အခ်စ္နွင့္ဘဝ

အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးက တကယ်ရှိပါတယ်။

အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေးက တကယ်ရှိပါတယ်။ ငါဒီအချိန်ကြီးကိုရအောင်ကျော်ဖြတ်မယ်ဆိုတဲ့ “ခိုင်မာတဲ့ဆုံးဖြတ်ချက်” ရယ်၊ ဘာအခက်အခဲပဲရှိရှိတကယ်ကိုကြိုးစားမယ်ဆိုတဲ့ “သတ္တိ” ရယ်ရှိရင်ရပြီ။ ကြိုးစားနေတဲ့အချိန်မှာ “သူပြန်မလာခဲ့ရင်တို့၊ သူပြန်လာပါ့မလား” တို့ဆိုတဲ့အတွေးတွေထက် “ငါဘယ်လိုနေရင်ပိုအဆင်ပြေလာမလဲ” ဆိုတဲ့အတွေးတွေကိုပိုပြီးတွေးကြည့်ပါ။ လူတစ်ယောက်ကိုမေ့ဖို့က ချက်ချင်းကြီးဝုန်းခနဲ ဒိုင်းခနဲမမေ့သွားဘူး။ သူ့ကိုကိုယ်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာရယ်၊ အချိန်ဘယ်လောက်ကြာကြာချစ်ခဲ့ရလဲဆိုတာရယ် ပေါ်မှာမူတည်ပြီး healing လုပ်ရတဲ့အချိန်ကွာသွားတာတော့ရှိမှာပေါ့။ အဲ့လိုကြိုးစားနေတဲ့အချိန်တွေအတွင်းမှာ ခဏခဏအနှောင့်အယှက်ပေါ်လာလိမ့်မယ်။ ဥပမာ – တစ်လလောက်၊ နှစ်လလောက်အဆက်အသွယ်မလုပ်ဘဲအဆင်ပြေနေရာကနေ ဖုန်းထဆက်ချင်လာတာတို့၊ သူ့အကောင့်ကိုဝင်ကြည့်မိတာတို့၊ သူရည်းစားရတာပဲဖြစ်ဖြစ်၊ တခြားလူတွေနဲ့ပျော်နေတဲ့သတင်းတွေကြားရတာတို့လိုမျိုးပေါ့။ အဲ့လိုတွေဖြစ်လာခဲ့ရင် စိတ်ကိုလျှော့မချပစ်လိုက်နဲ့။ အပေါ်မှာပြောခဲ့သလိုပဲ…သတ္တိရှိရှိနဲ့ ဆက်အားတင်းပြီးရအောင်ကျော်ဖြတ်ရင် တစ်နေ့ထက်တစ်နေ့ပိုအဆင်ပြေလာလိမ့်မယ်ဆိုတာကိုယုံကြည်ပေးပါ။ အမလည်းတစ်ချိန်က အဲ့ဒီအသည်းကွဲတယ်ဆိုတဲ့ကာလကြီးကို ကျော်ဖြတ်ခဲ့ဖူးလို့ အမပြောတဲ့စကားကိုယုံ‌ပါ…”တစ်နေ့နေ့မှာတော့…တကယ် အဆင်ပြေသွားမှာပါ” ❤ #Met

အခ်စ္နွင့္ဘဝ

ဒီလိုအကြောင်းအရာတွေကို သူနဲ့တိုင်ပင်နေရပြီဆိုရင် ထာဝရလက်တွဲဖော်တွေ ဖြစ်နေပါပြီ

ဒီလူတစ်ယောက်ဟာ ကိုယ့်အနာဂတ်အတွက် အရေးပါတဲ့လူလား၊ ဆွဲသွားသင့်သလားဆိုတာကို သူနဲ့ကိုယ်ရဲ့ ပြောစကားတွေကနေတစ်ဆင့် စမ်းစစ်လို့ရတယ်ဆိုတာ သင်သိပါသလား။ အကယ်၍ သင်ဟာ ဒီစကားတွေကို သူနဲ့ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ပြောလို့ရနေပြီဆိုရင်တော့ ဒီလူကို လက်လွှတ်မဆုံးရှုံးလိုက်ပါနဲ့တော့။ (၁) သင့်ရဲ့ သိမ်ငယ်ရတဲ့အကြောင်းအရာတွေ လူတိုင်းမှာ ကိုယ့်ကိုယ်ကို လုံးဝယုံကြည်မှုမရှိဘဲနဲ့ သိမ်ငယ်ရတဲ့အကြောင်းတွေ အများကြီးရှိမှာပါပဲ။ ကိုယ့်ရဲ့ ရုပ်ဆင်းအင်္ဂါနဲ့ ပတ်သက်လို့၊ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ အကျင့်စရိုက်စတဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုတွေနဲ့ ပတ်သက်ပြီတော့ အလိုမကျဘဲ သိမ်ငယ်တာမျိုးတွေကို အဲဒီလူရှေ့မှာ အရှိကိုအရှိအတိုင်း ထုတ်ပြနိုင်ပြီး စကားပြောနိုင်တယ်ဆိုရင် သူဟာ တော်ရုံသင့်ကို တန်ဖိုးထားတဲ့လူတော့မဟုတ်တော့ပါဘူး။ (၂) သင့်ရဲ့ ခံစားချက်တွေ အထူးသဖြင့် မိန်းကလေးတွေမှာပေါ့။ ငါသူ့အပေါ်ထားတဲ့ ခံစားချက်တွေကို အရှိအရှိအတိုင်း ပြောပြပြီး ထုတ်ချစ်ပြလိုက်ရင် တန်ဖိုးမဲ့သွားပြီးတော့ ငါ့ကိုများအနိုင်ကျင့်တော့မှာလားဆိုတာကို စိုးရိမ်တတ်ကြပါတယ်။ ဒါပေမဲ့ […]

အခ်စ္နွင့္ဘဝ

‌ယောကျ်ားလေးတွေ ပြိုယိုင်လဲသွားစေပြီး အရူးအမူးစွဲလန်းတတ်ကြတဲ့ မိန်းကလေးပုံစံ(၄)မျိုး…

‌ယောကျ်ားလေးတွေ ပြိုယိုင်လဲသွားစေပြီး အရူးအမူးစွဲလန်းတတ်ကြတဲ့ မိန်းကလေးပုံစံ(၄)မျိုး… အကြမ်းအားဖြင့် ယောကျာ်းလေးတွေရဲ့ အကြိုက်ပုံစံနဲ့ မိန်းကလေးတွေ ကြိုက်တတ်တဲ့ ပုံစံဆိုတာ ရှိပါတယ် …။ ယောကျာ်းလေးတွေက မိန်းကလေးတွေထဲက ဒီလိုပုံစံ မိန်းကလေးတွေရှေ့မှာ ဆိုရင် ပြိုယိုင်လဲမိတတ်ကြတာ များပါတယ်နော် …။ သူတို့တွေဟာ ဒီလိုပုံစံမျိုး မိန်းကလေးတွေကို အရူးအမူးကို စွဲလန်းတတ်ကြပြီး လွယ်လွယ်ကူကူပဲ သူတို့ဆီမှာ ကျရှုံးတတ်ကြပါတယ် …။ ဒီလိုပဲ ယောကျာ်းလေးတွေက သာမာန်မိန်းကလေးတွေနဲ့ ကွဲထွက်နေတတ်တဲ့ မိန်းကလေးမျိုးကို အရမ်းစိတ်ဝင်စားတတ်ကြပါတယ် …။ ဒီလိုမိန်းကလေးမျိုးတွေဆီမှာ သူများနဲ့ မတူတဲ့ အတွေးအခေါ်အယူအဆတွေ ရှိတယ်၊ ကိုယ်ပိုင် စတိုင်လ်တွေ ရှိဖနေတတ်တယ်၊ ကိုယ်ပိုင် ယုံကြည်မှုလည်း ရှိတယ် …။ သူတို့ကို ကြည့်လိုက်တာနဲ့ ထူးခြားတဲ့သူမှန်း တန်းသိနိုင်တဲ့ မိန်းကလေးတွေကို ယောကျာ်းလေးတွေက အရမ်းသဘောကျ […]

အခ်စ္နွင့္ဘဝ အခ်စ္ေရး

ကိုယ့်ချစ်သူ ပျော်မယ်ဆိုရင် စွန့်လွှတ်ပေးဆပ်ရဲတာ မိန်းမသားတွေရဲ့ အချစ်မို့ပါ

ကိုယ့်ချစ်သူ ပျော်မယ်ဆိုရင် စွန့်လွှတ်ပေးဆပ်ရဲတာ မိန်းမသားတွေရဲ့ အချစ်မို့ပါ တဖက်သတ်အချစ်ဟာ စိတ်မထားတတ်ရင် ပူလောင်လွန်းလှပါတယ်။ တနည်းအားဖြင့် ကိုယ့်လူဖြစ်နိုင်မဖြစ်နိုင်မသေချာသေးဘဲ ကိုယ်တစ်ယောက်တည်းကြိတ်ချစ်နေတာမျိုးက ပြုတ်ကျမလား၊ မပြုတ်ကျဘူးလားလို့ ဝေခွဲမရတဲ့ ကြိုးတန်းပေါ်လမ်းလျှောက်နေရသလိုပါပဲ။ ရင်တထိတ်ထိတ်နဲ့ပေါ့။ တဖက်လူက ကိုယ့်ကို မချစ်ဘူးဆိုတာသိတဲ့အခါမှာတော့ လှပ်ခနဲ နှလုံးသားတစ်ခုလုံး အသိမ်းခံလိုက်ရသလို ကိုယ်က ကြိုးတန်းပေါ်ကနေ ပြုတ်ကျတော့တာပါပဲ။ အဲဒါကြောင့်တဖက်သတ်ချစ်မိတဲ့အခါ ကိုယ့်ကို တဖက်လူကပြန်မချစ်နိုင်ဘူးလို့သိသော်လည်း စိတ်ဘယ်လိုထားမလဲ။ ကိုယ့်တဖက်သတ်အချစ်ကို ဘယ်လိုမျိုးထိန်းသိမ်းနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။ (၁) သူပျော်ပါစေ။ ကိုယ့်ကိုချစ်မှ သူပျော်မယ်ဆိုရင် ပိုကောင်းတာပေါ့နော်။ ကိုယ့်ကိုမချစ်ဘူးဆိုမှတော့ သူဘယ်ပျော်ပါ့မလဲ၊ သူပျော်တဲ့နေရာမှာနေပါစေ၊ သူပျော်တဲ့သူနဲ့နေပါစေလို့တွေးကြည့်လိုက်တာ ကိုယ့်အတွက်ပိုစိတ်ချမ်းသာပါတယ်။ ချစ်တယ်ဆိုတာနဲ့ လူတစ်ယောက်ကို ပိုင်ဆိုင်ရမှမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ထဲသူ့ကိုချစ်နေတဲ့စိတ်လေးပါပဲ။ အဲဒါကြောင့် တဖက်သတ်ချစ်တဲ့စိတ်ကို စိတ်ထဲမှာပဲထားပါ။ သူပျော်ပါစေ။ သူပျော်နေတာကို ကိုယ်ကလိုက်ပျော်ကြည့်လိုက်ပါ။ စိတ်သက်သာရာရပါလိမ့်မယ်။ ကိုယ်နဲ့နေလိုသူမပျော်ရင် သူပျော်ဖို့သာ […]

အခ်စ္နွင့္ဘဝ

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို အပိုင်ရချင်ရင် သိထားဖို့လိုအပ်တဲ့ အချက်( ၅ )ချက်

မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကို အပိုင်ရချင်ရင် သိထားဖို့လိုအပ်တဲ့ အချက်( ၅ )ချက် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့က နည်းမသိရင်တော့ တစ်ချို့တွေအတွက် ခက်ခဲနေပါလိမ့်မယ်။ ဒါပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုရဖို့အတွက် ဇွဲရှိဖို့လိုအပ်သလို တစ်ချို့သော အချက်လေးတွေကိုလည်း သိထားဖို့ လိုအပ်ပါတယ်နော်။ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုအပိုင်ရချင်ရင်တော့ ဒီအချက်လေးတွေ သိထားဖို့လိုပါတယ်။ သူမကို အလေးထားကြောင်း ပြသပါ သူမအပေါ် သင်ဘယ်လောက်အလေးထားတယ်၊ ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ပြသပေးဖို့လိုအပ်ပါတယ်နော်။ သူ သင့်ကိုစိတ်မဝင်စားသည့်တိုင်အောင် သင့်ရဲ့နွေးထွေးကြင်နာတတ်မှုလေးတွေက သူမရဲ့ အသိအမှတ်ပြုခြင်းကို သင်ရနိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ သူမလိုအပ်နေတဲ့အချိန်မှာ ဘေးနားရှိနေပေးပါ မိန်းကလေးတွေက သူတို့လိုအပ်တဲ့အချိန် ဘေးနားမှာရှိနေပေးတတ်တဲ့ သူတွေကို ပိုသတိထားမိတတ်ကြပါတယ်။ ဒီတော့ မိန်းကလေးတစ်ယောက်ရဲ့ စိတ်ကိုလိုချင်ရင်တော့ အဲဒီ့မိန်းကလေးရဲ့ ခက်ခဲတဲ့အချိန်တွေမှာ ဘေးနားရှိနေပေးဖို့ လိုအပ်ပါတယ်။ သူမအဝေးကို တွန်းထုတ်နေရင်တောင် လက်မလျော့ပါနဲ့ […]

အခ်စ္နွင့္ဘဝ

ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ်

ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ် ကျွန်မအတွက် သေရဲတဲ့လူလဲ မလိုချင်ဘူး သတ်ရဲ့တဲ့လူလဲ မလိုချင်ဘူး သေရဲ သတ်ရဲတယ်ဆိုတာက အတ္တ ဒါမှမဟုတ် ဒေါသ ကြီးတတ်တဲ့ လူတစ်ယောက်အဖြစ်ပဲ ကျွန်မတော့ မြင်တယ်..။ ထစ်ကနဲရှိ သေမယ် သတ်မယ်ဆိုတာချည်းပဲ ရှိလာတဲ့အခါ ဘဝက ဘယ်မှာ ငြိမ်းချမ်းမလဲ သတ္တိရှိတယ်ဆိုတာ သေရဲသတ်ရုံပဲလို့ မမြင်ဘူး မှားတာတွေရှိလာတဲ့အခါ အမှန်ကို ပြင်ရဲတာလဲ သတ္တိပဲ..၊ ဘယ်လောက်ပဲ ခက်ခဲနေပါစေ ကျွန်မကို လက်မလွတ်ပဲ ဆက်ချစ်နေမယ့်လူမျိုးကိုပဲ လိုချင်တယ် ကျွန်မမှားသွားတဲ့အခါ အပြစ်တင်ပြောနေတတ်တဲ့ ပါးစပ်တစ်စုံထက် အမှားကို ထောက်ပြပြီး အမှန်ပြင်ပေးတတ်တဲ့ နှုတ်ခမ်းတစ်စုံကို လိုချင်တယ်..။ ဘယ်သူတွေ ဘယ်လိုပဲ ပုတ်ခတ်နေပါစေ ကျွန်မဘက်မှာ ရဲရဲတင်းတင်း ရပ်တည်ပေးရဲတဲ့ သရဲဘောမကြောင်တာမျိုး […]

အခ်စ္နွင့္ဘဝ

ထစ်ခနဲရှိ ငိုတတ်တဲ့ မိန်းကလေးတွေကို သင့်အနေနဲ့ချစ်သူတော်ထားရတာကံကောင်းခြင်းလက္ခဏာများ

ထစ်ခနဲရှိ ငိုတတ်တဲ့ မိန်းကလေးတွေကို သင့်အနေနဲ့ချစ်သူတော်ထားရတာကံကောင်းခြင်းလက္ခဏာများ ထစ်ခနဲရှိဝမ်းနည်းပြီးငိုတတ်တဲ့မိန်းကလေးကို ချစ်သူအဖြစ်ပိုင်ဆိုင်ထားရတာဟာ သင့်အနေနဲ့ စိတ်ညစ်စရာလို့ တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒရာမာခင်းတယ်ဆိုပြီး စိတ်ဆိုးဒေါသထွက်ရတဲ့အချိန်တွေလည်းရှိကောင်းရှိမှာပါပဲ။ ဒါပေမဲ့ သင့်မှာ အဲ့ဒီလိုငိုတတ်တဲ့ချစ်သူမိန်းကလေးရှိနေတာဟာ သင့်အတွက်လက်ဆောင်တစ်ခုပါ။ ဘာလို့လဲဆိုရင်… *စိတ်ထိခိုက်လွယ်ပြီးခဏခဏငိုတတ်တဲ့မိန်းကလေးတွေဟာ သူမတို့ရဲ့ခံစားချက်ကို ဝန်ခံပြောပြရမှာလည်းဝန်မလေးတတ်ကြပါဘူး။ ဒါကြောင့် သင့်အနေနဲ့ သူမဘာတွေဖုံးကွယ်ထားလဲဆိုတာ စိတ်ပူစရာမလိုပါဘူး။ သူမက သင့်ကိုဖြစ်သမျှအကြောင်းအရာ၊သူမစိတ်ထဲခံစားရသမျှကို ပွင့်ပွင့်လင်းလင်းဖွင့်ဟပါလိမ့်မယ်။ *သူမရဲ့နှလုံးသားထဲမှာလည်း အမုန်းတွေမရှိတာသင်တွေ့ရပါလိမ့်မယ်။ သူမ တစ်ခါငိုလေ သူမရဲ့စိတ်မကောင်းစရာအတွေးတွေ၊မကောင်းမြင်စိတ်တွေက ကင်းဝေးသွားပြီး အကောင်းမြင်စိတ်တွေအတွက် နေရာပိုဆန့်လာပါတယ်။ ငိုကြွေးတာဟာ စိတ်ခံစားချက်တွေကိုတစ်ခါတည်းဖွင့်ဟလိုက်တာဖြစ်တာကြောင့် ရန်ဖြစ်ပြီးရင်တောင် သူမစိတ်ထဲ အငြိုးအတေးတွေကျန်နေခဲ့မှာမဟုတ်ပါဘူး။ *သူမဟာ စိတ်ဖိစီးမှုအနည်းဆုံးလူသားကောင်မလေးတောင်ဖြစ်ပါသေးတယ်။ ဘာလို့လဲဆိုရင် ငိုကြွေးတာဟာစိတ်ဖိစီးမှုတွေကိုပြေပျောက်စေလို့ ုသူမစိတ်ဆိုးဒေါသထွက်ပြီး ငိုလိုက်တဲ့အခါ အဲ့ဒီစိတ်ဖိစီးမှုတွေက ကျန်ရစ်မနေတော့ပဲတစ်ခါတည်းလွင့်ပျောက်သွားပါတယ်။ တစ်ချို့သူတွေက ငိုလည်းမငိုသလို သူတို့ရဲ့အဆိုးမြင်စိတ်တွေ၊ မကောင်းတဲ့ခံစားချက်တွေကိုစိတ်ထဲမှာအမြဲသိမ်းထားလေ့ရှိပါတယ်။ ဒါတွေက စုပုံလာတဲ့အခါ အချစ်ရေးတစ်ခုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ […]

အခ်စ္နွင့္ဘဝ

ဘယ်လောက်ပဲ သစ္စာရှိတယ်ပြောပြော ရိုးသားမှုမရှိရင် သူစိမ်းတွေပါပဲ

ဘယ်လောက်ပဲ သစ္စာရှိတယ်ပြောပြော ရိုးသားမှုမရှိရင် သူစိမ်းတွေပါပဲ ရင်ခုန်သံတွေမအေးခဲဖို့ တစ်ဦးနဲ့တစ်ဦးလေးစားပါ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော လေးစားမှုရှိမှ ခရီးရှည်ကို ဆက်နိုင်ပါမယ် ။   တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်ပါ ဘယ်လောက်ပဲ မြတ်နိုးတယ်ပြောပြော ခွင့်လွှတ်ခြင်းမရှိရင် ချစ်ခြင်းမေတ္တာလည်းမရှိပါဘူး ။ တစ်ဦးနဲ့တစ်ဦး သည်းခံပါ ဘယ်လောက်ပဲ ရင်ခုန်တယ်‌ပြောပြော သည်းခံခြင်းမရှိရင် ဝေးကွာရတာပါပဲ ။   တစ်ဦးရဲ့ စိတ်ကို တစ်ဦးကမြင်အောင်ကြည့်ပါ ဘယ်လောက်ပဲ သစ္စာရှိတယ်ပြောပြော ရိုးသားမှုမရှိရင် သူစိမ်းတွေပါပဲ ။ Credit Unicode ဘယ်လောက်ပဲ သစ္စာရှိတယ်ပြောပြော ရိုးသားမှုမရှိရင် သူစိမ်းတွေပါပဲ ရင်ခုန်သံတွေမအေးခဲဖို့ တစ်ဦးနဲ့တစ်ဦးလေးစားပါ ဘယ်လောက်ပဲ ချစ်တယ်ပြောပြော လေးစားမှုရှိမှ ခရီးရှည်ကို ဆက်နိုင်ပါမယ် ။ တစ်ဦးနဲ့တစ်ဦး ခွင့်လွှတ်ပါ ဘယ်လောက်ပဲ မြတ်နိုးတယ်ပြောပြော ခွင့်လွှတ်ခြင်းမရှိရင် […]

အခ်စ္နွင့္ဘဝ

အရင်ဆုံး လက်လွှတ်ပေးမယ့် မိန်းမတစ်ယောက် ရဲ့ မာနလေးတော့ထားတယ်

အရင်ဆုံး လက်လွှတ်ပေးမယ့် မိန်းမတစ်ယောက် ရဲ့ မာနလေးတော့ထားတယ် မနေချင်တဲ့သူကို ဆွဲထားလောက်တဲ့အထိ ကျွန်မ မာနတွေ မမဲ့ချင်ဘူး … ။ တစ်ခါတစ်လေမှာ ပျော်လာမှာပါဆိုတဲ့အတွေးနဲ့ မျှော်လင့်ချက်လေးထားခဲ့တာပဲရှိတာပါ ။ တကယ်တမ်း ကိုယ့်အနားမနေချင်တော့မှန်းသိရင် ဘယ်လောက်ပဲချစ်ချစ် ကျွန်မ ဆွဲထားမနေတော့ပါဘူး ။ ကိုယ်က ဆွဲထားလို့သာ မြဲနေရတယ်ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့မာနကို သိပ်ထိခိုက်တယ် ။ အခ်စ္မွာ မာနေတြ သံသယေတြ မလိုဘူးတဲ့ ။ ကျွန်မကတော့ ကိုယ့်ဟန်ကိုယ်ဖို့တတ်တဲ့ လက်ကျန်မာနလေးထားတယ် ။ ရင်တွေ ကွဲထွက်သွားပါစေ … ရင်ကွဲခံမယ် ။   တစ်သက်လုံး မျက်ရည်တွေ နောင်တတွေနဲ့တော့ ကျွန်မ မဖြတ်သန်းချင်ဘူး ။ တန်ဖိုးမထားတတ်သူတစ်ယောက်ရဲ့ လက်ထဲမှာ တန်ဖိုးမဲ့နေသလို ဘဝမျိုးနဲ့နေဖို့အထိ ကျွန်မ မိုက်ရူးရဲမဆန်းဘူး […]

အခ်စ္နွင့္ဘဝ

ချစ်သူကောင်းဖြစ်ရုံ နဲ့ ခင်ပွန်းကောင်းဖြစ်နိူင်ပြီလား

ချစ်သူကောင်းဖြစ်ရုံ နဲ့ ခင်ပွန်းကောင်းဖြစ်နိူင်ပြီလား ချစ်လို့အရာရာကို အလျော့ပေးတတ်တဲ့အချိန်ဆိုတာ ချစ်သူဘဝ သာယာချိန်လေးပဲရှိတာပါ။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေတဖြည်းဖြည်းစလာပါလိမ့်မယ်။ အချစ်စစ်ဆိုတာ တကယ်မရှိဘူးလို့ မဆိုလိုပါဘူး။ရှိတော့ရှိတယ်ရှားပါတယ်။ ချစ်သူဘဝမှာတောင် ချစ်သူကောင်းမပီသနိူင်တဲ့ ယောကျ်ားတစ်ယောက်ကို အိမ်ထောင်ဖက်အဖြစ်ရွေးချယ်မိခဲ့တဲ့မိန်းမသားဆိုတာ လောကမှာကံအဆိုးဆုံးသူပဲဖြစ်နေမှာပါ။ အချိန်တွေ ကြာလာတာနဲ့အမျှ သူ့အကြောင်းကိုယ်သိ၊ကိုယ့်အကြောင်းသူသိခဲ့ပြီပဲ ဘယ်အရာတွေကိုအလျော့ပေးပြီး ဘယ်အရာတွေမှာတင်းရမလဲဆိုတာ ချစ်သူအချင်းချင်းညှိနှိုင်းလို့ရတဲ့အခြေအနေတစ်ခုပါ။ သို့ပေမယ့်အချိန်တွေသာကြာသွားခဲ့တယ်ကိုယ့်ဘက်ကပဲအရာရာကိုအလျော့ပေးခဲ့တာမျိုး၊ နားလည်ပေးခဲ့တာတွေများနေခဲ့လျှင်တော့ ဘယ်လောက်ထိချစ်နေပါစေနောက်ဆုတ်ဖို့အချိန်တွေရှိသေးတဲ့အတွက်စဉ်းစားစေချင်ပါတယ်။ ချစ်သူကောင်းဖြစ်ရုံနဲ့အိမ်ထောင်ဖက်ကောင်းမဖြစ်နိူင်သလို ရုပ်ချောပြီးဝင်ငွေကောင်းကောင်းရှာနိူင်တဲ့ ယောကျ်ားတိုင်းကို အိမ်ထောင်ဖက်ကောင်းလို့မတွေးစေချင်ဘူး။ သစ္စာ၊မေတ္တာ၊နားလည်နိူင်မှုတွေ မရှိရင်အိမ်ထောင်ဆိုတာ လွတ်ရက်မရှိ ထောင်တစ်ခုလိုပဲချောင်ပိတ်မိနေပါလိမ့်မည်။ ဒါကြောင့်အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမှင်ရည်စုတ်ထိုး ဤသုံးသုံးချက်မပိုင်လျှင်နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတဲ့ ဆိုရိုးစကားအတိုင်း နောင်တတွေနဲ့ဘဝကိုမဖြတ်သန်းချင်လျှင် မိမိရဲ့ချစ်သူက အနာဂတ်ရဲ့ခင်ပွန်းကောင်း ဖြစ်နိူင်၊မဖြစ်နိူင်ကို ဘဝတစ်လျှောက်လုံးလက်တွဲသွားရမယ့်မိမိကိုယ်တိုင် မိမိရဲ့စိတ်ကိုမညာစတမ်းဝေဖန်သုံးသပ်ရွေးချယ်မမှားဖို့လိုအပ်ပါတယ်။ Credit Unicode ချစ်သူကောင်းဖြစ်ရုံ နဲ့ ခင်ပွန်းကောင်းဖြစ်နိူင်ပြီလား ချစ်လို့အရာရာကို အလျော့ပေးတတ်တဲ့အချိန်ဆိုတာ ချစ်သူဘဝ သာယာချိန်လေးပဲရှိတာပါ။ ချစ်သူသက်တမ်းကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေတဖြည်းဖြည်းစလာပါလိမ့်မယ်။ အချစ်စစ်ဆိုတာ […]