ခုနောက်ပိုင်း အိမ်ထောင်ရေးပြဿနာ တော်တော်များများမှာ အပျိုလေးတွေက ဗီလိန်ဖြစ်နေတာကို အားလုံးလည်း တွေ့မြင်ရမှာပါ။ ဘာကြောင့် အပျိုတစ်ယောက်က ရုပ်ရည်လည်း ရှိရက်သားနဲ့၊ ပညာအရည်အချင်းလေးလည်း ရှိရဲ့သားနဲ့ အိမ်ထောင်သည် ယောက်ျားကိုမှ သိက္ခာအကျခံပြီး တွဲနေရလဲဆိုတာ အားလုံး သိချင်နေတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒီမေးခွန်းလေးတွေရဲ့အဖြေကိုတော့ အောက်မှာဖော်ပြပေးလိုက်ပါတယ် (၁) ဖောက်ပြန်ချင်တဲ့ ယောက်ျားမှန်းသိနေလို့ မိန်းကလေး တစ်ယောက်ဟာ ယောက်ျားတစ်ယောက် ဖောက်ပြန်ချင်စိတ် ရှိနေတယ် ဆိုတာ အလိုလို သိကြပါတယ်။ သူတို့ဖက်က ချစ်နေရင်တောင် ဒီတစ်ယောက်ျား တစ်ယောက်က ဖောက်ပြန်မယ့်သူ မဟုတ်ဘူးဆိုရင် ရှေ့ဆက်တိုးလေ့ မရှိပါဘူး။ တကယ်လို့ အိမ်ထောင်သည် ယောက်ျားတစ်ယောက်က ဖောက်ပြန်ခဲ့တယ် ဆိုရင်တော့ သူကိုယ်တိုင်က ဖောက်ပြန်ချင်တဲ့စိတ် ရှိလို့ ဆိုတာကို သိထားဖို့လိုပါတယ်။ (၂) ရင့်ကျက်တည်ငြိမ်လို့ အိမ်ထောင်သည် ယောက်ျားကိုမှ […]
အချစ်နှင့်ဘဝ
ရင်ထဲမှာ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ (၅) မျိုး
မိန်းကလေးတွေရဲ့ စိတ်က ခန့်မှန်းရခက်ပါတယ်။ အကြောင်းကတော့ စိတ်ထဲရှိတာက တစ်ခြား၊ အပြုအမူက တစ်ခြားဖြစ်နေတတ်လို့ပါ။ နောက်တစ်ခုက မိန်းကလေးတွေဟာ အရမ်းဂရိုစိုက်ခံချင်၊ အရမ်းအချစ်ခံချင်တဲ့သူတွေပါ။ အဲလို ဂရုစိုက်၊ အချစ်ခံရအောင်လည်း နည်းမျိုးစုံနဲ့ကြိးစားတတ်ကြပါတယ် ခုဖော်ပြပေးမှာကတော့ ချစ်သူအပေါ်မှာ ဆိုးပေမယ့် တကယ်တမ်း ရင်ထဲမှာကျတော့ နင့်နေအောင်ချစ်တဲ့ မိန်းကလေးတွေရဲ့ လက္ခဏာ(၅)မျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းကလေးမျိုးတွေက ကလေးဆန်တာလေးကလွဲရင် သင့်အတွက် အစစအရာရာ ပြည့်စုံတဲ့သူဖြစ်လို့ လက်လွှတ် မခံသင့်ပါဘူးနော် ၁= ဒေါသကြီးတယ် ဒီလိုမိန်းကလေးတွေက ဒေါသအရမ်းကြီးပါတယ်။ ဒါပေမယ့် ဒီလိုဒေါသကြီးတာကလည်း သင့်ကိုချစ်လွန်းလို့ပဲဖြစ်ပါတယ်။ သင်နဲ့ပတ်သက်ရင် အသေးအမွှားလေးကအစ အရမ်းဂရိုစိုက်တတ်တဲ့ သူဖြစ်တာကြောင့်၊ ဖုန်းမဆက်တာလေး၊ စာမပြန်တာလေးကအစ သူ့အတွက် အရမ်းစိတ်ထိခိုက်ရပါတယ်။ ဝမ်းနည်းသွားတဲ့ သူ့ရဲ့စိတ်ကို ဒေါသအဖြစ် ပြောင်းလိုက်တာကြောင့် ဒေါသကြီးနေရတာပါ။ တကယ်တမ်းကျတော့ သင့်ကိုချစ်လွန်းအားကြီးလို့ဆိုတာ သိထားလိုက်ပါနော် […]
လမ်းခွဲ ပြတ်စဲ လိုက်ကြတဲ့ အတွဲတစ်တွဲမှာ ဘယ်သူက ပိုပြီး ခံစားရမယ် လို့ ထင်လဲ ပိုချစ်တဲ့သူက ခံစားရမှာပေါ့ ။ ဟင့်အင်း မဟုတ်သေးဘူး ။ ပိုချစ်ရတဲ့သူ ခံစားရတဲ့ နာကျင်မှုက အခိုက်အတန့်လေး တစ်ခုလောက်ပဲ ။ တစ်ကယ်တမ်း အချိန်တွေ ကြာလာတာနဲ့အမျှ နောင်တတွေ ရပြီး ခံစားနေရမဲ့သူက သူ့ကို အရမ်းချစ်ပေးတဲ့သူကိုမှ ထားရက်နိုင်ခဲ့တဲ့သူ။ သူဟာ သူ့ကို ချစ်ပေးတဲ့သူရဲ့ တန်ဖိုးကို အနားမှာ ရှိတုန်းက မမြင်ခဲ့ဘူး ။ ဒါပေမဲ့ ဝေးသွားတဲ့ အချိန်ကျမှ ပြန်လိုချင်လာလိမ့်မယ်။ တောင့်တလာလိမ့်မယ် ။ သူ့ဘေးမှာ အနွံတာခံတဲ့သူကို ဂရုတစ်စိုက် မချစ်ပေးခဲ့တာတွေ ၊ အလေးမထားခဲ့တာတွေကပြန်ပြီး ဝဋ်လည်နေအုံးမှာ ။ ခံစားနေရအုံးမှာ ။ အချိန်တွေ […]
အရပ်ပုတဲ့ကောင်မလေးတွေရဲ့ အားသာချက် (၆) ချက်…
အရပ်ပုလို့ လုံးဝ အားငယ်စရာ မလိုပါဘူး။ဘာလို့လဲဆိုတော့ အရပ်ပုတဲ့ ကောင်မလေးတွေမှာလည်း သူ့အားသာချက်နဲ့သူ ရှိတတ်ကြပါတယ်။ အရပ်ပုတဲ့ ကောင်မလေးတွေရဲ့ အားသာချက် (၆) ချက်ကိုအောက်မှာ ဖော်ပြပေးလိုက်ပါတယ်နော် …။ 1. အဝတ်အစားမရှားခြင်းအရပ်ပုတော့ အဝတ်အစား မရှားပါဘူး ဒါကြောင့် ဈေးဝယ်ထွက်တဲ့ အခါမျိုးမှာ တော်ရုံကလေးအင်္ကျီကို ကောက်စွပ်ပြီး ၀တ်သွားလို့ ရပါတယ်။ ဆိုင်မှာ သွားဝယ်ရင်လည်း အာရှမှာ နေပြီး အရပ်ပုတာ မဆန်းတဲ့အတွက် အင်္ကျီဆိုဒ်တွေက အဆင်သင့်ရှိပါတယ် …။ 2. ဓာတ်ပုံရိုက်တဲ့အခါတိုင်း ရှေ့ဆုံးမှာ နေရခြင်း ဒါကတော့ ရှင်းပါတယ်။ အရပ်ပုတဲ့သူတွေဟာ ဓာတ်ပုံရိုက်တဲ့အခါမျိုးမှာ ရှေ့ဆုံးကနေ နေဖို့ ဦးစားပေးခံရပါတယ်၊။ ဓာတ်ပုံထဲမှာ ရှေ့ဆုံးက ထင်းကနဲ ဖြစ်နေတာပေါ့ …။ 3. တစ်ခုခုနဲ့ဆောင့်မိလို့ နဖူးသီးတာမျိုး […]
ဖြတ်သန်းနေတဲ့ ဘဝတလျှောက်လုံး တန်ဖိုးထားသင့် သူကိုတွေ့ရင် ဘယ်တော့မှ လက်လွှတ်မခံပါနဲ့
တန်ဖိုးထားပါ” မိုးရွာလို့ ထီးမိုးပေးသူထက်……… မျက်ရည်မိုး မရွာအောင် စိတ်ချမ်းသာပျော်ရွှင်မှုတွေ…… ပေးသူကို တန်ဖိုးထားပါ ။ ငိုနေလို့ မျက်ရည်သုတ်ပေးနေသူထက်…… လိုအပ်တဲ့အချိန် ကိုယ့်အတွက် အမြဲအဆင်သင့်ဖြစ်နေ…… သူကို တန်ဖိုးထားပါ ။ ပျားသကာလို စကားချိုချိုဖြင့် မြှောက်ပင့်ပေါင်းသူထက်… အမုန်းခံပြီး ဆုံးမလမ်းညွှန်တတ်သူကို…… တန်ဖိုးထားပါ ။ ဟင်းစားပေးသူထက်…… ကွန်ချက်ပြပေးတဲ့သူကို…… တန်ဖိုးထားပါ ။ အရမ်းချစ်တယ်လို့် ခဏခဏပြောနေသူထက်…… နားလည်မှုနှင့် ကိုယ်ချင်းစာစိတ်မြင့်မားသူကို…… တန်ဖိုးထားပါ။ ရုပ်လှသူထက်…… စိတ်ထားပြည့်ဝသူကို တန်ဖိုးထားပါ။ အပြောလှသူထက်…… အနေတည်သူကို တန်ဖိုးထားပါ။ အသိများသူထက်…… အမြင်ကျယ်သူကို တန်ဖိုးထားပါ။ အတွေးအခေါ် မြင့်မားသူထက်…… စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်သူကို တန်ဖိုးထားပါ။ ကတိပေးသူထက်…… တာဝန်ယူတတ်သူကို တန်ဖိုးထားပါ။ ချမ်းသာကြွယ်သူထက်…… စေတနာပြည့်ဝမှန်ကန်သူကို တန်ဖိုးထားပါ။ လောကမှာ မင်းဖြတ်သန်းနေတဲ့ […]
စစ်မှန်တဲ့ မေတ္တာတရား
တစ်ခါက လူတစ်ယောက်ဟာမိန်းမလှ တစ်ယောက်နဲ့ လက်ထပ်လိုက်တယ် ရုပ်လှတဲ့အပြင်စိတ်ထားကလည်းအရမ်းကောင်းတော့အမျိုးသမီးကို အရမ်းချစ်ရှာတယ်။ တစ်နေ့မှာ အမျိုးသမီးဟာ အရေပြားရောဂါ စတင်ခံစားလာရတယ်။ အကြောင်း တိုက်ဆိုင်ချင်တော့ တစ်ရက်မှာ အမျိုးသားကလည်း အလုပ်ကိစ္စနဲ့ ခရီးထွက်ရတယ်။ ခရီးကနေ အိမ်ပြန်လမ်းမှာ car accident ဖြစ်ပြီး မျက်စိနှစ်လုံးစလုံး ကွယ်သွားခဲ့တယ်။ ဒီနေရာမှာ ခဏလောက်ရပ်ပြီး စဉ်းစားကြည့်ရအောင်..အရေပြားရောဂါသည်နဲ့ မျက်မမြင်တယောက် ရဲ့ အိမ် ထောင်ရေးဟာ ဘယ်သို့ ဘယ်ပုံခရီးဆက်ကျမလဲ? ဘာတွေဆက်ဖြစ်မယ်လို့ ထင်ပါသလဲ……? တကယ်တော့ သူတို့ ၂ ယောက်ကြားမှာ ဘာပြောင်းလဲမှု့မှမရှိခဲ့ပါဘူး။ အရင်လို ပျော်စရာကောင်း ပြီး ချစ်ချစ်ခင်ခင်နေတုန်းပဲ။ အချိန်တွေ ကုန်လာတာနဲ့အမျှ အမျိုးသမီးရဲ့ အရေပြားရောဂါဟာလည်း တစ်စ တစ်စနဲ့ ပိုဆိုးလာတယ်။ မျက်မမြင် ယောက်ကျားက သူမိန်းမ အရေပြားရောဂါကြောင့်ရုပ်ပြတ် ဆင်းပြတ် […]
အပျိုပဲဖြစ်ဖြစ် အအိုပဲဖြစ်ဖြစ် ဒီစာလေးကို ဖတ်ကြည့်သင့်ပါတယ်
အိမ်ထောင်ရှိရှိ မရှိရှိ ဒီစာလေးကို ဖတ်ကြည့်သင့်ပါတယ် ကျွန်တော့်ဇနီး ညစာပြင်ဆင်နေတဲ့အချိန်မှာ ကျွန်တော်အိမ်ပြန်ရောက်ခဲ့ပါတယ်။ သူရဲ့လက်ကို ကိုင်ပြီး ကျွန်တော်ပြောလိုက်တယ်။ “မင်းကိုငါ ပြောစရာရှိတယ်” သူကတော့ တိတ်တိတ်ဆိတ်ဆိတ်ထိုင်နေပြီး ညစာစားနေခဲ့ပါတယ်။ သူ့ရဲ့မျက်လုံးတွေထဲမှာ နာကျင်မှုကို တွေ့မြင်နေရပါတယ်။ ကျွန်တော်ဘယ်ကစပြောရမှန်းတောင်မသိဘူး။ ဒါပေမယ့် ကျွန်တော်ဘာတွေ တွေးနေတယ် ဆိုတာကို သူ့ကိုပြောရမှာပါ။ ကျွန်တော် သူ့ကို ကွာရှင်းဖို့ ကိစ္စပေါ့။ တည်တည်ငြိမ်ငြိမ်ပဲ ကျွန်တော်စပြောခဲ့တယ်။ သူ့ကိုကြည့်ရတာတော့ ကျွန်တော့်စကားလုံးတွေ ကို စိတ်ပျက်နေပုံမတွေ့ရဘူး။ ကျွန်တော့်ကို နူးညံ့စွာပဲ မေးခဲ့ပါတယ်။ “ဘာကြောင့်လဲ” တဲ့။ သူ့မေးခွန်းကို မဖြေဘဲ စကားလွှဲလိုက်ပါတယ်။ အဲဒါကြောင့်ပဲ သူဒေါသထွက်သွားတယ်။ လက်ထဲကိုင်ထားတဲ့ တူတွေကို လွှင့်ပစ်ပြီး ကျွန်တော့်ကိုအော်တယ်။ “နင်ယောက်ကျားမဟုတ်ဘူးလား” အဲဒီညက ကျွန်တော်တို့ စကားမပြောဖြစ်ကြတော့ပါဘူး။ သူကတော့ ငိုပဲ ငိုနေခဲ့ပါတော့တယ်။ […]
ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ
ငါတို့နှစ်ယောက် ပြန်ဆုံတွေ့ကြတဲ့အခါ ခြားနားချက်တွေ ၊ ကွဲပြားခြင်းတွေ မတူညီတဲ့ပုံစံတွေနဲ့ပဲ ဆိုပါတော့ ငါတို့နှစ်ယောက် ပြန်တွေ့ကြတဲ့အခါ. . . နင့်ရဲ့ဘေးမှာ နင့်အချစ်ဆုံး ရှိနေပြီးဖြစ်သလို.ငါ့ရဲ့ဘေးမှာလဲ ငါနဲ့အသင့်တော်ဆုံးသူ ရှိနေပြီ… နင့်အချစ်တွေ သူ့အတွက် ပုံအောပြီးသလောက်..ငါ့အချစ်တွေကို (တစ်ချိန်ကချစ်သူကို ပုံအောပြီးချစ်ခဲ့သလိုမျိုး) သူ့အပေါ် ပုံအောနိုင်ဖို့ ကြိုးစားနေတုန်း… နင်ကတော့ သူ့ဆီက နားလည်မှုတွေယူနေချိန်မှာ ငါကတော့ သူ့ဆီက နားလည်မှုကော နွေးထွေးမှုတွေပါ ရယူပြီးနေပြီ ။ ဒါပေမယ့် ငါမပျော်သလိုပဲ… နင်က နင့်အတွက် ချစ်သူကိုရှာဖွေတွေ့ရှိချိန်မှာငါ့မှာလဲ ငါ့ရဲ့ ဖူးစာဘက်ရှိနေပြီ…နင့်အချိန်တွေကို သူ့အတွက်ပေးပြီး ပျော်ရွှင်နေသလောက်… သူ့အချိန်တွေကို ငါ့အတွက်ပေးလာတာတွေ့တိုင်း နင်သာဆိုတဲ့အတွေးနဲ့ ဒဏ်ရာဟောင်းက ရိုက်ခတ်နေတုန်း… နင်ကအဖြစ်ချင်ဆုံးတွေနဲ့ ဘဝကိုဖြတ်သန်းနေချိန်…ငါကတော့ အဖြစ်သင့်ဆုံးဆိုတဲ့အတွေးတွေနဲ့ ဘဝကို ဖြတ်သန်းနေခဲ့ပြီ… ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုဦးစားပေးတဲ့သူက..အောင်မြင်နိုင်သလို ဖြစ်သင့်တာထက် […]
နှလုံးသားချင်း ဝေးနေပြီဆိုရင်…။
ဦးအောင်ဟာ ဧည့်ခန်းထဲမှာ စာဖတ်နေရင်း မိးဖိုချောင်ထဲမှာ သူ့သားဟာ သူ့မိန်းမကို အော်ဟစ်ပြောနေသံကို ကြားလိုက်တယ်။ သူလည်း မကြားသလို နေပြီး စာကို ဆက်ဖတ်နေတယ်။ ဒါပေမဲ သူ့သားရဲ့ အော်ဟစ်သံဟာ တိုးမသွားဘဲ ပိုတောင် ကျယ်လာတယ်။ ဒါကြောင့် ဦးအောင်လည်း နားမခံနိုင်တော့လို့ သားကို ဧည့်ခန်းကို လာဖို့ ခေါ်လိုက်တယ်။ အနားရောက်လာတဲ့ သားကို ဦးအောင်က ဘာဖြစ်လို့ မိန်းမကို ဒီလောက် အော်ကြီးဟစ်ကျယ် ပြောနေရတာလဲလို့ မေးလိုက်တယ် …။ သားက ခုလို ပြန်ဖြေတယ်…“ဘာမှ မဟုတ်ပါဘူး အဖေရာ…အဖေ့သမီးက ကျွန်တော်ပြောတာကို နားမလည်လို့ ကျွန်တော်လည်း စိတ်တိုပြီး အော်ပြောနေမိတာပါ…” “မင်းမိန်းမဟာ မင်းနဲ့ ကပ်လျက်မှာ ရှိနေတာပဲကွာ…ဒီလောက် ၇ အိမ်ကြား ၈ အိမ်ကြား အော်ပြီး […]
ဖောက်ပြန်တတ်တဲ့သူကို ပစ်ထားပြီး ကိုယ့်ကိုကိုယ် ပိုလှအောင်နေပါ.. ဒီစာစောင်လေးကို ယောကျာ်း မိန်းမ မည်သူမဆို ဖတ်ပေးပါအထူးသဖြင့် အိမ်ထောင်သည် မိန်းမ များအား အကြံပေးစာအရ ရေးသားထားပါတယ် ။ စာရှည်ရင် သည်းခံပြီး ဆုံးအောင်သာ ဖတ်ပေးဖို့ စာရေးပြုစုသူ သိန်းမောင်မောင် မှ အကြံပြု မေတ္တာရပ်ခံပါရစေ… ဖောက်ပြန်တတ်တဲ့ သတင်းတွေချည်း ကြားကြားနေရလို့လေ… ချစ်သူ အိမ်ထောင်ဖက် အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေပြီဆိုရင် အသဲနာပြီ ဒေါသတွေထွက် အပြစ်တွေ အပြန်အလှန်တင် ရန်ဖြစ် အအိပ်ပျက် အစားပျက်ပြီး… ရုပ်ပျက် ဆင်းပျက်နဲ့ သေချင်လောက်အောင် စိတ်ဆင်းရဲ့ ကိုယ်ဆင်းရဲ ဖြစ်ကြရပါတယ်..။ အချို့ဆို ဘဝပျက် အနာဂတ်မေ့တဲ့ထိ ဖြစ်ကြတာ တွေရတယ်။ကျွန်နော်အနေနဲ့ အဲ့ဒီလို့ မဖြစ်ကြစေချင်ပါဘူး။ အရေးကြီးတာကတော့ ဖောက်ပြန်ခံရတဲ့အခါ ကိုယ့်အတွက် စိတ်ရောရုပ်ပါ […]









