ခွေး ၄ ကောင်ကိုလည်ချောင်းထဲ ကသွေးစပါလာအောင်ပင်အန်ကျွေးခဲ့တဲ့ ကျောက်တူးသမားမောင်စိုးနိုင်၏ရည်မှန်းချက်က ( တစ်နေ့နေ့တစ်ချိန်ချိန်တွင် ဗုဒ္ဓစေတီတော်တစ်ဆူကို ရတနာကျောက်စိမ်းများဖြင့် တည်ထားကိုးကွယ်နိုင်စေရန် ) ဖြစ်သည် တစ်ခါက ဦးစိုးနိုင်သည် ခရီးသွားရင်း စိတ်မကောင်းစရာ မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။ ခွေးမကြီးတစ်ကောင်နှင့် ခွေးလေးသုံးကောင်တို့သည် အစာရေစာပြတ်ပြီး ချုံပုတ်ထဲတွင် ခွေလဲနေကြသည်။ အိမ်မှာမမွေးချင်သဖြင့် ခွေးမကြီးနှင့်ခွေးကလေးသုံးကောင်ပါ တောထဲလာပစ်ထားရာ လူနေအိမ်များမရှိသဖြင့် အစာရေစာပြတ်ကာလဲကျနေကြ ခြင်းဖြစ်သည်။ အစာတစ်နပ်လောက်သာ စားရပါက လူနေအိမ်များရှိသောနေရာသို့ သူတို့သားအမိတစ်တွေ သွားနိုင်ကြမည်ဖြစ်သည်။ ဦးစိုးနိုင်သည် ဖြစ်ပေါ်လာသော သဒ္ဒါ တရားကြောင့် ကားပေါ်သို့ အမြန်ပြေးကာ ကျွေးမွေးစရာများကို ရှာကြည့်သည်။ မည်သည့်အစာကိုမျှမတွေ့ရ။ မျက်စေ့တစ်ဆုံး လှမ်းမျှော်ကြည့်သော်လည်း အိမ်ခြေရာခြေမပြောနဲ့ တဲတစ်လုံးပင်မတွေ့ရပေ။ ကျွေးမွေးချင်သော မေတ္တာစေတနာသည် ပြင်းထန်နေပြီဖြစ်သောကြောင့် အပင်ထက်မှ ဖက်သန့်သန့်များကိုခူးကာ ခွေးများရှေ့တွင် ဖြန့်ခင်းချလိုက်သည် အရိုးပေါ်အရေတင်ဖြစ်ကာ […]
အေထြအေထြဗဟုသုတ
သင်၏ဘဝထဲကို ကံဆိုးမူတွေ ရောက်ရှိလာတော့မယ်ဆိုတာကို ညွှန်ပြနေသော နိမိတ် ( ၅ ) မျိုး
တစ်ခုခုကို လုပ်တော့မယ့်အခါ မလုပ်သင့်ဘူး၊ ဆိုးကျိုးတွေ ဖြစ်လာမယ်ဆိုရင် နိမိတ်တချို့ပြတတ်သလို ၊တစ်နေရာရာကို သွားသင့်လား မသွားသင့်လား ဆိုတာလည်း သွားခါနီးရင် နိမိတ်လေးတွေ ပြတတ်ပါတယ်။ နိမိတ်ကိုယုံတဲ့သူတွေအတွက် နေရာတစ်နေရာသွားခါနီး၊တစ်ခုခုလုပ်ခါနီးမှာ ဖြစ်လာတတ်တဲ့နိမိတ်လေးတွေကို သိပြီးရှောင်ရှားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။ (၁) ခလုတ်တိုက်ရင် တစ်ခုခုလုပ်ခါနီး၊တစ်နေရာရာသွားခါနီးမှာ ခဏခဏခလုတ်တိုက်နေရင် မလုပ်သင့်မသွားသင့်သေးပါဘူး။ (၂) အလိုလိုစိတ်ညစ်ညူးနေရင် တခါတ လေစိတ်က အလိုလိုမကြည်နေတာမျိုး၊ စိတ်မရှည်နေတာမျိုးဖြစ်တတ်ပါတယ်။ အဲ့လိုဖြစ်တာက စိတ်ခံစားချက်သက်သက်လို့လည်း ပြောလို့ရသလို၊ နိမိတ်တစ်ခုလို့လည်းပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ သင့်အ နေနဲ့စိတ်မကြည်လင်ဘူး၊ စိတ်ညစ်ညူးနေမယ်ဆိုရင် သင်လုပ်မယ့်အရာတစ်ခုက အဆင်ပြေဖို့သိပ်မဖြစ်နိုင်သလို၊သွားမယ့်နေရာမှာလည်း ပျော်စရာကောင်းလာမှာမဟုတ်ပါဘူး။ ဒါကြောင့် စိတ်ညစ်ညူးနေရင် ခဏ လောက် ငြိမ်ငြိမ်လေးနေပြီး အသက်ရှူသွင်း၊ရှူထုတ်တာလေးကို ဆယ့်ငါးမိနစ်လောက်လုပ်ပေးသင့်ပါတယ်။ (၃) ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်နဲ့ခိုက်ရန်ဖြစ်ပွားရင် ဒါလည်း ခုနကဟာနဲ့ သ ဘောတရားအတူတူပါပဲ။ချစ်တဲ့သူတွေနဲ့ခိုက်ရန်ဖြစ်ပွားတာက တစ်ခုခုကိုအောင်အောင်မြင်မြင်လုပ်ဖို့၊ […]
လူတိုင်း သဘောကျ တဲ့ မိန်းကလေး ဆိုတာ
လူတိုင်း သဘောကျ တဲ့ မိန်းကလေး ဆိုတာ (၁) အဆင့်အတန်း မခွဲတတ်ပဲ တစ်ဖက်လူကို လေးစား တတ်တဲ့ မိန်းးကလေး မျိုး။ (၂) ယဉ်ကျေးလိမ္မာ ပြီး ဘာသာတရား ကို အလေးထားတတ်တဲ့ မိန်းကလေး မျိုး။ (၃) ဒီဘက်ခောတ်ကြီးမှာ ဆံပင် အနက်ရောင်နဲ့ မိန်းကလေးမျိုး။ (၄) လမ်းသွားရင် တခြား ယောကျင်္ား တွေနဲ့ မျက်စိ မကစားတတ်တဲ့ မိန်းကလေး မျိုး။ (၅) ယောကျင်္ားလေး တွေနဲ့ ပြောဆိုတာက အစ တည်တည်ငြိမ်ငြိမ်နဲ့ ပြောတတ်တဲ့ မိန်းကလေး မျိုး။ (၆) သစ္စာ ရှိပြီး စောင့်ထိန်းနိုင်စွမ်းရှိတဲ့ မိန်းကလေး မျိုး။ ၇) ပွင့်ပွင့်လင်းလင်းနဲ့ ဟန်မဆောင် တတ်ပေမဲ့ အနေအထိုင်မရိုင်းတဲ့ […]
တစ်သက်လုံးပေါင်းသင်း ဆက်ဆံဖို့အတွက် အသင့်တော်ဆုံးဘော်ဒါ (၅)မျိုး….
ပေါင်းသင်းဆက်ဆံရေးမှာ အသင့်တော်ဆုံးဘော်ဒါ (၅)မျိုး…. ၁။ ကိုယ်အခက်အခဲကြုံတိုင်း မကူညီနိုင်ရင်တောင် နှစ်သိမ့်ပေးနိုင်တဲ့ ဘော်ဒါ ကိုယ်အခက်အခဲကြုံတိုင်းမှာ ကိုယ့်ကို ဘာမှ မကူညီနိုင်ပေးနိုင်ရင်တောင်မှ စိတ်မကောင်းတွေဖြစ်ပြီးအတက်နိုင်ဆုံး နှစ်သိမ့်ပေးတဲ့ ဘော်ဒါမျိုးကတော့ ရှားပါတယ်များသောအားဖြင့် ဘော်ဒါတွေကို တစ်ခုခု အကူအညီတောင်းတိုင်း မကူညီနိုင်ကြောင်း၊အဆင်မပြေသေးလို့ ဘာညာပြောပြီး လျှော်ချသွားတဲ့ ဘော်ဒါတွေ အများကြီးပါဒီလိုမျိုး မကူညီပေးနိုင်ရင်တောင်မှ သင့်ကိုဂရုတစိုက်နဲ့နှစ်သိမ့်ဆွေးနွေးပေးနိုင်တဲ့ ဘော်ဒါမျိုးကတော့ ရှားပါတယ်။ ၂။ ကိုယ်နဲ့အမြဲ သောက်ဖော်သောက်ဖက် ဘော်ဒါ ဒီလိုမျိုးဘော်ဒါကျပြန်တော့ သောက်ကြစားကြမယ်ဆို ၂ ခါခေါ်စရာတောင်မလိုပါဘူးအမြဲလိုလို သောက်စားမယ်ဆို တက်တက်ကြွကြွနဲ့ကိုယ်နဲ့အတူ လိုက်သောက်ပေးနိုင်တဲ့ ဘော်ဒါမျိုးပါဒီလိုမျိုးဘော်ဒါကို ပိုင်ဆိုင်ထားရတာလည်း တစ်မျိုးကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရဲ့ဖြစ်သမျှအကြောင်းအရာတွေကိုအမြဲတမ်းနားထောင်ပေးတတ်တဲ့ မိတ်ဆွေကောင်းတစ်ယောက် ရထားလို့ပါပဲ။ ၃။ ကိုယ့်ကိုညီအကိုလို ပေါင်းသင်းတဲ့ ဘော်ဒါ ဒီဘော်ဒါမျိုးကျတော့ ကိုယ့်ကိုတစ်ကယ့် ညီအကိုစိတ်ဓာတ်နဲ့ ပေါင်းသင်းပေးတဲ့ ဘော်ဒါမျိုးပါအပေါ်ယံသာ […]
ဒိုလေးရဲ့ မိခင်အပေါ် ထားတဲ့စိတ်ထားက တကယ်လေးစားစရာပါ
ဒိုလေးရဲ့ မိခင်အပေါ် ထားတဲ့စိတ်ထားက တကယ်လေးစားစရာပါ သတင်းထောက် က ရော်နယ်ဒို ကို မေးတယ်။ ” ခင်ဗျား အမေ က ခင်ဗျား နဲ့ အတူတူ နေတုန်းပဲလား၊ ဘာကြောင့် သူ့အတွက် သီးသန့် အိမ်တစ်လုံး ဝယ်မပေးတာလဲ ? ” ကမ္ဘာကျော် ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒို က ဖြေတယ်။ ” ကျွန်တော့်အမေ က ကျွန်တော့် ကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ ကျွန်တော့်အတွက်ဆို သူက သူ့အသက်တောင် ပေးနိုင်တယ်။ သူ ဆာနေပေမယ့် ရှိတဲ့ အစာ လေးကို ကျွန်တော့်ကို ပေးကြွေးခဲ့တယ်။ ကျွန်တော့်တို့မှာ ပိုက်ဆံ မရှိဘူး။ကျွန်တော့်မှာအရည် အချင်း ဘယ်လောက်ပဲ ရှိရှိ၊ အောင်မြင်တဲ့ ကစားသမားဖြစ်လာ […]
ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရား မျက်စိဝေဒနာ ပျောက်ကင်းစေသော ဂါထာတော်
ရွှေတောင်မြို့ ရွှေမျက်မှန်ဘုရား မျက်စိဝေဒနာ ပျောက်ကင်းစေသော ဂါထာတော် ဒက္ခိဏက္ခိစ သူရိယော ဝါမ အက်ခိစ စန်ဒိမာ ဗုဒ္ဓစက္ခုနိ ဓာတုယော အဟံ ဝန္ဒာမိ သဗ္ဗဒါ ဧတနေ ပုည ကမ်မနေ စက္ခုရောဂါ ဝိနဿတု လက်ယာဖက်မျက်စိတော်၌ နေမင်းသည်တည်၏ လက်ဝဲဖက် မျက်စိတော်၌ လမင်းသည်တည်၏ ဘုရားရှင်ကိုယ်တော်မြတ်၏ မျက်စိတော် ဓာတ်တော်တို့ကို တပည့်တော်သည် နေ့ရော,ညပါ အခါခပ်သိမ်း ရိုသေမြတ်နိုးစွာ ရှိခိုးပါ၏ ဘုရား ဤသို့ ရှိခိုးရသော ကောင်းမှုကံ စေတနာကြောင့် မျက်စိ၌ဖြစ်သော ရောဂါဝေဒနာသည် ကင်းစင်လွင့်ပျောက် ပါစေသတည်း ဒွတ္တဘောင်မင်းကြီး ကောင်းမှု့တော် ရွှေမျက်မှန်ဘုရားကြီးရွှေမျက်မှန်ဘုရားကြီးသည် ပဲခူးတိုင်းဒေသကြီး ၊ ရွှေတောင်မြို့ တွင် ရှိ သည် အာဇာနည် ကျောက်တိုင်အနီး လမ်းညွှန်ဆိုင်းဘုတ်ကြီးကို ကျော်လာပြီးနောက်လက်ယာဘက်တွင် […]
ကိုယ့်ရဲ့စိုက်ခင်းအတွက် 3 လခန့်အချိန်ယူပြီးကိုယ်တိုင်ရေတွင်းတူးခဲ့တဲ့ 51 နှစ်အရွယ်အမျိုးသမီး
အိန္နိယနိုင်ငံမှာနေထိုင်လျက်ရှိတဲ့ အသက် 51 နှစ်အရွယ် Gauri S.Naik အမည်ရှိတဲ့အမျိုးသမီးဟာ အလုပ်သမားငှါးရမ်းခမတတ်နိုင်လို့ ကိုယ်တိုင်ရေတွင်းတူးခဲ့ရပါတယ် ။ အကြောင်းကတော့ သူမရဲ့စိုက်ခင်းအတွက် ရေအလုံအလောက်ရရှိအောင်ပါ ။ သူမဟာ ရေတွင်းအနက် ပေ 60 အထိ ရေတွင်းတူးခဲ့ရပြီး တစ်ရက်ကို 5 နာရီကနေ 6 နာရီအထိ အချိန်ပေးပြီး ရေတွင်းတူးခဲ့ရတာပါ ။ တစ်ရက်မှာတော့ သူမရဲ့အပေါင်းအသင်းတွေက အမြဲကိုက်ခဲနေတယ်ဆိုပြီး ညည်းညူနေခဲ့တဲ့သူမကို သံသယဖြစ်လာလို့ နေအိမ်လိုက်ကြည့်ခဲ့ချိန်မှာတော့ ရေတွင်းတစ်ယောက်တည်း တူးနေခဲ့တဲ့သူမရဲ့အဖြစ်ကို သိခဲ့ကြရတာပါ ။ ဒါကြောင့် အမျိုးသမီး 3 ယောက်က မြေကော်ထုတ်ဖို့ သူမကိုအကူအညီပေးခဲ့ကြပေမဲ့ တွင်းတူးတာကတော့ သူမတစ်ယောက်တည်းက ပြုလုပ်ခဲ့ရတာပါ ။ 3 လအကြာမှာတော့ သူမရေကြောကိုတွေ့ခဲ့ပြီး ၊ သူမရဲ့ လုံးလစိုက်ထုတ်မှုက အရာထင်ခဲ့ကာ […]
အိမ်ကမိန်းမကို သည်းမခံနိုင်လို့ ကွာရှင်းဖို့ တရားသူကြီးထံ သွားခဲ့တဲ့ အမျိုးသားရဲ့ အဖြစ်
အိမ်ကမိန်းမကို သည်းမခံနိုင်လို့ ကွာရှင်းဖို့ တရားသူကြီးထံ သွားခဲ့တဲ့ အမျိုးသားအဖြစ် “မင်းမိန်းမနဲ့ ဘာလို့ကွာရှင်းချင်တာလဲ”တရားသူကြီးက မေးတယ်… “ကျနော့ကို နေ့စဉ် ကြက်သွန်ဖြူခွာခိုင်းတယ်ကြက်သွန်နီလှီးခိုင်းတယ်ပန်းကန် ဆေးခိုင်းတယ် အဲဒါကြောင့်” ” အဲဒါ ဘာများ အပန်းကြီးလဲ…လွယ်လွယ်လေးဟာကို…. ကြက်သွန်ဖြူမခွာခင် မီးအပူလေး ပေးလိုက်…အခွံခွာရတာ လွယ်သွားမယ်… ကြက်သွန်နီလှီးခိုင်းရင် လှီးမဲ့ကြက်သွန်ကို ရေခဲသေတ္တာအထဲ ခဏထား..နောက်လှီးကြည့်… မျက်စိမစပ်တော့ဘူးပေါ့… ဒီလိုပဲလေ..ပန်းကန်လည်း မဆေးခင် ရေထဲ ဆယ်မိနစ်လောက်စိမ်ထား ဆေးရတာ လွယ်လွယ်လေး… ဒါပေမဲ့..မင်းကိုအဝတ်တော့ မလျှော်ခိုင်းသေးဘူး မဟုတ်လား…နောက် အဝတ်လျှော်ခိုင်းရင် ဒီလိုလုပ်ကွသေချာမှတ်ထား…. အဝတ်မလျှော်ခင် ဆပ်ပြာရည်အထဲ မှာအဝတ်ကို ဆယ့်ငါးမိနစ်လောက် စိမ်ထား…ဂျီးတွေ သူ့အလိုလို ထွက်လာမယ်…လျှော်တဲ့အချိန် အားသုံးစရာ မလိုတော့ဘူးပေါ့.. ပြီးတော့…သနပ်ခါး..သွေး…” “ရပါပြီ ခင်ဗျ…ကျနော့ လျှောက်လွှာ ပြန်ရုပ်သိမ်းခွင့်ပြုပါ..တရားသူကြီးမင်း ခင်ဗျား” “မင်း.. ငါပြောတာ […]
၃ မိနစ်အိုးပျက်လို့ လွှင့်မပစ်နဲ့ ဒီအတိုင်းပြင်ပြီးသုံးလိုက်ပါ (ရုပ်သံ)
အောက်တွင် ဗီဒီယိုဖိုင် ထည့်ထားပါသည်။ “သုံးမိနစ်” လျှပ်စစ် ရေနွေး အိုး ပျက်ရင် ပစ်မထားနဲ့အခုလိုပြင်သုံးရင် အများကြီးသုံးလို့ရတယ်။လူသုံးများနေတဲ့ဖော်ပြပါ သုံးမိနစ် လျှပ်စစ်ရေနွေးအိုးတွေဟာ လပိုင်းနဲ့ ပျက်စီး ပြီး စက္ကူ အဟောင်းရောင်းတဲ့ဆိုင်တွေမှာ အချိန်ဈေးနဲ့ လာရောင်းထားတာအများကြီးတွေ.နေရလို့ ပြုပြင် အသုံးချတဲ့နည်းကိုရေးပြလိုက်ပါတယ်။ အခုလို ပြုပြင်ပြီး ကျနော်ကိုယ်တိုင်လက်တွေ့ သုံးနေတာ ၂ နှစ်နီးပါရှိနေပြီး ဖြစ်တယ် ၊မူလ အသစ်ထက်စိတ်ချစွာ အသုံပြုနိုင်တဲ့နည်းပါ။ရေနွေးအိုး အများစု ဟာ power supply. ခေါ် လျှပ်စစ် ကို အောက်ဖက် အဝိုင်းနေရာက ကြွေးပါတယ် ၊ အဲ့ဒီနေရာ မှာတပ်ဆင်ထားတဲ့ terminal ကြေးပြားလေးတွေဟာ အလွန်ပါးပြီးအသုံးပြု တာ ကြာလာရင် အပူဒဏ်ကြောင့် ပျက်စီး ကာ ငုတ်နှစ်ခုမထိ တော့ဘဲ လျှပ်စစ်ဓာတ်မစီးနိုင်ကာ […]
ကင်းမွန် အစာသွတ်ကြော်ပြုလုပ်နည်း
-ကင်းမွန်ကို ကိုင်တွယ်ဆေးကြောထားပါ။ကင်းမွန်ထဲကိုသွတ်မည့်အဆာအဖြစ် ကြက်သား၊၀က်သား၊ ပုစွန်တို့ကို သုံးနိုင်ပါတယ်။ -အဆာလုပ်မည့်အသားကို ရေဆေးသန့်စင်ပြီး ဆား၊အချို မှုန့်နည်းနည်းစီထည့်ပါ။ ဂျင်းနဲ့ကြက်သွန်ဖြူ ထောင်းထည့်ပါ။ (အစပ်လိုချင်ရင် ငရုတ်သီးစိမ်းပါထည့်ပါ။) ပြီးရင် အားလုံးရောပြီး ညက်နေအောင်နုတ်နုတ်စင်းပါ။ ပြီးရင် နှမ်းဆီမွှေးနည်းနည်းထည့်နယ်ပြီး သန့်စင်ထားတဲ့ကင်းမွန်ကိုယ်လုံးထဲကို အစာတွေအပြည့်သိပ်ပါ။ အကြော်-အိုးထဲကို အစာသွတ်ထားတဲ့ကင်းမွန်တွေကို အသာအယာလေးစီ ထည့်ပီး ကြော်ပါ။ ကင်းမွန်အစာသွတ်ကြော်ကို ပန်းကန်ထဲစီထည့်ပြီး နံနံပင်တို့နဲ့အလှဆင်နိုင်ပါတယ်။ Credit:မူရင်းရေးသားသူ









