ၾကားသိရသမွ်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးမှ စစ်ကိုင်းမြို့ အောက်ဆီဂျင်စက်တည်ဖို့ သိန်း၃၀၀ ထပ်မံလှူဒါန်း
ကြားသိရသမျှ
“ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ”
“ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ” မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားကြပါဦး မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုတင်ဆက်ပေးလိုက်တဲ့ ကလေးလေးကတော့ မန္တလေးမြို့ရဲ့ ဂုဏ်ဆောင် အသက်အငယ်ဆုံး ပရဟိတသမားလေး ဆိုပြီး နာမည်ကြီးနေတဲ့ ကလေးငယ်ဖြစ်ပါတယ်။ ပရဟိတ အလုပ်ဆိုတာ လူတိုင်း လုပ်ဖို့ မလွယ်ကူတဲ့ အလုပ်တစ်ခုပါ။ကိုယ်ကျိုးကို မငဲ့ကွက်ပဲ လူအများရဲ့အကျိုးကို ဆောင်ရွက်နိုင်မှ တကယ့်ပရဟိတစစ်စစ်ဖြစ်ပါတယ်။ လူတိုင်း မလုပ်နိုင်တဲ့အလုပ်တစ်ခုကို ဒီကလေးလေးကတော့ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အများအကျိုးကိုဆောင်ရွက်နေတဲ့အတွက် သိပ်ကို လေးစားစရာ ချီးကျူးဂုဏ်ယူစရာကောင်းလှပါတယ်။ ဒီကလေးလေးက မန္တလေးမြို့ တမ္ပဝတီမြို့နယ်မှာရှိတဲ့ တဝမေတ္တာ လူမှုကူညီရေးအသင်းအပြင် တခြားအသင်းအဖွဲ့တွေမှာပါ ပရဟိတအလုပ်များ လုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း ဒီကလေးလေးအတွက် ဂုဏ်ပြုစကားလေးပြောသွားပါဦးနော်။အချိန်ပေးပြီးဖတ်ရှုခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ unicode “ မြန်မာနိုင်ငံရဲ့ အသက်အငယ်ဆုံး ပရဟိတသူရဲကောင်းလေး ” […]
ၾကားသိရသမွ်
ခုချိန်ဘာမှမကူညီနိုင်လို့ စိတ်မကောင်းစွာပြောလာတဲ့ နာရေးကူညီမှု့အသင်းမှ ထွန်းကိုကို..
ခုချိန်ဘာမှမကူညီနိုင်လို့ စိတ်မကောင်းစွာပြောလာတဲ့ နာရေးကူညီမှု့အသင်းမှ ထွန်းကိုကို ပရိတ်သတ် ကြီးရေ ထွန်းကိုကို ဆိုတာ ကတော့ မိမိုက် နေတဲ့ အရပ်အမောင်းနဲ့ ယောကျားပီ သတဲ့ မော်ဒယ်နဲ့ သရုပ်ဆောင် တစ်ယောက် ဖြစ်ပါတယ်။ပရဟိတ အသင်းရဲ့ ဦးကျော်သူ နဲ့အတူ လူမှု့ ကူညီရေး တွင်မှာ ကူညီလုပ် ကိုင်ပေးနေ တဲ့သူပါ ။ သူရဲ့ပရဟိတ လုပ်ဆောင်မှု့ တွေကြောင့် ပရိတ်သတ်တွေရဲ့လေးစားမှု့ကို ပိုမို ရရှိခဲ့ တာလဲဖြစ်ပါတယ်။ ထွန်းကိုက တော်လှန်ရေး ကာလတွေ မှာလဲ ပြည်သူတွေ အတွက် လိုအပ်တဲ့ အစာ အာဟာရ အလှူတွေအပြင် ပြည်သူေ တွနဲ့ တစ်သားတည်း ရပ်တည်ပြီး ဆန္ဒပြပါဝင် ခဲ့ပါတယ် ။ ခုဆို သူဟာ တစ်ခြား […]
ကြားသိရသမျှ
မြို့လယ်ခေါင်လမ်းမတွေပေါ်ထိတက်ကာမီးတုတ်တွေကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်အမျိုးသမီးထုကြီးရဲ့ အကြမ်းစားဗီဒီယိုဖိုင်
ကြားသိရသမျှ
ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ
ကိုဗစ်ထိန်းချုပ်ကုသရေး မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းကူညီဖို့ စစ်ကောင်စီ မေတ္တာရပ်ခံ မဇ္ဈိမ ကိုဗစ် ၁၉ ထိန်းချုပ်ကုသရေးလုပ်ငန်းတွေမှာ မနိုင်မနင်းဖြစ်နေလို့ စေတနာ့ဝန်ထမ်းတွေအနေနဲ့ ပူးပေါင်းပါဝင် ကူညီပေးကြဖို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်နေ့မှာ မေတ္တာရပ်ခံထားပါတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ လုပ်ငန်းခွင် ပျက်ကွက်ပြီး လူအင်အား မပြည့်စုံတာနဲ့ အလွန်ကူးစက်မြန် ဗိုင်းရပ်ကူးစက်နေတာကြောင့် ဝန်နဲ့အား မမျှဖြစ်ကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေးအပိုင်းမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်း အများအပြား အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု CDM ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒေသန္တရဆေးခန်းတွေနဲ့ […]
ၾကားသိရသမွ်
DR.SASAလိုလူမျိုး စိတ်ဓာတ်ကတော့ ရှားမှရှားပါ
Dr.Sasaလိုလူမျိုး စိတ်ဓာတ်ကတော့ ရှားမှရှားပါ အခုတော့ ရှင်းသွားပြီ Dr.Sasaနှင့် NUG အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် ဘယ်လို သဘောထားမလဲ ဆိုတဲ့ မေးခွန်း သိချင်သူများအတွက် အဖြေမှန် ဒေါ်အောင်ဆန်းစုကြည်နဲ့ Dr.Sasa က ၂၀၂၀ ရွေးကောက်ပွဲမတိုင်မှီ မဲစွယ်စည်းရုံး ကာလမှာ တွေ့ဆုံ ဆွေးနွေးမူတွေ လုပ်ခဲ့ကြတယ် Feb 1ရက်နေ့ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည် သမ္မတကြီး၊ ဒုသမ္မတ၊ ဒေါက်တာဆာဆာ ဆွေးနွေးတိုင်ပင်မူတွေ လုပ်နေကြတဲ့အချိန်မှာပဲ အာဏာသိမ်းမူဖြစ်ပွားခဲ့တယ် ဒီနေရာမှာ ကျွန်တော်တို့ ပြည်သူတွေ ကံကောင်းချင်တော့ အာဏာရူးအုပ်က ဒေါက်တာဆာဆာကို လုံးဝ မသိကြဘူး ဒါလည် တစ်ပိုင်းပေါ့ ဒေါ်အောင်ဆန်းစုကြည်က NUG အစိုးရကို လက်ခံပါ့မလား ဆိုတဲ့ အဖြေက ဒီမှာ.. အာဏာတကယ်သိမ်းသွားပြီ သိလိုက်ကြတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကနေ […]
ကြားသိရသမျှ
KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ်….
KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ် မြို့ပေါ်မှာ အေးဆေးနေလို့ရရဲ့သားနဲ့ အားလုံးကို စွန့်ပြီး ကယားပြည်နယ်ရဲ့တောထဲတစ်နေရာမှာ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF တွေပါ။ အနေအစား ချို့ချို့တဲ့တဲ့နဲ့နေရပေမယ့် တစ်ချက်မငြိုငြင်ဘဲ တိုက်ပွဲတွေကို လက်လုပ်သေနတ်နဲ့ စကစအဖွဲ့တွေကို ရွံ့ရွံချွံချွံ တိုက်လာခဲ့တာ အခုဆို ၁၀ ပွဲနီးပါးရှိပါပြီ။ လူတိုင်းလိုက်မလုပ်နိုင်တဲ့အရာကို သူတို့လုပ်ခဲ့တယ်…လုပ်နေဆဲပါပဲ။ သူတို့ရဲ့ ပြင်းပြတဲ့ စိတ်ဓာတ်ကိုတော့ တကယ်လေးစားမိပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာကို လုပ်နေတဲ့သူတို့တွေအတွက် အနည်းငယ်သော ထောက်ပံ့မှုလေးတစ်ခုပေးနိုင်မယ်ဆိုရင် သူတို့အတွက် ခွန်အားတက်စရာတစ်ခုဖြစ်လာမှာပါ။ စိတ်ဓာတ်ရေးရာအားပေးတဲ့အနေနဲ့ လိုအပ်တာတွေ ထောက်ပံ့ပေးနိုင်ဖို့ ကျွန်တော်ဒီကနေ တောင်းဆိုချင်ပါတယ်။ Strong spirit of KPDF KPDF တွေရဲ့ ပြင်းပြတဲ့စိတ်ဓာတ် မြို့ပေါ်မှာ အေးဆေးနေလို့ရရဲ့သားနဲ့ အားလုံးကို စွန့်ပြီး ကယားပြည်နယ်ရဲ့တောထဲတစ်နေရာမှာ အားလုံးနဲ့အတူ တိုက်ပွဲဝင်နေတဲ့ KPDF […]
ၾကားသိရသမွ်
ကိုဗစ်ကုဖို့ဆရာဝန်မရှိဘူးလို့ ပြောတဲ့ဆရာတော် အခု ကိုဗစ် ကုပေးနေတဲ့ ဆရာဝန်ကို ဖမ်းသွားပြီ
ကိုဗစ်ကုဖို့ဆရာဝန်မရှိဘူးလို့ ပြောတဲ့ဆရာတော် အခု ကိုဗစ် ကုပေးနေတဲ့ ဆရာဝန်ကို ဖမ်းသွားပြီ ဘာလုပ်ပေးမှာလဲ ဟောပြောကြည့် ပဲခူး ကျောက်တွင်းကုန်း သူရိယ ဆေးခန်းက ဒေါက်တာနေမျိုးကို ရဲတွေဖမ်းသွားပြီလို့ သိရတယ်ဗျ ဆရာကြီးက ပဲခူး ကြက်ခြေနီအသင်း ဥက္ကဋ္ဌ အဖြစ်တာဝန်ယူနေပြီးတော့ ကိုဗစ် ကာလအတွင်းမှာရော အခု အချိန်မှာရော အခမဲ့ ဆေးကုပေးနေတယ် လို့ သိရပါတယ် အခုလဲ ပရဟိတ ဆေးကုပြီး အပြန်မှာ ဖမ်းသွားတယ်လို့ သိရပါတယ် ပဲခူးတစ်မြို့လုံးက လူနာတွေကို ဆရာကြီးပဲ ဒိုင်ခံကုပေးနေတာပါ ဆရာကြီးဒေါက်တာနေမျိုးအတွက် ကူညီနိုင်တဲ့ဘက်က ကူညီပေးကြပါအုံး ပဲခူးက ညီအစ်ကိုတို့ Copy Share Lwin Hmine ———————- ကိုဗစ်ကုဖို့ဆရာဝန်မရှိဘူးလို့ ပြောတဲ့ဆရာတော် အခု ကိုဗစ် ကုပေးနေတဲ့ ဆရာဝန်ကို […]
ကြားသိရသမျှ
ရဲမှူး‌၏ဇနီး ကိုဗစ် ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်ည သေဆုံး
မိုးညှင်းမြို့နယ်ရဲမှူး‌ စောဖိုးတူး၏ဇနီး ကိုဗစ်ရောဂါပိုးစစ်ရာ ပိုးတွေ့ရှိသည့်အတွက် ဆေးရုံတင်ထားရာမှ ယမန်ည သေဆုံးသွားကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။ “သူကတော့ နဂိုကတည်းကလည်း သွေးတိုးနဲ့ဆီးချိုရောဂါအခံရှိတဲ့လူနာဟုတ်တယ် နေမကောင်းလို့ ဆေးစစ်တော့ ကိုဗစ်လည်းထပ်တွေ့တယ်ပေါ့နော်။ကျမတို့က မြစ်ကြီးနားဆေးရုံကိုသွားဖို့ပြောပါသေးတယ်။ ဒီမိုးညှင်းမှာက သမားတော်မရှိဘူးလေ။ နဂိုကတည်းက ရောဂါအခံရှိတဲ့သူတေ‌ွက ဒီရောဂါတွေ့ပြီဆိုရင် ပိုပြီးတော့ နလန်မထူနိုင်ကြဘူး ဆုံးတာတော့ မနေ့ညနေက ဆုံးသွားတာဟုတ်တယ်”ဆိုပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ သေဆုံးသူ မြို့နယ်ရဲမှူး၏ ဇနီးသည် အသက် ၅၀‌ကျော်ခန့်ရှိပြီဖြစ်ကာ မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါလက္ခဏာကြောင့် သေဆုံးခြင်းသည် ပထမဦးဆုံးဖြစ်ကြောင်း သိရသည်။ “ခုဆုံးသွားတဲ့ ရဲမှူးရဲ့ဇနီးကတော့ ကျန်းမာရေးအသိရှိလို့ ဆေးရုံမှာလာပြတဲ့ချိန် ဆေးစစ်ကြည့်တော့ ပိုးတွေ့တယ်ပေါ့နော်။တစ်ချို့တွေလည်း ဆေးရုံလာမပြရဲဘဲနဲ့ နေမကောင်းဖြစ်နေတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ မိုးညှင်းမြို့နယ်အ‌တွင်းမှာ ကိုဗစ်လက္ခဏာကြောင့်သေတာတော့ ဒါပထမဆုံးလို့ပြောလို့ရပါတယ်” ဆိုပြီး စက်ဆိုင်ရာတာဝန်ရှိသူများကပြောသည်။ မိုးညှင်းမြို့နယ်တွင် ဇူလိုင်လ ၁၃ရက်နေ့ထိ […]
ၾကားသိရသမွ်
ပြည်သူတွေရဲ့ဒုက္ခကိုမကြည့်ရက်တော့လို့ အောက်ဆီဂျင်ရဖို့အတွက် ကိုယ်စား တန်းစီပြီး ကူညီစောင့်ဆိုင်းပေးနေကြတဲ့ လူငယ်လေးများ
လက်ရှိအခြေအနေမှာ ကိုဗစ်ကူးစက်ရောဂါကိုပါ တိုက်ထုတ်နေရတဲ့ ပြည်သူလူထုအတွက် ပရဟိတအဖွဲ့အစည်းတွေနဲ့ စေတနာရှင်လူငယ်လေးတွေက တစ်တပ်တစ်အား ဝိုင်းဝန်းကူညီပေးနေကြတာဖြစ်ပါတယ်။ ကိုဗစ်ကူးစက်ရောဂါကို ခံစားခဲ့ရတဲ့ တချို့လူနာတွေကတော့ အာဟာရပြည့်ဝအောင် စားသောက်နေထိုင်ပြီး စိတ်ဓာတ်ကြံ့ကြံ့ခိုင်ခိုင်နဲ့ ခုခံအားကောင်းလို့ ပြန်လည်ကောင်းမွန်လာတာကို တွေ့ရပါတယ်။ တချို့လူနာတွေအတွက်လည်းအခုချိန်မှာ အောက်ဆီဂျင်အိုးတွေကိုင်ပြီး တစ်မြို့လုံးလိုက်ပတ်ရှာနေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။ Photo Credit: Original Uploder Photo Credit: Original Uploder တချို့ပြည်သူတွေက မိသားစုရဲ့ကျန်းမာရေးကို စိုးရိမ်ပူပန်နေရတဲ့အပြင် အောက်ဆီဂျင်အတွက်လည်း သောကရောက်နေရတာဖြစ်ပါတယ်။မန္တလေးမြို့မှာတော့ ဒီလိုဒုက္ခတွေခံစားနေရတဲ့ ပြည်သူတွေကို မကြည့်ရက်တော့တဲ့လူငယ်တချို့က သူတို့ကိုယ်တိုင် အောက်ဆီဂျင်ရဖို့အတွက် ကူညီတန်းစီပေး​နေတာဖြစ်ပါတယ်။ ပြည်သူတွေရဲ့အခက်အခဲကို ပြည်သူတွေကသာလျှင် ဖြေရှင်းပေးရမှာဖြစ်လို့ ရောဂါကူးစက်မှာကိုမကြောက်ဘဲ လူအုပ်ကြားထဲမှာ အောက်ဆီဂျင်ရဖို့ တန်းစီပေးနေတဲ့ လူငယ်လေးတွေရဲ့စိတ်ဓာတ်က လေးစားစရာကောင်းလှပါတယ်။ Photo Credit: Original Uploder Photo Credit: […]