အသက်ပေးသွားခဲ့တဲ့ သူရဲကောင်းတချို့က ဝိဉာဉ်အဖြစ် ဝင်ပူးကြတဲ့ ဗီဒီယိုတွေကိုကြည့်ပြီး ကြေကွဲစွာနဲ့ ပြောပြလာတဲ့ ယွန်းဝတီလွင်မိုး ယွန်းဝတီလွင်မိုး ကတော့ လက်ရှိမှာ ပြည်ပနိုင်ငံတွင် ပညာသင်ကြားနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ခွင့် မရတဲ့ အတွက်လည်း ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း သူမရဲ့ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အရေးကြီးတဲ့ သတင်း အချက်အလက်တွေ ကိုတော့ အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။ လူထုလှုပ်ရှားမှုတွင် ပါဝင်ရင်း မမျှော်လင့်ပဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းတွေ ရာနဲ့ချီရှိနေပါပြီ။ တစ်နိုင်ငံလုံးက ပြည်သူတွေကလည်း သူရဲကောင်းတွေ အတွက် ယူကြုံးမရအောင် ဝမ်းနည်း နေကြပြီး ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက်လည်း တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးနေကြတာလည်းဖြစ်ပါတယ်။ ကျဆုံးသွားခဲ့ကြတဲ့ သူရဲကောင်းတွေတစ်ချို့ဟာ […]
ကြားသိရသမျှ
လူထုခေါင်းဆောင် အမေ ၏ အခြေအနေအား နိမိတ်ဖတ်ယူရမယ်ဆိုလျှင်
လူထုခေါင်းဆောင် အမေ ၏ အခြေအနေအား နိမိတ်ဖတ်ယူရမယ်ဆိုလျှင် အေးချမ်း ကျန်းမာသောအခြေအနေမှာပဲ ရှိနေတာကို တွေ့ မြင်ရပါသည်။ သူမသည် သူမအခြေအနေထက် ပြင်ပ အပြင်ပြည်သူများများ၏ အခြေအနေကိုပဲ ပူပန်နေသော နိမိတ်လက္ခဏာမျိုးကို တွေ့ မြင်ရချေသည် မည်သည့်အချိန်တွင် ထိန်းသိမ်းခံရသော အခြေအနေများမှ ပြန်လွှတ်ပေးမလဲဆိုတာကတော့ စစ်အစိုးရသည် နေရာအသီးသီး နယ်ပယ်အသီးသီးအား ရာထူးဆိုင်ရာ အကုန်ပြောင်းလဲပြီးသည့်အချိန်မှာ ပြန်လွှတ်ပေးနိုင်ပါသည်။ဒါပေမယ့် လက်ရှိအနေအထားအရ ရက်သတ္တပတ်ခန့်အထိ ကြာရှည်နိုင်ပေလိမ့်အုန်းမည်။ အခုအခြေအနေအရ အခြားသူများကို လွှတ်ပေးနိုင်သော်လည်း အရေးကြီးသောပုဂ္ဂိုလ်များကို ထိန်းသိမ်းထားမယ်ဆိုတဲ့ အမိန့်တစ်ခုက တည်မြဲနေကြောင်းကိုလည်း သိရပါသေးသည်။ထိုးစစ်တစ်ခု အစပြုလာမည်ဆိုရင်တော့ တင်းမာမှုတစ်ခုအခြေအနေမျိုးကြောင့် နိုင်ငံတော်အပြောင်းအလဲသည် ပြင်းထန်သောအပြောင်းအလဲတစ်ခု ဖြစ်လာနိုင်ပါသည်။ ယခုလုပ်ပေးနိုင်သောအရာမှာ သူမအား ဝိုင်းဝန်းမေတ္တာပို့ပေးပါ။ အချို့သောအရာတွေကို သူမပဲ လုပ်နိုင်စွမ်းရှိတာမို့ သူမကို လုံးဝဥဿုံ ယုံကြည်ထားဖို့ […]
သရုပ်ဆောင်လူမင်းအကြောင်း သတင်းများ ထွက်ပေါ်…
ဖမ်းဆီးခံရပီးရက်ပေါင်းများစွာ အဆက်အသွယ်ပျက်နေပီနောက် မှာ ကိုလူမင်းကို ကျန်းမားရေးဆိုးဝါးတဲ့ သတင်းမှားတွေကြောင့် ဇနီးဖြစ် သူခင်စံပယ်ဦးက သူနဲ့ အဆက်အသွယ် ရနေတုန်းမှာ ကျန်းမာရေးကောင်းမွန်နေတဲ့အကြောင်း စိတ်မပူကြဖို့ သတင်းထုပ်ပြန်ပေးခဲ့ပါတယ်။ သတင်းအနေနဲ့ အန်ကယ်လေးကို လူထုဘက်က ဦးစီးဦးဆောင်လုပ်ကာ ရပ်တည် ပေး ခဲ့တဲ့အတွက် ညှင်းပန်းမှူ့ တွေခါးစီးခံနေရတယ်လို့ စုံစမ်းမှုတွေအရသတင်းများ ထွက်ပေါ်နေပါတယ်။ အိမ်ကပို့ပေးတဲ့ အစားအသောက်တွေလည်းမစားရပဲသူတို့ကြွေးတဲ့ဆန်ကြမ်းတွေနဲ့ဟင်းအသိုးတွေအစားအသောက် တွေကလည်း စားလို့မရနိုင်အောင်ဆိုးရွားနေတဲ့အကြောင်း ပြောပြချက်တွေအရ သိရှိရပါသည်။ ကိုလူမင်းကို ကောင်းကောင်း ပေးမအိပ်ပဲ ညဘက် တွေကို အလှည့်အကျ အစောင့် တွေက အိပ်တာနဲ့ နိူးပီး အိပ်မ ရအောင် ဒေါက် လျောက်လုပ်ဆောင်နေတာ ကြာလာတော့ အစားမမှန် အအိပ်မမှန်နဲ့ လက်ရှိမှာ ကိုလူမင်းကို စိတ်ငြိမ်ဆေး တိုက်ပီး ထားထားရကြောင်းအန်ကယ်လေးရဲ့ အသိုင်း အဝိုင်းက […]
သေသွားတဲ့အမေအတွက် ရည်စူးပြီးဘုန်းကြီးဆွမ်းကပ်တယ် ပစ္စည်းလေးပါးလှူကြတယ် မုန့်ဟင်းခါး စတုဒီသာ ကြွေးတယ်…..
မိုးမလုံပေမယ့် အမေကြောင့်လုံခြုံခဲ့ရတယ် အမေ။ အခု အမေမရှိလို့ မလုံခြုံတော့ဘူး။ အမေမရှိတဲ့ညတွေ ဘယ်လိုဖြတ်သန်းရမလဲ။ ပဲခူးမှာ လည်ပင်းကျည်ပေါက်သွား မြောင်းထဲ ပစ်ထားခဲ့တဲ့ ဟိန္ဒူအမျိုးသမီး ကလေးသုံးယောက်ဟာသေသွားတဲ့အမေအတွက်ရည်စူးပြီးဘုန်းကြီးဆွမ်းကပ်တယ်။ ပစ္စည်းလေးပါးလှူကြတယ်မုန့်ဟင်းခါး စတုဒီသာ ကြွေးတယ်။ ခလေးများပြုတဲ့ကုသိုလ်ကို မိခင်လည်းရောက်ရာဘုံအရပ်မှ ကြားသိပြီး သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိရောက်ပါစေ။ ကျန်ခဲ့တဲ့ကလေးသုံးယောက်အတွက်လည်း ကူညီမယ့်သူများပေါ်ပေါက်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်မိုးမလုံပေမယ့် အမေကြောင့်လုံခြုံခဲ့ရတယ် အမေ။ အခု အမေမရှိလို့ မလုံခြုံတော့ဘူး။ အမေမရှိတဲ့ညတွေ ဘယ်လိုဖြတ်သန်းရမလဲ။ ပဲခူးမှာ လည်ပင်းကျည်ပေါက်သွား မြောင်းထဲ ပစ်ထားခဲ့တဲ့ ဟိန္ဒူအမျိုးသမီး ကလေးသုံးယောက်ဟာသေသွားတဲ့အမေအတွက်ရည်စူးပြီးဘုန်းကြီးဆွမ်းကပ်တယ်။ ပစ္စည်းလေးပါးလှူကြတယ်မုန့်ဟင်းခါး စတုဒီသာ ကြွေးတယ်။ ခလေးများပြုတဲ့ကုသိုလ်ကို မိခင်လည်းရောက်ရာဘုံအရပ်မှ ကြားသိပြီး သာဓုခေါ်ဆိုနိုင်ပြီး ကောင်းရာသုဂတိရောက်ပါစေ။ ကျန်ခဲ့တဲ့ကလေးသုံးယောက်အတွက်လည်း ကူညီမယ့်သူများပေါ်ပေါက်ပါစေလို့ ဆုတောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်။
နှောင်ကြိုးမှတပါးဆုံးရှုံးစရာမရှိသောနေအိမ်တစ်လုံးတောင်အတည်တကျမရှိကြတဲ့သူများ
နှောင်ကြိုးမှတပါးဆုံးရှုံးစရာမရှိ မန္တလေးမီးရထားဝန်ထမ်းတွေမှာ ဝန်ထမ်းသေဆုံးရင်ကျန်ခဲ့တဲ့မိသားစုတွေကဝန်ထမ်းအိမ်ရာကနေဆင်းပေးကြရပြီး၊ကျူးကျော်တဲဆောက်ပြီးနေကြရပါတယ်။ မိသားစုထဲမှာနောက်ထပ် မီးရထားဝန်ထမ်းရှိလာပေမဲ့လဲတ်ိုက်ခန်းအခုထိမရသေးပဲကျူးကျော်တဲမှာပဲဆက်ပြီးနေကြရပါသတဲ့။ ပုံထဲကတက်တူးပိုင်ရှင်ကမန္တလေးမီးရထားဝင်းထဲက ကျူးကျော်တဲမှာနေကြရတဲ့ဝန်ထမ်းအိမ်ထောင်စုတွေထဲကတစ်ယောက်ဖြစ်ပါတယ်။ နေအိမ်တစ်လုံးတောင်အတည်တကျမရှိကြတဲ့သူတို့တွေကCDM ဝန်ထမ်းတွေ၊ ညတိုင်းကင်းစောင့်သူတွေ၊ သပိတ်မှောက်တော်လှန်သူတွေလဲဖြစ်ကြပါတယ်။ unicode နှောငျကွိုးမှတပါးဆုံးရှုံးစရာမရှိ မန်တလေးမီးရထားဝနျထမျးတှမှော ဝနျထမျးသဆေုံးရငျကနြျခဲ့တဲ့မိသားစုတှကေဝနျထမျးအိမျရာကနဆေငျးပေးကွရပွီး၊ကြူးကြောျတဲဆောကျပွီးနကွေရပါတယျ။ မိသားစုထဲမှာနောကျထပျ မီးရထားဝနျထမျးရှိလာပမေဲ့လဲတျိုကျခနျးအခုထိမရသေးပဲကြူးကြောျတဲမှာပဲဆကျပွီးနကွေရပါသတဲ့။ ပုံထဲကတကျတူးပိုငျရှငျကမန်တလေးမီးရထားဝငျးထဲက ကြူးကြောျတဲမှာနကွေရတဲ့ဝနျထမျးအိမျထောငျစုတှထေဲကတစျယောကျဖွစျပါတယျ။ နအေိမျတစျလုံးတောငျအတညျတကမြရှိကွတဲ့သူတို့တှကေCDM ဝနျထမျးတှေ၊ ညတိုငျးကငျးစောငျ့သူတှေ၊ သပိတျမှောကျတောျလှနျသူတှလေဲဖွစျကွပါတယျ။
မောင်ခန့်ငြားဟိန်း၏ ဖခင် (ရုပ်သံ)
“သူ့ကို တံခါးသော့ခတ်ပြီး ပေးမသွားအောင် လုပ်လို့ရတယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ သူ့ကို အဲ့လိုလုပ်ရပ်တွေကြောင့် အဖေလို့ မသတ်မှတ်မှာ စိုးရိမ်လို့” တဲ့ 💔💔💔သူလိုအဖေမျိုး ❤️💔 အဲ့နေ့ကခန့်မှန်းခြေ ၁၂နာရီ ကျော်လောက်ဖြစ်သွားပြီ။သူမသွားေတာ့ဘူးလို့ ကျနော်ထင်နေတာ။ ကျနော် တံခါးတွေလဲပိတ်ထားတယ်။စိတ်မချလို့ ငါ့သားအိမ်ပေါ်မှာ ဘာလုပ်နေလဲလို့ ကျနော်တတ်ကြည့်တယ်။ တက်ကြည့်တဲ့အခါမှာ သူ့နေရာမှာပဲ သူဖုန်းကိုင်နေတယ်။အဲ့တာနဲ့ ဪ စိတ်ချသွားပြီ ငါ့သားမသွားတော့ဘူးဆိုပြီး ကျနော်ပြန်ဆင်းလာပြီးအလုပ်လုပ်နေတယ်။အိမ်နောက်ဘေးမှာ တံခါးဂျက်လေးက မကောင်းလို့ ကျနော်က တံခါးဂျက်လေးကိုပြင်နေတယ်။ အာရုံနည်းနည်းစိုက်နေတဲ့အချိန်မှာ သူကဘယ်အချိန်ဆင်းလာမှန်းမသိဘူး။သူတိုးတိုးလေးဆင်းလာပြီးတော့ တံခါးကိုဖွင့်ပြီးထွက်သွားတာ။ကျနော်အဲ့ချိန်ထိမသိသေးဘူး သူထွက်သွားတာမသိသေးဘူး။ကျနော် သူ အိမ်ပေါ်မှာဘဲ ရှိနေတယ်ထင်တာ။ကျနော်အောက်မှာပဲ အလုပ်တွေဆက်လုပ်နေတယ်။ ပထမဆုံးကလေးတွေကျသွားပြီဆိုတဲ့သတင်းကိုကြားရတယ်။ကလေးတွေေပြးလာတယ်။လမ်းမှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်။အဲ့အချိန်မှာ တစ်ယောက်ကျသွားတယ်ဆိုတဲ့အသံကို ကျနော်ကြားလိုက်ရတယ်။ဒါပေမယ့် ကျနော့်သားလို့ ကျနော် လုံး၀မထင်ခဲ့ဘူး။(အသံဆို့နစ်သွားသည်။) လမ်းတွေကလည်း အဲ့အချိန်မှာ အကုန်ပိတ်သွားတော့ နောက်ဆုံးကျနော် အိမ်ကိုရောက်အောင်ပြန်လာတယ်။ […]
မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တွက်အိတ်ဖွင့် သတိပေးစာ ရေးလိုက်တဲ့ Dave Leduc
“မြန်မာနိုင်ငံက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ အတွက် အိတ်ဖွင့် ပေးစာ” ဘာကြောင့်လဲ။ ဘာကြောင့် ဒီလောက် တောင်ဖြ စ်နေ ရတာလဲ ညီ အစ်ကိုတို့။ လူကောင်းတွေ ဘ ယ်မှာလဲ။ ရဲတပ်ဖွဲ့နဲ့ စစ်တပ် အနေနဲ့ ပြည်သူတွေရဲ့အိမ်တွေကို ချိုးဖျက်ပြီး သူတို့ကိုနာကျင် အောင်လုပ်ဖို့ မလိုဘူး လေဗျာ။ ဒါဟာ တရားနည်း လ မ်းမကျတဲ့ မင်းမဲ့ စရိုက်ဆိုတာ ခင်ဗျားတို့ လည်း သိနေတာပဲ။ မြန်မာ ပြည်သူတွေကို စောင့်ရှောက် ကာကွယ် ပေးမယ်လို့ ကတိပေးခဲ့ တာလေဗျာ။ ခင်ဗျားတို့က ပြည်သူ့ သက်တော် စောင့်တွေပါ။ လက်ဖက် ရည်ဆိုင် ပိုင်ရှင်တွေ ပါဆယ်ပို့ သမားတွေ၊ ဘဏ်ဝန် ထမ်းတွေ၊ လမ်း ပေါ်မှာ […]
ဖေဖေ့ကိုသတိရလို့ ဓာတ်ပုံကြည့်ပြီး ပုံစံတူအရုပ်လေးလုပ်ကာ အလွမ်းဖြေနေရတယ်ဆိုတဲ့ ကလေးမလေးတစ်ယောက်
ဖေဖော်ဝါရီလကတည်းက ပြုလုပ်ခဲ့တဲ့ လူထုလှုပ်ရှားမှုပွဲတွေမှာတော့ လူကြီးလူငယ်မရွေး တက်တက်ကြွကြွ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ် ။ ခွန်အားရှိသလောက် အတတ်နိုင်ဆုံး ကြိုးစားနေကြတဲ့ ပြည်သူတွေက နေ့ဘက်မှာရော ညဘက်မှာပါ နည်းလမ်းမျိုးစုံနဲ့ ဆန္ဒထုတ်ဖော်နေကြတာ ဖြစ်ပါတယ် ။ ဒါပေမဲ့လည်း လူထုလှုပ်ရှားမှုပြုလုပ်ရင်းနဲ့ အသက်ပေးသွားခဲ့ရတဲ့ ပြည်သူတွေလည်း ရှိလာခဲ့ပြီဖြစ်တာကြောင့် စိတ်မကောင်းစရာဖြစ်ရပ်တွေကို ကြုံတွေ့လာရတာပဲ ဖြစ်ပါတယ် ။ အခုလည်း ပြည်သူတစ်ယောက်က “ဖေဖေကိုသတိရလို့တဲ့ ဖေဖေ့ပုံလေးကို အရုပ်လေးလုပ်ထားတယ် ဦးတဲ့ 😭😭😭😭 သမီးရယ်” ဆိုပြီး ပုံရိပ်တစ်ချို့ကို မျှဝေထားတာ ဖြစ်ပါတယ် ။ ဒီပုံထဲမှာတော့ ကလေးမလေးတစ်ယောက်က ကွယ်လွန်သွားပြီဖြစ်တဲ့ သူမရဲ့ဖခင်ကို သတိရလွမ်းဆွတ်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် ကလေးမလေးက ဖခင်ဖြစ်သူရဲ့ဓာတ်ပုံကိုကြည့်ပြီး ပုံစံတူ အရုပ်လေးတစ်ရုပ်ပြုလုပ်ကာ အလွမ်းဖြေနေတာပဲ ဖြစ်ပါတယ် ။ […]
သမီးလက်ကိုဆွဲပြီး သပိတ်ကိုလာတဲ့ အမေ
ယနေ့ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး Twitterမှာပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်