ဗဟုသုတ
ကိုယ်လုံးကိုယ်ပေါက်က မိန်းကလေးတွေထက်ပင် ပိုပြီးလှနေတာကြောင့် seemore
ဗဟုသုတ
အိမ်မြှောင်တွေနဲ့ ပတ်သတ်ပြီး သင်မသိသေးတဲ့ ဗဟုသုတများ…..
အိမ်မြောင်ဆိုတဲ့ တွားသွားသတ္တဝါငယ်ဟာ နေအိမ်တော်တော်များများမှာ ရှိနေတတ်တဲ့ တိရစ္ဆာန်ငယ်လေးဖြစ်ပါတယ်။ အိမ်မြောင်စုတ်ထိုးသံကြားရတဲ့အခါ အများစုက မသိသလိုပဲနေတတ်ကြပါတယ်။တစ်ချို့ကတော့ အိမ်မြောင်စုတ်ထိုးရာမှာ စုတ်ထိုးတဲ့နေရာအပေါ်မူတည်ပြီး နိမိတ်ပြတာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ မြန်မာတစ်နိုင်ငံတည်းမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတော်တော်များများကလည်း ဒီလိုပဲယုံကြည်ထားကြပါတယ်။ဖိလစ်ပိုင်မှာတော့ အိမ်မြောင်စုတ်ထိုးသံကြားရပြီဆိုရင် အန္တရာယ်များတဲ့ လူ ဒါမှမဟုတ် စာရောက်လာတတ်တယ်လို့ ယုံကြည်ကြပါတယ်။ အိန္ဒိယနိုင်ငံမှာလည်း အိမ်မြောင်ရဲ့အသံပြုသံ အသံပြုတဲ့နေရာပေါ်မူတည်ပြီးကံဆိုးခြင်းနိမိတ် ကံကောင်းခြင်းနိမိတ်ကိုခွဲခြားနိုင်တယ်လို့ ရှေးရာစုနှစ်ပေါင်းများစွာကတည်းက ယုံကြည်ထားကြပါတယ်။ဒီယုံကြည်မှုဟာ အိန္ဒိယအပြင် ဘင်္ဂလားဒေ့ရှ် နီပေါစတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာပါ တည်ရှိနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးသံနဲ့ပတ်သတ်ပြီး အတိတ်နမိတ်ကောက်တာတွေရှိကြပါတယ်။လူနဲ့ နတ်တို့ရဲ့ဆက်သွယ်ရေး အချက်ပြ သင်္ကေတဖြစ်တယ်လို့ မဟာဗောဓိမြိုင်ဆရာတော်ကြီးက ဟောကြားထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံအချို့မှာ သတ်မှတ်ထားသလိုပဲ မြန်မာနိုင်ငံမှာလည်း အိမ်မြောင်စုတ်ထိုးရာအရပ်ကိုမူတည်ပြီး ကောင်းခြင်းဆိုးခြင်းနိမိတ်ကို သတ်မှတ်ထားကြပါတယ်။ ဒီအကြောင်းလေးကို ပရိသတ်ကြီးဗဟုသုတရစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အရှေ့အရပ်မှ အိမ်မြောင်စုတ်ထိုးရင် ရွေငွေ လက်ဝတ်ရတနာ ဝင်ကိန်းရှိပြီးအနောက်အရပ်မှစုပ်ထိုးလျှင်သူခိုးသူဝှက် […]
ဗဟုသုတ
အသားအရေကြောင့် ကလေးဘဝက စာသင်ခန်းထဲတွင် အမြဲအနှိမ်ခံရပြီး ငိုကြွေးနေခဲ့ရသောဘဝမှ seemore
အသားအရေကြောင့် ကလေးဘဝက စာသင်ခန်းထဲတွင် အမြဲအနှိမ်ခံရပြီး ငိုကြွေးနေခဲ့ရသောဘဝမှ လူတိုင်းအားကျလေးစားရသည့် မော်ဒယ်တစ်ဦးဖြစ်လာပြီး ဂင်းနစ်မှတ်တမ်းတစ်ခုပါ စိုက်ထူနိုင်ခဲ့သည့် ကောင်မလေး ကလေးဘဝတွင် အခြားသူများနှင့်မတူဘဲ ထူးခြားမှုအနည်းငယ်ရှိနေပါက သူငယ်ချင်းများ၏ စနောက်လှောင်ပြောင်ခြင်းကို ခံကြရသည်မှာ နေရာတိုင်းတွင် ဖြစ်ပျက်နေခဲ့ပါတယ်။ ယခုတွင်လည်း အာဖရိကမှ ကောင်မလေးတစ်ဦးဟာ ငယ်စဉ်အခါက စာသင်ခန်းထဲတွင် လှောင်ပြောင်ခံနေရသောကြောင့် အိပ်ရာထဲတွင် အမြဲငိုကြွေးနေခဲ့ရပါတယ်။ သို့သော်လည်း မိဘတို့၏ အားပေးစကားများကြောင့် စိတ်ဓာတ်မြင့်မာလားခဲ့ပြီး အောင်မြင်သော မော်ဒယ်ဘဝသို့ ရောက်ရှိလာခဲ့ပါတယ်။သူမဟာ အသက်၂၇နှစ်အရွယ်ရှိပြီဖြစ်ပြီး Nyakim Gatwech ဟု အမည်ရပြီး မော်ဒယ်လောကတွင် Dark Queenဟု အမည်တွင် ကျော်ကြားနေခဲ့တာဖြစ်ပါတယ်။ သူမဟာ ဆူဒန်နိုင်ငံတွင်နေထိုင်လျက်ရှိပြီး ကမ္ဘာ အနက်ဆုံးသော အသားအရည်ပိုင်ရှင်အဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်လာခဲ့သူဖြစ်ပါတယ်။ Credit Zaw Gyi ကလေးဘဝတွင် အခြားသူများနှင့်မတူဘဲ ထူးခြားမှုအနည်းငယ်ရှိနေပါက […]
ဗဟုသုတ
ယောကျင်္ားရဖို့ အရေးမကြီးဘူး ရတဲ့ယောကျင်္ားက စိတ်ဓာတ်ကောင်းဖို့ အရေးကြီးတယ် …
မကောင်းတဲ့ ယောင်္ကျား ယူမိရင် ထမင်းလည်း ငတ်နိုင်တယ်အရိုက်လည်း ခံရနိုင်တယ်။ လင်ယုတ်ရဲ့ လက်ထဲကနေပြန်ရုန်းထွက်ရတာကတစ်ကိုယ်တည်းရပ်တည်ရတာထက်အဆပေါင်းများစွာ ခက်ခဲတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုမယ်ဆိုလင်မကောင်းရင် အချိန်မရွေးရဲတိုင် ကွာရှင်း ကိုယ်ထမင်းကိုယ်စားပြီး ပျော်ပျော်ကြီးနေနိုင်လောက်အောင် မိသားစုက ထောက်ပံ့နိုင်မှ ယူသင့်တယ်။ မဟုတ်ရင် ကိုယ်ဘာသာကိုယ်ကောင်းကောင်းရပ်တည်နိုင်ပြီးဘာမဆိုရှင်းနိုင်တဲ့အရွယ်ရောက်မှယူကြ။ ကွာရှင်းဖို့လွယ်နေရင်တောင်ကွာပြီးသားလင်အမြဲလာရောက်နှောင့်ယှက်နေတာကိုရဲတိုင်ဖမ်းချုပ်နိုင်လောက်အောင်အင်အားမကြီးရင်ဘာမှမထူးဘူး။ အပြင်ပန်းလူကောင်းပုံပေါက်ရင်တောင်လူမသိအောင် နှိပ်စက်တာချုပ်ချယ်တာ ချိုးနှိမ်တာတွေ လုပ်တတ်တဲ့လူယုတ်မာဗီဇတွေ တစ်နှစ်မပြည့်ခင်ပေါ်လာလို့ကလေးတစ်ယောက်နဲ့ရပ်တည်ဖို့ ခက်ခဲကုန်ကြတာ မျက်မြင်တွေ များလှပြီး။ မယူသေးဘူးလား?မေးတဲ့သူတွေကအာချောင်ရုံသက်သက်ပဲလာကူညီမဲ့သူတစ်ယောက်မှ မရှိဘူး ဦးနှောက်သုံးဖို့ ပြောတာ အလကား မဟုတ်ဘူး ညီမလေးဒူးနဲ့မျက်ရည် သုတ်ပြီးမှနောင်တမရစေချင်ဘူး။ လူတိုင်းကို မဆိုလိုပါ…ကောင်းသူရှိသလို/ ဆိုးသူက ပိုများသားမို့ သတိမမူ ဂူမမြင် မဖြစ်ရအောင် မျှဝေခြင်းဖြစ်ပါတယ်။ လင်ရဖို့ အရေးမကြီးဘူးရတဲ့လင် စိတ်ဓာတ်ကောင်းဖို့အရေးကြီးတယ်။ မကောင်းတဲ့လင်ယူမိရင် ထမင်းလည်း ငတ်နိုင်တယ်အရိုက်လည်း ခံရနိုင်တယ်။ လင်ယုတ်ရဲ့ လက်ထဲကနေပြန်ရုန်းထွက်ရတာကတစ်ကိုယ်တည်းရပ်တည်ရတာထက်အဆပေါင်းများစွာ ခက်ခဲတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ပြုမယ်ဆိုလင်မကောင်းရင် […]
ဗဟုသုတ
ရန်ကုန်မြို့တွင် မိန်းကလေးငယ်များ ထူးဆန်းစွာ ဆက်တိုက် ပျောက်ဆုံးနေ
ယနေ့ လူမှုကွန်ယက်ပေါ်မှာ လူပြောများနေတဲ့ အကြော င်းအရာကတော့ ရန်ကုန်မြို့မှာ မိန်းကလေး ငယ်များ ဆက်တိုက် ပျောက်ဆုံးနေတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မိန်းကလေးငယ် (၂) ဦး ပျောက် ဆုံးမှုကို လူမှုကွန်ယက် အသုံးပြုသူအများအပြားက မျှဝေနကြပြီး ထင်ကြေး အမျိုးမျိုး ပေးလျက်ရှိပါတယ်။ပထမ ဖြစ်စဉ်မှာတော့ စမ်းချောင်းမြို့နယ်မှ မိန်းကလေးငယ် တဦး ည ၉ နာရီ အချိန် မင်္ဂလာလမ်းမှ ဦးစံညွှန့်လမ်းကို အပြန်မှာ အင်္ကျီ အဝါရောင် ဝတ်ထားတဲ့ မိန်းမတဦးက လက်နဲ့ လာထိပြီးနောက် ပျောက်ဆုံး သွားတယ်လို့ သိရပါတယ်။ ဒုတိယ ဖြစ်စဉ်မှာတော့ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်းဈေးကလေး ရပ်ကွက်သို့ မုန့်သွားစားတဲ့ မိန်းကလေးငယ် တဦး အိမ်ပြန်မလာဘဲ ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။ […]
ဗဟုသုတ
သိန်းထောင်ချီတန်ဖိုးရှိတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်မျိုးဖြစ်သည့် ရေဆင်အကြောင်း သိကောင်းစရာ
သိန်းထောင်ချီတန်ဖိုးရှိတဲ့ ရေဆင်အကြောင်း သိကောင်းစရာ ဆင်သမားတစ်ယောက် ဆင်စီးရင်း ချောင်းနိမ့်တစ်ခုကို ဖြတ်ရာတွင် ဒုက္ခလှလှ တွေ့နေသည်။ ဆင်ကိုချွန်းနှင့် ဘယ်လိုဆွဆွ၊ ပါးစပ်မှအော်ပြီးဘယ်လိုလှန့်လှန့် ဆင်က ချောင်းကိုမဖြတ်၊ ချောင်းစပ်တွင်သာ ရပ်၍ တဝူးဝူး အော်နေသည်။ ဘာကြောင့်ပါလိမ့်? မြန်မာနိုင်ငံ အထက်ပိုင်း ကချင်ပြည်နယ်တဝိုက်နှင့် ထိုင်းနိုင်ငံအတွင်း သစ်တောနယ်မြေ တချို့တဝက်တွင် ဆင်သမားများ (ဆင်စခန်းတွင် အလုပ်လုပ်ကိုင်သူများ၊ ဆင်ဦးစီးများ) အကြား အပြောများတဲ့ ဒဏ္ဍာရီဆန်ဆန် သတ္တဝါတစ်မျိုး ရှိပါတယ်။ ထိုသတ္တဝါဟာ ကြီးကြီးမားမား အကောင်မျိုး မဟုတ်တဲ့အပြင် အသွင်သဏ္ဍာန်မှာ ချစ်စရာပင် ကောင်းပါသေးတယ်။ ဒါပေမဲ့လျှော့တွက်လို့ မရပါ။ ပါးစပ်ရာဇဝင်တွေအရ ဒီအကောင်ကြောင့် လူသေမှုများ ရှိခဲ့တဲ့အပြင် ဆင်တစ်ကောင်လုံးကိုပါ တုန်းခနဲ လဲသွားစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်တဲ့။ အထူးဆန်းဆုံးအချက်က သူတို့ဟာ ကုန်းသတ္တဝါတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ […]
ဗဟုသုတ
သမီးမိန်းကလေးတွေရှိရင် ပိုဂရုစိုက်ပါ အပြင်မှာ ဒီလိုတို့ဆေးတွေပေါနေပြီ
သမီးမိန်းကလေးတွေရှိရင် ပိုဂရုစိုက်ပါ အပြင်မှာ ဒီလိုတို့ဆေးတွေပေါနေပြီ သတိထားကြပါနော် ကုန်ဈေးနှုန်းတွေကတက်/ အလုပ်အကိုင်တွေက ရှားပါးလာချိန်မှာ လူတွေရဲ့ အပြုအမူနဲ့ ခံယူချက်တွေက ပြောင်းလဲလာကြပြီ မိမိဘဝ အသက်ရှင်နေထိုင်ရေးအတွက် ဘာမဆို လုပ်ရဲလာကြလို့ အသက်ကို ဉာဏ်စောင့်ပါတယ် အသိ သတိ ထားကြပါ 😘😘😘😘😘😘 တို့ဆေးလို လူကို ထုံထိုင်းပြီး ကြောင်ငေးသွားစေတဲ့ ဆေးပါ ပုံက ဆားထုပ်လေးလိုမို့ မသိဘဲ အလွယ်တကူ ကိုင်မိတတ်လို့ပါနော် (ပုံအရောင်က အလင်းနဲ့ အမှောင်ထဲမို့ပါ အပြင်မှာက အဖြူဆားမှုန့်လိုထဲ လိမ္မော်ရောင်အမှုန့်လေးတေ ရောထားတာပါ) အဲ့အမှုန့်ကြောင့် ဟုတ်လားမဟုတ်လား မသိရပေမယ့် သူပြန်ပါလာတာ အဲ့တာပဲ ရှိလို့ပါ ကျမ အမ ခုလေးတင် အိမ်ပြန်ရောက်လာတာ လက်ထဲ အဲ့အထုပ်လေး တထုပ်ပဲ ပြန်ပါလာပါတယ် သူပြောပြတာက သူစံပြဈေးမှာ […]
ဗဟုသုတ
ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို အတုအစစ်ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့အချက်များ
ကိုယ်ဝယ်မယ့်ပစ္စည်းတွေကို အတုအစစ်ခွဲခြားနိုင်ဖို့ သိထားသင့်တဲ့အချက်များ ယနေ့လို နည်းပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ မသမာသောနည်းနဲ့ ငွေရှာသူတွေအတွက်လည်း ခွင်(ဂွင်)တွေ များစွာကျန်နေပါသေးတယ်။ဘယ်နေရာမှာပဲဖြစ်ဖြစ် မသမာတဲ့ ဝိသမလောဘသမားတွေက ရှိနေတာပါ။အခုဖော်ပြချင်တာကတော့ ကိုယ်ဝယ်မယ့်ပစ္စည်းကို အတု/အစစ် ခွဲခြားသိနိုင်ဖို့ သိထားသင့်တဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ (၁) ဆက်သွယ်ရန်လိပ်စာ ပါမပါ ထုတ်ကုန်အတုတွေမှာ သာမန်အားဖြင့် ဆက်သွယ်ရန် လိပ်စာ မပါတတ်ပါဘူး။သာမန်အားဖြင့်တော့ လူထုယုံကြည်ရတဲ့ ထုတ်ကုန်တွေမှာ အနည်းဆုံး ဆက်သွယ်ရန်ဖုန်းနံပတ်လောက်တော့ ပါတတ်ပါတယ်။နိုင်ငံတော်တော်များများမှာတော့ ဆက်သွယ်ရန်လိပ်စာ အသေးစိတ်ကို ထည့်သွင်းကြပါတယ်။ ဒီနည်းအားဖြင့် ကာစတမ်မာတွေဆီက ကွန်ပလိန်းတွေ ကောင်းတဲ့ Feedback တွေကို ရရှိဖို့ ရည်ရွယ်ကြတာပါ။ (၂) ဆက်စပ်ပစ္စည်းများ ပြည့်စုံစွာ မပါခြင်း အချို့သော အတုထုတ်ကုန်တွေဟာ အစစ်နဲ့မခြား ပြုလုပ်ထားကြသော်လည်း အစစ်နဲ့ မတူတာက ထုတ်ပိုးမှုပုံစံ ကွဲပြားကြပါတယ်။ဒါ့အပြင် ကုမ္ပဏီကနေ […]
ဗဟုသုတ
“ဆိုင်ကယ် အဟောင်း(တပတ်ရစ်)၀ယ်ယူတော့မယ်ဆိုရင် သတိထားစစ်ဆေးရမယ့် အခြေခံ (4)ပိုင်း”
ဆိုင်ကယ် အဟောင်း(Second)၀ယ်ယူတော့မယ်ဆိုလျှင်အခြေခံ 4ပိုင်းခွဲပြီး စစ်ဆေး၀ယ်ယူဖို့လိုပါမယ်။ ဖရိန်ပိုင်း တာယာ-ပွိုင့်တွေ ဘယ်လောက်ကျန်လဲ၊တာယာ အစားညီသလား။ ချိန်းစပေါကတ်-ချိန်းဆစ်တွေ ချောင်နေသလား၊ စပေါ့ကတ်ကျန်သေးလား၊ စပေါ့ကတ် အစားညီသလား။ ဘရိတ်-အရေးကြီးပါတယ်၊ ဘရိတ်မိသလား၊ရှူးခြမ်းတွေ ဘယ်လောက်ကျန်သလဲ၊ ဘရိတ်ဆီ၊ Drumပြား အထူအပါးကိုလည်း စစ်ဆေးပါ။ ဖောက်-ရှေ့/နောက်ဖောက် ဆီအယိုအစိမ့် ရှိမရှိ စစ်ဆေးပါ။ ဖရိန်-ဖရိန်ကတော့ စီးကြည့်ပြီး အလိုင်းမင်း တည့်မတည့်၊ ဇာတ်ချောင်ခြင်းနှင့် နောက်ခရင်းတို့ကို စစ်ဆေးရပါမည်။ အင်ဂျင် အင်ဂျင်ပိုင်းကတော့ ဖွင့်လှပ်ကြည့်၍မရတာကြောင့် အပြင်ပိုင်း အကွဲ အနာအဆာ ရှိမရှိ၊ ဆီယိုစိမ့်မှု ရှိမရှိ၊ တတ်ကျွမ်းသူများဆိုလျှင် စက်နိုးကြည့်ပြီး အသံနားထောင်ရုံဖြင့် အကြမ်းဖျင်း သိရှိနိုင်ပါတယ်။ ကိုယ်တိုင် စက်နိုးကြည့်ပါ Slowထားထားပြီးအင်ဂျင် အနည်းငယ်ပူလာမှ လီဗာကို ဖြည်းဖြည်းချင်းဆွဲကြည့်ပါ။အင်ဂျင် အင့်တာမျိုး ထစ်အင်းအင်းဖြစ်တာမျိုး လီဗာဆွဲသလောက် တက်မလာတာမျိုး […]
ဗဟုသုတ
သားသမီးများကို ပြုစုပျိုးထောင်တဲ့အခါ လွှဲမှားနေတဲ့ အယူအဆ တစ်ချို့…
သားသမီးများကို ပြုစုပျိုးထောင်တဲ့အခါ လွှဲမှားနေတဲ့ အယူအဆ တစ်ချို့… သားသမီးများကို ခြေမွေးမီးမလောင်၊ လက်မွေးမီးမလောင် ထားနိုင်တာကို တင့်တောင့်တင့်တယ် ထားနိုင်တယ် ဆိုပြီး ဂုဏ်ယူနေကြတဲ့ မိဘများ တွေ့ဖူးပါတယ်။ ဒါပေမဲ့ မိဘများ သိထားဖို့က… ခေမွေးမီးမလောင်၊ လက်မွေးမီးမလောင်ကနေ ခြေကျော မတင်း၊ လက်ကျော မတင်းတဲ့ သားသမီးများ ဖြစ်လာကြမှာပါ။ အဲဒီအခါကျမှ ကယ်ပါလို့ အော်ရင် အချိန် မမီတော့ပါဘူး။ သားသမီးကို ပိုးမွေးမွေးသလို ထားတယ်ဆိုပြီး… ၀င့်ကြွားတဲ့ မိဘများ တွေ့ဖူးပါတယ်။ အဲဒီ မိဘများကို တစ်ခုပဲ မေးချင်ပါတယ်… ပိုးကလေးကို ပိုးမွေး မွေးရင် အကြောင်းမဟုတ်ပေမဲ့… ပိုးကြီးလာတဲ့ အခါကျရင် ဘယ်လို ဆက်မွေးရမလဲ… စဉ်းစားပြီး ဖြေကြားပေးကြည့်စေချင်ပါတယ်။ ကျွန်တော်တို့ အများစုဟာ ဆင်းရဲရင် ဆင်းရဲသလောက် […]