နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်သုံးဦး၏ ယနေ့တရားခွင်တွင် လူတစ်ဦးကဝင်ရောက်ဓာတ်ပုံရိုက်မှုဖြစ်ပွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ သုံးဦးကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသောအမှုအတွက် နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးတရားခွင်အတွင်း အရပ်ဝတ်နှင့်လူတစ်ဦးက ဓာတ်ပုံရိုက်ကူးမှုဖြစ်သည်။ တရားလိုစစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီးသန်းအေးဆိုသူက တရားလိုပြသက်သေထွက်ဆိုရန် ကျမ်းကျိမ်နေစဉ် ကင်မရာကိုင်ဆောင်ထားသူတစ်ဦးဝင်ရောက်လာကာ တရားရုံးအနေအထားနှင့် တရားယှဉ်ပြိုင်သူများကိုဓာတ်ပုံရိုက်ယူခဲ့ကြောင်း စွပ်စွဲခံရသူရှေ့နေအဖွဲ့ဝင် ဦးခင်မောင်ဇော်က ပြောသည်။ ရိုက်ကူးမှုလုပ်ခဲ့သူသည် ဌာနဆိုင်ရာတစ်ခုခုကဖြစ်သည် သို့မဟုတ် ပြင်ပကလူလားဆိုသည်ကို မသိရသေးပါ။ယင်းအပြုအမူသည် ရုံးတော်နှင့်တကွ တရားသူကြီးကို မထီမဲ့မြင်ပြုရာရောက်ကြောင်း ထောက်ပြပြီး အရေးယူပေးရန် တိုက်တွန်းပြောဆိုခဲ့ရာ တရားသူကြီးက မှတ်တမ်းသက်သေယူခဲ့သည်ဟု သိရသည်။ “ ရုံးတော်ကြားနာနေချိန်မှာရှေ့မှောက်ကျူးကျော်ဝင်ရောက်ဓာတ်ပုံရိုက်ယူတဲ့အတွက် ရှေ့နေအဖွဲ့က တားမြစ်လိုက်ပြီး အရေးယူပေးဖို့ တရားသူကြီးကိုတိုက်တွန်းလိုက်တာပါ။ ” […]
ၾကားသိရသမွ်
မြန်မာပြည်ဘက်ကရေတွေ တရုတ်ပြည်ဘက် ရောက်လာလို့ ကိုဗစ်ပိုး ပါမပါ ရေကို SWAB TEST ယူနေကြတဲ့ တရုတ်နိုင်ငံက ဗီဒီယိုဖိုင်
ကိုဗစ် ရောဂါကတော့ တစ်မ္ဘာလုံးက ပြည်သူတွေ ကြုံတွေ့ ခံစားနေရတဲ့ ကပ်ရောဂါတစ်ခုပါ ။ ပထမလှိုင်း ၊ ဒုတိယလှိုင်း ခုဆိုရင် တတိယလှိုင်းအထိ နိုင်ငံတိုင်းကို တစ်ကျော့ ပြန်လည်ရောက်ရှိလာတာဖြစ်ပါတယ် ။ ခေတ်မီဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတွေမှာတော့ ဒီရောဂါကြီးကို ကြုံတွေ့ရင်ဆိုင်နေရပေမယ့်လည်း နည်းပညာတွေ အရမ်းကောင်းမွန်သလို အစစ အရာရာ ကြိုတင်ပြင်ဆင်ပြီး ကုသမှုတွေကြောင့် ရောဂါဒဏ်ကို သိပ်ပြီး ဆိုးဆိုးရွားရွား မခံကြရပါဘူး ။ သူတို့ နိုင်ငံသားတွေ အပေါ်မှာလည်း အရမ်းတန်ဖိုးထားတာကြောင့် အမြဲတမ်း အကောင်းမွန်ဆုံးတွေ ပြင်ဆင်ကာကွယ်လျက်ရှိပါတယ် ။ ဒီနေ့ဆိုရင်လည်း မြန်မာ ရွှေလီ နယ်စပ်မှာ မိုးရွာသွန်းမှုတွေကြောင့် တရုတ်ပြည်ဘက်ကို ရေများစွာ စီးဆင်းလျက်ရှိပါတယ် ။ ဒီလို စီးဆင်းလာတဲ့ မြန်မာပြည်ဘက်က ရေထဲမှာ ကိုဗစ်ပိုးပါလာမှာ စိုးရိမ်ပြီး […]
ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်အိုးတွေ တတ်နိုင်သလောက်လှူဒါန်းပေးသွားဖို့ စီစဉ်နေတဲ့ မေကဗျာ
ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်အိုးတွေ တတ်နိုင်သလောက်လှူဒါန်းပေးသွားဖို့ စီစဉ်နေတဲ့ မေကဗျာ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေး မေကဗျာကတော့ ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်အိုးတွေလှူဒါန်းပေးဖို့ စီစဉ်နေခဲ့ပါတယ်။မေကဗျာက အများကြီး လှူဒါန်းချင်ပေမဲ့လည်း ဒီကာလမှာ ခက်ခဲနေကြတာကြောင့် အလှူမခံချင်တဲ့ အတွက် သူတတ်နိုင်သလောက်လေးကိုပဲ လှူဒါန်းပေးခဲ့တာပါတဲ့။ ကိုဗစ်ရောဂါစတင်ဖြစ်ပွားတဲ့ မနှစ်ကတော့ မေကဗျာက အလုပ်တွေသေသေချာချာနဲ့ ကောင်းကောင်းလေးလုပ်နိုင်လို့ အဆင်ပြေပြေနဲ့လှူဒါန်းပေးနိုင်ခဲ့ပေမဲ့လည်း ဒီနှစ်မှာတော့ လတ်တလော ပြည်သူတွေအရေးတကြီးလိုအပ်နေတဲ့ အောက်စီဂျင် (၁၀)အိုးကို လှူဒါန်းပေးသွားမှာပဲဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ရသလောက် အရင်မှာယူထားပြီး ရတာနဲ့ လိုအပ်တဲ့ နေရာတွေကို အရင်ပို့ပေးမှာပါတဲ့။ မေကဗျာကတော့ အခုတစ်ခေါက်မှာ (၁၀)အိုးသားလှူဒါန်းနိုင်ခဲ့ပေမယ့် နောက်ထပ် အဆင်ပြေရင်ပြေသလို ထပ်မံလှူဒါန်းပေးသွားဖို့လည်း စိတ်ကူးထားပါတယ်တဲ့။ ချစ်ရတဲ့ ပရိသတ်တွေကိုလည်း ဂရုစိုက်ကြဖို့နဲ့ မပေါ့ဆဖို့ သတိထားကြဖို့ ကိုလည်း တိုက်တွန်းထားပါသေးတယ်။ ပရိသတ်ကြီးရေ မေကဗျာကတော့ စိတ်ဓာတ်မကျပါနဲ့နော် […]
ဘာပုဒ်မနဲ့ ချတယ်ဆိုတာလည်း သိခွင့်မရဘဲဇနီးနှင့် သမီးကြီး ထောင် ၃ နှစ် ချမှတ်ခံရတဲ့အပေါ်ကိုစိုးဌေးရဲ့ခံစားချက်
ဇနီးနှင့် သမီးကြီး ထောင် ၃ နှစ် ချမှတ်ခံရသော်လည်း အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေး ဆက်လက်တိုက်ပွဲဝင်မည်ဟု ကိုစိုးဌေး ပြောကြား ရန်ကုန်၊ ဇူလိုင် ၁၃ ဇနီး မကြည်ကြည်ခိုင်နှင့် သမီးကြီး မသိမ့်စန္ဒီစိုးတို့ကို အကြမ်းဖက်စစ်ကောင်စီမှ ထောင်ဒဏ် ၃ နှစ် မတရားချမှတ်လိုက်ပေမယ့် အကြမ်းဖက် စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးထိတိုက်ပွဲဝင်သွားမည်ဟု မိုးကုတ် ဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်သူ ကိုစိုးဌေးမှ ပြောသညည်။ “ကျနော့် သဘောထားကတော့ ရှင်းပါတယ်၊ လူထုဆီက အာဏာကို မတရားရယူပြီး လုပ်ချင်တာလုပ်နေတဲ့ စစ်ကောင်စီဖြုတ်ချရေး အဆုံးထိ တိုက်ပွဲဝင်သွားမှာပါ” ဟု ကိုစိုးဌေးမှ ပြောသည်။ တက်ကြွလှုပ်ရှားသူကို ကိုစိုးဌေးအား အကြမ်းဖက်စစ်ကောင်စီမှ တက်ကြွလှုပ်ရှားသူကိုစိုးဌေးအား နေအိမ်၌ ဝင်ရောက်ဖမ်းဆီးရာ မတွေ့သဖြင့် ဇနီးနှင့် သမီးနှစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး […]
ထိုင်းနိုင်ငံက ကိုဗစ်စင်တာတစ်ခုမှာ ခက်ခဲစွာ နေထိုင်ရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို ပြသလာတဲ့ ပြည်သူတစ်ဦး (ရုပ်/သံဖိုင်)
Zawgyi ထိုင်းနိုင်ငံက ကိုဗစ်စင်တာတစ်ခုမှာ ခက်ခဲစွာ နေထိုင်ရတဲ့ မြန်မာအလုပ်သမားတွေရဲ့ အခြေအနေကို ပြသလာတဲ့ ပြည်သူတစ်ဦး (ရုပ်/သံဖိုင်) မြန်မာပြည်သူတွေအများအပြား စားဝတ်နေရေးအတွက် သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံမှာဆိုရင် တစ်ကျော့ပြန်ဖြစ်ပွားလာခဲ့တဲ့ ဗီဇပြောင်းကိုဗစ်ရောဂါကြောင့် လတ်တလောမှာ ကူးစက်မှုတွေမြင့်တက်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းလောက်ကဆိုရင်လည်း ရောဂါကူးစက်တဲ့ လူနာတွေကိုထားစရာနေရာမရှိတာကြောင့် လမ်းဘေးတွေမှာပဲ ဆေးကုသရဖို့ ဖြစ်သလိုနေထိုင်ကြရတာလည်း တွေ့မြင်ရပါတယ်။ ဒီလို ကိုဗစ်လူနာတွေကို ထားစရာမရှိလောက်အောင် ကူးစက်နေတာကြောင့် မြန်မာပြည်သူတွေအများအပြား လုပ်ကိုင်နေကြတဲ့ စက်ရုံ၊အလုပ်ရုံတွေလည်း ပိတ်ထားခဲ့ရပါတယ်။ တချို့မြို့နယ်တွေမှာဆိုရင်လည်း မြန်မာပြည်သူတွေအများစု ရောဂါကူးစက်ခံရပြီး အရေးပေါ်ထားရှိတဲ့ ကိုဗစ်စင်တာတွေမှာ ဖြစ်သလိုထားနေတာလည်း တွေ့ရပါတယ်။ ထိုင်းလူမျိုးတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကြောင့် မြန်မာပြည်သူတွေအဖို့ လက်ရှိမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ ယခုမှာလည်း ကိုဗစ်ရောကူးစက်ခံနေရတဲ့ မြန်မာပြည်သူတွေ ဆေးကုသနေရတဲ့ ကိုဗစ်စင်တာရဲ့ အခြေအနေတွေကို ပြည်သူတစ်ဦးက ဗီဒီယိုလေးရိုက်ပြလာခဲ့ပါတယ်။ ဒီဗီဒီယိုကတော့ […]
သီတဂူဆရာတော်ဘုရားကြီးကပြည်သူတွေအတွက်အောက်စီဂျင်စက်ရုံဆောက်ဖို့ ကော်မတီဖွဲ့
သီတဂူဆရာတော်ဘုရားကြီးကပြည်သူတွေအတွက်အောက်စီဂျင်စက်ရုံဆောက်ဖို့ ကော်မတီဖွဲ့ မနေ့ကသီတဂူဆရာတော်ဘုရားကြီးကနေအောက်စီဂျင်ပြတ်လပ်ပြီးအခက်အခဲဖြစ်နေတဲ့ပြည်သူတွေအတွက်အောက်စီဂျင်စက်ရုံဆောက်ဖို့ ကော်မတီဖွဲ့လိုက်တဲ့သတင်းလေးဖတ်လိုက်ရပါတယ်….. ဆရာတော်ဘုရားကြီးရဲ့ကိုဗစ်ကာလအတွင်းရဟန်းသံဃာတော်နဲ့သီလရှင်ကျောင်းများ၊အခြားသောဘာသာရေးကျောင်းများနဲ့စစ်ဘေးရှောင်အသီးသီးတို့မှာ လှူဒါန်းခဲ့တဲ့အလှူဒါနလေးတွေကိုလည်းလက်လှမ်းမှီသလောက် ဖောက်ပြပေးလိုက်ပါတယ်…. ၁။မူစလင်သက်ကြီးအဖိုးဂေဟာရိပ်သာ (၃၃-ဦး)။ရန်ကုန်မြို့ သို့ – ၁၀၀ အိတ်။ ၂။ မူစလင် အဖွားများသုခရိပ်သာ (၄၃-ဦး) ။ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။ ၃။ ကက်သလစ်သီလရှင်များတည်ထောင်သောဘိုးဘွားရိပ်သာ (၁၉၅-ဦး)။ ရန်ကုန်မြို့သို့ – ၁ဝဝအိတ်။ ၄။ ဟိန္ဒူလုမ္ဗနီဘိုးဘွားရိပ်သာ။(၅၅-ဦး) သံလျှင်မြို့သို့ – ၁၀၀ အိတ်။ ၅။ ဆည်းဆာရိပ် ဂိလာနဘိုးဘွားရိပ်သာ၊ရန်ကုန်မြို့သို့ – ၁၀၀ အိတ်။ ၆။ နှင်းဆီကုန်းဘိုးဘွားရိပ်သာ၊ရန်ကုန်မြို့သို့ – ၁၀၀၀ အိတ်။ ၇။ သဘာဝတရားရိပ်သာ၊(၂၈၃၀-ဦး) သံလျှင်မြို့ သို့ – ၁၀၀၀ အိတ်။ ၈။ မေရီချပ်မင်းဆွံ့အနားမကြားကျောင်း၊ရန်ကုန်မြို့သို့ -၂၅၀ အိတ်။ […]
ဘယ်ဆေးရုံမှမသွားပဲ ကိုဗစ်လူနာ၃၈ဦးလုံး ပြန်လည် နေကောင်းကျန်းမာ လာခဲ့တဲ့ ရွှေဆံပင်ကျောင်း
” ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံး နေကောင်းကျန်းမာသွားကြပြီဖြစ်ကြောင်း သိရ” ရွှေဆံပင်ကျောင်းမှ ကိုဗစ်လူနာအားလုံးနေကောင်းကျန်းမာသွားကြပြီလို့ သိရပါတယ်။ ကိုဗစ်လူနာ၃၈ဦးလုံး ဘယ်ဆေးရုံမှမသွားပဲဆရာ၀န်များအတွေ့ ကြုံရှိသူများ၏ အကြံပေးမှုကိုအခြေခံပြီးဆရာတော်နဲ့ဝေယျာ၀စ္စအဖွဲ့၏အနီးကပ်ကြည့်ကြပ်စောင့်ရှောက်မှုရွှေဆံပင်ဒကာဒကာမများ၏ဝိုင်း၀န်းပံ့ပိုးမှု တို့ကြောင့်အားလုံးအဆင်ပြေခဲ့တာပါ။ ကိုဗစ်တိုက်ပွဲအတွေ့ကြုံလေးကို စိတ်၀င်စားသူများအတွက် ပြန်လည်မျှဝေပေးထားတာကို ဖော်ပြပေးလိုက်ရပါတယ်။ နေထိုင်မှုစနစ်ကိုဗစ်စတွေ့ပြီဆိုတာနဲ့ ပိုးတွေ့သူသံသယရှိသူ နေကောင်းသူများကိုသုံးအုပ်စုခွဲလိုက်ပြီးကျောင်းဆောင်၁၀ ဆောင်လောက်မှာခပ်ကျဲကျဲနေစေပြီး ကုဋီတွေကစ ခွဲနိုင်သမျှ ခွဲပြီးနေထိုင်လိုက်ကြပါတယ်။Maskတပ်ခြင်း လက်ဆေးခြင်းများတောက်လျောက်လုပ်ခိုင်းပါတယ်။ ဆေးဝါးကိုဗစ်တွေ့ပြီလို့ကြားတာနဲ့ရန်ကုန်က ဆွေတော်မျိုးတော်များကလိုလေးသေးမရှိပို့လှူပေးကြသော ဆေးဝါးများ ရောက်ရှိလာပြီးပိုးတွေ့သူများကိုVITAMIN C 500နှစ်ပြားနှင့် အားဆေး တလုံးကျန်သူများကို အားဆေးနှင့် V C500တပြား ကျွေးပေးလိုက်ပါတယ်။ နှာစေးချောင်းဆိုးဖျားလျင် LOCKOနှစ်ကြိမ်ကိုက်ခဲလျင်paragesic လေးနာရီခြားတိုက်ပေးခဲ့ပါတယ်။လည်ချောင်းနာရင်ZINCငုံခိုင်းထားလိုက်ပါတယ်။ နှာစေးချောင်းဆိုးနှစ်ယောက်လောက်နဲ့လည်ချောင်းနာကိုက်ခဲသုံးယောက်လောက်ပဲဖြစ်ပြီးသုံးရက်အတွင်း အားလုံးပျောက်ခဲ့ပါတယ်။ တိုင်းရင်းဆေးနဲ့ဓာတ်စာဖြစ်တဲ့နေ့ကစပြီး ကွမ်းရွက်ရှောက်ရွက်ဂျင်းထန်းလျက်ကြိုပြီးကိုဗစ်ရှိသူတွေ ဓာတ်ဗူးတလုံးစီကျန်သူတွေမတ်ခွက်တလုံးစီသောက်ခိုင်းပြီးနာနတ်သီးသရက်သီးနဲ့ရှောက်သီးသုပ်တလှည့်စီကျွေးပြီး (နာနတ်သီးအများဆုံးကျွေးဖြစ်)တကျောင်းလုံးကြက်ဥပြုတ်နှစ်လုံးစီနဲ့ နွားနို့သို့မဟုတ်ကွေကာအုပ်နဲ့ ဓာတ်ဆားများတိုက်ပါတယ်။ ထမင်းစားပျက်တဲ့သူလည်းတစ်ယောက်မျှ မရှိပါ။ ကြက်သွန်နီစားဖြစ်အောင်ထမင်းစားတဲ့နေရာအနီးတွေမှာတောင်းလိုက်ချပေးထားပါတယ်။လင်းလွန်းတစ်ထောင်ဆရာတော်ကြီးရဲ့သစ္စာမေတ္တာ ကိုဗစ်ကာကွယ်ဆေးများလည်းတိုက်ပေးထားပါတယ်။ စိတ်ဓာတ်မြင့်တင်ရေးနှင့်ကိုယ်လက်လှုပ်ရှားမှုကျောင်းစည်းကမ်းအရ ဖုန်းကိုင်ခွင့်မရှိပေမယ့် ဒီရက်ပိုင်း […]
ဒေါက်တာဇော်ဝေစိုးကြမ်းပြီ စကစရဲ့မတရားတဲ့လုပ်ရပ်မှန်သမျှကိုလက်ပိုက်ကြည့်မနေဘူးတဲ့
ဗီဒီယိုဖိုင်အောက်တွင်ဖော်ပြထားပါသည် ဒေါက်တာဇော်ဝေစိုးကြမ်းပြီ စကစရဲ့မတရားတဲ့လုပ်ရပ်မှန်သမျှကိုလက်ပိုက်ကြည့်မနေဘူးတဲ့
ကိုဗစ်ရောဂါပိုကူးစက်ခံရပြီး ဆေးကုသမှုခံယူနေခဲ့ရာမှ ဒီကနေ့မနက်မှာပဲ ဆုံးပါးသွားပြီဖြစ်တဲ့ သွန်းသစ္စာဇော်ရဲ့ မိခင်
ပရိသတ်ကြီးရေ သွန်းသစ္စာဇော်ကတော့ MRTV – 4 ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့တဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ စိတ်မကောင်းစရာ သတင်းလေးတစ်ခုကို ဝမ်းနည်းစွာနဲ့ ဖော်ပြလာခဲ့ပါတယ်။ သွန်းသစ္စာဇော်ရဲ့ မိခင်ကြီးကတော့ ကိုဗစ်ကူးစက်ခံရတာကြောင့် ဆေးကုသမှုခံယူနေခဲ့ရာကနေ ဒီနေ့မနက်မှာပဲဆုံးပါးကွယ်လွန်သွားခဲ့တဲ့ အကြောင်းလေးပဲဖြစ်ပါတယ်။ “ဘယ်တော့မှ ချစ်လို့မဝဘူးနော် မေကြီးသမီးကို အချစ်ဆုံးပဲ မဟုတ်လား။ဒီလောက်ဆိုးရွားတဲ့ အခြေအနေကြီးကနေ မေကြီးကောင်းဖို့ထွက်သွားခဲ့တာဆိုရင် သမီးခံစားရလည်း တန်ပါတယ်လေ ” ဆိုပြီး မိခင်ကြီးရဲ့ ကွယ်လွန်သွားတဲ့ အကြောင်းလေးကို မျှဝေဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ သွန်းသစ္စာဇော်ရဲ့ မိခင်ကြီး ဆုံးပါးသွားတဲ့ သတင်းလေးကြောင့် လုပ်ဖော်ကိုင်ဖက် အနုပညာမောင်နှမတွေနဲ့ သူ့ရဲ့ပရိသတ်တွေကလည်း ထပ်တူစိတ်မကောင်းဖြစ်ကြကြောင်းနဲ့အားမငယ်ဖို့ အားပေးစကားတွေပြောဆိုနေကြပါသေးတယ်။ပရိသတ်ကြီးတွေထဲက သွန်းသစ္စာဇော်ရဲ့ ပရိသတ်တွေအတွက်လည်း စိတ်မကောင်းစရာသတင်းလေးကို မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။ Credit ; […]
လျှပ်စစ်မီတာကောက်ခံခြင်းနှင့်ပက်သက်၍ သတိပေးထုတ်ပြန်ချက်
လျှပ်စစ်မီတာကောက်ခံခြင်းနှင့်ပက်သက်၍ သတိပေးထုတ်ပြန်ချက် ၁။ ပြည်သူ့အစိုးရလက်ထက် ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ကာလမှာ လျှပ်စစ်မီတာခကောက်ခံရာတွင် ပြည်သူကို အမျိုးမျိုးငဲ့ညှာပြီး ကောက်ခံခဲ့ပါသည်။ ပြည်သူဆောင်လိုက်သော အခွန်မှာလည်း ပြည်သူထံသို့ အကျိုးရှိရှိ ပြန်လည်စီးဆင်းစေခဲ့ပါသည်။ ပြည်သူပိုင်သည့် လျှပ်စစ်မီးဟာ ပြည်သူ့အတွက်သာ ဖြစ်သည်။ ၂။ အကြမ်းဖက်စစ်တပ်သည် ပြည်သူအသိအမှတ်မပြု၊ ကမ္ဘာကအသိအမှတ်မပြုသည့် လက်နက်ကိုင် အကြမ်းဖက် အုပ်စုသာဖြစ်သည်။ ပြည်သူ့အခွန်ဖြင့် ပြည်သူကို အနိုင်ကျင့်ဗိုလ်ကျသည့် အကြမ်းဖက်စစ်တပ်သည် အစိုးရမဟုတ်သလို၊ ပြည်သူများအနေဖြင့် အခွန်ပေးဆောင်စရာလည်း မလိုအပ်ပါ။ ၃။ ပြည်သူလူထုအနေဖြင့် တရားမဝင် အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့ ကျွန်ုပ်တို့မှ အထူးတိုက်တွန်းလိုပါသည်။ ပြည်သူကိုအကြမ်းဖက်သည့် လက်နက်ကိုင် စစ်သူပုန်တွေအတွက် ကျည်ဖိုး၊ လက်နက်ဖိုး ဖြစ်စေမည့်် အခွန်မှန်သမျှကို ပြည်သူများ မထမ်းဆောင်သင့်ပါ။ တစ်ခဏတာ အမှောင်တွေကို တောင့်ခံထားနိုင်ရင် လင်းလက်တဲ့ […]









