၀က်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ်တွေ တစ်ပတ်အတွင်းပျောက်ကင်းအောင် (၁)မျက်နှာသစ်ပါ ၀က်ခြံဖြစ်တဲ့ အသားအရေဟာ အဆီပြန်တဲ့အသားအရေဖြစ်တတ်ပါတယ်။ဒါကြောင့် မနက်(အိပ်ရာထ မဟုတ်ပါ)ကျောင်းမသွားခင်၊ရုံးမသွားခင် မျက်နှာသစ်ပေးပါ။ညအိပ်ရာ ၀င်ခါနီးတစ်ကြိမ် မျက်နှာသစ်ပေးပါ။ (၂)အာလူးသုံးပါ အာလူးကို အကွင်းလေးတွေလှီးပါ။သို့မဟုတ် ချေလိုက်ပါ။ပြီးရင် အမာရွတ်တွေကို အုပ်ထားပါ။မိနစ် ၃၀ လောက်ကြာရင် ခွာပြီးမျက်နှာသစ်ပါ။တစ်ပတ်နှစ်ကြိမ်လောက်ပြုလုပ်ပေးရင် ၀က်ခြံအမာရွတ်မှ မဟုတ်ပဲ အခြားအမာရွတ်တွေပ် သက်သာပျောက်ကင်းစေပါတယ်။ (၃)ဗီတာမင် စီ မှီဝဲပါ။ အရှင်းဆုံးနည်းလမ်းကတော့ သံပရာသီးတစ်နေ့တစ်လုံးကို ဒီတိုင်းပဲစားစား၊ဖျော်ရည်ပဲလုပ်သောက်သောက် တစ်နေ့တစ်လုံးသောက်ပေးရပါမယ်။ အလုပ်များတယ်ဆိုရင်တော့ ဗိုက်တာမင်စီ ဆေးပြားလေးတွေ တစ်နေ့နှစ်ကြိမ် သောက်ပေးနိုင်ပါတယ်။ဗိုက်တာမင် စီဟာ အသားအရေအတွက် အထူးကောင်းမွန်ပြီး အစက်အပြောက်လေးတွေကို သေးငယ်စေပါတယ်။ (၄)moisturizer အသုံးပြုပါ။ အမာရွတ်တွေကို ပြန်လည်အစားထိုးဖို့ ဆဲလ်တွေက ရေဓါတ်ကို လိုအပ်ပါတယ်။ဒါကြောင့် moisturizer ကိုအသုံးပြုပါ။အများကြီး အသုံးမပြုပါနှင့်။အချို့ moisturizer တွေက အဆီပြန်တတ်လို့ပါ။ […]
အလွပေရးရာ
ခေါင်းလျှော်တဲ့အခါ လူအများစု လုပ်မိတတ်တဲ့အမှား (၈)ခု
ခေါင်းလျှော်တာက တစ်ကိုယ်ရည်သန့်ရှင်းရေးထဲမှာ ပါဝင်တာကြောင့် အမြဲပုံမှန်လျှော်သင့်ပါတယ်။ ဒါပေမယ့် ခေါင်းလျှော်တာနဲ့ပတ်သက်ပြီး မှားနေတဲ့ အချက်လေးတွေလည်း ရှိပါတယ်။ ၁။ ခေါင်းလျှော်ရည်နှင့် ခဏခဏခေါင်းလျှော်ခြင်း ရေချိုးတဲ့အခါတိုင်းမှာ ခေါင်းလျှော်ဖို့ မလိုအပ်ဘူးလို့ ဆေးပညာ ကျွမ်းကျင်ပညာရှင်တွေက ပြောပါတယ်။ နေ့တိုင်း ခေါင်းလျှော်ချင်တယ်ဆိုရင် ဆံပင်ကို ခေါင်းလျှော်ရည်မပါဘဲ ရေဆေးချလို့တောင် ရတယ်လို့ ပြောထားပါသေးတယ်။ ခေါင်းလျှော်ရည်တွေက ဆံပင်ရဲ့အဆီတွေကို ဖယ်ရှားပစ်ပါတယ်။ ဆံပင်ရဲ့အဆီတွေက ဆံပင်ကျန်းမာရေးအတွက် လိုအပ်တာကြောင့် တစ်ပတ်ကို ၂ ခါခန့်သာ ခေါင်းလျှော်ရည်နဲ့ လျှော်သင့်ပါတယ်။ ၂။ ခေါင်းလျှော်ရည်ကို အများကြီးသုံးခြင်း ခေါင်းလျှော်ရည်မသုံးခင်မှာ ဆံပင်ကို တစ်မိနစ်ကြာ ရေဆေးချတာက ဆံပင်မှာ ကပ်ညိနေတဲ့ ဖုန်အမှုန်တွေကို ဖယ်ရှားပေးပါတယ်။ ဆံပင်တွေ အကုန်စိုသွားတဲ့အခါ ခေါင်းလျှော်ရည်သုံးရင် အမြှုပ်ပိုထွက်စေပါတယ်။ ၃။ ခေါင်းလျှော်ရည်သုံးပြီးမှ conditioner ကို […]
အလှအပ အတွက် စံပါယ်ပန်း၏ အကျိုးပြုပုံ….
စံ ပယ်ပန်းလို့ ပြောလိုက်ရင် ဖြူဖြူ ဖွေးဖွေး မွှေးမွှေးလေးနဲ့ ပန်းလှလှလေးကို ပြေးမြင်မယ်ထင်ပါတယ်။ ဒီ ပန်းလှလှလေးက ရနံလေးတင် မွှေးတာမဟုတ်ပါဘူး။ ကျန်းမာရေး အကျိုးကျေးဇူး ရှိသလို အသားအရေ အတွက်လည်း အထောက်အကူပြုပေးပါတယ်။ စံပယ်ပန်း လှလှလေးတွေက အသား အရေကို ဘယ်လိုများ အထောက်အပံ့ ပေးသလဲဆိုတာကို ဒီဆောင်းလေးကနေ ပြောပြပေးမယ်နော်။ စံပယ်ပန်းမွှေး မွှေးလေး ကေ ပးတဲ့ အသားအရေ ကျန်းမာရေး အရောင်ဖွေးဖွေးလေးနဲ့ အနံ့မွှေးမွှေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆင်းရော အချင်းပါ ပြည့်စုံတဲ့ စံပယ်ပန်းလေးက အသားအရေအတွက် အခုလို ထောက်ပံ့ပေးပါတယ်။ ဝက်ခြံတွေကို သက်သာစေနိုင်တယ် စံပယ်ပန်းက အရောင်ကျစေနို င်တဲ့ အာနိသင် ရှိတာကြောင့် ဝက်ခြံကို သက်သာစေနိုင်ပါတယ်။ စံပယ်ရွက်ကို ကြိတ်ခြေပြီး ရလာတဲ့ […]
ချိုင်း(ဂျိုင်း)မဲနေလို့ စိတ်ညစ်နေတဲ့ ပျိုမေတွေ အတွက်
ဒီနေ့မှာတော့ ချိုင်း(ဂျိုင်း)မဲနေလို့ စိတ်ညစ်နေရတဲ့ ပျိုမေတွေအတွက် ဆေးနည်းစွမ်းကောင်းလေးတစ်ခုကို ပြောပြလိုက်ပါတယ်နော်။ ၁။ အာလူး အာလူးမှာ အသားအရေကို အရောင်ချွတ်ပေးနိုင်တဲ့ အက်ဆစ်ပျော့တစ်မျိုးပါ။ အာလူးတွေကိုသာ ပါးပါးလှီးပြီး ကပ်ထားပေးလိုက်ရင် ချိုင်းတွေဖြူလာမှာပါ (သို့) အာလူးကိုကြိတ်ပြီး ရလာတဲ့အရည်ကို ချိုင်းမှာသုတ်ပါ။ မိနစ်အနည်းနယ်လောက် နှိပ်ပေးပြီး နောက်ထပ် မိနစ် ၂၀ ကြာရင် ရေနွေးလေးနဲ့ဆေးပေးရမှာပဲဖြစ်ပါတယ်။ နောက်ရက်မှာ ချိုင်းချွေးနံ့ပျောက်ဆေး မသုံးဘဲထားပါ။ အဲ့ဒီလိုမျိုးလေး နေ့တိုင်းသာလုပ်သွားမယ်ဆို ၂ ပတ် (သို့) ၃ပတ်အတွင်း ချိုင်းေ လးဖြူလာမှာပါနော်။ ၂။ သခွားသီး သခွားသီးကိုကြိတ်ပြီး အရည်စစ်ယူထားပါ။ ရလာတဲ့အရည်ကို စပရေးဘူးထဲထည့်ပြီးရင် ချိုင်းကြားကိုဖြန်းထားပေးရပါမယ်။ နာရီဝက်လောက်ကြာရင် ခြောက်သွားပါလိမ့်မယ်။ အဲ့ဒီတော့မှ ရေကြက်သီးနွေးလေးနဲ့ ဆေးပေးရမှာပါ ၃။ သံပရိုသီး/သံပရာသီး အရေပြားနဲ့ဆံပင်အတွက် သံပရိုသီးက နာမည်ကြီးဆေးတစ်လက်ပါ။ […]
ဝက်ခြံကင်းစင်ပြီး ညီညာတဲ့ အသား အရည်ဖြစ်အောင် ဘယ်လို မျက်နှာကိုဆေးကြောမလဲ
ဝက်ခြံကင်းစင်ပြီး ညီညာတဲ့ အသားအရည်ဖြစ်အောင် ဘယ်လိုမျက်နှာကိုဆေးကြောမလဲ ? မျက်နှာပေါ်မှာရှိတဲ့ အရေပြားက တစ်ခါတစ်လေ မညီညာပါဘူး။နဖူးပေါ်မှာ ဝက်ခြံကြောင့်ဖြစ်တဲ့ အမာရွတ်တွေကြောင့် အမဲစက်တွေဖြစ်နေတာတွေ နှာခေါင်းမှာ နေလောင်ဒါဏ်ကြောင့် မဲနေတာတွေလည်းရှိကြပါတယ်။ ဒါပေမယ့် အဲ့လိုမညီမညာဖြစ်နေတဲ့ မျက်နှာက အရေပြားတွေကို မျက်နှာပုံမှန်သစ်ပေးတာနဲ့ ညီညာပျောက်ကင်းစေမယ့် နည်းလေးကိုဖော်ပြပေးပါမယ်။ ပါဝင်မယ့် ပစ္စည်းနှစ်ခုကတော့ ခရမ်းချဉ်သီးရယ် နွားနို့ရယ်ပါ။ခရမ်းချဉ်သီးနဲ့ နွားနို့ကို ရောပြီး အပါတ်တိုင်းမျက်နှာကို ဆေးကြောပေးခြင်းက မျက်နှာမှာရှိတဲ့ ဝက်ခြံတွေကိုလျော့ပါးစေပြီးတော့ ညီညာတဲ့ အသားအရေကို ရရှိစေနိုင်မှာပါ။ ပထမဦးဆုံးအနေတဲ့ လတ်ဆတ်ပြီး မကြိုချက်ရသေးတဲ့ နွားနို့လိုအပ်ပါတယ်။ပြီးရင် ခရမ်းချဉ်သီး အမှည့်လိုအပ်ပါတယ်။ ခရမ်းချဉ်သီးအမှည့်ကို အလယ်ကလှီးပြီး အထဲက အနှစ်ကိုယူရမှာပါ။ အစေ့တွေကို စစ်ပြီးယူဖို့တော့လိုပါတယ်။ အစေ့တွေကိုဇကာစ သေးသေးလေး ဒါမှမဟုတ် ပိတ်စပါးပါးလေးနဲ့ စစ်ပြီးတော့ ညှစ်ချရမှာပါ။ပြီးရင် နွားနို့နဲ့ ဆတူရောပြီး […]
အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု….
အသားအရေအရမ်းကောင်းတဲ့လူတွေ မနက်တိုင်းပြုလုပ်နေကြတဲ့အရာ (၅) ခု သူများတွေများကြည့်လိုက်ရင် မျက်နှာ အသားအရေလေးက နူးညံ့ချောမွတ် ဝင်းပလို့ဆိုပြီး အားကျရတဲ့ အဖြစ်မျိုး ကြုံဖူးကြတယ်မဟုတ်လား။ နဂိုကိုမှ အသားအရေေ ကာင်းတဲ့ လူတွေရှိပေမယ့်လို့ အသားအရေေ ကာင်းအောင် lifestyle တစ်ခုလုံး စည်းစနစ်ကျကျ သွားနေတဲ့လူတွေလည်း ရှိနေပါတယ်။ ဒါဆိုရင် အဲဒီလူတွေ မနက်တိုင်း အသားအရေေ ကာင်းအောင် ဘယ်လိုတွေ လုပ်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။ (၁) မျက်နှာသစ်ဆေးရွေးချယ်မှု မနက်ပိုင်းဟာ ညပိုင်းမျက်နှာသစ် တာလောက် သိပ်ပြီး ဂျေးဖုန်တွေ မများတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အားပြင်းတဲ့ မျက်နှာသစ်ဆေးတွေကို မသုံးဘဲ ပျော့တဲ့ မျက်နှာသစ်ဆေးကိုပဲ အသုံးပြုပါတယ်။ (၂) နေရောင်ကိုကြောက်ကြတယ် မနက်မိုးလင်းတာနဲ့ နေရောင်ကာ ခရင်ကို လိမ်းလေ့ရှိကြပါတယ်။ အပြင်သွားမှမဟုတ်ဘဲ တီဗီ၊ […]
ကိုယ်တွေနေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေး ဒီလို အစွမ်းထက်မှန်းသိပြီးပီလား…
ကိုယ်တွေနေ့တိုင်းသုံးနေတဲ့ သွားတိုက်ဆေး ဒီလို အစွမ်းထက်မှန်းသိပြီးပီလား…ားတိုက်ဆေးကို မနက်တိုင်း သွား သန့်ရှင်းတောက်ပြောင်ဖို့နဲ့ ခံတွင်းနံ့ကင်းစင်ဖို့ အတွက်ပဲ အသုံးပြုလို့ရတာ မဟုတ်ဘူး …။ သွားတိုက်ဆေးနဲ့ အခြားဖြေရှင်းလို့ရမယ့် နည်းလမ်းအချို့လည်း ရှိပါသေးတယ် နော် …။ (၁) အမဲစက်နဲ့ အမဲကွက်ပြသာနာများ သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောသမမွှေပြီး ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အမဲစက်နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပါ။ ပြီးလျှင် ရေဆေး ချလိုက်ပါ …။ (၂) ၀က်ခြံပြသာနာများ သွားတိုက်ဆေးကို နားကြပ်တံ သို့ ဂွမ်းတံလေးနဲ့ ယူပြီး ၀က်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေး […]
အမြဲ မပြင်မဆင်နေတတ်တဲ့ ကောင်မလေးတွေမှာပဲ ရှိတတ်ကြတဲ့ ဆွဲဆောင်မှုများ…
မိန်းကလေးဆိုတာကို အလှအပနဲ့ တွဲမြင်တတ်ကြပြီး မိန်းကလေးဆိုတာ အလှမက်တဲ့ အမျိုးလို့ ပြောတတ်ကြပါတယ်။ ဒါပေမယ့် တစ်ချို့မိန်းကလေးတွေကတော့ အလှပြင်ရတာကို မကြိုက်တတ်ကြပါဘူး သူတို့တွေက မိတ်ကပ်တွေ မကြိုက်ဘူး၊ အရမ်းကြီး ပြင်ဆင်ထားရတာတွေကို မကြိုက်ဘူး။ ဒီလို မပြင်မဆင်နေတတ်တဲ့ မိန်းကလေးတွေက ပိုဆွဲဆောင်မှုရှိတဲ့ သူတွေအဖြစ် သတ်မှတ်ခံရတဲ့ နောက်ကွယ်မှာ ဒီလိုအချက်တွေ ရှိလို့နေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုရှိတဲ့ ပုံပေါ်တယ် မပြင်မဆင်ပဲ နေတတ်တဲ့ မိန်းကလေးတွေဟာ တစ်ခြားသူတွေနဲ့ယှဉ်လိုက်ရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုမြင့်မားနေတယ်လို့ မြင်ရတတ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို့က သူတို့ရဲ့ ပုံစံအမှန်ကို ထုတ်ပြရမှာ မကြောက်တတ်ဘူး၊ ဘာမှမလိမ်းထားပဲလည်း အပြင်တွေဘာတွေ သွားတတ်တယ်။ ဒါဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံတွေပါပဲ။ ပင်ကိုယ်အလှကို မြင်ရတယ် ဒီလို မိန်းကလေးတွေဆီမှာ […]
တစ်ကြိမ်တည်းလုပ်ရုံနဲ့ ဆားဝက်ခြံတွေ ပျောက်ကင်းသွားစေမယ့်နည်း…..
လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး။ ဆားဝက်ခြံတွေဟာ နှာခေါင်း၊ မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ်။ ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။ ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။ ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီး ကို အကွင်းပုံစံ လှီးလိုက်ပါ။ တစ်ခုဆို လုံလောက်ပါပြီ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။ ပြုလုပ်နည်း ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး […]
ဘယ်သူ့မှတောင် မေးစရာမလိုတော့တဲ့ မိန်းကလေးတိုင်းအတွက် လျှို့ဝှက်ချက် (၁၀၀)…
မိန်းခလေးမှန်ရင်သိမ်းထားပါ… 1.မိတ်ကပ်လိမ်းခြယ်မယ်ဆို အောက်ခံ အသားအရည်ကို အရင်ကောင်းအောင်လုပ်ပါ 2.မိတ်ကပ်ကို အိမ်မှာနေရင် မလိမ်းပါနဲ့ 3.မိတ်ကပ်ကို အပြင်သွားပြီး ပြန်လာတာနဲ့ တစ်ခါထဲ ဖျက်ပါ 4.မိတ်ကပ်လိမ်းတဲ့နေ့တွေမှာ မျက်နှာကို သေချာသန့်စင်ပါ ၊မိတ်ကပ် က မျက်နှာသစ် ဆပ်ပြာ တခုသုံးယုံနဲ့ မလုံလောက်ပါဘူး 5.မိတ်ကပ်ဖျက်မယ်ဆို မိတ်ကပ် remover သုံးပြီးသန့်စင်ပြီးမှ မျက်နှာသစ်ပါ 6.မိတ်ကပ် remover ကို အလေအလွင့်နည်းအောင် ယနေ့ခေတ် အသုံးများလာကြတဲ့ ready made ဂွမ်းလေးတွေ သုံးပြီးဖျက်ပါ 7.ဘူးအသန့်တစ်လုံး သို့မဟုတ် လေလုံအိတ်တစ်လုံးထဲကို ဂွမ်း အရွက် ၂၀ခန့်ထည့်ပါ ပြီး၇င် make up remover အရည် နဲနဲလောင်းထည့်ပေးပါ ဒါဆို make upremover ကို နဲနဲပဲကုန်စေနိင်သလို အကျိုးလဲရှိပါတယ် […]









