News

ရွှေရောင်းဝယ်ခြင်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ပြီ

ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြောင်း ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည်။ လူမှုကွန်ရက်တွင် ဒေါ်လာစျေးတက်ပြီး ရွှေစျေးကို ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်မည်ဟု ကောလာဟလဖြန့်ဝေမှုများကြောင့် ရွှေနှင့်ဒေါ်လာ စျေးတစ်ပြိုင်နက် ဆွဲတင်နေချိန်တွင် ယခင်က သတ်မှတ်ရန် နှောင့်နှေးနေသည့် ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လာခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပြည်ထောင်စုအစိုးရအဖွဲ့မှ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ တားမြစ်မိန့်၊ စည်းမျဥ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်တို့ကို အပ်နှင်းခဲ့ကြောင်း သိရသည်။ ထိုအပြင် နိုင်ငံအတွင်း ရွှေစျေးနှုန်းတည်ငြိမ် မှန်ကန်စေရန် အမိန့်အမှတ် ၃၆/၂၀၂၄ ဖြင့် ဓာတ် သတ္တု(ရွှေ)ရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီအား ဖွဲ့စည်းခဲ့ပြီဖြစ်သည်။ […]

News

စျေးတွေ ပြန်ထိုးကျလာနေတဲ့ ယနေ့ အောက်တိုဘာ (၂၅)ရက် သောကြာနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ ရွှေဈေးနှုန်းများ

ကောလဟာလတွေဖြင့် ထိုးတက်နေတဲ့ ဒေါ်လာစျေး၊ ရွှေစျေးဟာ ဒီတစ်ကြိမ်မှာတော့ အဝယ်သမားတွေ သွေးမပူကြတော့ခြင်းနဲ့အတူ ချက်ခြင်း ပြန်ကျလာနေပါတယ်။ အမေရိကန်ဒေါ်လာ 4570 – 4670 ဥရောပယူရို 4900 – 5040 ဗြိတိသျှစတာလင်ပေါင် 5870 – 6030 သြစတြေးလျဒေါ်လာ 3000 – 3090 ဂျပန်ယန်း 29.80 – 30.65 တောင်ကိုရီးယားဝမ် 3.30 – 3.40 အိန္ဒိယရူပီး 53.65 – 55.20 စင်ကာပူဒေါ်လာ 3450 – 3540 မလေးရှားရင်းဂစ် 1040 – 1070 တရုတ်ယွမ် 635 – 655 ထိုင်းဘတ် 135.15 – 138.90 ယနေ့ အကယ်ဒမီ […]

News

ဒေါ်လာ အနည်းငယ်ကျပြီး ဘတ်နဲ့ ယွမ်တို့ စျေးတက်တဲ့ ယနေ့နိုင်ငံခြားငွေလဲလှယ်နှုန်းများ ( အောက်တိုဘာလ ၂၅)

ဆက်တိုက် အတက်ပြနေတဲ့ ဒေါ်လာစျေးဟာ ၄၇၀၀ တဝိုက်မှာ ရောက်နေပြီး အွန်လိုင်းစျေးနဲ့ အရွက်စျေးတန်း ကွာဟမှု ရှိနေပါတယ်။ စျေးတန်း မငြိမ်ဘဲ အတက်အကျ များနေနိုင်ခြင်းကြောင့် အရောင်းအဝယ် သတိပြုရမယ့် အချိန်ဖြစ်ပါတယ်။ ဗဟိုဘဏ်ဘက်ကတော့ FX Trading Platform မှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တွေကို ဒေါ်လာရောင်းချပေးနေကြောင်း အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ထားပါတယ်။

News

ရွှေအသင်းစျေး ထပ်တက်နေပြီး ပြင်ပစျေး အနည်းငယ်ကျတဲ့ ယနေ့ ပြည်တွင်းရွှေစျေးများ ( အောက်တိုဘာ ၂၅)

ရွှေအသင်းရဲ့ ရည်ညွှန်းစျေးတွေ ဆက်တက်နေဆဲဖြစ်ပေမယ့် ပြင်ပရွှေစျေး အနည်းငယ် အကျပြပါတယ်။ စျေးတန်း မတည်ငြိမ်ဘဲ အတက်အကျ ရှိနိုင်တာကြောင့် အရောင်းအဝယ် ဂရုစိုက်ရမယ့်ကာလ ဖြစ်ပါတယ်။ ယနေ့ ပြည်တွင်းရွှေဈေး (အောက်တိုဘာ – 25 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၂၆ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၆၂၆၉၀၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၃၂၀၀၀၀ ကျပ်

News

အမေရိကန်ဒေါ်လာတန်ဖိုး သုံးလနီးပါးအတွင်း အမြင့်ဆုံး ရောက်လာ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် နိုင်မယ့်အလားအလာ ရှိနေပြီး ကန်ဗဟိုဘဏ်ကလည်း အတိုးနှုန်းတွေကို ဖြည်းဖြည်းချင်းပဲ မြှင့်တင်နိုင်တာကြောင့် နိုင်ငံတကာငွေကြေးဈေးကွက်မှာ ဒေါ်လာတန်ဖိုး သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာပါတယ်။ ကမ္ဘာ့ထိပ်တန်းငွေကြေး ၆ မျိုးနဲ့ ယှဉ်ရာမှာ တိုင်းတာတဲ့ ဒေါ်လာညွှန်းကိန်းက ၁၀၄.၃၀ မှတ် ရှိနေတာကြောင့် ဇူလိုင် ၃၀ နောက်ပိုင်း အမြင့်ဆုံး ဖြစ်တဲ့ ၁၀၄.၅၇ မှတ်နဲ့ သိပ်မကွာဘဲ ဖြစ်နေပါတယ် ငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာနဲ့ ယှဉ်ရင် ဥရောပယူရိုက လေးလအတွင်း အနိမ့်ဆုံးကို ဆင်းနေပြီး တစ်ယူရိုကို ၁.၀၇၆ ဝန်းကျင်မှာ ရှိနေပါတယ်။ အလားတူ စတာလင်ပေါင်ကလည်း ငါးပတ်အတွင်း အနိမ့်ဆုံး ဖြစ်တဲ့ တစ်ပေါင်ကို ၁.၂၉၂၅ ဒေါ်လာမှာ ရှိနေပါတယ်။ နိုင်ငံတကာမှာ ဒေါ်လာတန်ဖိုး အားကောင်းနေလာချိန်မှာပဲ မြန်မာပြည်တွင်းက […]

News

ပြင်ပဒေါ်လာစျေးအပြင် ဗဟိုဘဏ်ထုတ်ရောင်းတဲ့ နိုင်ငံခြားငွေလဲနှုန်းတွေပါ မြင့်တက်လာ

အောက်တိုဘာလ ၂၄ ရက် ဗဟိုဘဏ်ပြင်ပ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒေါ်လာကို ကျပ် ၄၇၀၀ ဝန်းကျင်ထိ ငွေလဲနှုန်းတွေ ပြန်လည် မြင့်တက်လာနေပါတယ်။ အောက်တိုဘာလဆန်းပိုင်းမှာ ဒေါ်လာဈေးက ၄၅၀၀ ကျပ် ပတ်ချာလည်ဈေးတန်းမှာ အတက်/အကျပ် ခပ်ပါးပါးသာ ရှိခဲ့ပေမယ့် အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး တက်ရိပ်ပြန်ပြလာကာ ယနေ့အထိ ဆက်လက်မြင့်တက်နေဆဲ ဖြစ်ပါတယ်။ ဗဟိုဘဏ်ကတော့ နိုင်ငံခြားငွေလဲနှုန်း တည်ငြိမ်စေရေးအတွက် FX Trading Platform ကနေ အမေရိကန်ဒေါ်လာ၊ တရုတ်ယွမ်နဲ့ ထိုင်းဘတ်တွေကို နေ့တိုင်းနီးပါး ထုတ်ရောင်းပေးနေတာကို ထုတ်ပြန်ချက်အရ သိရပါတယ်။ သီတင်းကျွတ်ရုံးပိတ်ရက် အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက်အထိ နိုင်ငံခြားငွေတွေ ဆက်တိုက်ထုတ်ရောင်းပေးခဲ့ပြီး ၄ ရက်တာအတွင်း ဒေါ်လာ ၄၇ […]

News

သိန်း ၇၀ နီးကပ်လာတဲ့ ယနေ့ အောက်တိုဘာ (၂၄) ရက် ကြာသပတေးနေ့ နောက်ဆုံးရ ဒေါ်လာနဲ့ရွှေဈေးနှုန်းများ

ကာလတစ်ခုကြာ ငြိမ်နေတဲ့ ပြည်တွင်းရွှေစျေးဟာ ဒီရက်ပိုင်း ဆက်တိုက် တက်နေခဲ့ကာ သိန်း ၇၀ ပြန်ကပ်လာနေပါပြီ။ အမေရိကန်ဒေါ်လာ 4600 – 4700/ 4700 – 4800 ဥရောပယူရို 4880 – 5020/ 4950 – 5090 ဗြိတိသျှစတာလင်ပေါင် 5830 – 6020/ 5940 – 6110 သြစတြေးလျဒေါ်လာ 3010 – 3100/ 3050 – 3140 ဂျပန်ယန်း 29.65 – 30.50/ 30.20 – 31.10 တောင်ကိုရီးယားဝမ် 3.32 – 3.41/ 3.36 – 3.45 အိန္ဒိယရူပီး 53.65 – 55.20/ […]

News

ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ 24 ရက်)

ငွေစျေးတွေ ပြန်တက်လာနေပြီး ဒေါ်လာစျေး ၄၆၀၀ အထက်ကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ ထုံးစံအတိုင်း ကောလဟာလ အစုံအလင် ထွက်လာနေတာကြောင့် စျေးတန်း ပြန်ကျရေး ထိန်းသိမ်းဖို့လည်း ခက်ခဲလာဖွယ် ရှိနေတယ်။ အရောင်းအဝယ် သတိပြုရမယ့် အချိန်ဖြစ်ပါတယ်။ ယနေ့ နိုင်ငံခြားငွေလဲနှုန်းများ (အောက်တိုဘာလ 24 ရက်)

News

ပြည်တွင်းရွှေစျေးဟာ ၃ ရက်အတွင်း ကျပ် ၄ သိန်းနီးပါး ခုန်တက်လာနေ

ပြည်တွင်းရွှေစျေး ၃ ရက်အတွင်း ကျပ် ၄ သိန်းဝန်းကျင် တောက်လျှောက် ပြန်လည် ထိုးတက်လာနေပြီး ၁၆ ပဲရည် ၁ ကျပ်သားကို ကျပ် ၆၇ သိန်းနီးပါး ပြန်ရောက်လာနေပါပြီ။ ယနေ့ ပြည်တွင်းရွှေဈေး (အောက်တိုဘာ – 24 ရက်) -ကမ္ဘာ့ရွှေဈေး တအောင်စ ၂၇၂၁ ဒေါ်လာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း – အကယ်ဒမီ မီးလင်းရွှေ တကျပ်သား ၅၆၁၆၀၁၀ ကျပ် ပြင်ပရွှေဈေးနှုန်း -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၆၆၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၆၄၅၀၀၀၀ ကျပ်

News

ကမ္ဘာ့ရွှေဈေးနဲ့အတူ လိုက်တက်လာတဲ့ ပြည်တွင်းရွှေဈေး

ကမ္ဘာ့ရွှေဈေးက အမြင့်ဆုံးစံချိန်သစ်တွေ ဆက်တိုက် တင်နေတာကြောင့် ပြည်တွင်းရွှေဈေးလည်း ငြိမ်နေရာက စတင် လှုပ်ခတ်လာပါတယ် အရင်အပတ်က တစ်ကျပ်သားကို ကျပ် ၆၁ သိန်းဝန်းကျင်ထိ ကျခဲ့တဲ့ ပြည်တွင်းအခေါက်ရွှေဈေးက ဒီနေ့မှာ ကျပ် ၆၅ သိန်းခန့်ကို ခပ်မြန်မြန် မြင့်တက်လာပါတယ်။ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ဈေးနှုန်းကလည်း အရင်က ကျပ် ၅၄ သိန်းမှာ ငြိမ်နေရာကနေ အခုတော့ ကျပ် ၅၆ သိန်းကျော်ကို မြင့်တက်လာပါတယ်။ ကမ္ဘာ့ရွှေဈေး တစ်အောင်စ – ၂၇၅၀ ဒေါ်လာ မြန်မာ့ရွှေ (ပြင်ပ) ဈေး တစ်ကျပ်သား – ၆၅ သိန်းဝန်းကျင် ရန်ကုန်ရွှေအသင်းဈေး တစ်ကျပ်သား – ၅၆ သိန်းကျော် ၁၅ ပဲရည် တစ်ကျပ်သား ကျပ် – […]