အထွေအထွေဗဟုသုတ
သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း ( မေတ္တာပို့နည်း)
သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း ( မေတ္တာပို့နည်း) သင့်ကို လူချစ်လူခင်ပေါစေမယ့် အလွယ်ကူဆုံးနည်း မေတ္တာပို့နည်း သင် နံနက် အိပ်ယာထလို့ မျက်နှာသစ်တော့မယ် ရေကို စကိုင်ပြီးဆိုတာနဲ့ဗုဒ္ဓံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. အဲ့လိုဘဲ ဓမ္မံသရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် မျက်နှာကို ရေနဲ့ တစ်ခါသပ်ချ .. သံဃံ သရဏံ ဂစ္စာမိဆိုပြီး တစ်ခါရွတ် ရေနဲ့ တစ်ခါသပ်ချပါ .. (ဆိုလိုတာကတော့ မေတ္တာမပို့မှီ သရဏဂုံ သုံးပါးကို အရင်ရွတ်လိုက်ပါ) အဲ့ဒါပြီးရင်တော့ သွားတိုက်ချင်တိုက်ပါ သွားတိုက်ရင်း စိတ်ထဲကဂုဏ်တော် ကိုးပါးကိုရွက်ရင် ပိုကောင်းပါတယ် .. ကိုယ်ပြောတဲ့စကား အောင်စေပါတယ် .. သွားတိုက်ပြီးလို့ ရေကို ထပ်ကိုင်တဲ့အချိန်ကျရင်ပထမဆုံး – […]
အထွေအထွေဗဟုသုတ
သင်သာ ဒီနည်းလမ်းတွေကို လုပ်ဆောင်နိုင်မယ်ဆိုရင် (၅)နှစ်အတွင်း ချမ်းသာတဲ့သူတစ်ယောက် ဖြစ်လာနိုင်တယ်
(၅)နှစ်အတွင်း အမြန်ဆုံး ချမ်းသာနိုင်မဲ့နည်းလမ်း လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ကြိုးလည်းကြိုးစားကြတယ်။ ဒါပေမဲ့ လူတော်တော်များများကို မေးကြည့်လိုက်ရင် ငါတစ်နေ့ချမ်းသာရမယ်လို့ပဲ ဖြေကြတယ်။ တိကျတဲ့ အဖြေတစ်ခုကိုမရဘူး။ တစ်နေ့ကြရင်ဆိုတော့ နောင်(5)နှစ် (10)နှစ်လဲ မသေချာပါဘူး။ ဒီလိုပဲ ကြိုးစားရင်းနဲ့အချိန်တွေကုန်သွားမှာပါပဲ။ ကိုယ်ကတကယ်အောင်မြင်ကြီးပွားချမ်းသာချင်ရင်တော့ တိကျတဲ့အဖြေတစ်ခုရှိဖို့ လိုပါတယ်။ ၁။ ကိုယ်က ငွေပမာဏဘယ်လောက်ထိ ပိုင်ဆိုင်ချင်တာလဲ ဆိုတာသိရပါမယ်။ ၂။ အဲ့ဒီငွေပမာဏကို ဘယ်အချိန်မှာပိုင်ဆိုင်ချင်တာလဲဆိုတာ သိရပါတယ်။ ၃။ ကိုယ်လိုချင်တဲ့ငွေပဏနဲ့ အချိန်အတိုင်းအတာကို စာအုပ်ထဲမှာချရေးရပါမယ်။ ၄။ ကိုယ်လိုချင်တဲ့ပမာဏနဲ့ အချိန်ကိုတွက်ပြီး ပထမနှစ်မှာဘယ်လောက်၊ ဒုတိယနှစ်မှာဘယ်လောက်ဆိုပြီး နှစ်အလိုက်ပြန်ခွဲရေးပါ။ ၅။ (၁)နှစ်မှာဘယ်လောက်ရှာရမယ်ဆိုတာကို သိပြီဆိုတာနဲ့ ကိုယ်လက်ရှိအလုပ်နဲ့ဝင်ငွေက ထိုပမာဏကိုမရနိုင်ဘူးဆိုရင် ကိုယ်ကနောက်ထက် ထိုပမာဏကိုရနိုင်မဲ့အလုပ် ဝင်ငွေတွေကိုထပ်ပြီး ဖန်တီးရပါမယ်။ ဒါကြောင့် (၅)နှစ်အတွင်းမှာ အောင်မြင်ချမ်းသာချင်တယ်ဆိုရင် ကိုယ်လိုချင်တဲ့ငွေပမာဏနဲ့အချိန်ကို (၁)နှစ်စီ […]
အေထြအေထြဗဟုသုတ
အဲကွန်း မသုံးပဲ မိမိအိမ်ကို အပူဒဏ်သက်သာအောင် လုပ်နည်း (၅) မျိုး
(၁) အုပ်ကြွပ်မိုးပါ အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည် ရှိပါတယ်။အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ် (၂) အပူခံဂွမ်း Radiant Barrier သုံးပါ။ အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ် ။ မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ် ။Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ် ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ […]
အထွေအထွေဗဟုသုတ
ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု ဝင်ဖတ်ကြည့်လိုက်
ယောကျာ်းတွေကို စိတ်နာလို့ ဒီနေရာကို အတွဲတွေလာရင် ပြတ်စေဆိုတဲ့ နေရာလေးတစ်ခု …ဝင်ဖတ်ကြည့်လိုက် မိန်းမရဲတောင် ရဲ့ အလှအပကို စိတ်ဝင်စားလို့ သွားကြ ဘုရားဖူးကြ Facebook မှာ ပုံတွေ ခဏခဏတွေ့ နေရပေမယ့် အဲဒီတောင်ရဲ့ သမိုင်းကို သေချာရေရာအောင် သိတဲ့သူက ခပ်ရှားရှား . ကျနော်စပ်စု စုံစမ်း မေးမြန်း ထားသလောက်က ဒီလိုဗျို့. . နာမည်က နန်းဧကရီမွှေး ဘုရင့် သမီးတော် တစ်ပါးပေါ့ အချစ်ဆိုတာက ဆန်းကျယ်တယ်လေ သူချစ်မိတာကကျေးတောသား . ကုမ္မာရ တဲ့ သူတို့ နှစ်ဦး ချစ်ကြည်နူးနေတာကိုဘုရင့် ရွေနားတော်ပေါက်ကြား အမျက်ပွားစေခဲ့တာမဟုတ်လား အမဲရိုးက ဟင်းအိုးကိုမှအားမနာ ကျေးတောသား ကုမ္မာရ လူငနွားကို သတ်စေတဲ့ တစ်ချက်လွှတ် အမိန့်.ဒီသတင်း နန်းဧကရီမွှေးကြားတော့ […]
အထွေအထွေဗဟုသုတ
သွေးအမျိုးအစားအလိုက် မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက်များ
သွေးအမျိုးအစားအလိုက် မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက်များ သွေးအမျိုးအစားကိုလိုက်ပြီးတော့ လူတစ်ယောက်ရဲ့ အကြောင်းကို သိနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သွေးအမျိုးအစားတစ်ခုချင်းဆီမှာ မတူညီတဲ့ မွေးရာပါအားသာချက်တွေနဲ့ ပင်ကိုယ်စရိုက်တွေကို ပိုင်ဆိုင်ထားလို့ပါ။ ဖတ်ကြည့်လိုက်ပါဦးနော် (၁) A သွေးအမျိုးအစား အေသွေးပိုင်ရှင်လေးတွေဟာ အရမ်းကို တိကျတယ်၊ စေ့စပ်သေချာတယ်၊ အသေးစိတ်တယ်၊ ဇီဇာကြောင်တယ် ဒါကြောင့်ပဲ သူတို့ဟာ သူများတွေထက် ထူးချွန်ကြပါတယ်။ ဒါပေမယ့်လည်း တစ်ချို့သူတွေကလည်း ဒီအကျင့်တွေကြောင့်ပဲ သူတို့ကို အမြင်ကပ်နေတတ်ကြပါတယ်။ ငြိမ်ပြီး အရှက်ကြီးတဲ့သူတွေဖြစ်တာကြောင့် စကားဝိုင်းတွေမှာ ပြောသူမဟုတ်ပဲ နားထောင်သူတွေ ဖြစ်ကြပါတယ်။ စိတ်ထိခိုက်လွယ်တဲ့ သွေးပိုင်ရှင်တွေဖြစ်တာကြောင့် ဝမ်းနည်းလွယ်ပါတယ် (၂) B သွေးအမျိုးအစား ဘီသွေးလေးတွေဟာ စိတ်ရှင်းပြီး ခင်မင်နှစ်လိုဖွယ်ကောင်းတဲ့သူတွေ ဖြစ်ပါတယ်။ အရမ်းရိုးသားတာကြောင့် သူတို့ရဲ့ အတွေးတွေကို အမြဲထုတ်ပြောတတ်တဲ့သူတွေပါ။ တစ်ခါတလေ လူတစ်ချို့အတွက် အနာပေါ်တုတ်ကျဖြစ်သွားတာမျိုးလည်း […]
အထွေအထွေဗဟုသုတ
အိမ်သာဆေးရင်း သေမလိုဖြစ်သွားတဲ့ဘုန်ကြီး အိမ်ရှင်မတွေအတွက်သတိလာပေးတာပါ
အေထြအေထြဗဟုသုတ
ချမ်းသာကြွယ်ဝပြီး ကံကောင်းစေတဲ့ မှဲ့ (၈)မျိုး
မှဲ့နဲ့ပတ်သက်ပြီး အယူအဆ အမျိုးမျိုးရှိကြပါတယ်။ မှဲ့တစ်ခုစီတိုင်းမှာ ဘဝနဲ့ ပတ်သက်ပြီး ဖုံးကွယ်ထားတဲ့ မက်ဆေ့ခ်ျတစ်ခုစီရှိပါတယ်လို့ မှဲ့ပညာရှင်တွေက ဆိုကြပါတယ်။ ခန္ဓာကိုယ်ရဲ့ နေရာအမျိုးမျိုးမှာ မှဲ့တွေရှိနိုင်ပြီး အခုဖော်ပြမယ့် နေရာတွေမှာရှိတဲ့မှဲ့တွေကတော့ ကံကောင်းခြင်းနဲ့ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းကို ပေးနိုင်ပါတယ်တဲ့ နှုတ်ခမ်းအပေါ်ဘက်မှာရှိတဲ့မှဲ့ အရမ်းကို ကောင်းတဲ့မှဲ့တစ်မျိုးဖြစ်ပြီး ရွယ်တူတန်းတူတွေထက် ငွေကြေး၊ အောင်မြင်မှု ပိုမိုရရှိတတ်တဲ့မှဲ့လို့ ဆိုနိုင်ပါတယ်။ ဒီလိုမှဲ့ပိုင်ရှင်တွေက ခေါင်းနည်းနည်းမာတဲ့ သဘာဝရှိပေမဲ့ ဘာပဲလုပ်လုပ် အရမ်းကို မြန်မြန်ဆန်ဆန်အောင်မြင်တတ်တဲ့သူတွေ ဖြစ်ပါတယ် နှာခေါင်းပေါ်မှာရှိတဲ့မှဲ့ နှာခေါင်းရဲ့ တစ်ဘက်တစ်ချက်မှာ မှဲ့ရှိနေမယ်ဆိုရင် သေချာပေါက်ချမ်းသာမယ်ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုနဲ့ ငွေကြေးနှစ်ခုစလုံးက အသက် ၃၀ နောက်ပိုင်း ဒါမှမဟုတ် အိမ်ထောင်ကျပြီးမှ ရရှိတတ်ပါတယ် ညာဘက်ပါးပြင်ပေါ်ကမှဲ့ ညာဘက်ပါးပေါ်မှာ ထင်ရှားပြီး ပြတ်သားတိကျတဲ့ မှဲ့တစ်လုံးရှိမယ်ဆိုရင် အိမ်ထောင်ပြုပြီးနောက်မှာ အရမ်းကို […]
အထွေအထွေဗဟုသုတ
ယောက်ျားမသိအောင် အမျိုးသမီးတွေ တိုးတိုးလေးဖတ်ဖို့
တစ်ရက် ဗေဒင်ဟောခန်းသို့ အမျိုးသမီးတစ်ဦး ရောက်ချလာသည် ဘာအကူအညီ ပေးရမ လဲ အဒေါ်ဟု မေးလိုက်ရာ အဓိကကတော့ ကျွန်မရဲ့ ယောင်္ကျားနဲ့ သားသမီးတွေ အခုတလော အိမ်ကို ကပ်တယ်ကို မရှိဘူး ဆရာလေး။ အိမ် မကပ်တော့ ကျွန်မက စိတ်တိုင်း မကျဖြစ်။ စိတ် တိုင်းမကျတော့ ကျွန်မက အော်တော့တာပေါ့။ ကျွန်မက အော်တော့ ဒင်းတို့က နားပူတယ်ဆိုပြီး အိမ်မှာ မနေချင်ကြပြန်ဘူး။အဲဒီတော့ ဆရာရယ် ကျွန်မဖြစ်ချင်တာက ကျွန်မ ယောက်ျားနဲ့ ကလေးတွေ အိမ်ကပ်စေချင်တယ်။ အိမ်မြဲစေချင်တယ်။ ခြေမများ စေချင်ဘူး။ အဲဒါကို ကူညီပေးပါဟု ပြောလေ၏။ အင်း… အဲဒီအတွက်တော့ စိတ်မပူပါနဲ့အဒေါ်ရေ။ ကျွန်တော် အခုပြောလိုက်တဲ့ ယတြာကိုသာ ဆောင် ရွက်လိုက်ပါ။ လင်ရော သားသမီးတွေရော […]
အထွေအထွေဗဟုသုတ
“ရလား ညီမ” ဆိုတော့ “ရတယ်အိမ်ဘေးကိုလာခဲ့”တဲ့…
“ ရလား ညီမ ” ဆိုတော့ “ရတယ်အိမ်ဘေးကို လာခဲ့” တဲ့ ဖုံးနံပါတ်လေးတခု ရေးထားတယ်။ဆက်သွယ်ရန် ဆိုပြီးပေါ့။ဖုန်းဆက်‌လိုက်တော့ မိန်းခလေးအသံနဲ့ လာကိုင်တယ်။ အဲဒါနဲ့ ကျနော်လဲ တိုးတိုးလေးမေးကြည့်လိုက်တယ်။“ရလား ညီမ”“ရတယ် အကို” သူကပြန်ဖြေလာတယ်။ သူပြန်ဖြေတဲ့အသံလေးကြားတော့ အသွေးထဲအသားထဲ တက်မက်မှု့တခုကို ဖိန်းကနဲ ဖိန်းကနဲ ခံစားလိုက်ရတယ်။ အကြောတွေတောင် တောင့်တင်းပြီး တစုံတရာကို ရယူခံစားလိုစိတ် ပြင်းစွာဖြစ်ပေါ်လာတယ်။ ‘ဘယ်လာခဲ့ရမလဲ’“အိမ်ဘေးကို လာခဲ့အကိုရေ” ‘ပတ်ဝန်းကျင်ကိုလဲ သတိထားပြီးမှ အိမ်ထဲဝင်ခဲ့နော်’ “အရင်လို ၃ကျပ်တော့မရတော့ဘူးနော် အကို”“အခု ၅ကျပ်ဖြစ်သွားပြီ။“ရတယ် ညီမရယ် ၅ကျပ်မကလို့ ၁၀ဖြစ်ပါစေ မြန်မြန်လုပ်စမ်းပါဟယ်” အာသာဆန္ဒပြင်းပြစွာနဲ့ အရှက်အကြောက်မရှိကို တောင်းဆိုနေမိတော့တယ်။အထဲကို အတင်းထိုးထည့်ပြီး ပျောက်ပျက်မသွားအောင် အရင်ဆုံးငုံထားမိသေးတယ်။ အား!!!“ကောင်းလိုက်တာကွာ”“‘အကြောပေါင်းတထောင်ကို စိမ့်သွားတာဘဲ’”“မစားရတာနှစ်ရက်ဆိုတော့ ဒီနေ့မှပြန်ဝါးရတာ ကောင်း လိုက်တာဗျာ” “ဘာတွေစဉ်းစားနေတာတုံးဗျ။”“ကျုပ်ဟာကျုပ် […]
အထွေအထွေဗဟုသုတ
ခြောက်လအတွင်း ကိုယ့်ကိုယ်ကို တိုးတက်ပြောင်းလဲလာအောင် ဘယ်လိုလုပ်မလဲ … ကိုယ်လက်ရှိဖြတ်သန်းနေတဲ့ဘဝက ဘာမှထူးခြားမှုမရှိဘူး၊ တိုးတက်မှုမရှိဘူးလို့ ခံစားနေရပြီး ကိုယ့်ကိုယ်ကိုပြောင်းလဲတိုးတက်ချင်စိတ်အရမ်းပြင်းပြနေတဲ့သူတွေ ရှိမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ဘဝကိုပြောင်းလဲဖို့ ကိုယ့်ကိုယ်ကိုဘယ်ကစပြီးပြောင်းလဲရမှန်းမသိဖြစ်နေတတ်ပါတယ်။ အဲ့ဒီလိုဖြစ်နေတဲ့သူလေးတွေအတွက် ခြောက်လအတွင်း ကိုယ့်ကိုယ်ကိုတိုးတက်ပြောင်းလဲအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်… (၁) ပန်းတိုင်သတ်မှတ်ပါ ကိုယ့်ကိုယ်ကိုပြောင်းလဲချင်တယ်၊ တိုးတက်ချင်တယ်ဆိုရင် အရင်ဆုံး ကိုယ်ဖြစ်ချင်တာဘာလဲ၊ ကိုယ်သွားချင်တဲ့ပန်းတိုင်ကဘာလဲဆိုတာသိဖို့လိုပါတယ်။ ဒါကြောင့် ကိုယ်အဖြစ်ချင်ဆုံးအရာတစ်ခုကိုစဉ်းစားပြီး အဲ့ဒါကို ပန်းတိုင်အဖြစ်သတ်မှတ်လိုက်ပါ။ ဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေ မစဉ်းစားပါနဲ့အုံး … (၂) ကိုယ့်ရဲ့လက်ရှိအခြေအနေကိုပြန်သုံးသပ်ပါ ပန်းတိုင်သတ်မှတ်ပြီးမှ ကိုယ့်ရဲ့လက်ရှိအခြေအနေကို ပြန်သုံးသပ်ပါ။ ကိုယ်ဖြစ်ချင်တာက အောင်မြင်တဲ့ သူတစ်ယောက်လား၊ အခုလက်ရှိထက် ပိုပြီးလှချင်တော်ချင်တာလား ။ ဒါဆို လက်ရှိအခြေအနေနဲ့ ဘယ်လောက်ကွာဟနေလဲဆိုတာ မြင်အောင်ကြည့်ပါ။ ပြီးမှ ကိုယ်ဖြစ်ချင်တာနဲ့ ကိုယ့်ရဲ့လက်ရှိအနေအထားနဲ့ ပြန်ချိန်ညှိပါ … (၃) […]