အထွေအထွေဗဟုသုတ

၂၀၂၁ မှာလုပ်ဆောင်သင့်တဲ့ ရိုးရှင်းတဲ့ နှစ်သစ်ရည်မှန်းချက် (၅) ခု …

နှစ်တစ်နှစ်ကုန်ခါနီးဆိုတာ တစ်နှစ်တာကာလလုံးကို ပြန်ပြောင်းစဉ်းစားရမယ့် အချိန်ဆိုပေမယ့် ပိုအရေးကြီးတာက အနာဂတ်အတွက်ကြိုတင်စီစဉ်ဖို့ဖြစ်ပါတယ်။ လူတော်တော်များများက နှစ်သစ်ရောက်ပြီဆိုတာနဲ့ ဇန်နဝါရီ ၁ ရက်နေ့ကစပြီး နှစ်သစ်ရည်မှန်းချက်တွေ ချမှတ်ကြပါတယ်။ ဒီနေ့ပြောပြပေးမှာက သင့်အနေနဲ့နှစ်သစ်မှာ ချမှတ်သင့်တဲ့ ရည်မှန်းချက်တွေအကြောင်း ပြောပြပေးမှာပါ။ ရည်မှန်းချက်တွေဆို ပေမယ့် ခက်ခဲတဲ့အရာတွေ မဟုတ်ဘဲ လွယ်လွယ်ကူကူနဲ့အရေးကြီးတဲ့ အချက်လေးတွေဖြစ်ပါတယ်။ သင်လုပ်နိုင်တဲ့အရာသေးသေးလေး တွေကစတင်မှ သင့်ဘဝကိုပြောင်းလဲနိုင်မှာပါ။ ကဲဒါဆို အခုပဲဖတ်ကြည့်လိုက်ပါဦး။ (၁) ကျန်းမာစေမယ့် အစားအသောက်တွေကို ရွေးချယ်ပါ ပထမဆုံးအချက်ကတော့ သင့်ကိုကျန်းမာစေတဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးဖို့ဖြစ်ပါတယ်။ Time မဂ္ဂဇင်းရဲ့အဆိုအရ ဒီရည်မှန်းချက်က အကျိုးအများဆုံးရည်မှန်းချက်ဖြစ်လာစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လူတော်တော်များများက လအနည်းငယ်လောက်ပဲ ထိန်းထားနိုင်ပြီး နောက်ပိုင်းကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စားစာတွေ၊ အချိုရည်တွေကိုပဲ ပြန်စားကြတယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ သင့်လျော်တဲ့ကိုယ် အလေးချိန်ကိုထိန်းထားနိုင်ပြီးကျန်းမာစေဖို့တစ်နှစ်တာလုံး […]

အထွေအထွေဗဟုသုတ

ကော်ခွက်တွေမှာ တွေ့နေကျဖြစ်သော အောက်ခြေမှ တြိဂံလေးထဲက ဂဏန်းများ ရဲ့ အဓိပ္ပါယ်များ …

ကော်ခွက်တွေမှာ တွေ့နေကျဖြစ်သော အောက်ခြေမှ တြိဂံလေးထဲက ဂဏန်းများ ရဲ့ အဓိပ္ပါယ်များ အိမ်ကခွက် တွေဖင်လှန်ကြည့်လိုက်ပါ ၊ ပလပ်စတစ် အသုံးအဆောင်တွေကို ရည်ရှည်သုံးမယ် / အကြိမ် ကြိမ်ထည့်မယ် /သုံးမယ်လို့ရည်ရွယ်ထားရင် ဖင်ကိုသာလှန် ကြည့်လိုက်ပါ ။ အောက် ခြေတစ်နေရာ မှာအထူးသဖြင့် ဖင်မှာတြိဂံ လေးထဲမှာ 1 က နေ 7 အထိ ဂဏန်းတစ်လုံးနဲ့ စာ ၂ လုံး ၊ ၃ လုံးပါတာကို တွေ့ရပါမယ် ၊ အဓိပ္ပါယ်တွေကတော့ 1 ဆိုရင် ( PET or PETE ) သုံး တဲ့ပလတ်စတစ် အမျိုးအစား ပါ၊ သူကတစ် ခါ ပဲသုံးလို့ရပါတယ် ၊ […]

အထွေအထွေဗဟုသုတ

ဆောင်းရာသီမှာ နေ့စဉ်ရေမချိုးသင့်တဲ့ အကြောင်းအရင်း..

ဆောင်းတွင်း မနက်ခင်းတိုင်း ရေချိုးခန်းထဲဝင်ဖို့ တိုက်ပွဲဝင်ရသူတွေရှိသလား။ ဒါဆိုရင်တော့ ဒီစာစုလေးက သင့်ကို ပျော်ရွှင်စေမှာ ဖြစ်ပါတယ်နော်။ လေ့လာသူတွေက ဆောင်းရာသီမှာ ဘာလို့နေ့စဉ်ရေမချိုးသင့်လဲဆိုတဲ့ အကြောင်းပြချက်လေးများကို တင်ပြထားကြပါတယ်။ (၁)ဆောင်းတွင်းမှာ ရေ နေ့တိုင်းမချိုးလည်း ရတာပဲလေ။   ဆောင်းတွင်းမနက်ခင်းမှာ ရေထိတာနဲ့ ကြက်သီးတွေထကြတာ လူတိုင်းကြုံတွေ့ဖူးပါလိမ့်မယ်။ ဒါဟာ ကောင်းတဲ့အချက်ပြစနစ်တစ်ခုြ ဖစ်ပါတယ်။ ကျွမ်းကျင်သူများအဆိုအရ နေ့စဉ် လိုအပ်တာထက် ရေချိုးပါက အရေပြားပေါ်တွင် မြောင်းများ ဖြစ်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းတွင်းမှာ မလိုအပ်ဘဲ နေ့စဉ် ရေမချိုးသင့်ပါဘူး။ (၂)သင်ဟာ ညစ်ပတ်သူတစ်ယောက် မဟုတ်ရင်ပေါ့ လေ့လာချက်များအရ ကျွန်မတို့ အရေပြားဟာ အညစ်အကြေးတွေကို သူ့အလိုလို သန့်စင်နိုင်ပါတယ်။ ဒါကြောင့် သင်ဟာ ချွေးအလွန်ထွက်တတ်သူ သို့မဟုတ် ကာယလေ့ကျင့်ခန်းများ ပြုလုပ်သူဆိုပါက […]

အထွေအထွေဗဟုသုတ

“လက်ရှိ ကိုယ့်ဘဝကို အားမရလို့ စိတ်ကုန်နေတဲ့ အခါ ဒီပို့ကိုဖတ်ကြည့်လိုက်ပါ”

“လက်ရှိ ကိုယ့်ဘဝကို အားမရလို့ စိတ်ကုန်နေတဲ့ အခါ ဒီပို့ကိုဖတ်ကြည့်လိုက်ပါ” ကိုယ့်ဘဝကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု သူတို့ဘဝကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး။ အကယ်၍ သင်လည်း အဲလိုပဲ ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ- ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်။ စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘဝကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး။ ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ။ သင်အသက်ရှင်နေသမျှ သင်ဟာ […]

အထွေအထွေဗဟုသုတ

တစ်သက်မှာ တစ်ခါဖူးမြော်ဖို့ ခဲယဉ်းလှသည့် ဗုဒ္ဓမြတ်စွာဘုရား၏ အံတော်…

တစ်သက်မှာတစ်ခါ ဖူးမြှော်ဖို့ ခဲယဉ်းလှတဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ အံတော်ကို ဖူးလိုက်ပါ ကံထူးလို့ ဖျာပုံသူဖျာပုံသားများနှင့် မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ဖူးချိန်တန် ဖူးထိုက်လို့.ဖူးမျှော်ခွင့်ရလို့ ထင်ပါပြီ။ ကျွန်တော် ကလေးဘဝတည်းက ဘိုးဘိုး ၊ဘွားဘွား၊ဘိုဘေး အစဉ်အဆက်ကတည်းက ဖျာပုံမှာ ဗုဒ္ဓမြတ်စွာဘုရား အံတော်နှင့် ဆံတော်တစ်ဆူ ကိမ်းဝပ်နေတယ်လို့ သိခဲ့ရပါတယ် ရှေးဟောင်း သမိုင်းအစဉ်အလာအရ ရှေးကျတဲ့ မြို့တွေက အမည်နှစ်လုံးတည်းနဲ့ အမည်ပေးခဲ့တဲ့ တချိန်ကမွန်ဒေသတွေပေါ့။ ပုဂံ၊ရန်ကုန်၊တွံတေး၊ဒလ၊သထုံ၊ဖျာပုံ၊ပုသိမ်၊စတဲ့ ရှေးကျတဲ့ မြို့တွေ အများကြီးပေါ့။ အဲအထဲမှာ မွန်ဘုရင်များ အဆက်ဆက်အုပ်စိုးခဲ့တဲ့ ဖျာပုံဆိုတဲ့ ထမင်းစျေးမြို့ကလေး တစ်ခုလည်း ပါဝင်ခဲ့တာပေါ့၊ ကျိုက်ပတိုင်း စေတီတော်မြတ်ကြီးကို မြန်မာ သက္ကရာဇ်(၆၀၀)ခုနှစ်မှာ တည်ထားကိုး ကွယ်ခဲ့တယ် လုပ်ဥကုန် ကျိုက်ခမွမ် စေတီတော်ကို မြန်မာ သက္ကရာဇ် ၉၀၀)ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ပါတယ်။ […]

အေထြအေထြဗဟုသုတ

လူတစ်ယောက်အတွက် မရှိမဖြစ်တဲ့ သူငယ်ချင်း(၈)မျိုး ဆိုတာ….

သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပတ်သက်တဲ့ စကား တစ်ခွန်းက ဒီလိုဆို ထားပါတယ်။ “သူငယ်ချင်း မိတ်ဆွေများရင် လျှောက်တဲ့လမ်းက ဖြောင့်သွားတယ်”တဲ့။ သူငယ် ချင်း မိတ်ဆွေတွေ အသစ်တိုးတာ မင်္ဂလာ တစ်ပါးပါ။ လူတိုင်း သူငယ်ချင်းအသစ်တွေနဲ့ ခင်မင်ရင်းနှီးနိုင်ဖို့ မျှော်လင့် ကြတယ်။ ဒါပေမဲ့ (American Sociological Review,ASR)က သူတို့လေ့လာ ဆန်းစစ်ခဲ့တဲ့ ဆန်းစစ်ချက် အရ အခုခေတ်လူတွေမှာ သူငယ်ချင်းတွေ နည်းသ ထက်နည်းခဲ့ ကြတာကို တွေ့ ရတယ်။ လေ့လာဆန်းစစ်ခံရသူ ၄ပုံ၁ပုံ က သူတို့မှာ သူငယ်ချင်းနည်းရတဲ့အကြောင်းက ဘယ်သူ့ကိုမှ ယုံကြည်လို့မရကြောင်း ဆိုထားကြတယ်။ လျင်သူစားစတမ်း၊ သာသူမြတ် ဆိုတဲ့ ခေတ်ကာလကြောင့် လူအချင်းချင်းကြားမှာ ဘယ်သူက အစစ်အမှန်၊ ဘယ်သူက အတုအယောင် ဆိုတာကို […]

အထွေအထွေဗဟုသုတ

ကျတော်တို့ စားသုံးသူ ပြည်သူတွေ ဘယ်လောက်တောင် ဂျင်းထည့်ခံနေရပြီလဲဆိုတာ ဖတ်သာကြည့်တော့…

ခေတ်ကိုက လက်ဖက်ညွှန့်​ဆိုပြီး ရာဘာရွက်​အညွှန့်​တွေကို ချဉ်ငံစပ်လုပ်​မပုပ်ဆေးတွေထည့်​ ဆီစိမ် ပုလင်းနဲ့ပိတ်​ပြီး တံဆိပ်ကပ်လိုက်ရင်​တဆယ်သား ၃၀၀တန်ရာဘာညွှန့်​တွေကတပုလင်း ၆၀၀၀တန်​နာမည်ကြီးလက်ဖက်ညွှန့်​ ​တွေဖြစ်​သွားတဲ့​ဂျင်း​ခေတ်​ (လဖက်​စစ်​ မစစ်​ခွဲချင်​ရင်​ Leave margin entire ဖြစ်​မဖြစ်​နဲ့ခွဲရတယ်​လဖက်​ ရွက်​အစစ်​ရဲ့ အနားသတ်က နှင်းဆီရွက်လိုအထစ်အထစ်လေးတွေပါပြီး ရာဘာရွက်​က အနားသတ်ပြောင်ချောနေတယ်…လက်ဖက်ပင်​ ကိုယ်တိုင်စိုက်ခဲ့လို့ကိုယ်တိုင်ခူးခဲ့လို့အကုန်သိနေပေမဲ့လဲ လက်ဖက်ဝယ်တယ်​ဆိုတာမျိုးက ​ ရှောက်ရွက်ဝယ်သလို တညွှန့်​ချင်းကြည့်​ပီးဝယ်လို့မှမရတာဆိုတော့တရွက်​ချင်းဖြန့်​မကြည့်​နိုင်သရွေ့တော့ခံပေါ့ရှင်​) ခေတ်ကိုကပုစွန်​အသားငါးဖယ်အသား တစက်လေးမှတောင်မပါပဲ ထမင်းတွေချည်း ချဉ်အောင်လုပ်​ရေခဲမုန့်​ဖာလူဒါ​တေမှာသုံးတဲ့ ပန်းရောင်ဆေးလေးဆိုးပြီး အတောင့်လိုက်​ ဖက်ရွက်တေနဲ့ထုပ်လိုက်ရင်​ ပုစွန်ချဉ်​ ငဖယ်ချဉ်ဆိုပြီး ထမင်းအချဉ်​ အသိုး​ဆေးဆိုး​တွေကို တထုပ်၃၀၀၀ဝယ်​စားရတဲ့​ဂျင်းခေတ် ခေတ်ကိုက ကြွက်တွေ တီကောင်တွေ ​မြွေတွေ အကုန်ရောကြိတ်ပြီး ကြက်အူချောင်း ငဖယ်ချောင်း ဂဏန်းချောင်း ပုစွန်အသားချောင်းဆိုပြီး တရုတ်​က Packing လှလှနဲ့သွင်းလာတာတွေကိုကိုးရီးယား အကင်ဆိုပြီးမက်မက်​မောမောကြွက်သားစားနေကြတဲ့​ဂျင်းခေတ် ခေတ်ကိုက တရုတ်ကြီးဖက်က ဇီးစေ့ ဇီးဆံတွေ​ဈေးကောင်းပေးဝယ်တယ်​ဆိုတာနဲ့ဇီးဆံတွေထဲ […]

အထွေအထွေဗဟုသုတ

မိမိတို့ရဲ့ ပိုက်ဆံကို ချေးထားမိလို့ ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလိုက်ပါ

မိမိတို့ရဲ့ ပိုက်ဆံကို ချေးထားမိလို့ ဆပ်မယ့်သူက မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် လို့ပြောလာရင် ဒီစာကိုဖတ်ပြီး ရဲရဲတောင်းလိုက်ပါ မဆပ်နိုင်ဘူး ကြိုက်တဲ့နေရာတိုင် ခညားတို့ငွေတိုးချေးစားထားတာ ထောင်ထဲ ၅ နှစ်ရောက်သွားမယ်။ဒီလိုစကားတွေ ခဏခဏကြားနေရပါတယ်။ ဘယ်သူကစလိုက်တယ်မသိ။ ဒီစကားလေးက ငွေချေးသူတွေရဲ့ လက်သုံးစကား လက်နက် ကြီး ဖြစ်လို့။ ဒီတော့ ငွေရှင်ခမျာလည်း အတိုးလေးရလို့ ချေးမိတာ ။ အခုပြန်တောင်းတော့ တချိန်က မျက်နာ ငယ်လေးနဲ့ ကိုယ့်ဆီက ငွေချေးခဲ့တဲ့သူက အခုတော့ မျက်နာထားကြီးတင်းပြီး ကိုယ်ကပဲ သူဆီက ပြန်ချေးနေသလိုလို။ဒီလိုတောင်းလို့မရရင် တရားစွဲတောင်းမယ်လို့ စိတ်ထဲက ပြင်ထားပေမယ့် တစ်ဖက်က အတိုးပါတဲ့အတွက် ထောင် ၅ နှစ် ချလို့ရ တယ်လို့ပြောလာတော့ စိတ်ထဲမှာ ချေးထားမိတဲ့ငွေ ကူညီပေးထားတဲ့ငွေလေး ပြန်မရနိုင်တော့ဘူးလား ဆိုပီး သောကအပူတွေဖြစ်။အတိုးပါရင် […]

အထွေအထွေဗဟုသုတ

တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းခိုးရခြင်းအကြောင်း(ကျီးမနိုးပွဲ)

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည် သူခိုးည ( လုံးဝ )မဟုတ္ပါ တန်ဆောင်မုန်းလပြည့်ညသည် သူခိုးညလုံးဝမဟုတ်ပါ။ တန်ဆောင်မုန်းလပြည့်ညသည်ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ မြတ်စွာဘုရားသည် အဇာတသတ်ရှင်ဘုရင်အား သာမညဖလ သုတ်တော်ကိုဟောတော်မူ၍ ဘုရင်နှင့်တကွ နောက်ပါပြည်သူ ( ၁ ) သိန်းခန့် ဗုဒ္ဓဘာသာဖြစ်တဲ့ညကြီးပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဗုဒ္ဓဘာသာနေ့ကြီးကို မသမာသူများက စုပ်ပြတ်အောင်သူခိုးညဆိုပြီး နာမည်တပ်လိုက်တော့ အမှန်တရား ပျောက်ကွယ်သလိုဖြစ်သွားပါတယ်။ လွန်လေပြီးသော ရှေးအခါက ယောက်ကျားသားများရှင်လိင်ပြန်ကြရဝယ် ဆေးမင်ကြောင်ထိုးသည့်ဓလေ့သည် အထင်အရှားရှိခဲ့၏။ ရှင်ဘုရင်မှအစချီကာ မင်းညီမင်းသား၊မှူးမတ်သူကြွယ်၊ ကုန်သည်၊လယ်လုပ်အစချီကာ သူရင်းငှားများစသော လူယောက်ကျားတို့သည်မင်ထိုးကြလေသည်။ ယခုခေတ်ကဲ့သို့ ကြုံသလိုထိုးခြင်း မဟုတ်ချေ။ဆေးမှင်ထိုးသည့်အခါ နက္ခတ်ကောင်း၊အခါကောင်း စောင့်ဆိုင်းကာ မှောင်ခန်းခေါ်မှင်ထိုးသည့် အခန်းတွင် ကန်တော့ပွဲပေး၍ ထိုးရသည်။ ထိုသို့ ထိုးခဲ့ပြီးသော ယောက်ကျားတို့သည်တန်ဆောင်မုန်းညနက္ခတ်စုံချိန်တွင် ထိုးထားသည့်ကြောင်တက်ကြောင်ဆင်းဆေးအစောင့်တို့သည်တန်ခိုးပြသည်ဟု အယူရှိသောကြောင့် […]

အထွေအထွေဗဟုသုတ

စမတ်ကျပြီး ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းကောင်းလေးများ …

စမတ်ကျပြီး ထက်မြက်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေမယ့် နည်းလမ်းကောင်းလေးများ ဒီနေ့လို အပြိုင်အဆိုင်များတဲ့ ခေတ်မှာ လူငယ်ဖြစ်လာပြီဆိုရင် ဘာမှ မသိတာမျိုးထက်စာရင် ဗဟုသုတလည်း ရှိပြီး သွက်လက်တဲ့သူဆိုရင် ပိုပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင်နိုင်ရချေ များပါတယ်။ လူငယ်တစ်ယောက်အနေနဲ့ ဘာမှ မသိဘူးဆိုတာမျိုး မဖြစ်ရလေအောင် ကိုယ့်ကိုယ်ကို ထက်မြက်တဲ့သူ ဖြစ်ထားရင် အကောင်းဆုံးပါပဲ။ ဒီအတွက် ကိုယ့်ဘက်က ဒီအရာတွေကို ပြင်ဆင်ထားမယ်ဆိုရင် ဖြစ်နိုင်ပါတယ်နော်။ (၁) လေ့လာပါ လူငယ်တစ်ယောက်အနေနဲ့ လေ့လာပြီး တတ်မြောက်ထားသင့်တာတွေ အများကြီးပါပဲ။ ကွန်ပျူတာ သုံးတတ်တာ၊ နည်းပညာတွေနဲ့ ပတ်သတ်ရင် ဗဟုသုတရှိတာ၊ အနုပညာ အမြင်ရှိတာတွေ အပြင် ဘာသာစကား တစ်ခုခု တတ်မြောက်ထားတာက သင့်ကို ပိုပြီး အမြင်ကျယ်စေပါတယ်။ ဒါ့အပြင် လူငယ်တွေကြားမှာ ဘယ်လိုမျိုး ဆက်ဆံရေးတွေ […]