အသိပညာ

* သိပ်တန်ဖိုးရှိတဲ့ စာပေ *

* သိပ်တန်ဖိုးရှိတဲ့ စာပေ *ဆုံးထိ ဖတ်ကြည့် 🎇 အဆင့်အတန်း မရှိတဲ့သူတွေဟာစကားကို လိမ်ညာ ပြောတတ်ကြပါတယ်။သူတို့ လိုလားနေတဲ့အခါမှာကောင်းမွန်စွာ ဆက်ဆံတတ်ကြပြီး မလိုလားတော့တဲ့အခါမှာချက်ချင်းပြောင်းလဲပြီးအပြစ်မြင်ပြောဆိုဆက်ဆံတတ်ကြပါတယ်။ 🎇 ရှေ့စကားနောက်စကားလည်းမညီတတ်ကြပါဘူး။သူ့ဘက် တစ်ဖက်တည်းကိုသာကြည့်မြင်တတ်ကြပြီးသူများတစ်ဖက်သားအပေါ်အမြဲအပြစ်မြင်ပြောဆိုနေတတ်ကြပါတယ်။ 🎇 ဒီလိုလူတွေဟာအမြဲတမ်း ငြင်းခုံပြီးအမှားတွေကိုသာ ပြောတတ်လေ့ရှိတယ်။ကိုယ့်မှာ အပြည့်အစုံကြီးမဟုတ်ပေမယ့်သူတစ်ဖက်သားအထင်ကြီးစေရန်လည်းမရှိပဲ ကြွားဝါပြောဆိုတတ်တဲ့လူစားမျိုးတွေပါ။ 🎇 လူတစ်ဖက်သားရဲ့အပေါ်မကျေနပ်တော့ဘူးဆိုရင်လည်းဒေါသမထိန်းနိုင်ပဲဝါးလုံးရှည်နဲ့ရမ်းသကဲ့သို့အခြား မဆိုင်တဲ့သူတွေကိုပါရိုင်းစိုင်းစွာထည့်သွင်းပြီးပေးစားဆဲဆိုတတ်ကြပါတယ်။ 🎇 ကိုယ့်ရဲ့အမှားကိုကိုယ်တာဝန်မယူတတ်ကြသလိုတောင်းပန်ဖို့ကိုလည်းမသိကျိုးကျွံပြုနေတတ်ပါတယ်။စကားကို လွယ်လွယ်ပြောတတ်ပြီးကတိသစ္စာ မတည်တတ်ကြတဲ့သူတွေပါ။ အမှန်တရားကို လက်မခံတတ်သလိုကိုယ့်အမှားကိုလည်း ဝန်မခံတတ်ကြပါဘူး။ 🎇 ဘာသာတရားနဲ့ ပတ်သက်လာရင်လည်း လေးစားမူ မရှိတတ်သလိုအမှန် အမှားကိုလည်း ခွဲခြားနားမလည်တတ်ကြပါဘူး။သူတစ်ပါးရဲ့ ပြည့်စုံမှုကိုမနာလိုစိတ်ထားပြီး ပြိုင်ဆိုင်တတ်ပါတယ်။ ကိုယ်ကျင့်သိက္ခာ ဣနြေ္ဒမရှိသလိုဖောက်လွှဲဖောက်ပြန်စိတ်ထားရှိတဲ့သူစားမျိုးပါ။စာပေပညာဗဟုသုတ မပြည့်မီပဲကိုယ်နဲ့ မထိုက်တန်တဲ့ ရာထူးနေရာမျိုးကိုလည်းရယူလိုချင်တဲ့စိတ်ထားရှိပါတယ်။ 🎇 ဒါကြောင့်ကုသိုလ် အ-ကုသိုလ်ဆိုတာဘာကို ပြောတာလဲ?အဆင့်အတန်း နိမ့်တဲ့ စိတ်ကိုအ-ကုသိုလ် လို့ပြောတာဖြစ်တယ်။အဆင့်အတန်း မြင့်တဲ့စိတ်ဆိုတာ ကုသိုလ်ပါ။ […]

အသိပညာ

သတ္တိရှိစမ်းပါ မိန်းကလေး

”’ ခဏတာနာကျင်မှုလေးကိုကြောက်ပြီး တဘဝလုံး မျက်ရည်တွေနဲ့ မဖြတ်သန်းလိုက်ပါနဲ့ ”’သူ့အတွက်ကိုယ်မလိုအပ်တာသေချာရင်နောက်ဆုတ်ပေးလိုက်ပါ ။ သူလည်း စိတ်ချမ်းသာရသလို ကိုယ်လည်း တဖြည်းဖြည်းနဲ့ နေသားကျသွားလိမ့်မယ် ။ကိုယ့်ကိုလိုအပ်တဲ့သူအနားမှာပဲ နေနိုင်အောင်ကြိုးစားပါ ။သူလည်း ပျော်ရွှင်ရသလို ကိုယ်လည်းတဖြည်းဖြည်းနဲ့ စိတ်ချမ်းသာရလိမ့်မယ် ကိုယ့်ကိုတန်ဖိုးမထားတဲ့သူလက်ထဲမှာ နာကျင်နေရမယ့်အစား ..ကိုယ့်ကို တန်ဖိုးထားတတ်တဲ့သူဆီမှာ ကလေးတစ်ယောက်လို အပူအပင်ကင်းစွာ နေပစ်လိုက်စမ်းပါ ။ မိန်းကလေးတွေက အချစ်တစ်ခုပေါ် ပေးဆပ်မှုတွေ အရင်းအနှီးတွေ ပုံအောတတ်လွန်းတယ် ။ဒါကပဲ သူမတို့ရဲ့အားနည်းချက်ဖြစ်နေတတ်တယ် ။ပြောချင်တာက .. လောကကြီးမှာ ယောက်ျားကောင်းတွေရှိပါသေးတယ် .. ကိုယ့်ကိုအနိုင်ယူပြီး ဒဏ်ရာတွေပဲပေးတဲ့လူအနားမှာ တွယ်ကပ်နေဖို့မလိုဘူး ။ ဘာဖြစ်လဲ ပြတ်သားပစ်စမ်းပါ .. နာကျင်ရလည်း ခံစားပစ် .. ငိုချပစ် .. (၁)ပတ်အပြင်ပိုမခံစားရဘူး ဘဝအသစ်ကို စ ပစ်လိုက်စမ်းပါ ။ […]

အသိပညာ


မြင်တွေ့သူတိုင်း၏နှလုံးသားကို အရည်ပျော်သွားစေနိုင်သည့် ကိုယ်တိုင်မိုးစိုခံပြီး သားလေးမိုးမစိုစေရန်အတွက် ထီးဆောင်ပေးခဲ့သည့် ဖခင်၏မေတ္တာ မိဘတို့သည် သားသမီးတို့၏အပေါ်တွင် မည်သူမျှမပေးနိုင်သော အချစ်စစ်မေတ္တာတို့ဖြင့် အရိပ်ပမာ အုပ်မိုးပေးထားတာလည်းဖြစ်ပါတယ်။ယခုတွင်လည်း ဖခင်တစ်ဦး၏ သားဖြစ်သူအပေါ်တွင် စွန့်လွှတ်အနစ်နာခံခဲ့သော ပုံရိပ်လေးဟာ လူသားတိုင်း၏နှလုံးသားကို အရည်ပျော်စေခဲ့ရပါတယ်။ ထိုဖခင်ဖြစ်သူဟာ သားဖြစ်သူကျောင်းဆင်းသည့်အချိန်တွင် အလုပ်အပြန် ဝင်ကြိုခဲ့ပြီး မိုးရွာသောအချိန်လည်းဖြစ်နေခဲ့ပါတယ်။ထိုအခါ ဖခင်ဖြစ်သူဟာ ပါလာသော ထီတစ်ချောင်းဖြင့် သားလေးမိုးမစိုစေရန်အတွက် သေချာစွာဆောင်းပေးပြီး ကိုယ်တိုင်ကတော့ မိုးရေစိုခံပြီး ပြန်လာခဲ့ကြတာဖြစ်ပါတယ်။ သားဖနှစ်ဦး၏ပုံရိပ်လေးဟာ လိုင်းပေါ်တွင် အလွန်ပျံနှံနေခဲ့ပြီး ဖခင်ဖြစ်သူ၏ ကြီးမားလှသော မေတ္တာတရားနှင့် အချစ်တို့ဟာ ကြီးမားကြောင်းကို ပေါ်လွန်နေစေခဲ့ပါတယ်။ Shoon (Cele Daily)credit zawgyi မြင်တွေ့သူတိုင်း၏နှလုံးသားကို အရည်ပျော်သွားစေနိုင်သည့် ကိုယ်တိုင်မိုးစိုခံပြီး သားလေးမိုးမစိုစေရန်အတွက် ထီးဆောင်ပေးခဲ့သည့် ဖခင်၏မေတ္တာ မိဘတို့သည် သားသမီးတို့၏အပေါ်တွင် မည်သူမျှမပေးနိုင်သော အချစ်စစ်မေတ္တာတို့ဖြင့် အရိပ်ပမာ […]

အသိပညာ

လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် မျက်နှာငယ်ရတဲ့ ဘဝ ကိုကြောက်တာပါ..

လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် မျက်နှာငယ်ရတဲ့ ဘဝ ကိုကြောက်တာပါ..လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် အနှိမ်ခံရတဲ့ ဘဝ ကိုကြောက်တာပါ..လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် အထင်သေးခံရတဲ့ အကြည့်တွေ ကိုကြောက်တာပါ..လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် လူရာမသွင်းချင်ကြတဲ့ လူတွေ ကိုကြောက်တာပါ.. ဘယ်အရာကိုမဆို ငွေ မျက်နှာတခုတည်းသာကြည့်တတ်ပြီး ငွေနဲ့တန်ဖိုးဖြတ်တတ်တဲ့ လူတွေကိုမခံချင်စိတ်ကြောင့်သာ ငွေ ကို ကြိုးစားရှာဖွေနေကြခြင်းသာ ဖြစ်တယ်..-ကျူးပစ်-လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် မျက်နှာငယ်ရတဲ့ ဘဝ ကိုကြောက်တာပါ.. လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် အနှိမ်ခံရတဲ့ ဘဝ ကိုကြောက်တာပါ..လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် အထင်သေးခံရတဲ့ အကြည့်တွေ ကိုကြောက်တာပါ..လူတိုင်းက ငွေမမက်ပါဘူးငွေမရှိရင် လူရာမသွင်းချင်ကြတဲ့ လူတွေ ကိုကြောက်တာပါ.. ဘယ်အရာကိုမဆို ငွေ မျက်နှာတခုတည်းသာကြည့်တတ်ပြီး ငွေနဲ့တန်ဖိုးဖြတ်တတ်တဲ့ လူတွေကိုမခံချင်စိတ်ကြောင့်သာ ငွေ ကို ကြိုးစားရှာဖွေနေကြခြင်းသာ ဖြစ်တယ်..🙂Credit >>>original writer & […]

အသိပညာ

မိန်းမပျိုလေးနှင့် ယုတ်မာသောမြွေ (သင့်ဘဝအတွက် အချိန် ၁ မိနစ်ပေးဖတ်ပါ)

တစ်ခါတုန်းက ကောင်မလေးတစ်ယောက် သူ့အဘွားအိမ်သွားဖို့ဆိုပြီး လယ်ကန်သင်းရိုးလမ်းအတိုင်း လျှောက်လာနေတုန်း ရှောကနဲအသံကြားတော့ ငုံ့ကြည့်လိုက်တယ် ခြေထောက်နားမှာ မြွေတစ်ကောင်။မြွေကခလောက်ဆွဲမြွေ အမျိုးအစား အဲ့ဒီအချိန်မှာ ကောင်မလေးက ဘာမှမလုပ်ရသေးခင် မြွေကကောင်မလေးကိုပြောပါတယ်။ သူသေရတော့မယ်ထင်တယ်တဲ့ သူအရမ်းလည်းချမ်းနေတယ်တဲ့ ဒီနေရာမှာ အရမ်းအေးတာပဲတဲ့ အခုထိဘာမှလည်း မစားရသေးဘူးတဲ့ ဖြစ်နိုင်ရင်သူ့ကို ကောင်မလေးရဲ့အင်္ကျီထဲထည့်ပြီး ကောင်မလေးနဲ့အတူ ခေါ်သွားပါလားတဲ့လုပ်ရော။ကောင်မလေးက ပြန်ပြောတယ်မဖြစ်ဘူးမဖြစ်ဘူး နင်ဘာမြွေလဲဆိုတာငါသိတယ် နင်ကခလောက်ဆွဲမြွေ ငါနင့်ကိုခေါ်သွားရင် နင်ငါ့ကိုကိုက်မှာ နင်ကအဆိပ်ပြင်းတယ်။ မြွေကကောင်မလေးပြောတာကို လက်မခံဘူး မကိုက်ဘူးမကိုက်ဘူးစိတ်ချ နင်သာငါ့ကိုကူညီရင် ငါဟာနင့်သူငယ်ချင်းကောင်းပဲ နင့်ကိုငါကောင်းကောင်းမွန်မွန် တကယ်ဆက်ဆံမှာ။မြွေကဒီလိုပြောလာတော့ ကောင်မလေးတွေသွားတယ် ပြီးတော့ မြွေကိုကြည့်တယ် မြွေကလှလိုက်တာ သူ့အကွက်လေးတွေက ပန်းချီကားတစ်ချပ်လိုပဲ ငါမြင်ဖူးသမျှမြွေတွေထဲမှာ သူအလှဆုံးပဲ။ ကောင်မလေး ချက်ချင်းပဲဆုံးဖြတ်လိုက်တယ်။ ကောင်းပြီနင့်ကို ငါယုံတယ် နင့်ကိုငါကယ်မယ် ဘယ်လိုသက်ရှိသတ္တဝါမဆို ကြင်နာမှုနဲ့ထိုက်တန်တယ်ဆိုတာ ငါလက်ခံယုံကြည်ထားတယ်။ပြောပြောဆိုဆိုနဲ့ ကောင်မလေးက မြွေကိုညင်ညင်သာသာနဲ့ […]

အသိပညာ

စိတ်ကုန်ခြင်း အနုပညာ

လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင်သူနဲ့ပတ်သက်တာမှန်သမျှ စိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီးလူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ.. မုန်းသွားတာလည်းမဟုတ်ဘူး နာကြဉ်းနေတာလည်းမဟုတ်ဘူးကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူးကိုယ့်စိတ်ထဲမှာသူကတစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်ကစိတ်ကုန်သွားခြင်းပါ သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်းစိတ်ထဲမရှိတော့သလိုသူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်းမရှိတော့ဘူး လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေလာလာပြောတဲ့အခါတိုင်းမှာစိတ်ကုန်ခြင်း အနုပညာ လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင် သူနဲ့ပတ်သက်တာမှန်သမျှစိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီးလူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ.. မုန်းသွားတာလည်းမဟုတ်ဘူး နာကြဉ်းနေတာလည်းမဟုတ်ဘူးကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူးကိုယ့်စိတ်ထဲမှာသူကတစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်ကစိတ်ကုန်သွားခြင်းပါ သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်းစိတ်ထဲမရှိတော့သလိုသူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်းမရှိတော့ဘူး လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေလာလာပြောတဲ့အခါတိုင်းမှာဝင်မပြောချင်တော့သလိုကောင်းကြောင်းတွေနဲ့ချီးမွမ်းခန်းဖွင့်နေတဲ့အခါတွေမှာလည်း ဘာမှဝင်မပြောတော့ဘဲပြုံးပြီးသာနားထောင်နေတာမျိုးပါ… စိတ်ကုန်သွားခြင်းဟာရေစက်ကုန်သွားတာပါပဲ လင်မယားတွေသမီးရည်းစားတွေအရမ်းခင်မင်ရတဲ့မိတ်ဆွေတွေဟာအကြောင်းတရားမျိုးစုံကြောင့်စိတ်ကုန်သွားနိုင်ကြပါတယ် စိတ်ဆိုးတာဟာ အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်ပြီး…. စိတ်ကုန်တာကတော့အကြောင်းအရာတွေအားလုံးဟာတဖြေးဖြေးနဲ့အဆင်မပြေမှုတွေစိတ်သဘောထားခြင်းမတိုက်ဆိုင်မှုတွေစုလာပြီးနောက်ဆုံးဖြစ်လာတဲ့အကြောင်းကိစ္စတစ်ခုကြောင့်လမ်းခွဲလိုက်တာမျိုးပါ ဒါ့ကြောင့် လူတစ်ယောက်စိတ်ဆိုးသွားတယ်ဆိုရင်သူစိတ်ပြေလည်ချိန်မှာပြန်လည်ရှင်းပြတောင်းပန်ညှိနှိုင်းလို့ရနိုင်ပေမယ့်စိတ်ကုန်သွားပြီဆိုရင်တော့သင်ဘာမှမတတ်နိုင်တော့ပါဘူး ဘာမှဆက်လုပ်လို့မရတော့ဘဲစိတ်ကုန်သွားတဲ့သူကိုထပ်တလဲလဲတောင်းပန်နေခြင်းထပ်ခါထပ်ခါရှင်းပြနေခြင်းကြားလူတွေပါဝင်ညှိနှိုင်းစေခြင်းကပြဿနာကိုပိုမိုဆိုးရွားစေတယ်ဆိုတာသတိပြုပါ လောကမှာလူနှစ်ဦးဟာရေစက်ရှိသလောက်ပဲဆုံတွေ့ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့ ရေစက်ကုန် စိတ်ကုန်သွားတဲ့အခါဘာမှဆက်လုပ်လို့မရတော့တာမို့အဲဒီအခြေအနေကိုဒီအတိုင်းသာထားလိုက်ပါ ရေစက်ကုန်သွားတဲ့အခြေအနေကိုထပ်မံဆိုးရွားအောင်ဖန်တီးနေခြင်းကသင့်ကိုအန္တရာယ်ဖြစ်စေတယ်သူ့ကိုလည်းအနှောက်အယှက်ဖြစ်စေနိုင်တယ်ဆိုတာသတိပြုပါ ဒါ့ကြောင့်အကယ်၍များရေစက်တွေကုန်သွားခဲ့ကြရင်ဖြင့်.. သင်လည်း သင့်လမ်းသင်ဆက်လျှောက်သူလည်း သူ့လမ်းသူဆက်လျှောက်ကြရင်းအတူတူဆုံတွေ့ခဲ့ဖူးတဲ့အတိတ်ဟာ အတိတ်အတိုင်းပဲလှပစွာကျန်ရစ်ခဲ့ပါစေ…… Credit Zawgyi လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင်သူနဲ့ပတ်သက်တာမှန်သမျှ စိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီးလူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ.. မုန်းသွားတာလည်းမဟုတ်ဘူး နာကြဉ်းနေတာလည်းမဟုတ်ဘူးကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူးကိုယ့်စိတ်ထဲမှာသူကတစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလိုဖြစ်သွားတော့တာ ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်ကစိတ်ကုန်သွားခြင်းပါ သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်းစိတ်ထဲမရှိတော့သလိုသူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်းမရှိတော့ဘူး လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေလာလာပြောတဲ့အခါတိုင်းမှာစိတ်ကုန်ခြင်း အနုပညာ လူတစ်ယောက်ကိုတကယ်စိတ်ကုန်သွားပြီဆိုရင် သူနဲ့ပတ်သက်တာမှန်သမျှစိတ်လည်းမဝင်စားတော့သလိုလာပြောလည်း ရင်ကိုမတုန်တော့တာပုံမြင်ရင်လည်း […]

အသိပညာ

အစာလာကျွေးတယ်ထင်ပြီး အပြေးလာမိတာပါ………..

အစာလာကျွေးတယ်ထင်ပြီး အပြေးလာမိတာပါ။ ကျေးဇူးတင်တဲ့စိတ်လေး ရင်ထဲထည့်ပြီး စားလိုက်မိတယ်။ ကျွန်တော်ဘော်ဒါတွေလည်း ပြေးလွှားလုယက်ပြီး စားကြတာ။ ကျွန်တော့်စိတ်ထဲ ဒီလူတွေ ကြင်နာတက်လိုက်တာ။ ကျွန်တော်တို့ကို ချစ်လို့ကျွေးတာနေမယ်။ ကျွန်တော်တို့သိထားတဲ့လူဆိုတာ ကြင်နာတက်၊ စာနာတက်ပြီးငှဲ့ညှာသနားတက်တဲ့ထူးဆန်းတဲ့အရာကြီးတစ်ခုပေါ့။ ကျွန်တော် အမြီးလေးနှံ့ပြလိုက်တယ်။ ကျွန်တော့်ရဲ့Intelligent Eyesတွေနဲ့ လာကျွေးတဲ့လူတွေကိုကြည့်ပြီး ပျော်လိုက်တာ။ ကျေးဇူးလည်းတင်လိုက်တာ။😢😢😢😢 ခဏမှာပဲ ကျွန်တော့်ရင်ထဲ မီးနဲ့ထိုးသလို ကျွန်တော့်နှလုံးတွေ ကြွေကျလာသလိုကျွန်တော့်ခြေတွေလက်တွေ ဖြောင့်တန်း ကျွန်တော့်တစ်ကိုယ်လုံးနာကျင်မူးဝေပြီး ကျွန်နော့်ကို အရှင်လတ်လတ်မီးရှို့နေသလိုပါပဲ😢 ဒါပေမယ့် ကျွန်တော် လူတွေကို ယုံကြည်နေတုန်းပဲ။ သူတို့ကျွေးတဲ့အစာကြောင့် ဒီလိုဖြစ်တယ်ဆိုတာကို ကျွန်တော်မသိရှာဘူး။ ကျွန်တော့်ကို ကယ်ပေးဖို့ အကူအညီတောင်းနေမိတယ်။ ကျွန်တော့်ကို ရေတိုက်ပါနော်။ ကျွန်တော့်ရင်တွေ ပူလွန်းလို့ပါ။ ကျွန်တော့်ကို ထွေးပွေးထားပေးပါ။ ဒီဝေဒနာကို မခံစားဖူးလို့ အရမ်းကြောက်လို့ပါ။ ကျွန်တော်ကို ကယ်မယ်ဆိုတာ ကျွန်တော်သိပါတယ်😢 ဒီလိုနဲ့ပဲ […]

အသိပညာ

လူတကာ မချဉ်းကပ်ရဲတဲ့တန်ဖိုးထားရှိတဲ့ မိန်းမ

“အားလားဖတ်ကြည့်သွားလေ” ********************* “အဖိုးတန်တဲ့ မိန်းမ” ******************* မိန်းမတစ်ယောက်ရဲ့တန်ဖိုးဆိုတာ…ရုပ်ရည်မဟုတ်ပါဘူး။ အရှက်နဲ့ သိက္ခာကိုအသက်ထက် တန်ဖိုးထားတာကိုဆိုလိုတာပါ။တန်ဖိုးကြီးတဲ့ ပစ္စည်းကိုလူတိုင်းက လိုချင်ကြပေမယ့် လူတိုင်း ဝယ်မသုံးနိုင်ပါဘူး။ ဒီလိုပါပဲ။အရမ်းချောမောလှပတဲ့မိန်းကလေးတစ်ယောက်ကိုလူတိုင်းက လိုက်စချင်ပေမယ့်အရှက် သိက္ခာရှိတဲ့မိန်းမကောင်းဖြစ်နေရင်လူတိုင်းက လိုက်မစရဲတော့ပါ။ ဈေးပေါတဲ့ပစ္စည်းဆိုတာလှလှမလှလှအသုံးခံသည်ဖြစ်စေမခံသည်ဖြစ်စေလတ်တလော အဆင်ပြေစေဖို့အတွက် လူတိုင်းက မနှစ်သက်ကြပေမယ့် လူတိုင်းဝယ်သုံးနိုင်တဲ့ ဈေးနှုန်းဖြစ်နေလို့လူတန်းစား မရွေးဝယ်သုံးလေ့ ရှိပါတယ်။ ထို့အတူဈေးပေါတဲ့ မိန်းမတွေဆိုတာရုပ်လှနေမှ မဟုတ်ပါဘူး။မိန်းမကောင်း တစ်ယောက်ရဲ့အဆင်းအင်္ဂါရပ်နဲ့ မညီပဲလူတိုင်းလိုက်စရဲတဲ့ အနေအထားမျိုးဖြစ်နေရင် လူတန်းစား အရွယ်မရွေးအနားကိုလာကပ်ခံရမှာပါပဲ။ တကယ်တော့လူတန်းစား အရွယ်မရွေးအိမ်ထောင်သည်တွေကအစလိုက်စရဲတယ်ဆိုတာဂုဏ်ယူစရာ မဟုတ်ပါဘူး။ကိုယ်က အပေါစားဆန်လွန်းလို့လူတကာ စရဲ တာကသာ ရွက္စရာပါ ဒါကြောင့် ✔လူတန်းစား အရွယ်မရွေးအနားကပ်ခံနေရပြီဆိုရင်ငါ အရမ်းချောလှနေလို့လား လို့တွေးမယ့်အစားငါ အပေါစားဆန်နေလို့လား လို့အရင်တွေးကြည့် လိုက်ပါ။ လူတကာ ချဉ်းကပ်ရဲတဲ့မိန်းမ ဖြစ်နေဖို့ထက်လူတကာ မချဉ်းကပ်ရဲတဲ့တန်ဖိုးထားရှိတဲ့ မိန်းမ ဖြစ်နေဖို့့ပဲလိုတယ်။ လေးစားစွာဖြင့် […]

အသိပညာ

ရင်ဘောင်တန်းတယ်ဆိုပေမယ့် ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့ ဘယ်မှီမလဲ ညီမလေးရေ

ချစ်တာတော့ ချစ်ပါ ညီမလေးပြန်ပြင်လို့မရတဲ့ အခွင့်အရေးတော့ မပေးမိပါစေနဲ့သတိထား ညီမလေးအရေခွံဘယ်လောက်လဲလဲမြွေဆိုတာ တီဖြစ်မသွားဘူး ပြောင်းလဲတဲ့လောကကြီးမှာ လိုက်ဖက်ညီအောင်အရောင်ပြောင်းနေရင် ပုတ်သင်ညိုသာသာဖြစ်တော့မပေါ့ပတ္တမြားမှန်တယ်ဆိုတိုင်း နွံထဲဝင်မှိုင်ပြစရာလားကွယ်ခြေဆေးမခံရအောင် အိုင်ထဲထိုင်မယ့်အစားရေသန့်လို့တံဆိပ်ကပ်နိုင်ရင် တန်ဘိုးတက်လာပါလိမ့်မယ်အိမ်နဲ့ဝေးတိုင်းလဲ….အားမငယ်စိတ်မပျက်နဲ့အမောပြေရေတစ်ခွက် အိမ်ပြေးလေးအတွက်တဲ့အမေ နေ့တိုင်းခပ်ထားတယ်။မမှားဘူး ညီမလေးစဉ်းစားရတယ်ဆိုတာမိန်းကလေးတိုင်းရဲ့ သမိုင်းပေးတာဝန်အရိုးဆို ကြည့်ရှောင်ရမယ်လေကိုယ်ကခဏတာဝါးမယ့်သွားမဟုတ်ဘူး စကားခလုတ်တွေ ဘယ်လောက်တိုက်တိုက်ကိုယ့်ကိုယ်ကို မထိခိုက်ဖို့က ပိုအရေးကြီးတယ်တကယ်တော့ ဟင်းကြေးများတယ်ဆိုတာအစားကောင်းစားရတဲ့သူတွေကို သမုတ်တဲ့ အမည်သက်သက်ပါ။ ကမ္ဘာတစ်ဝက်ကို တက်သိမ်းဖူးတယ်လေလေယူရာတိမ်းတတ်တဲ့ ပန်းပင်ဟာဘယ်လေကြမ်းကြောင့်မှ အမြစ်မကျိုးဘူးပုခက်လွဲသောလက်ဟာ ကမ္ဘာကို အုပ်စိုးနိုင်တယ်ဆိုတဲ့နောက်မှာ ချိုသော စကားပြောတတ်တဲ့ နှုတ်ခမ်းတစ်စုံလိုတယ် ညီမလေး..ညီမလေးရေ….ရင်ဘောင်တန်းတယ်ဆိုတိုင်းခြေရာတော့ လိုက်မတိုင်းလေနဲ့ကြောင်ဘယ်လောက်ခြေရာကြီးကြီးကျားကြီးကိုတော့ ဘယ်မှီမလဲအသားစားသတ္တဝါချင်းတူပေမယ့်စကားအဆိုသာ ကြောင်က ဆရာဖြစ်တာကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေသဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ဖြစ်ရတာ နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။ညီမလေးရေ…သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာ အရက်ချက်ရင်သုံးနေကြပြီချစ်သူကို လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့နတ်သျှင်နောင်ရဲ့ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာရှိသေးတယ်တို့ချစ်လှပါတယ်ဆိုတဲ့ ဧရာဝတီတောင် […]

အသိပညာ

ကောင်မလေးက ဘာပြန်ပြောလိုက်လဲဆိုတော့“ကိုကြီးအိပ်နေတာ မနှိုးရဲဘူး”တဲ့

အရမ်းသဘောကျလို့ ကူးယူလာတာပါ။ တစ်ခါတုန်းက ကျနော့်မှာ သူ့အိမ်က ဒရိုင်ဘာကို အင်မတန်နိုင်စားတဲ့ သူငယ်ချင်းတစ်ယောက်ရှိတယ် ဒရိုင်ဘာက သူ့ထက် အသက်ငါးနှစ်လောက်ကြီးတယ်။ ဒီတော့ ကျနော်တို့က “ကို” တပ်ပြီး ခေါ်ပေမယ့် သူငယ်ချင်းကတော့ နာမည်ပဲခေါ်ပါတယ်လေစကားပြောလည်း သူငယ်ချင်းက မင်းနဲ့ ငါပဲ ဒရိုင်ဘာအကိုကြီးကတော့ သူ့အလုပ်ရှင်ဆိုတော့ ရိုရိုသေသေဆက်ဆံရတာပေါ့လေ… ဒီကောင်က ပြောစရာရှိလည်းပြော၊ ဆဲစရာရှိလည်းဆဲသဘောကောင်းပေမယ့် အထက်စီးတော့ဆန်ပါတယ်. တခါတလေ ကိုယ်ကတောင် ကြားထဲကနေ ဝင်အားနာရတယ်.. ဒရိုင်ဘာအပေါ် သူပြောပုံဆိုပုံတွေက ရင့်သီးပါတယ်..ဟိုကတော့ သည်းခံရှာပါတယ် အလုပ်ရှင်မလား…? ဒီလိုနဲ့ တစ်နေ့ သူငယ်ချင်းက ဒေါကန်နေပါတယ်ဘာဖြစ်တာလဲမေးလိုက်တော့ သူ့ဒရိုင်ဘာ ဘာမပြော ညာမပြောနဲ့ မလာလို့တဲ့ ဒါနဲ့ ဘာများဖြစ်တာလဲဆိုပြီး အိမ်လိုက်သွားကြတယ်..တွေ့လို့ကတော့ ဆဲဆိုပြီး ဟောက်ထည့်လိုက်မယ်ပေါ့ ဒီလိုနဲ့ ဒရိုင်ဘာအိမ်ရောက်သွားတယ်သူ့အမေလို့ ထင်ရတဲ့ အန်တီကြီးတစ်ယောက် ထွက်လာတယ်၊ […]