ၾကားသိရသမွ်
ကျဆုံးသွားပြီဖြစ်ပေမယ့်လည်း အမျှဝေခွေင့်တောင်မရဖြစ်နေတဲ့ လှိုင်သာယာက သူရဲကောင်း ကိုနေသူရဦး
ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံရှိ နေရာအနှံ့အပြားမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ များပြားလာခဲ့တာ ဖြစ်ပါတယ် ။ အခုလည်း အသက်ပေးခဲ့ရတဲ့ ပြည်သူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကိုနေသူရဦးရဲ့အကြောင်းကို လူတစ်ယောက်က လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ စာထဲမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ကိုနေသူရဦးအတွက် ကျန်ရစ်သူမိသားစုဝင်တွေက အမျှဝေပေးချင်ပေမယ့်လည်း အခက်အခဲတွေရှိနေကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့မတ်လ (၁၇) ရက်နေ့မှာ ကျဆုံးသွားတဲ့ ကိုနေသူရဦးကတော့ အသက် (၂၄) နှစ်သာရှိသေးတဲ့ အိမ်ထောင်သည် အမျိုးသားတစ်ဦးပဲ ဖြစ်ပါတယ် ။ သူက လှိုင်သာယာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး ရင်ဘတ်နဲ့ ဦးခေါင်းကိုကျည်ထိမှန်ပြီး ကွယ်လွန်ခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိအချိန်မှာတော့ ကိုနေသူရဦးရဲ့ရုပ်အလောင်းကို ပြန်မရသေးတာကြောင့် သူ့ရဲ့ဇနီးသည်အပါအဝင် မိသားစုဝင်တွေအားလုံးက အရမ်းကို ဝမ်းနည်းကြေကွဲနေရတာပဲ ဖြစ်ပါတယ် […]
ကြားသိရသမျှ
သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ဓာတ်ပုံ လေး ကြည့်ပြီး ရင်ခွဲရုံအရှေ့မှာထိုင်စောင့်ရင်း ငိုကြွေး နေတဲ့ မိခင်တစ်ဦးရဲ့ပုံရိပ်
အခုလတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ပုံရိပ်တစ်ခုကတော့ မြင်တွေ့ရသူတွေကို စိတ်မကောင်ြး ဖစ်စေခဲ့တာ ဖြစ်ပါ တ ယ် ။ ဒီပုံရိပ်ထဲမှာ မိခင်တစ်ဦးက သားဖြစ်သူရဲ့ရုပ်အလောင်းကို မြင်တွေ့ရဖို့ ရင်ခွဲရုံအရှေ့မှာ ထို င်စောင့်နေတာပဲ ဖြစ်ပါတယ် ။   ရင်နဲ့ လွယ် မွေးခဲ့ရတဲ့ သားလေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်ဖြစ်သူကတော့ဝ မ်း နည်းပူဆွေးပြီး ရင်ထဲမှာ အတိုင်းမသိနာကျင်နေမယ်ဆိုတာကို ပုံမြင် လိုက်ရုံနဲ့တင် သိစေနိုင်တာ ဖြစ်ပါတယ် ။ ကြွေလွင့်သွားတဲ့ သူရဲကောင်းကတော့ တီးတိန်မြို့နယ်၊ထေးဇန်က ဒိုဆွမ်းကိမ်းဆိုတဲ့ ကောင်လေးပဲ ဖြစ်ပါတယ် ။ အသက် (၁၉) နှစ်အရွယ် သာရှိသေးတဲ့ ဒိုဆွမ်းကိမ်းက လူငယ်ပီပီ တက်တက်ကြွကြွရှိပြီး လူထုလှုပ်ရှားမှုတွေကို ကြိုး စားပမ်းစား ပြုလုပ်ခဲ့တာ ဖြစ်ပါတယ် […]
ကြားသိရသမျှ
ရန်ကုန်မြို့ တနေရာက ရဲရဲတောက်GenZများရဲ့ Defense
ရန်ကုန်မြို့ တနေရာက ရဲရဲတောက်GenZများရဲ့ Defense GenZလူငယ်တွေ ညီချက်ကတော့ အားရတယ်💪💪💪 အရေးတော်ပုံ အောင်ရမည်။ လေးစားပါတယ် ကလေးတို့ရေ အန္တရာယ်ကင်းဘေးရှင်းကြပါစေ အရေးတော်ပုံ အောင်ရမည်။ တကယ့်လေးစား ဦးညွတ်အလေးပြုပါတယ် အရေးတော်ပုံမုချအောင်ရမည်ေ အာင်ရမည် အောင်ရမည်💪   တော်လိုက်တဲ့ Generation Z လေးတွေ ဘေးအန္တရယ်ကင်းကြပါစေ အရေးတော်ပုံအောင်ရမည်💪💪💪 GZတို့ရေဘေးကင်းပြီးအောင်မြင်မှုတွေရပါစေ။ ဘာမှမလုပ်ပေးနိုင်လို့ ညတိုင်းမြတ်စွာဘုရားကိုဖယောင်းတိုင်မီးပူ‌‌ဇော်ပြီး မေတ္တာသုပ်ရွတ်ပြီးဆုတောင်းပေးနေပါတယ်။အရေးတော်ပုံအောင်ကိုအောင်ရမည်။ ဘေးကင်းအောင်မြင်ပါစေ။နတ်ကောင်းနတ်မြတ်များကလေးတွေကိုစောင့်ရှောက်ပေးပါ🙏 အဲ့လိုမျိုး စောင့်နေတာ .. ဖြစ်သင့်တာကြာပြီ ✊✊✊ ဘေးကင်းကြပါစေ 🙏ရန်သူသူပုန်စစ်တပ် ကျရှူံးပါစေ အရေးတော်ပုံအောင်ရမည်🍀💪💪 ပြည်သူပြည်သားတွေဘေးကင်းပါစေ နိုင်လိုမင်းထက်ပြုမူတဲ့စစ်တပ် ပြာအတိကျပါစေ စစ်သားတွေ အမြန်ကျဆုံးကြပါစေ🙏🙏🙏 အရမ်းကို ‌လေးစားရတဲ့ Gen Z တွေပါဗျာ။ GZတွေအားလုံးဘေးကင်းပါစေ🙏အရေးတော်ပုံ အောင်ရမည်✊✊✊ အားလုံးဘေးကင်းကြပါစေ🙏🙏🙏 Credit Zawgyi […]
ၾကားသိရသမွ်
ပိုင်ဖြိုးသုပြောပြတဲ့ဒလံကြောင့် ဖမ်းခံရသောကိုလူမင်းအကြောင်
ပိုင်ဖြိုးသုပြောပြတဲ့ဒလံကြောင့် ဖမ်းခံရသောကိုလူမင်းအကြောင်း   အခုလက်ရှိမှာညီမတို့လည်းထွက်ပြေးတိန်းရှောင်နေရတဲ့ ဆန္ဒပြတဲ့အနုပညာရှင် အများစုကို ပုဒ်မ ၅၀၅ နဲ့ မတရားဖမ်းဆီးမှု့တွေလုပ်လာတယ် အန်ကယ်လေး အဖမ်းမခံရခင်မှာ ပိုင်ဖြိုးသုတို့နဲ့ အတူရှိနေသေးတယ် ညီမတို့မနက်ပိုင်းမှာဆန္ဒပြတယ် လမ်းခွဲကာနီးမှာ ညီမရယ် ကိုဏကြီးရယ် ခါရာ နဲ့ အန်ကယ်လေးပါတယ် စုပီးတိုင်ပင်ကြတယ် ပြည်သူတွေအတွက် အနုပညာရှင်တွေကshort vidoe လေးရိုက်ပီး အားပေးစကားလေးတွေ အရေးတော်ပုံအောင်ဖို့စိတ်ဓာတ်မကြဖို့ ပြောကြရင်ကောင်းမယ်ဆိုပီးတိုင်ပင်ဖြစ်ကြသေးသည်။ ပိုင်ဖြိုးသုအနေနဲ့ ဆက်လက်ပြောပြခဲ့တာတော့ အဒီညက ညီမတို့တိုင်ပင်ထားတဲ့အတိုင်းပဲ အန်ကယ်လေးနဲ့ ညီမ ကvidoe တင်တယ် ချစ်တဲ့ပိရိတ်သတ်တွေပြည်သူတွေအတွက်စကားပြောပေးတယ် အန်ကယ်လေးက သူ့အိမ်မှာမလုံခြုံတော့တာ သိတဲ့အတွက် နေရာရွေ့တယ် ညီမတို့လည်းလုံခြုံမှူ့မရှိတော့ဘူးလေ အဒီတော့ညီမတို့လည်းနေရာရွေ့ကြတယ် နောက်မှပြန်သိရတာက အန်ကယ်လေးက သူနဲ့သိတဲ့လူရှိတဲ့ ရပ်ကွက်က အိမ်တစ်အိမ်မှာသွားပုန်းနေတာ အတိအကျကိုသတင်းပေးခံရတာ အစ်မခင်စံပယ်ဦး ငိုပီး live လွှင့်တော့မှညီမတို့သိတာဆိုတဲ့အကြောင်း ပြောပြလာခဲ့သည်။ […]
ကြားသိရသမျှ
မန္တလေးမှာ သင်္ကြန်ကျင်းပမယ်လို့ ဖော်ပြ
မန္တလေးမှာ သင်္ကြန်ကျင်းပမယ်လို့ ဖော်ပြ မန္တလေးမြို့မှာ မြန်မာ့ရိုးရာမဟာ သင်္ကြန် ပွဲတော်ကျင်းပဖို့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးလုပ်နေတယ်လို့ မန္တလေး မြို့တော် စည်ပင်သာယာရေးကော်မတီ ပိုင် သတင်းစာဖြစ်တဲ့ မန္တလေးနေ့စဉ် သတင်းစာမှာ မနေ့က( ၁၈ ရက်နေ့)ဖော်ပြထားပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်(မန္တလေး)ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ် ၂၀၂၁ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကျင်းပရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ ညနေ ၃ နာရီကမန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကို တက်ရောက်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှဒုတိယမြို့တော်ဝန်၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဌာနမှူး များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီး […]
ၾကားသိရသမွ်
အရင်ရှယ်ပြီးမှဝင်ကြည့်ပါ မီးသဂြိုလ်ရန် ထားရှိခဲ့သော သနပ်ခါးတုံးမှ အပင်ထွက်နမိတ်ပြလာခြင်း
ကြားသိရသမျှ
ကိုရိးယားရုပ်သံကနေ အင်တာဗျူး တခါဖြေတိုင်း သိန်း ၁ရာ ရတယ်လို့ပြောနေကြတဲ့သူတွေကို ဒဲ့ရှင်းပြလိုက်တဲ့ ဆရာမ ချမ်းမြမြသော်
မြန်မာပြည်သူတွေရဲ့အသံကို ကိုရီးယားနာမည်ကြီး KBS ရုပ်သံကနေအထိ ကမ္ဘာသိအောင်ချပြနိုင်ခဲ့တဲ့ ဆရာမ ချမ်းချမ်းကို လူတချို့က အင်တာဗျူးတခါဖြေတိုင်း ဝမ် သိန်း ၁၀၀ ရတယ်လို့ အပုတ်ချစွပ်စွဲနေသူအားလုံးကို အခုလိုပဲ ဆရာမချမ်းချမ်းက သူရရှိတဲ့ ငွေပမာဏနဲ့ ရရှိတဲ့ငွေအားလုံးလို ယခုလိုပဲလက်ခံထားကြောင်းရှင်းပြလိုက်ပါတယ်။   KBS ကနေ သတင်း တစ်ခါ လာပြောပေးရင် ဝမ် ၃သိန်း ပေးပါတယ်။ ဝမ် ၃သိန်းထဲက အခွန် ထပ် ဖြတ်ပြီး စုစုပေါင်း ၂၇၁၆၈၀ပဲ ကျွန်မဆီ ဝင်ပါတယ်။ စုစုပေါင်း လေးကြိမ် ဝင်တဲ့ ပိုက်ဆံ အားလုံးကို လက်ရှိ မြန်မာအတွက် အလှုငွေ လက်ခံလျှက် ရှိတဲ့ အကောင့်(845910043 10207)နဲ့ပဲ လက်ခံထားပါတယ်။ အားလုံးကို မြန်မာက ကျန်ရစ်သူ မိသားစုနဲ့ […]
ကြားသိရသမျှ
ခုချိန်မှာမိသားစုနဲ့ခွဲနေရတာဟာ အသက်ပေးပြီးခွဲသွားရတဲ့သူတွေထက်စာရင် မပြောပလောက်ပါဘူးလို့ ဆိုလိုက်တဲံမင်းမော်ကွန်းရဲ့ ဗီဒီယို
ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းမော်ကွန်းကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ တစ်သွေးတစ်သားတည်းရပ်တည်နေပြီး တာဝန်သိပြည်သူတစ်ယောက်အနေနဲ့ လူထုလှုပ်ရှားမှုတွေမှာ အင်တိုက်အားတိုက်ပါဝင် လုပ်ဆောင်နေသူပါ..။ မင်းမော်ကွန်းကတော့ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေပြုလုပ်နေတဲ့အပြင် လှူဒါန်းမှုတွေမှာ တတ်နိုင်သလောက် ပြုလုပ်နေပြီး လူငယ်တွေကိုလည်း ဖေးမအားပေးရင်း တော်လှန်ရေးကြီးမှာအဖက်ဖက်ကနေ ပါဝင်နေ သူလည်း ဖြစ်ပါတယ်..။   အခုလိုအချိန်မှာ သူ့အနေနဲ့ မိသားစုနဲ့ခွဲခွာပြီးနေ နေရတာက အသက်ပေးပြီး တစ်သက် လုံးခွဲသွားရတဲ့ ပြည်သူတွေထက်စာရင် လေးစားရတဲ့ညီငယ် ညီမငယ်တွေထက်စာရင် ဘာမှမပြောပလောက်ပါဘူးဆိုပြီးတော့လည်း ခံးစားချက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်..။ လူငယ်တွေလုပ်နေတာတွေကလည်း အထွေအထူးပြောစရာမလိုအောင် တကယ့်လက်တွေ့ကြုံတဲ့အခါမှာ လူငယ်တွေရဲ့စဉ်းစားပုံ လုပ်ပုံကိုင်ပုံတွေက အရမ်းထက်မြတ်တဲ့အတွက် တိုင်ပြည်အတွက် အရမ်းအားရတယ်ဆိုပြီးတော့ ပြောပြလာတာ ဖြစ်ပါတယ်..။ ဖြိုခွင်းမှုတွေကလည်း ပြည်သူကိုဘယ်လောက်မုန်းတီးပြီး ဘယ်လောက်အငြိုးကြီးလည်းဆိုတာ ပြနေသလို သတ်လိုက်ရင်လည်း သားသမီးအရွယ်ကလေးတွေဖြစ်ပြီး ရိုးရိုးတန်းတန်းတာဝန်အရ ထမ်းဆောင်တာမျိုး မဟုတ်ဘဲ အမုန်းတရားတွေပါဝင်နေတာ သိသာနေတယ်ဆိုပြီးတော့လည်း […]
ကြားသိရသမျှ
နွေဦးတော်လှန်ရေးကြီးမှာ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင် လို့ပြောလိုက်တဲ့ ဒေါင်း
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူတွေအပေါ် အကြမ်းဖက် ဖြိုခွင်းမှုများ ရှိတာကြောင့် ပြည်သူတွေရဲ့ ဝမ်းနည်းပူ ဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြောင်းလဲကာ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်လို့ သရုပ်ဆောင် ဒေါင်းက ဆိုပါတယ်။ “ကျနော်တို့ အားလုံးရဲ့ ဝမ်းနည်းပူဆွေး သောကတွေကို အခုချိန်မှာ ခွန်းအားအဖြစ် ပြန်အသုံးချဖို့ ပြောင်းလဲကြရအောင်ဗျာ။ ကျနော်တို့ တော်လှန်မယ့် နည်းလမ်းတွေ အများကြီး အသုံးပြုနေကြတယ်။ လမ်းတခုတည်းဆို တဖက်က ပိတ်ရလွယ်မယ်။ လမ်းတွေ အများကြီးနဲ့ ဝန်ထမ်းတွေ ပြည်သူတွေ အားလုံး ပူးပေါင်း လုပ်ဆောင်ကြမယ်ဗျာ။ ကျနော်တို့တွေ နိုင်တော့မှာပါ။ စိတ်ဓာတ်ကို အမြင့်ဆုံးထိထားပြီး အနိုင်ယူကြရအောင်”လို့ ဒေါင်းက ပြောပါတယ်။ ကိုယ်တိုင်လည်း သတင်း အချက်အလက်တွေကို အမြဲ ဂရုစိုက်တင်တယ်လို့ […]
ကြားသိရသမျှ
မိ ခင် များ ထံ သို့ တောင်း ပန် စာ
အမေ ကျနော်တို့နဲ့အတူ တိုက်ပွဲဝင်ပေးခဲ့တဲ့ အမေ့သားနဲ့ သမီး တွေကို ကျနော်တို့ မကာကွယ်ပေးနိုင်ခဲ့လို့ တောင်းပန်ပါတယ်အမေ။ ဒဏ်ရာတွေနဲ့ သွေးအလိမ့်လိမ့်ကျနေတဲ့ အမေ့သား နဲ့ သမီးတွေကို သယ်ပြီးကယ်ဖို့ရာ မိစ္ဆာကောင်တွေဘက်က ကယ်ခွင့်မပေးခဲ့ဘူးအမေ။ ကျနော်တို့ကို လူလို့ကို မသတ်မှတ်ကြတော့ဘူး အမေရယ်။ သူတို့က ကျနော်တို့ကို တွေ့တဲ့နေရာ ရိုက်နှက် ဒရွတ်တိုက်ဆွဲပြီး ခေါ်တာတွေ မြင်ရတော့ ရင်တွေ နာလှပါတယ်အမေရယ်။ ကျနော်တို့တောင် ဒီလိုခံစားနေရရင် အမေတို့ဆို ဘယ်လောက်တောင် ခံစားနေရမလဲ။ ကျနော်တို့ ပြည်သူတွေ အမေ့သားနဲ့သမီးတို့ စတေးခဲ့ရတဲ့ အသက်တွေအတွက် ကျနော်တို့ နိုင်အောင်တိုက်မှာပါအမေ။ မိစ္ဆာကောင်တွေက ဖိလို့ ကျနော်တို့ လူထု ကြွခဲ့ပြီးပါပြီ။ အခု ပြည်သူဘက်က အထိနာလာလို့ ပြန်ချကြဖို့ မြို့နယ်တိုင်းမှာလည်း အလံနက်ထောင်ခဲ့ပါပြီ။   လက်နက်ချင်းမမျှပေမယ့် […]