ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း ကိုဗစ် ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀)နာရီ ၁။ (၂၂-၈-၂၀၂၀) ရက်နေ့အတွက် ကိုဗစ် ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် – – အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်) (NHL) မှ ဒုတိယအသုတ်အနေဖြင့် ဓာတ်ခွဲနမူနာ (၂၅၂) ခုနှင့် – ရန်ကုန်မြို့၊ တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၄၇) ခုတို့အား ထပ်မံစစ်ဆေးပြီးစီးခဲ့ရာ • ကိုဗစ် ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၃) ဦးတွေ့ရှိပါသည်။ ၂။ (၂၃-၈-၂၀၂၀) ရက်နေ့၊ နံနက် (၈:၀၀) နာရီအထိ မြန်မာနိုင်ငံတွင် ကိုဗစ် ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၄၄၄) ဦး ရှိပြီဖြစ်ပါသည်။ […]
ပြည်တွင်းသတင်း
စစ်တွေ အခြေအနေ ( 22.8.2020)
စစ်တွေ အခြေအနေ ( 22.8.2020) – ဒီမနက်မှာ ၁၆ ယောက် ထပ်တွေ့ပါတယ်။ ဒါဟာ စိုးရိမ်ရတဲ့ အနေအထားပါ။ ကူးနေတဲ့ပိုးက ၁၀ ယောက်မှာ ၆ ယောက်က G614 ပါ။ – စစ်တွေမှာ GeneXpert စက် ၂ လုံးရှိနေသလို Microbiologist တွေလဲ ရောက်နေပါပီ။ အများကြီးတော့ မစစ်နိုင်သေးပါဘူး။ လိုအပ်ရင် ရန်ကုန်ပို့ပီး စစ်ပါမယ်။ – ဗဟိုက အထူးကျွမ်းကျင်သူ ဆရာကြီး ၃ ဦး ရခိုင်ကို ဆင်းပီး အနီးကပ် ကြီးကြပ်နေပါတယ်။ အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေပါတယ်။ အစိုးရကလဲ ကူညီနိုင်တာတွေ အကုန်လုပ်ပေးနေပါတယ်။ – ရန်ကုန်က သွားရောက် အားဖြည့်မယ့် ဆရာဝန်တွေက ၂၄ […]
ရန်ကုန်ကို ဝင်မွှေ ခဲ့တဲ့ လူနာ (၃၇၈) (ရွှေလမင်း ဆေးရုံ မှ ဆရာ ဝန် ၁၀ ဦးနဲ့ မြောက်/ဥ မှ ဝန်ထမ်း ၁၅ ဦး Q ဝင် နေရ)
ရန်ကုန်ကို ဝင်မွှေ ခဲ့တဲ့ လူနာ (၃၇၈) (ရွှေလမင်း ဆေးရုံ မှ ဆရာ ဝန် ၁၀ ဦးနဲ့ မြောက်/ဥ မှ ဝန်ထမ်း ၁၅ ဦး Q ဝင် နေရ) စစ်တွေက ပိုးတွေ့လူနာအမှတ် (၃၇၈)လာရောက် ပြီး ဓာတ်မှန် ရိုက်ကူးခဲ့တဲ့ လမ်းမတော်မြို့နယ်၊ ရွှေလမင်း အထူးကု ဆေးရုံက ဆရာဝန် နဲ့ ဆရာမ (၁၀) ဦးကို Q စင်တာသို့ ခေါ်ဆောင်ပြီး ဓာတ်ခွဲနမူနာ ရယူထားပါတယ်။ အဲဒီ ဆရာဝန် နဲ့ ဆရာမတွေကို လမ်းမတော် မြို့နယ်၊ (၉) ရပ်ကွက်၊ ဇော်ဂျီလမ်းရှိ ရွှေလမင်းအထူးကု ဆေးရုံကနေ ဒီကနေ့ ဩဂုတ် (၂၁) […]
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန်
ရောဂါလက္ခဏာမပြသပဲ ကူးစက်နေသူများရှိနေမည်မှာ သေချာနေကြောင်း သတင်းထုတ်ပြန် ရခိုင်ပြည်နယ်တွင် ကိုဗစ် ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး (၁၆-၈-၂၀၂၀) ရက်မှ (၂၁-၈-၂၀၂၀) ရက်အထိ (၅) ရက်တာ ကာလအတွင်း၌ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄၅) ဦးတွေ့ရှိခဲ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဒီကနေ့မနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ထို့အပြင် ပြည်သူများအကြား၌ ရောဂါလက္ခဏာမပြသဘဲ ကူးစက်နေသူများလည်း ရှိနေမည်မှာ သေချာကြောင်းကိုလည်း ဆက်လက်ဖော်ပြထားသည်။ယခု စစ်တွေမြို့နယ်၌ကူးစက်ဖြစ်ပွားနေသော ဗိုင်းရပ်စ်ပိုးသည် မျိုးဗီဇပြောင်းလဲ နေသည့် အမျိုးအစားဖြစ်နိုင်သောကြောင့် ဆေးသုတေသနဦးစီးဌာန၌ ဗိုင်းရပ်စ်ပိုး၏ မျိုးဗီဇကို စစ်ဆေးဖော်ထုတ်သွားမည် ဖြစ်ပါကြောင်း၊ ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အပါအဝင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအားလုံးနှင့်ပူပေါင်း၍ စစ်တွေမြို့နယ်၌ ကိုဗစ် ကူးစက်ဖြစ်ပွားနေမှုကို […]
မန္တလေးမှာ စစ်တွေက ရောက်နှင့်ပြီးသား ရောဂါရှိသူတွေ ရှိနေနိုင်လို မန်းမြို့တော်ဝန် သတိပေး
မန္တလေးမှာ စစ်တွေက ရောက်နှင့်ပြီးသား ရောဂါရှိသူတွေ ရှိနေနိုင်လို မန်းမြို့တော်ဝန် သတိပေး မန္တလေးမှာ စစ်တွေက ရောက်နှင့်ပြီးသား ရောဂါရှိသူတွေ ရှိနေနိုင်လို့ တက်နိုင်သလောက် အပြင်မထွက်ရန် မန်းမြို့တော်ဝန် သတိပေး ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပြည်တွင်းကူးစက်မှုများ ပိုတွေ့လာရကြောင်း၊ စစ်တွေသည် မန္တလေးနှင့်ဝေးသည်ဟုမတွေးစေချင်ဘဲ ယာဉ်လိုင်းများမှတစ်နေ့လျှင်- ခရီးသည် ၈၀ ကျော်ဝင်ရောက်နေကြောင်း၊ မန်းမြို့တော်ဝန် ဒေါက်တာရဲလွင်ကက လူမှုကွန်ရက်ဖေ့ဘွတ်ခ်စာမျက်နှာတွင် သတိပေးရေးသားသည်။ “စစ်တွေဘက်ကလာသူတွေ quarantine လုပ်နေသလို ယာဉ်လိုင်းတွေ ပိတ်သွားပေမယ့် ရောက်နှင့်နေတဲ့ ရောဂါရှိနေသူ ဘယ်နှစ်ယောက်လောက် ရှိမယ်ဆိုတာ မပြောနိုင်ပါ။”ဟု မြို့တော်ဝန်က သတိပေးသည်။ မန္တလေးမြို့တွင် အပြင်ထွက်ကြသူများအနက် ၅% လောက်သာ mask တပ်သည်ကို တွေ့ရပြီး ကူးစက်ပြန့်ပွားမှု အရမ်းမြန်နိုင်သည့် အခြေအနေ ရှိနေကြောင်း […]
AYA Bank ATMစက် ဖောက်ထွင်းခံရ
AYA Bank ATMစက် ဖောက်ထွင်းခံရ ဒဂုံမြို့နယ်အတွင်းရှိ AYA Bank ATMစက် ဖောက်ထွင်းခံရ ရန်ကုန်၊ ဩဂုတ် ၂၁။ ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်အတွင်းရှိ AYA Bank ရဲ့ ATM စက်တစ်လုံး ဖောက်ထွင်းခံရမှု ဖြစ်ပွားခဲ့တယ်လို့ ရပ်ကွက်နေပြည်သူအချို့ရဲ့ ပြောဆိုချက်များအရ သိရပါတယ်။ အဆိုပါဖြစ်စဉ်မှာ ယနေ့ ဩဂုတ်လ ၂၁ရက်နေ့ မနက်ပိုင်းအချိန်က ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်အတွင်းရှိ န ဝဒေးလမ်းမှCity Express ဆိုင်ရှေ့ရှိ AYA Bank ရဲ့ ATM စက် ဖောက်ထွင်းခံရတာကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ “မနက်ကတွေ့တာပါ၊ City Express ဆိုင်ရှေ့က AYA ATM စက်ဖောက်ခံရတာ၊ သူက စီစီတီဗီကို အုပ်ပီး လုပ်သွားတာပါ”လို့ ရပ်ကွက်နေပြည်သူတစ်ဦးက […]
အရင်ထက် ၁၀ ဆ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာတွင် တွေ့ရှိ
အရင်ထက် ၁၀ ဆ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး မြန်မာတွင် တွေ့ရှိ အရင်ထက် ၁၀ ဆ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံမှာ တွေ့နေရပြီဖြစ်လို့ ပြည်သူတွေ အထူးသတိထားဖို့ လိုတယ်လို့ ဆေးသုတေသနဦးစီး တာဝန်ရှိသူတွေက ပြောပါတယ်။မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ စတင်ဖြစ်တုန်းက D614 မျိုးဗီဇ ကူးစက်တာဖြစ်ခဲ့ပြီး မေ ၇ ရက်နေ့နောက်ပိုင်းကစလို့ G614 မျိုးဗီဇ ကူးစက်မှုတွေ့ရှိခဲ့ရတယ်လို့ ဒီနေ့ ဆေးသုတေသနဦးစီးမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောဆိုတာပါ။ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမြတ်ထွဋ်ညွန့်က “D614 ကနေ G614 မျိုးဗီဇပြောင်းသွားမယ်ဆိုရင် ရောဂါကူးစက်စေနိုင်မှုက ဆယ်ဆအထိ ပိုများပြားစေပါတယ်။ G614 အမျိုးအစားအဖြစ် ပြောင်းလဲလာမယ်ဆိုရင် ကိုဗစ်ဒုတိယလှိုင်း ဖြစ်နိုင်ချေပိုများစေတယ်။ ကူးစက်မှုမြင့်မားနေတဲ့ အိန္ဒိယနိုင်ငံနဲ့ ကိုဗစ်ဒုတိယလှိုင်းဖြစ်ပေါ်နေတဲ့ နိုင်ငံတွေမှာ G614 […]
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ည ၈နာရီမှ စတင်၍ Stay at Home အမိန့် ချမှတ်လိုက်ပြီ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ ည ၈နာရီမှ စတင်၍ Stay at Home အမိန့် ချမှတ်လိုက်ပြီ စစ်တွေမြို့နယ်ကိုStay at Homeအဖြစ်ကြေညာ စစ်တွေမြို့နယ်မှာ COVID-19ပြည်တွင်းကူးစက်မှုလူနာတွေ တွေ့ရှိလာရတဲ့အတွက် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ ဩဂုတ်(၂၀)ရက် ည(၈)နာရီကစပြီး Stay at Homeအစီအစဉ်မှာ အကျုံးဝင်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။ အဲ့ဒါကြောင့် စစ်တွေမြို့နယ်မှာ နေထိုင်သူတွေအနေနဲ့ အစိုးရဌာန၊ အဖွဲ့အစည်း၊ ကုမ္ပဏီစက်ရုံ၊ အလုပ်ရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့သွားရောက်တဲ့သူတွေကလွဲပြီး အိမ်မှာပဲနေဖို့၊ ဈေးဝယ်ဖို့အတွက် တစ်အိမ်တစ်ဦးနှုန်းသွားဖို့၊ ဆေးရုံ၊ဆေးခန်းသွားရင် တစ်အိမ်နှစ်ဦးနှုန်းသွားဖို့၊ အပြင်သွားရင်နှာခေါင်းစည်းတပ်ဖို့၊ ဈေးကိုမော်တော်ကားနဲ့သွားရင် ယာဉ်မောင်းအပြင်တစ်ဦး၊ ဆေးရုံ၊ဆေးခန်းကို မော်တော်ယာဉ်နဲ့သွားရင် ယာဉ်မောင်းအပြင်နှစ်ဦးသာ သွားရောက်ဖို့၊ အလုပ်သွားသူတွေရဲ့ကြို/ပို့ယာဉ်တွေကိုပဲ ရပ်ကွက်ကျော်လွန်သွားခွင့်ပြုဖို့စတဲ့ အချက်တွေကို လိုက်နာရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် သတ်မှတ်ဦးရေထက်ပိုပြီး […]
မန္တလေးတွင် COVID – 19 ညွှန်ကြားချက် ညမထွက်ရအမိန့် တင်းကြပ်စွာဆောင်ရွက်မည်
မန္တလေးတွင် COVID – 19 ညွှန်ကြားချက် ညမထွက်ရအမိန့် တင်းကြပ်စွာဆောင်ရွက်မည် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အထောက် အကူ ဖြစ်စေရန်အတွက် ထုတ်ပြန်ထားသည့် ညမထွက်ရ Curfew အမိန့်ကို တင်းကြပ်စွာဆောင်ရွက်သွား မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသြကြီး အစိုးရဖွဲ့က သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း နေထိုင်ကြသူများအားလုံး ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ Curfew အမိန့်ကို ထုတ်ပြန်ထားသော်လည်းလိုက်နာမှုအားနည်းခြင်းများကြောင့် တင်းကြပ်စွာဆောင်ရွက် ရန် စီစဉ်ခြင်းဟု သိရသည်။ “အဓိကကတော့ ကိုဗစ်ကာကွယ်ရေးအတွက် နေ့စဉ် ည ၁၂ နာရီကနေ နံနက် ၄နာရီအထိ Curfew ထုတ်ပြန်ထားတာ၊ အစောပိုင်းကာလကတော့ လိုက်နာကြတယ်၊ အခုနောက်ပိုင်း လိုက်နာမှုတွေ အား […]