အရေးကြီးပါတယ် ဒီအချိန် လက်ထဲရှိတဲ့ ငွေကို တန်ဘိုးထားပါ မြန် မာနိုင်ငံ ရဲ့ စီးပွားရေး ထိခိုက်မှု ပမာဏက ၂၀၂၀ခုနှစ် ၆ လပိုင်းကနေစပြီး ၁၂ လပိုင်းအတွင်းမှာ တဖြေးဖြေးနဲ့ အလွန်သိသာလာပါလိမ့်မယ် ခင်ဗျာ။ လုပ်ငန်းလည်ပတ်ဖို့ ငွေကို အသဲအသန်လို လာကြပါလိမ့်မယ်။ ဘဏ်ချေးငွေ မလွယ်ကူတဲ့ ဒီနိုင်ငံအတွက်တော့ ဒီပြသနာကို ဖြေရှင်းဖို့ လုပ်ရမယ့်နည်းလမ်း ၂ ခုပဲရှိပါတယ် လုပ်ငန်းတွေကို ပိတ်သိမ်းမလား၊ ရှိတဲ့ ပစ္စည်းတွေ ထုခွဲရောင်းချပြီး လုပ်ငန်းကို ဆက်လက် လည်ပတ်မလား လုပ်ငန်းတွေ လည်ပတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ ရှိထားတဲ့ ရွှေ၊ ကား၊ အိမ် စတဲ့ ၃ မျိုးကို ထုခွဲရောင်းချရပါမယ် ရွှေ ။ အလွယ်ကူဆုံးနဲ့အမြန်ဆုံး နာရီပိုင်းအတွင်း ငွေဖြစ်တဲ့ ပိုင်ဆိုင်မှုပါ။ […]
ဗဟုသုတ
အနော်ရထားမင်းကြီး၏ အိမ်မက်
ဤစာအတိုင်း အမှန်တကယ် ပေါ်ထွန်းပါစေသတည်း…အနော်ရထာမင်း၏ ထူးဆန်းသော အိပ်မက်ကြီး (၃)ခုနှင့်နောက်ထပ် ပေါ်မည့် သာသနာပြုမင်းလောင်းဓမ္ပဒီပတိုင်း၊ ပုဂံပြည့်ရှင် အနော်ရထာမင်းသည် နတ်ရွာမစံမီ (၇)ရက်အလိုတွင် ထူးဆန်းသော အိပ်မက်ကြီး (၃)ခုကို မက်လေသည်။ ပထမအိပ်မက် – အနော်ရထာမင်း၏ နန်းတော်အုတ်တံတိုင်းတို့သည် ပြိုကျကုန်ပြီးနောက် နန်းတော်ထဲတွင် မီးတောက်တစ်ခု ပေါ်လာပြီး ထိုမီးတောက်ထဲမှ ရဲမက်တစ်ယောက်က ပြိုကျသော အုတ်တံတိုင်းတို့ကို ပြန်ထောင်လေသည်။ ဒုတိယအိပ်မက် – အနော်ရထာမင်း၏ နန်းတော်သည်လည်း ပြိုကျလေသည်။ ထိုအခါ နန်းတော်အနောက်တွင်ရှိသော မီးဖို၏မီးလျှံများထဲမှ လူတစ်ယောက်က နန်းတော်ကို ပြန်လည် တည်ဆောက် ပေးလေသည်။ တတိယအိပ်မက် – အနော်ရထာမင်းသည် နန်းတော်ရှေ့သို့ ထွက်လာသောအခါ ကောင်းကင်ယံ၌ မြတ်စွာဘုရား တည်ရှိနေပြီး မြေကြီးပေါ်တွင် နန်းတော်ပြင်တစ်ခုလုံး မီးဟုန်းဟုန်းတောက်ကာ ရေကြည်တို့သည်လည်း မီးနှင့်ရောထွေးကာ […]
ဇာတ်တော်ထဲက မိန်းမပျက် အင်္ဂါရပ် (၂၅)ရပ် ပြည့်တန်ဆာတူတဲ့ မိန်းမဆိုတာ
ဇာတ်တော်ထဲက မိန်းမပျက် အင်္ဂါရပ် (၂၅)ရပ် ပြည့်တန်ဆာတူတဲ့ မိန်းမဆိုတာ မိန်းမပျက်အင်္ဂါ ၂၅ ချက် ၁။ လင်ယောက်ျား အရပ်တစ်ပါးသွားတာကို ချီးမွမ်းတတ်ခြင်း။ ၂။ အရပ်ဝေးသွားသော လင်ယောက်ျားအား အမှတ်မရတတ်ခြင်း။ ၃။ လင်ပြန်ရောက်လာသည်ကို မနှစ်သက်ခြင်း။ ၄။ လင်ယောက်ျား ဂုဏ်ကျေးဇူးမဲ့အောင် ပြောဆိုတတ်ခြင်း။ ၅။ လင်ယောက်ျားအပေါ်တွင် ချီးမွမ်းစကား မပြောဆိုတတ်ခြင်း။ ၆။ လင်ယောက်ျားအပေါ်တွင် အကျိုးမဲ့ကိုသာ ပြုတတ်ခြင်း။ ၇။ လင်ယောက်ျားအပေါ်တွင် အကျိုးရှိသည်ကို မပြုတတ်ခြင်း ၈။ လင်ယောက်ျားအပေါ်တွင် ပြုလုပ်ပေးရမည့်တာဝန်ကို မပြုလုပ်ပေးခြင်း။ ၉။ လင်ယောက်ျားအပေါ်တွင် မပြုလုပ်ပေးသင့်တဲ့အမှုများသာ ပြုလုပ်ပေးခြင်း။ ၁၀။ အဝတ်ကို မြဲစွာဝတ်၍ အိပ်တတ်ခြင်း။ ၁၁။ လင်ကို ကျောပေးအိပ်ခြင်း။ ၁၂။ ကပြောင်းကပြန် အိပ်တတ်ခြင်း။ ၁၃။ […]
မြန်မာ့လွတ်လပ်ရေးဇာတာ နှင့် ဖက်ဒရယ်နိုင်ငံသစ် ပေါ်ထွန်းမယ့်အကြောင်း…
မြန်မာ့လွတ်လပ်ရေးဇာတာ မြန်မာ့တပ်မတော်ပျက်သုဉ်းပြီးဖက်ဒရယ်နိုင်ငံသစ် ပေါ်ထွန်းမယ့်အကြောင်း…. မြန်မာပြည် လွတ်လပ်ရေး ယူတဲ့ ရက်စွဲဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် နံနက် ၄ နာရီ မိနစ် ၂၀ ဖြစ်တယ်။ အင်္ဂလိပ်က မြန်မာပြည် လွတ်လပ်ရေး ပေးတော့မယ် ဆိုတော့ ရက်ကောင်းရက်မြတ် ရွေးကြတယ်။ နာမည်ကျော် ဗေဒင်ဆရာကြီးတွေက အချိန်အခါကောင်း ၅ ခု ပေးကြတယ်။ ရွေးရခက်နေတော့ဦးနုက ပဲခူးမြို့ ကျောင်းအုပ်ဆရာကြီး ဦးသက်တင်ဆီ ဗိုလ်လက်ျာကို လွှတ်ပြီး မေးခိုင်းတယ် သူက နက္ခတ်ပညာ ကျွမ်းကျင်တယ်။ ဗိုလ်လက်ျာက အနာဂတ် မြန်မာပြည်မှာ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် ဆိုပြီး။ စစ်တပ်အင်အားကြီးမားစေမယ့် လွတ်လပ်ရေး ဇာတာ တွက်ခိုင်းတယ်။ ဆရာကြီး ဦးသက်တင်က မြန်မာနိုင်ငံရဲ့ […]
လူတစ်ယောက်ရဲ့နာမည်ကိုသိရုံနှင့် စိတ်အခြအနေသိနိုင်အောင်တွက်ကြည့်နည်း…
လူတစ်ယောက်ရဲ့နာမည်ကိုသိရုံနှင့် စိတ်အခြအနေသိနိုင်အောင်တွက်ကြည့်နည်း… မြန်မာ့ရိုးရာ လက်ဆန်းနည်းလေးကို တန်ဖိုးထားမြတ်နိုးသောအားဖြင့် ပြန်လည်မျှဝေ ရေးသားပေးလိုက် ရတာပါ။ မှန်တယ်မမှန်ဖူး ဆိုတာတော့ မိတ်ဆွေများကိုယ်တိုင် တွက်ကြည့်ကြ စေချင်ပါတယ်နော် …။ နည်းလေးကတော့ လူတိုင်း ကိုယ်တိုင်တွက်လို့ အဆင်ပြေကြမယ်ထင်ပါတယ်နော် …။ အောက်ဖေါ်ပြပါ ဥပဒေသကို မှတ်ထားပါ …။ အ ၊အာ ၊ဥ ၊ ၾသ ၊ ဧ = ၁ က ၊ ခ ၊ ဂ ၊ ဃ ၊ င = ၂ စ ၊ ဆ ၊ ဇ ၊ ည ၊စ် = ၃ ရ ၊ […]
မြန်မာနှစ် (၁၃၈၂) မှာ သတိထားရမယ့် အမည်နာမပိုင်ရှင်များ…
၁၃၈၂ ကို နှစ်ကူးချိန် မရောက်သေးသည့်တိုင်အောင် ထုံးစံအတိုင်း ပြီးခဲ့တဲ့ တပေါင်းလပြည့်နေ့ကနေကစပြီး နှစ်သစ်ရဲ့ အာနိသင်တွေ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် တပေါင်းလပြည့်နေ့က စပြီး ရှေ့လာမယ့် ၁၃၈၂ ခုနှစ် တစ်နှစ်လုံးမှာ အောက်ပါ နာမည်ရှင်တွေဟာ အထူး ဂရုစိုက်ရမယ့် နာမည်တွေ ဖြစ်လာပါတယ် ထို့အတူ ဒီကာလတွေမှာ ဆိုးအားအများနိုင်ဆုံးကတော့ သောကြာ + အင်္ဂါ + စနေ နာမည်တွဲပဲ ဖြစ်ပါတယ် ဥပမာ သူဇာထွန်း၊ ထွန်းဇော်သိန်း၊ သန်းထွန်းဇော် စသည်ဖြင့် သောကြာ + အင်္ဂါ + စနေ တွေ တွဲစပ် မှည့်ခေါ်ထားတဲ့ အမည်ရှင်တွေအဖို့ ဒီကာလတွေသည် အချက်ပေးခေါင်းလောင်းသံ မြည်နေသည့် အထူးဂရုပြု နေထိုင်ရမည့် ကာလပဲ ဖြစ်ပါတယ် […]
“သင့် ခန္ဓာကိုယ်ပေါ်က မှဲ့တွေက ပြောပြနေတဲ့ သင့်အကြောင်း”
Unicode နှင့် အောက်တွင်ဖတ်ရှု့နိုင်ပါသည် မှဲ့လေးတွေဟာ သင့်ခန္ဓာကိုယ်အနှံ့မှာ ရှိနေတတ်ပါတယ် ။ ဒီမှည့်လေးတွေက သင့်ရဲ့အကြောင်းကို ဖော်ပြပေးနေတယ်လို့ ဆိုပါတယ် ။ တကယ်မှန်လား မမှန်လား ဆိုတာကတော့ ခုဖော်ပြပေးမယ့် အရာလေးတွေနဲ့ တိုက်ကြည့်လိုက်ပါဦး ။ (၁) လက်ဖဝါးပေါ်ကမှဲ့ ဒီမှည့်လေးက ဘယ်လက်နဲ့ ညာလက်ပေါ်မှာ မူတည်ပြီး အဓိပ္ပါယ်လည်း ကွဲပြားသွားပါတယ် ။ သင့်ရဲ့ ဘယ်ဖက်လက်ဖဝါးမှာ ရှိနေရင်တော့ သင်ဟာ ငွေစုမိဖို့ ခက်ခဲတဲ့သူ တစ်ယောက်ဖြစ်ပြီး ညာလက်မှာရှိရင်တော့ သင်ဟာ အတွက်အချက် ၊ အတွေးအခေါ် ကောင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ် ။ (၂) နဖူးပေါ်ကမှဲ့ နှဖူးပေါ်ကမှည့်ကတော့ သင်ရဲ့ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးကို ဖော်ပြနေပါတယ် ။ သင်ဟာ တက်ကြွဖျတ်လတ်သူ တစ်ယောက်ဖြစ်ပြီး ဝေဖန်ပိုင်းခြားနိုင်သူ တစ်ဦးပါ […]
ထမင်းစားကြတဲ့အခါဒီအချက်လေးတွေကို ဆောင်ပါ ရှောင်ပါ
ထမင်းစားကြတဲ့အခါဒီအချက်လေးတွေကို ဆောင်ပါ ရှောင်ပါ အစာစားရင် သတိယှဉ်ပါ ထမင်းစား ကြတဲ့အခါ ဆောင်သင့် ရှောင်သင့်တဲ့ အပြုအမူတွေကို လေ့လာ သိရှိနိုင်အောင် စုစည်း တင်ပြထားပါတယ်။အစာစားရင် သတိယှဉ်ပါ။ လူတစ်ယောက် အစာစားပုံ အထူးသဖြင့် ထမင်းစားပုံကို ကြည့်ပြီး ဒီလူရဲ့ စရိုက်သဘာဝကို ခန့်မှန်းနိုင်သလိုပဲ သူ့ရဲ့ ကံဇာတာ အဆိုးအကောင်းကလည်း ထမင်းစားသောက်ပုံကနေ ထင်ဟပ် ပေါ်လွင်စေပါတယ်။ဥပမာ ထမင်းစားတဲ့အခါ ဟင်းဖတ်တွေကို ထမင်း နဲ့ ရောမစားဘဲ ထမင်းအောက် မြှုပ်ထည့်ပြီးမှ စားတတ်ရင် ဒီလူဟာ လျှို့ဝှက်တတ်သူလို့ ယူဆနိုင်ပါတယ်။တချို့ကတော့ ထမင်းကို ပလုတ်ပလောင်း စားရင်းကနေ စကားတွေ ဖောင်ဖွဲ့ လျှောက်ပြောနေတတ်ကြပါတယ်။ ပါးစပ်ထဲမှာ ထမင်းအပြည့်နဲ့ မပီမပြင် ပြောနေသူတွေကို ရှေးလူကြီးတွေက ဆင်းရဲ တာရှည်တတ်တယ် ဆိုပြီး ဆုံးမလေ့ […]
မကြာမီ ကြီးပွား ချမ်းသာချင်ရင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ
Unicode နှင့် အောက်တွင်ဖတ်ရှု့နိုင်ပါသည် မၾကာမီ ႀကီးပြား ချမ်းသာချင်ရင် ဒါတွေကို လုပ်ဖြစ်အောင်လုပ်ပါ ကြီးပွား ချမ်းသာချင်ရင် အာစိဏ္ဏကံကုသိုလ်။ ဘုရားရှိခိုးဖြစ်ရဲ့လား။ သောက်တော်ရေရော နေ့စဉ် ကပ်ဖြစ်ရဲ့လား။ ဘုရားပန်းလည်း အပတ်စဉ်လှူဖြစ်ရဲ့လား။ အဲ့လို့နေ့စဉ်လုပ်ရင်ကုသိုလ်ကိုစွဲသွားတာလို့ ခေါ်တယ်။ မကြာခင် ကြီးပွါးတော့မယ့် လက္ခဏာပဲ သေချာမှတ်ထား၊ လောကမှာ အကုသိုလ်ကို စွဲသွားတဲ့ လူရယ်၊ ကုသိုလ်ကို စွဲသွားတဲ့ လူရယ်လို့ လူနှစ်မျိုး ရှိတယ်။ လူတစ်ယောက်ဟာ အကုသိုလ် ဘက်မှာ စွဲသွားပြီဆိုရင်အဲဒီလူဟာ မကြာခင် မွဲသွားတတ်တော့တာပဲ တွေ့ဖူးတယ်မလား၊ အရက်သေစာသောက်စားမှုကို စွဲသွားတဲ့ သူတွေ၊ မကောင်းတဲ့နေရာတွေမှာ စွဲလမ်းသွားတဲ့ သူတွေ ကိုလေ။ အဲ့သလို လူမျိုးတွေဟာ မကြာခင် မွဲသွားတတ်တယ် ငါတို့ဒေသအခေါ်ကျတော့ အဲ့ဒါမျိုးကိုကင်းပွန်းသင့်တယ်လို့ ခေါ်တာပေါ့ကွာ။ ကုသိုလ်ဘက်မှာ […]
မာနနဲ့သိက်ခာတရားကို တနျဖိုးထားတတျတဲ့မိနျးကလေးတှဆေိုတာဒီလိုပါ…
မာနနဲ့သိက္ခာတရားကို တန်ဖိုးထားတတ်တဲ့မိန်းကလေးတွေဆိုတာဒီလိုပါ… တစ်ချို့မိန်းကလေးတွေက မာနကြီးတယ်၊ တွေ့ရာလူနဲ့ သိပ်အရော မဝင်တတ် ဘူးလို့ ထင်ရတတ်ပြီး တကယ်တမ်းမှာတော့ သူတို့က သူတို့ရဲ့ မာနနဲ့ သိက္ခာတရားကို တန်ဖိုးထားတတ် ကြသူတွေ ဖြစ်လို့နေပါတယ်။ ယောကျာ်းလေးတွေနဲ့ လည်း ခပ်တင်းတင်းနေ တတ်ကြပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ သူတွေဆို သိပ် ရင်းရင်းနှီးနှီးမဆက်ဆံ တတ်ကြပါဘူး … ဒါက မာနကြီးတာ မျိုးနဲ့ မတူပဲ ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်မြင့် ထားတဲ့ အအတွက်ကြောင့် ဖြစ်ပါတယ်။ ဒီလို မာနနဲ့သိက္ခာကို တန်ဖိုးထားတတ်တဲ့ မိန်းကလေးတွေမှာ ဒီလိုအချက်တွေ တွေ့ရတတ်ပါတယ်နော် … ယောကျာ်းလေးတွေနဲ့ သိပ်အကျွမ်းတဝင်မနေတတ်ဘူး” ဒီလို မိန်းကလေးတွေက အထူးသဖြင့် မိန်းကလေးတွေထက် ယောကျာ်းလေးတွေနဲ့ ရောရောနှောနှော မနေတတ်ပါဘူး။ ကိုယ်ရင်းနှီးတဲ့ သူငယ်ချင်း […]









