘဝ
ချစ်သူကဂရုမစိုက်ဘူးဆိုရင် မိန်းကလေးတွေလုပ်တတ်ကြတဲ့ အချက်(၅)ချက်…
ချစ်သူကဂရုမစိုက်ဘူးဆိုရင် မိန်းကလေးတွေလုပ်တတ်ကြတဲ့ အချက်(၅)ချက်… မိန်းကလေးဆိုတာ ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်နေပါစေ၊ ကိုယ်ချစ်တဲ့သူတွေရဲ့ ဂရုစိုက်မှုကို လိုချင်ကြတာချည်းပါပဲ။ ကိုယ့်ချစ်သူက ဂရုမစိုက်ဘူးဆိုရင် အလွန်ကို ဝမ်းနည်းရတတ်ပါတယ်။ ဒါတင် မကသေးပါဘူး၊ နောက်ဆက်တွဲ ဒီလိုအရာတွေ ဖြစ်လာပါတော့တယ် . . .။ (၁) သူကိုယ့်ကိုယ်မချစ်တော့ဘူးလို့ ထင်လာတယ်… တချို့ ယောကျာ်းလေးတွေက ချစ်သူဖြစ်တာကြာလာရင် အရင်ကလောက် ဂရုမစိုက်တတ်တော့သလို၊ ဂရုစိုက်ဖို့လည်း သိပ်မလိုဘူး၊ ငါတို့နှစ်ယောက်က ပြတ်တော့မှာ မဟုတ်ဘူးလို့ အတွေးရှိတတ်ကြပါတယ်။ မိန်းကလေးတွေကတော့ ဂရုမ စိုက်တော့တာဟာ မချစ်တော့တာပဲလို့ သတ်မှတ်ကြပါတယ်။ ဒီတော့ ချစ်တဲ့သူက ဂရုမစိုက်တာဟာ သူ့ကို မချစ်တော့တာပဲလို့ ယူဆသွားနိုင်ပါတယ် . . .။ (၂) အတွေး လွန်လာတယ်… သူ ငါ့ကိုဘာလို့ ဂရုမစိုက်တော့တာလဲ၊ […]
အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ
အချစ်ရေး အိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ ချစ်ခြင်းရဲ့ လျို့ဝှက်ချက် နှစ်ပေါင်း ၂၅ နှစ်တိုင် ပြသနာလုံးဝမဖြစ်စေတဲ့ နည်းလေးပါ စုံတွဲတွေအဆင်ပြေစေချင်လွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက် ၂၅ နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာနာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့ တဲ့ အိမ်ထောင်ရေး ရဲ့ လျှို့ဝှက်ချက်ကိုမေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်း ပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်… “ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွား ခဲ့ကြပါတယ်။ […]
သင်သိသင့်တဲ့ အိမ်ထောင်ရေးအမျိုးအစားများ
သင်သိသင့်တဲ့ အိမ်ထောင်ရေးအမျိုးအစားများ လူပေါင်းမျိုးုစုံထဲက လူတွေအချင်းချင်း ပေါင်းဖက်ကြတာဖြစ်တဲ့ အိမ်ထောင်ရေးဟာ နာမည်တပ်ပြီး အတပ်ခွဲခြားမရနိုင်ပေ မယ့် အခြေခံအားဖြင့် လေးမျိုးခွဲခြားနိုင်ပါတယ်။ ဒါ့ကြောင့် သင်တို့ရရှိပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရေးဟာ ဘယ်အမျိုး အစားထဲမှာပါသလည်းဆိုတာ သိနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။ ပြဇာတ်ဆန်ဆန်အိမ်ထောင်ရေး ဒီအိမ်ထောင်ရေးပိုင်ရှင်တွေဟာ အမြဲလိုလို ရန်ဖြစ်နေတတ်ကြပါတယ်။ သို့ပေမယ့်လည်း မတည့်အတူနေဆိုသလို ခွဲခွာလို့မရတဲ့ ထိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆင်းရဲအောင် လုပ်တာထက် အစဉ်အမြဲ ပျော်ရွှင်နေ အောင်ပဲ ဂရုစိုက်လေ့ရှိပါတယ်။ မကြာခဏဆိုသလို ကွဲမယ်ကွာမယ်လုပ်လိုက် တော်ကြာနေ ကြားလေတောင် အသွေး မခံနိုင်လောက်အောင် ပြန်ချစ်သွားကြလိုက်ဆိုတာ ဒီလိုစုံတွဲမျိုးတွေပါပဲ။ ရဲဖော်ရဲဖက်ဆန်တဲ့အိမ်ထောင်ရေး ဒီစုံတွဲတွေကတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တည်မှီဖြစ်တည်နေကြသူတွေပဲ ဖြစ်ပါတယ်။ တစ်ယောက် မပါဘဲ တစ်ယောက်က အပြင်မသွားချင်သလို တစ်ယောက်မသိဘဲလည်း နောက်တစ်ယောက်က ကိုယ်ထင်ရာ မလုပ်တတ်ပါဘူး။ […]
ခပ်ချောချော မိန်းမလှလေးတွ နေ့စဉ် ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲလေးများ
ရုပ်ချောတာ ကောင်းတဲ့အချက်ပဲလို့ ပြောကြပါတယ်။ တကယ်တော့ ဘယ်အရာမဆို မကောင်းတဲ့အချက်တွေက ရှိနေတာပါပဲ။ဒါကြောင့် ရုပ်ချောတဲ့ ကောင်မလေးတွေမှာလည်း သူ့အခက်အခဲနဲ့ သူ နေနေကြရတာပါ။ ရုပ်ချောတော့ ကောင်းတာပေါ့လို့ ပြောတာကိုခံကြရသလို ဒီလိုမျိုး အခက်အခဲတွေကိုလည်း သူတို့က ကြုံနေကြရပါသေးတယ်။ (၁) ရုပ်ချောတာကို အပြစ်ပြောခံရတယ် ရုပ်ချောတဲ့သူတွေမှာ မဖြစ်မနေ ကြုံနေရတာက ထစ်ခနဲရှိ ရုပ်ကို ခလုတ်တိုက်ပြီး အပြောခံရတာပါ။ ရုပ်ကလေးက ချောနေတာကိုး၊ ရုပ်ကလေး ချောတာပဲ ရှိတယ် ဘာမှအသုံးမကျဘူး၊ ရုပ်ချောနေတော့ စိတ်က ဘယ်ကို ရောက်နေတာ၊ ရုပ်ကလေးကို ဗန်းပြပြီး.. စသဖြင့် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး အပြောခံနေရတာက ရုပ်ချောတဲ့သူတွေပဲ ခံစားရတာမျိုးပါ။ (၂) အရည်အချင်းကို နောက်မှ မြင်တယ် ရုပ်ချောတဲ့သူတွေကို အရည်အချင်းထက် ရုပ်ကို ပိုပြီး […]
လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်…
လူတစ်ယောက်ကိုတကယ်ချစ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ ခံစားချက်(၁၃)ချက်… (၁) မနက်မိုးလင်းလို့  မျက်စိနှစ်လုံး ဖွင့်လိုက်တာနဲ့ သူ့ မျက်နှာလေးကို အရင်ဦးဆုံး မြင်ယောင်တတ်တယ် …။ (၂) ဖုန်း Ringtone သံကြားတိုင်း၊ မက်ဆေ့ တစ်ခုဝင်တိုင်း သူများလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖုန်းကို ကမမ်းကတမ်း ဖွင့်ကြည့်တတ်တယ် …။(သူမဟုတ်ဘူးဆိုတာ သိလိုက်ရရင် စိတ်ထဲမှာ အလိုလို ၀မ်းနည်းသွားတယ် ) (၃) သူနဲ့ စိတ်ဆိုး စိတ်ကောက်တဲ့ အချိန်တွေမှာ ထမင်းစားလို့ မျိုချရင်တောင် ရင်ထဲမှာဆို့နေတတ်ပါတယ် …။ (၄) ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ နဲ့ ကြံကြုံ ဘယ်လို အခက်အခဲတွေပဲရှိရှိ သူ့ရဲ့ အားပေးနှစ်သိမ့်တဲ့ စကားကို ကြားလိုက်ရရင် အနည်းနဲ့ အများတော့ စိတ်သက်သာရာ ရသွားတတ်တယ် …။ […]
ပုရိသတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊ အသဲအယားဆုံး ပျိုပျိုမေတို့ရဲ့ အပြုအမူများ
ပုရိသတွေပြောတဲ့ သူတို့သဘောအကျဆုံး ၊ အသဲအယားဆုံး ပျိုပျိုမေတို့ရဲ့ အပြုအမူများ (1) ဆံပင်မြင့်မြင့် စည်းတာ ယောကျာ်းလေးတွေက သူတို့ရှေ့မာ မိန်းကလေးတွေ ဆံပင်စည်းလိုက်တဲ့ပုံစံကို နှစ်သက်ကြပါတယ်တဲ့။အိမ်အလုပ်လုပ်လို့ပဲဖြစ်ဖြစ် ၊ ပူလို့ပဲဖြစ်ဖြစ် ဆံပင်စည်းလိုက်တဲ့အခါ သူတို့မျက်စိထဲ ချစ်စရာကောင်းတယ်လို့မြင်ကြပါတယ် (2) နှာခေါင်းရှုံ့တာ တစ်ခုခုကို အာရုံစိုက်နေတဲ့အခါမျိုး၊ စကားပြောတဲ့အခါမျိုးတွေမှာ နှာခေါင်းလေးရှုံ့သွားတဲ့ မိန်းကလေးတွေရဲ့ အပြုအမူကိုလည်း အရမ်းချစ်စရာကောင်းလို့ နှစ်သက်ကြပါတယ်တဲ့ (3) Hoodie ဌားဝတ္တာ အေးတဲ့အခါမျိုးမှာ Hoodie ဌားဝတ်တာ၊ အနွေးထည်ဌားဝတ်ထားတဲ့ ပုံစံမျိုးလေးတွေကိုလည်း သဘောကျကြပါတယ်။အကျ င်္ီ ပွပွလေးနဲ့ လက်လေးတွေဖုံးပြီး မမြင်ရတဲ့ ပုံစံလေးက အရမ်းကိုချစ်စရာကောင်းနေတတ်လို့ပါတဲ့။ (4) ပခုံးပေါ်မှီတာ လက်မောင်းလေးကိုင်ပြီး သူတို့ပခုံးပေါ် ခေါင်းမှီလိုက်တဲ့အချိန်မျိုးဆို အရမ်းနှစ်သက်ပြီး ရင်ခုန်ကြပါတယ်။လမ်းလျာက်ရင်း ဒီလိုအပြုအမူလေးတွေ ပြုလုပ်ပြီဆိုရင် ချစ်စိတ်တွေပါ ပိုတိုးလာပါတယ်တဲ့ […]
မိန်းကလေးတိုင်း ဝေးဝေးရှောင်သင့်တဲ့ ယောက်ျားအမျိုးအစား(၇)မျိုး
ဘယ်လောက်ပဲ လန်းနေနေ၊ မိုက်နေနေ လုံးဝ မပတ်သင့်တဲ့ ယောက်ျားတွေ ရှိ ပါတယ်။ ကိုယ့်အနားမှာ ဒီလို လူမျိုးက မိတ်ဆွေသူငယ်ချင်း အဖြစ်ရှိနေရင် မိတ်ဆွေ ဆက်ဆံရေးအတိုင်းပဲ ထားပါ လုံးဝကို ကိုယ့်ဘဝထဲ၊ ကိုယ့်နှလုံးသားထဲ အဝင်မခံပါနဲ့။ တတ်နိုင်ရင်တော့ အနေနီးပြီး စိတ်ယိမ်းယိုင်တာမျိုး မဖြစ်ရအောင်ရှောင်ပါ။ လုံးဝရှောင် သင့်တဲ့ ယောက်ျား အမျိုးအစားတွေက အောက်မှာ ဖော်ပြ ထားပါ တယ် (၁)ချစ်သူရှိသူ ဘယ်လောက်ပဲ လန်းနေနေ၊တော်နေနေ လုံးဝရှောင်သင့်တဲ့ ယောက်ျားအ မျိုး အစား ထဲမှာ ဒီလို လူမျိုးပါ ပါတယ်။ ချစ်သူရှိ နှင့် နေပြီးဖြစ်တဲ့ ယောက်ျားမျိုး ဆိုရင် ဘယ်လောက်ပဲ စိတ်ထဲက သဘောကျ မိနေနေ လုံးဝရှေ့မတိုးပဲ ရှောင်ပါ (၂)အလုပ်မရှိတဲ့သူ […]
ကိုယ့်ထက်အသက်ကြီးတဲ့ ဦးအရွယ်နဲ့ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး(၇)ခု…
ကိုယ့်ထက်အသက်ကြီးတဲ့ ဦးအရွယ်နဲ့ချစ်သူဖြစ်ရခြင်း၏ ကောင်းကျိုး(၇)ခု… ကြီးရင်မှီ ငယ်ရင်ချီဆိုတဲ့ စကားလေးအတိုင်း ကိုယ့်ထက် အသက်ကြီးတဲ့ သူနဲ့ချစ်သူဖြစ်ရင် ကိုယ်အားကိုးနိုင်တယ်။ ဆိုးချင်သလို ဆိုးနိုင်မယ်။ ချွဲလို့ရတယ်။ တစ်ခါတလေ ကိုယ်က သူ့ကိုဆရာတောင် လုပ်လို့ရပါသေးတယ်။ ဒါပေမဲ့ ဦးနဲ့ကလေး စုံတွဲတိုင်းတော့ ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ …။ သေချာတာကတော့ ဦးအရွယ်တွေက ကိုယ့်ထက် ဗဟုသုတများမယ်။ မလုပ်သင့်တာကို မလုပ်ဖို့ သူတို့က ဆုံးမနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ ပရိတ်သတ်တွေအတွက် ကိုယ့်ထက် အသက်ကြီးတဲ့ ဦး နဲ့ချစ်သူဖြစ်ရခြင်း ကောင်းကျိုးတွေကို စုစည်း ဖော်ပြပေးလိုက်ပါတယ် …။ (1) သင့်မှာ ကိုယ်ပိုင်ပုံပြင်ပြောဆရာ ပိုင်ဆိုင်သွားပါပြီ ပုံပြင်ပြောဆရာလို့ ဘာလို့ပြောရ တာလဲဆိုတော့ သူက သင့်ကို သူ့ဘဝမှာ ကြုံခဲ့တဲ့ အရာတွေကို စီကာပတ်ကုံး […]
ဘယ်ယောင်္ကျားလေးမှ ရုန်းမထွက်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှု(၈)မျိုး…
ဘယ်ယောင်္ကျားလေးမှ ရုန်းမထွက်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဆွဲဆောင်မှု(၈)မျိုး… မိန်းကလေးတစ်ယောက် ဆွဲဆောင်မှု ရှိဖို့ဆိုတာ ခက်မလိုလိုနဲ့ အရမ်းကို ရိုးရှင်းပါတယ် …။ တစ်ချို့သူတွေကတော့ ကိုယ်မွေးကတည်းက ပင်ကိုပါလာတဲ့ အရာကို ထုတ်မသုံးတတ်ကြတာပါ …။ မိန်းကလေးတစ်ယောက်ကို ဆွဲဆောင်မှု ရှိစေသော အရာတွေကတော့…. (၁) နှုတ်ခမ်း ကိုက်တာ” မိန်းကလေးတွေ နှူတ်ခမ်းကိုက်လိုက်တာဟာ ယောင်္ကျားလေးတစ်ယောက်ရဲ့ မေတ္တာတင်မကပဲ နှုတ်ခမ်းတစ်စုံက အာရုံ စူးစိုက်မှုကိုပါ ရရှိစေနိုင်ပါတယ် …။ (၂) နူးညံ့တဲ့ အသားအရည်” အသားရည် နူးညံ့တဲ့ မိန်းကလေးတွေထက် ဆွဲဆောင်မှုရှိတာ ဘာမှမရှိတော့ပါဘူး …။ ဒါကြောင့်ပဲ ရှေးခေတ်ကတည်းက အီဂျစ်လူမျိုးတွေ ရောမလူမျိုးတွေက ခန္ဓာကိုယ် အမွှေးတွေကို ရိပ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ် …။ (၃) ဆံပင်ကို ရှင်းလင်းနေအောင် ချည်ထားတာ” […]









