Knowledge
ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရ အမိန့်ထုတ်ပြန်ပြီးသော့ခတ် အစောင့်တွေ ချထားခဲ့ ရတဲ့ဆုတောင်းပြည့် ရုပ်ပွားတော်မြတ်..
ဆုတောင်းပြည့်လွန်းလို့ မင်းညီ မင်းသားတွေ မဖူးရ အမိန့်ထုတ်ပြန်ပြီးသော့ခတ် အစောင့်တွေ ချထားခဲ့ ရတဲ့ဆုတောင်းပြည့် ရုပ်ပွားတော်မြတ် စစ်ကိုင်းတောင်တစ်ဖက်ကမ်းက ရွှေကြက်ယက်စေတီအတွင်းမှာရှိပါတယ်။ ရွှေသင်္ကန်းကပ်ပြီး ဆုတောင်းခဲ့မိတာလေးဟာ တစ်ကယ်ပြည့်ဝခဲ့တာမို့ သူငယ်ချင်းတွေကို မျှဝေပေးချင်မိခဲ့ပါတယ်။ အနော်ရထာမင်းကြီးလက်ထက်မှာ တစ်ကြိမ်၊ နရပတိစည်သူမင်းကြီးလက်ထက်မှာ……. တစ်ကြိမ်မည်သည့်မင်းညီမင်းသားမှ မဖူးရလို့အမိန့်တော်ထုတ်ပြန်ပြီး အစာင့်တွေချထားကာ သော့ခတ်ထားခဲ့ရတယ်ဆိုတဲ့ ဆုတောင်းပြည့် ရုပ်ပွားတော်မြတ်ကြီးဖြစ်ပါတယ်။ ဆုတောင်း ပြည့်ဝလွန်းတယ်ဆိုတဲ့ဇတ်ကြောင်းလေးကိုဖတ်မိရင် ပိုပြီးလေးနက်စေမှာမို့ ဇတ်လမ်းလေးကိုအတိုချုပ်လို့ ရေးပါရစေ။ပုဂံနေပြည်တော်မှာ မင်းယဉ်နရသိင်္ခ ဘုရင် အုပ်စိုးချိန်မှာ အိမ်ရှေ့စံညီတော်ကတော့ နရပတိစည်သူ ဖြစ်ပါတယ်။ နောင်တော်ဘုရင်ဟာညီတော်အိမ်ရှေ့မင်းရဲ့ မိဘုရားဖြစ်တဲ့ ဝေဠုဝတီကို တပ်မက်စွဲလန်းမိတာကြောင့် ညီတော်ကို လိမ်လည်ပြီး ရှေ့တန်းစစ်မျက်နှာကို စစ်တိုက်ဖို့ လွှတ်လိုက်ပါတယ် ။ ထုံးစံအတိုင်း ငဆောင်ချမ်း ‘အရပ်ပေါ့ ။အဲဒီကာလတုန်းက နေပြည်တော်ရဲ့စစ်မျက်နှာဟာ တရုတ်တွေနဲ့ပဲ ရှိခဲ့တာမို့ တရုတ်တွေရဲ့ ရှေ့တန်းစစ်မျက်နှာဟာ […]
Knowledge
နာကျင်မှုလုံးဝမရှိဘဲ ဆူးနှုတ်ယူနည်း ( ၇ ) နည်း..
နာကျင်မှုလုံးဝမရှိဘဲ ဆူးနှုတ်ယူနည်း.. အသုံးဝင်တဲ့ နည်းလမ်းလေးတွေမို့လို့ သိမ်းထားစေချင်ပါတယ်။ ကလေးငယ်တွေ အများဆုံးဖြစ်တတ်ပေမယ့် လူကြီးတွေလဲ တကယ်တမ်း အဆူးဝင်ရင် နေမထိထိုင်မသာဖြစ်တတ်ပါတယ်။ အရေပြားထဲကို သစ်သားစ၊ သတ္တုစ၊ ဖန်ကွဲစ စတာတွေ စူးဝင်သွားတဲ့အခါ အရမ်းနာကျင်တာ ကိုက်ခဲတာဖြစ်စေနိုင်ပြီး ရောဂါပိုးဝင်ရောက်ကာ ပြည်တည်နိုင်တဲ့အတွက် စူးဝင်သွားတဲ့ အဆူးကို ဖယ်ထုတ်ပစ်ဖို့လိုပါတယ်။ လူတော်တော်များများက အပ်၊ လက်သည်းညှပ်၊ ဇာဂနာတို့နဲ့ တူးဆွပြီး အဆူးကို ထုတ်လေ့ရှိပါတယ်။ ဒီနည်းက အရမ်းကို နာကျင်စေပြီး ရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်တဲ့အတွက် မသုံးသင့်ပါဘူး။ ဒါဆို ဘယ်လိုလုပ်ရမလဲ ???? အရမ်းကို ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းလေးတွေနဲ့ ဖြေရှင်းကြည့်ရအောင် ၁။ မီးတိပ်ဖြင့် ဆူးထုတ်နည်း ဒီနည်းလမ်းလေးကတော့ လွယ်ကူပေမယ့် နက်နက်နဲနဲဝင်သွားတဲ့ ဆူးအတွက်တော့ သုံးမရပါ။ ပြုလုပ်ပုံ အဆူးဝင်နေတဲ့ နေရာကို […]
Knowledge
” ငါလာမှ သီး၊ ငါလာမှ ကြီး “မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာရဲ့ အမုန်းကျိန်စာနဲ့ ပေပင်လေး‌တွေ…
” ငါလာမှ သီး၊ ငါလာမှ ကြီး “မကျွတ်လွတ်သေးတဲ့ ဗိဿနိုးဘုရင်မ ပန်ထွာရဲ့ အမုန်းကျိန်စာနဲ့ ပေပင်လေး‌တွေ ငါလာမှသီး ၊ငါလာမှကြီး ” တဲ့လားဖေဖေ ၊ သူ့ကျိန်စာကလည်း စိတ်ဝင်စားစရာကောင်းသလို .. ပေပင်လေးတွေကလည်း နှစ်ရာထောင်ချီနေတာတောင် သုံးလေးပေက မတက်ဘူးနော်…၊ သူ့နတ်နန်းမှာ ဘာလို့ ဘီလူးမကြီးနဲ့ တွဲထားရတာလည်း ဖေဖေ ၊ ကြည့်ရတာ တမျိုးကြီးပဲ … ” ဗိဿနိုးမြို့ထဲ ဝင်သွားချိန်ကစလို့တိတ်ဆိပ်ချောက်ချားစွာနဲ့ နေရာတစ်ခုချင်းဆီကို စိတ်ဝင်စားစွာ ကြည့်နေပေမယ့် စိတ်အစဉ်ကတော့ ဟိုး နှစ်ပေါင်း နှစ်ထောင်ခန့်က စည်ကားခဲ့တဲ့ဗိဿနိုးမြို့ကြီးရယ် ၊သရေခေတ္တရာဆိုတဲ့ ဒွတ္တဘောင်တို့ရဲ့ ပြည်မြို့ကြီးရယ်.. ၊အင်မတန်ချောမောလှပတယ်ဆိုတဲ့ ပန်ထွာဘုရင်မရယ် ..၊ ငယ်ငယ်ကအရမ်းသဘောကျခဲ့တဲ့ အတုလစည်တော်ကြီးနဲ့ စည်တီးရင် ရေကြီးတဲ့ ရန်ပယ်ချောင်းရယ် .. ရဟန်းတုတွေက […]
Knowledge
မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင်…
မိသားစုတိုင်း တစ်ပင်တော့ ပိုင်ဆိုင်သင့်တဲ့ အပင် အာဖရိကမှာ ဒီအပင်ကို “Tree of Life” လို့ခေါ်ပြီး၊ အနောက်တိုင်းသားတွေက “Miracle Tree” လို့ခေါ်ကြပါတယ်။ အာဖရိကတောင်ပိုင်း၊ လင်ပိုပို (Limpopo) ဆိုတဲ့ပြည်နယ်မှာ၊ တူးဆန် (Tooseng) ဆိုတဲ့ရွာလေးရှိတယ် အာဖရိကဆိုတော့ သိတဲ့အတိုင်းပဲ မိုးခေါင်ရေရှား၊ စားစရာရှားပါးတယ်။ အဟာရ ချို့တဲ့ကြတယ် ဒီဒဏ်ကို ကလေးငယ်တွေ နှင့် သက်ကြီးတွေက ခါးစီးခံနေရတယ် သူတို့ရွာက ကလေးတွေမှာ အဟာရချို့တဲ့မှုရောဂါတွေက မိခင်တွေ၊ ဖွားအေတွေ အတွက် ပြဿနာကြီးကြီးတစ်ရပ်ဖြစ်နေတယ်။ ၂၀၀၀ ခုနှစ်မတိုင်ခင်က အာဖရိကမှာ ဒီအပင် အကြောင်းကို သိပ်မသိကြသေး မက်သဘတ်သာ (Mathabatha) ဆိုတဲ့ အမျိုးသမီးဟာ ဒီအပင်အကြောင်းကို စပြီးကြားဖူးခဲ့တာ ရွာရဲ့ ဘာသာရေးဆရာ၊ ဂေါပကလူကြီးဆိုပါတော့၊ သူကပြောပြလို့ပေါ့။ကလေးတွေ […]
Knowledge
အိမ်စားယုံမက ဝင်ငွေပါရနိုင်တဲ့ အိမ်တွင်းကန်စွန်းဥ စိုက်နည်း…
Knowledge
အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ ကျွန်တော် နဲ့ သားလေး ကို ထားခဲ့တဲ့ဇနီး…
ကျွန်တော့ ဇနီး မှဲ့ကင်ဆာ ဖြစ်ပြီး ကျွန်တော် တို့ဆီကနေ ထွက်ခွာသွားတာ ၂ နှစ်ရှိပါပြီ။ ကျွန်တော် ပြန်စဉ်းစားမိတယ်… အိမ်မှုကိစ္စလုံးဝမလုပ်တတ်တဲ့ ကျွန်တော် နဲ့ သားလေး ကို ထားခဲ့ ရတာ သူဘယ်လောက်ထိ ဝမ်းနည်းလိမ့်မလဲ။ ကျွန်တော် ကိုယ်တိုင်လဲ မိဘ ၂ယောက်စလုံးရဲ့ ဇာတ်ကောင် နေရာကနေကောင်းကောင်း မလုပ်နိုင်တဲ့ အတွက် ကိုယ့် ကိုယ်ကို အားမလို အားမရ ဖြစ်ခဲ့ရတယ်။ တနေ့မှာ ကျွန်တော် အလုပ် ကိစ္စနဲ့ မနက်စောစော ခရီးထွက်ဖို့ရှိတော့ ကလေး အတွက် ဘာမှ မပြင်ဆင်ပေးခဲ့ ရဘဲ က မန်းကတန်းထွက်လာခဲ့တယ်။ မနေ့က ထမင်းအေးနဲ့ ကြက်ဥကျော် နဲ့ ထားခဲ့ပေးပြီး အိပ်ယာ မနှိုးသေးတဲ့ သားလေး ကို […]
Knowledge
“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့အဓိပ္ပါယ်
“ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ် “ပျားဖွတ် သားတိုး၊ မယားခိုး၊ နွားသိုး တုတ်ရိုက်၊ တောမီးတိုက်၊ မုဆိုးတံငါ ပါယ်လေးရွာ” ရဲ့ အဓိပ္ပါယ်ကို လူတော် တော်များများလည်း သိထားကြမှာပါ။ မသိသေးတဲ့သူတွေအတွက် ဗဟုသုတအဖြစ် မှတ်သားထားနိုင်ဖို့ ဖော်ပြပေး လိုက်ပါတယ်။ အခုပြောတဲ့ ပျားဖွတ် သားတိုး စတာတွေဟာ ပဉ္စာနန္တရိယ အကုသိုလ်ကံပြီးရင် ကြီးလေးတဲ့ အကုသိုလ်အလုပ်တွေလို့ ပြောလို့ရပါတယ် ပျားဖွတ် ဆိုတာဟာ ပျားကလေးတွေ အသက်နဲ့ရင်းပြီး စုထားရတဲ့ဝတ်ရည်၊ ပျားရည်တွေ ရယူခြင်းပဲဖြစ်ပါတယ်။ သားတိုးကတော့ ကိုယ်မွေးထားတဲ့ နွား ဝက် ဆိတ် စသည်တို့ကို တစိမ့်စိမ့်ကြည့်ပြီး ဒီကောင်လောက်ဆိုရင် အချိန်ဘယ်လောက်ရှိနေပြီ၊ ဘယ်တော့လောက်ဆို ရောင်းလို့ရပြီ၊ […]
Knowledge
အသက် (၉၀) ဆယ်ကျော်အဖိုးတယောက်ရဲ့အလွယ်ကူဆုံးနဲ့ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ဆေးနည်း..
အသက် ၉၀ ဆယ်ကျော်အဖိုးတယောက်ရဲ့အလွယ်ကူဆုံးနဲ ကျန်းမာရေးဒေါင်ဒေါင်မြည်တဲ့ ဆေးနည်း.. ” အသက်” လေးရယ်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့ အဲဒါသီချင်းပါ တကယ်မဟုတ်ပါဘူးတကယ်က ဒီလိုပါ။ ငှက်ပျောဖီးကြမ်း အမှည့်ကို အခွန်ပါအပါ ရေစင်အောင်ဆေး လိုက်ပါ။ ပြီရင် ဓား ထက်ထက်နဲ သင်တော်သလောက် ခပ်ပါးပါးလှီးပါ။ နေပူမှာ ဖန်ရုံလေးလှမ်းပီး မြေအိုး အသစ်ထည်းကို စီပီထည်ပါ။ ပြီးသွားရင်တော့ ပျားရည် စစ်စစ်ကို ထိုလှီးထည့်ထားသော ငှက်ပျောသီးအဖတ်လေးတွေအပေါ် ..မြုတ်တဲအထိ လောင်းထည့်ပြီး အဖုံးလုံအောင် ပြန်ပိတ်ပြီးထားပါ။ တပတ်လောက် ကြာသည်အထိ နေရောင်ရှိသောနေမှာ ထားပြီး နေစဉ် တနေ့ နစ်ဖတ် သုံးဖတ် မှီဝဲနိုင်ပါပြီ..း။ တကယ်ကို အသက်ရှည် ကျမ်းမာဆေးပါပဲ။ အသက်ရှည်နေတိုင်းလည်း ကျမ်းမာရေက မကောင်းမွန်နေကြဘူးမို့လား။ ဒီအတိုင်းသာ မိမိရဲ အဖိုးအဖွား မိဘ […]
Knowledge
တစ်ဧက စိုက်ထားရင် တစ်နှစ် ဝင်ငွေ သိန်း(၆၀) ရနိုင်တဲ့ လေချူသီးပင် စိုက်ပျိုးနည်း..
လေချူသီးပင် စိုက်ပျိုးနည်းစနစ် အပူပိုင်း အအေးပိုင်း၂မျိုးလုံး စိုက်ပျိုးနိုင်ပါတယ်။ အပင်စိုက်ရန် အကွာအဝေးမှာ ၁၃ ပေ × ၁၅ ပေ = ၂၀၀ ပင်/ဧက ၁၅ ပေ × ၁၅ ပေ = ၁၇၀ ပင်/ဧက ၂ ပေ ပတ်လည် ကျင်းတူးပြီး နွားချေး ၁ အိတ်မြေခံထည့် နှပ်ပေးရမည်။ ၃ နှစ်သားတွင် အသီးစသီးမည်။ ၃-၅ ပိသာ/တစ်ပင်အပင်ပြုစုပုံ ရေလောင်း ပေါင်းရှင်း မြေဩဇာကျွေးချင်း သဘာဝမြေဩဇာ မြေဆွေးကို မိုးဦးနှင့်မိုးနှောင်းတွင် ၂ ကြိမ် ကြွေးပေးရမည်။ ဓာတ်မြေဩဇာကို ၁ နှစ်လျှင် ၃ ကြိမ် တစ်ကြိမ် တစ်ပင်လျှင် နို့ဆီဗူး ၁-၅ အထိ […]
Knowledge
၀က်သားကို ဘယ်လောက်ကြိုက်ကြိုက် လုံးဝ မစားသင့်တဲ့ အစိတ်အပိုင်း (၅) ခု.
၀က်သားကို ဘယ်လောက် ကြိုက်ကြိုက် လုံးဝမစားသင့်တဲ့ အစိတ်အပိုင်း (၅) ခု- “အသီးမှာ သရက်၊ အသား မှာ ဝက်၊ အရွက်မှာ လက်ဖက်” ဆိုရိုးစကားအတိုင်း ဝက်သား ဟာ လူးတွေ နေ့စဉ်စားသုံးကြတဲ့ အသားတွေထဲမှာ အရသာရှိတဲ့ ထိပ်တန်းအသားတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဝက်သားရဲ့ အစိတ်အပိုင်း (၅) ခုကတော့ လူတွေ ရဲ့ ကျန်းမာရေး အတွက် အန္တရာယ်ရှိ နိုင်တာမို့ ဖြစ်နိုင်ရင် ရှောင်ကျဉ်ကြဖို့ ကျွမ်းကျင်သူတွေက တိုက်တွန်းထားပါတယ်။ ဝက်ဟာ ခေါင်းဖျား ကနေ အမြီး ထိ အားလုံး စားလို့ရပေမယ့် မစားသင့်ပဲ ချန်လှပ် (သို့) သတိထားပြီး စား ရမယ့် အစိတ်အပိုင်း (၅) ပိုင်းကတော့ – ၁။ […]