ၾကားသိရသမွ်

လက်ဆေး နှာခေါင်းစဥ်းတပ်ရုံနဲ့ မရတော့တဲ့ ကိုဗစ်ပြဿနာ

လက်ဆေး နှာခေါင်းစဥ်းတပ်ရုံနဲ့ မရတော့တဲ့ ကိုဗစ်ပြသနာ ကူးစက်မြန် သေဆုံးမြန် ကိုဗစ်ပိုးတွေဖြစ်တဲ့ UK Alpha, India Delta နဲ့ Kappaတွေ မြန်မာပြည်တွင် ကူးစက်ပြန့်နှံ့ နေပြီ!“လက်ဆေး/Maskတပ်ရုံမျှဖြင့်မလုံလောက် တောတဲ့New COVID-19 ကာကွယ်ရေး…” မူလ D Strain(Aspartic Acid)မှ G Strain (Glycine) သို့ပြောင်းလဲခဲ့ပြီဖြစ်သောမျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်လက်ဆေးခြင်း/Mask တပ်ထားခြင်းလောက်ဖြင့်ပြီးပြည့်စုံမှုမရှိနိုင်တော့သည်ကိုသတိပြုကြရမည်ဖြစ်သည်… COVID-19 ၏ မူလကူးစက်နိုင်စွမ်းကတစ်ဦးထံမှ ၃ ဦးကျော်အထိသာရှိခဲ့သော်လည်း၊ မျိုးဗီဇပြောင်းလာသော COVID ကမူတစ်ဦး ထံမှ ၂၀ ဦးထံသို့အထိစွမ်းအားရှိနေပြီဖြစ်သည်… စနစ်တကျထိန်းချုပ်ခြင်းမပြုနိုင်ပါကရော ဂါပိုးရှိသူတစ်ဦးမှ ၂၀ ဦးဆီသို့၊ထို ၂၀ ဦးမှနောက်ထပ် ၂၀ ဦးစီထံသို့ထပ်ဆင့်ဆပွားကာကူးစက်ပြန့်ပွားသွားနိုင်သည်… လက်ရှိအနေအထားတွင်စက္ကန့် ၂၀ ကြာလက်ဆေးခြင်းနှင့်Mask တပ်ခြင်းများအပြင်…မိမိနေအိမ်အတွင်း၌သာ နေထိုင်ခြင်း၊နေအိမ်ပြင်ပသို့အချိန်ကြာမြင့်စွာသွားလာခြင်းမှအတတ်နိုင်ဆုံးရှောင်ရှားခြင်း၊ […]

ၾကားသိရသမွ်

ဆင်းရဲလွန်းလို့ ကိုယ့်အတွက်တောင်မစားရက်ဘဲ သမီးတွေစားသောက်နေကြတာကိုပဲ ထိုင်ကြည့်နေခဲ့တဲ့ ဖခင်

ဖခင်ရဲ့ချစ်ခြင်းမေတ္တာတွေ ဘယ်လောက်နက်ရှိုင်းလည်းဆိုတာကို ဒီတစ်ခေါက်ဖော်ပြမဲ့ဖိလစ်ပိုင်နိုင်ငံက ဖခင်တစ်ဦးကသက်သေပြလိုက်တာပါပဲ ဖြစ်စဉ်ကတော့သားအဖ 3 ယောက်ဟာ Joll ဆိုတဲ့ကြက်ကြော်ဆိုင်မှာ ဝင်ပြီး စားသောက်နေကြတာပါ ။ ဖခင်ဖြစ်သူကတော့ သူ့အတွက် ငွေမလုံလောက်လို့ သမီးဖြစ်သူတွေစားနေကြတာကိုသာ ထိုင်ကြည့်နေခဲ့တာပါအဆိုပါအဖြစ်အပျက်ကို Jhunnel Sar အမည်ရှိအမျိုးသားတစ်ဦးက ဓာတ်ပုံရိုက်ယူပြီး social media ပေါ်မှာ ဝေမျှထားခဲ့တာပါ ။ Jhunnel ကလည်း အဆိုပါသားအဖ 3 ယောက်နောက် လိုက်ပြီး စုံစမ်းခဲ့ချိန်မှာတော့ ဖခင်ဖြစ်သူဟာ အသက် 38 နှစ်အရွယ် Arebuabo အမည်ရှိသူပါ လေဖြတ်ဝေဒနာကိုခံစားခဲ့ရပြီး အချိန်အတော်ကြာ အလုပ်မလုပ်ကိုင်နိုင်ခဲ့လို့ ဆေးရုံက ဆင်းခဲ့ချိန်မှာတော့ ဇနီးဖြစ်သူက သူ့အား ထားရစ်ခဲ့တာပါဇနီးဖြစ်သူက တစ်ခါတည်း သမီးနှစ်ယောက်လုံးကိုပါခေါ်ပြီး အိမ်ကနေထွက်ခွာသွားခဲ့တာပါ ။ Arebuabo ရဲ့ညီမဖြစ်သူက လိုက်လံဖြောင်းဖျခဲ့ပေမဲ့လည်း ဇနီးဖြစ်သူက […]

ၾကားသိရသမွ်

နေပြည်တော်မှာလည်း စစ်ကား အသွားအလာရှုပ်ထွေးနေပြီး မတည်ငြိမ်မှု ရှိနေ

ရန်ကုန်မြို့အင်းလျားလမ်း၊ လွန်ခဲ့တဲ့ တနရီကျော်ခန့်က တပ်မတော် ဧည့်ဂေဟာနားမှာ စစ်တပ်အင်အား အလုံးအရင်းနဲ့ ပိတ်ဆို့ထားတာ တွေ့ရပါတယ်။ သြဂတ်စတင်း ကျောင်းနားမှာ စစ်ကား အနည်းဆုံး ၁၀ စီးကျော် ရှိနေပြီး၊ အင်လျားလမ်း နဲ့ ဥယျဉ်လမ်းထောင့်မှာ စစ်ကား အနည်းဆုံး ၃ စီးခန့် ပိတ်ထားတာကို တွေ့ရပါတယ်။ . ဒီနေရာဝန်းကျင်ဟာ အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်နေအိမ်ရှိရာအရပ် ဖြစ်ပြီး ဒုချုပ်စိုးဝင်းနေထိုင်တဲ့ ရပ်ကွက်လည်း ဖြစ်ပါတယ်။ နေပြည်တော်မှာလည်း စစ်ကား အသွားအလာရှုပ်ထွေးနေပြီး မတည်ငြိမ်မှု ရှိနေတယ်လို့ သိရပါတယ်။ . ခုချိန်မှာ အာဏာလုခေါင်းဆောင် မင်းအောင်လှိုင်ဟာ ရန်ကုန်မှာ ရှိမနေပါဘူး။ ပြီးခဲ့တဲ့ရက်က ရုရှားနိုင်ငံသို့ သွားရောက်နေပြီး မနက်ဖြန် (ဇွန်၂၆) မှာ ပြန်ရောက်မယ်လို့လည်း ကနဦးသတင်းတွေအရ […]

ၾကားသိရသမွ်

တရုတ်ကုမ္ပဏီ Huawei ၏ 5G ကွန်ရက်ပစ္စည်းများအပေါ် ပိတ်ပင်ချက် ဆွီဒင်တရားရုံးက အတည်ပြုထိန်းသိမ်း

ဆွီဒင်နိုင်ငံတွင် တရုတ်တယ်လီကွန်းကုမ္ပဏီ Huawei Technologies ၏ 5G အင်တာနက်ကွန်ရက် နည်းပညာတပ်ဆင်ပစ္စည်းများ ရောင်းချမှုအပေါ် ပိတ်ပင်ချက်တစ်ရပ်ကို ယခုအခါ ဆွီဒင်တရားရုံးတစ်ခုက အတည်ပြုထိန်းသိမ်းခဲ့ကြောင်း သိရသည်။ ဆွီဒင်နိုင်ငံ၏ စည်းမျဥ်းထိန်းသိမ်းရေးအဖွဲ့အစည်းဖြစ်သည့် ဆက်သွယ်ရေးနှင့် တယ်လီကွန်းအာဏာပိုင်အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလက Huawei နှင့် အခြားတရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် ZTE တို့ကို နိုင်ငံတွင် အင်တာနက်ကွန်ရက်ဆိုင်ရာ ပတ်သက်လုပ်ကိုင်ခွင့်နှင့်ပတ်သက်ပြီး ပိတ်ပင်တားမြစ်ထားခဲ့ခြင်းဖြစ်သည်။ နိုင်ငံ၏ ထောက်လှမ်းရေးအဖွဲ့အစည်းများ၏ အကြံပြုချက်အပေါ် မူတည်ပြီး လုံခြုံရေး စိုးရိမ်ပူပန်မှုများအရ ယင်းကဲ့သို့ ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဆွီဒင်အာဏာပိုင်အဖွဲ့က ပြောသည်။ Huawei သည် ပြီးခဲ့သည့် ဒီဇင်ဘာလက ယင်း၏ ကနဦး အယူခံ၀င်မှုတစ်ခုတွင်လည်း အရေးနိမ့်ထားခဲ့သည်။ “ဆွီဒင်ရဲ့ လုံခြုံရေးဟာ အထူးအရေးကြီးပါတယ်၊ ဆွီဒင်နိုင်ငံအပေါ် ခြိမ်းခြောက်မှုနဲ့ ဆွီဒင်ရဲ့ လုံခြုံရေးပိုင်းနဲ့ ပတ်သက်လို့ကတော့ […]

ၾကားသိရသမွ်

ရုတ်တရက်နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့တေးသံရှင်ရေမွန်အတွက် နိုဗန်ထူးရဲ့ ကတိစကား

ရုတ်တရက်နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့တေးသံရှင်ရေမွန်အတွက် နိုဗန်ထူးရဲ့ ကတိစကား ဒါက မဆုံးခင် နောက်ဆုံးပို့တဲ့ စာလေး နောက်က လိုက်လာတဲ့တစ်နေ့ wifi စက်ယူလာပြီး Hello လိုက်မယ် မလိုက်လာခင်တော့ အမေနဲ့ညီမကို ကျွန်တော် ဆက်စောင့်ရှောက်လိုက်ပါမယ် စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့ လိုက်ပါ အဲ့ဒီအပြင် ငါ့အကိုအတွက် ဒီမိုကရေစီရဖို့ သွေ.းကြွေ းပါဆပ်မယ် ဟိုးအပေါ်မှာ တော်လှန်ရေး ရဲဘော် ညီအကိုတွေနဲ့ ပြုံးနေနိုင်ပါစေ ဆရာတွက်ရေ Unicode ရုတ်တရက်နှုတ်ဆက်ထွက်ခွာသွားခဲ့တဲ့တေးသံရှင်ရေမွန်အတွက် နိုဗန်ထူးရဲ့ ကတိစကား ဒါက မဆုံးခင် နောက်ဆုံးပို့တဲ့ စာလေး နောက်က လိုက်လာတဲ့တစ်နေ့ wifi စက်ယူလာပြီး Hello လိုက်မယ် မလိုက်လာခင်တော့ အမေနဲ့ညီမကို ကျွန်တော် ဆက်စောင့်ရှောက်လိုက်ပါမယ် စိတ်ဖြောင့်ဖြောင့်နဲ့ဘဲ ချန်ခဲ့ လိုက်ပါ အဲ့ဒီအပြင် ငါ့အကိုအတွက် ဒီမိုကရေစီရဖို့ […]

ၾကားသိရသမွ်

ကျောင်း မီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ ရုပ်ပွားတော်

ကျောင်း မီးလောင်တော့ ပေပင်ပေါ်ကြွသွားတဲ့ ရုပ်ပွားတော် စလင်းမြို့ လက်ပံပင်ကျောင်းတိုက်မှာကိန်းဝပ်စံပါယ်တော်မူတဲ့ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ဟာ အလောင်းစည်သူမင်းလက်ထက် ကတည်းကထုလုပ်ပူဇော် ထားခဲ့တယ်လို့ ဘုရားသမိုင်းမှာ ဖော်ပြထားပါတယ်။ သရက္ခန်သားနဲ့ ထုလုပ်ပူဇော်ထားတဲ့ဘုရားငါးဆူ အနက်တစ်ဆူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အများသိကြတဲ့အညာသီဟတောဘုရားနဲ့ညီအစ်ကို ဆင်းတုတော်တွေပါ။ တစ်ခါက ရုပ်ပွားတော်မြတ်ကိန်းဝပ်စံပါယ်တော်မူရာ အဆောင်ကို (သူတို့ကတော့ စာတိုက်လို့ ခေါ်ပါတယ်) မီးလောင်သွားတော့ကျောင်းထိုင်ဆရာတော် အပါအဝင်တမြို့လုံး ယူကြုံးမရ ဖြစ်ကြရပါသတဲ့။ ဒါပေမယ့် မီးလောင်ပြီးနောက်ပိုင်း ရက်တွေမှာ’မာလာရှင်ကျော် ပေပင်ပေါ်မှအမြန်ချလော့’ ဆိုပြီး ကျောင်းထိုင် ဆရာတော်ကိုအိပ်မက်ပေးပါ သတဲ့။ ခဏ ခဏ မက်ပါများလာတဲ့ အခါဆရာတော်လည်းကျောင်းသားတွေကိုပေပင်ပေါ် တက်ကြည့်ခိုင်းလိုက်တော့ အားလုံးကမီးလောင်သွားပြီလို့ ထင်နေကြတဲ့ရတနာမဉ္စူ ရုပ်ပွားတော်မြတ်ကိုပေပင်ပေါ်မှာ စံပါယ်နေတာ တအံ့တသြ တွေ့ကြရပါသတဲ့။ ဒီတော့မှကျောင်းဆောင် မီးလောင်တော့ပေပင်ပေါ် ကြွသွားတဲ့ ဘုရား ဆိုပြီး တန်ခိုးကြီးမှန်းသိကာ ကြည်ညို […]

ကြားသိရသမျှ

ဗိုလ်ချုပ်မှူး ကြီးမှ ဟီး ဟီးဟီးနဲ့ တဖက်လှည့်သွားမူကို ဂျပန်မီဒီယာများမှ အမိအရထုတ်လွှင့်…

ဗိုလ်ချုပ်မှူး ကြီးမှ ဟီး ဟီးဟီးနဲ့ တဖက်လှည့်သွားမူကို ဂျပန်မီဒီယာများမှ အမိအရထုတ်လွှင့်… &; ရုရှားရောက်နေတဲ့ ဗိုလ်ချုပ်မှူးကြီးအား ကို ဂျပန်သတင်းထောက်မှ အင်္ဂလိပ်လို အင်တာဗျုးချိန် ဗိုလ်ချုပ်မှူး ကြီးမှ ဟီးဟီး ဟီးဟီးနဲ့ တဖက်လှည့်သွားမူကို ဂျပန်မီဒီယာများမှ အမိအရထုတ်လွှင့်ပြသခဲ့ ဂျပန်မီဒီယာမှ သတင်းကြေညာခဲ့ရာမှာ-ကိုယ့်ပြည်သူပြည်သားတွေကို သ တ်ဖြ တ်မူကြောင့် နိုင်ငံတကာရဲ့အပြင်းအထန်ဝေဖန်မူတွေကို ခံနေရတဲ့ စကစ ရဲ့ ထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး က မော်စကို ကို ရောက်ရှိနေပုံကို ဂျပန်မီဒီယာ ANNမှအမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်.. ၂၂ရက်နေ့က ရုရှားနိုင်ငံ မော်စကိုမြို့တော်ရှိ ဟိုတယ် သို့ ရောက်ရှိလာတဲ့ ဗိုလ်ချုပ်မှူးကြီး က ရုရှားကာကွယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းရေးမှူး က ကျင်းပပေးတဲ့ ပါတီကို မိနစ်၂၀ တက်ရောက်ခဲ့ပါတယ်.. အဲ့ဒီအချိန်မှာ ဂျပန်သတင်းထောက်မှ […]

ၾကားသိရသမွ်

စစ်ကိုင်းတံတားပေါ်က ချစ်သက်သေ သော့တွဲလေးများ

စစ်ကိုင်းတံတားပေါ်က ချစ်သက်သေ သော့တွဲလေးများ စစ်ကိုင်းတံတားပေါ်က သော့တွဲလေးများ စစ်ကိုင်းတံတားအသစ်(ရတနာပုံ)ရဲ့ Platform ပေါ်မှာ လမ်းလျှောက်ဖူးသူတိုင်း ဒီသော့တွဲလေးတွေကို မြင်ဖူးကြမှာပါ။ ကိုယ်တွေလည်း ပထမဆုံး မြင်ဖူးတုန်းက ဘာလုပ်ထားတာလဲပေါ့ ..? နောက်တော့မှ သိရတယ်။ ချစ်သူရည်းစားတွေ အတူတူလာချိတ်ထားတာတဲ့ ။ လိုက်ပြီးရေတွက်ကြည့်ရင် နှစ်ဖက်ပေါင်းအခု 500 တော့ကျော်မယ်ထင်တယ် ။ ချစ်သူနှစ်ယောက် သော့နှစ်ခုကို အတူတူဝယ်တယ်။ ပြီးတော့ တံတားပေါ်မှာ အခုလိုမျိုးအတွဲလေးဖြစ်အောင် အတူတူချိတ်ကြတယ် ။ ပြီးရင်သော့တံနှစ်ခုကိုလည်း အတူတူချိတ်ပြီး တံတားပေါ်ကနေ ဧရာဝတီမြစ်ကြီးထဲကို သစ္စာပြုပြီး လွှင့်ပစ်ကြတယ်ပေါ့ ။ ဆိုလိုတာက သူတို့နှစ်ယောက်ကို ဘယ်သူခွဲခွဲ မကွဲနိုင်တော့ဘူးပေါ့..။ ကိုယ်တော့ ခုချိန်ထိ အဲ့လို မချိတ်ဖူးသေးဘူး။ချိတ်မယ်ဆိုလည်း တစ်ယောက်ထဲ သွားချိတ်ရုံပဲ။ ဒီအထိက တွေးကြည့်ရင် တကယ် ကြည်နူးစရာလေးပါ […]

ၾကားသိရသမွ်

အနမ်းတွေတဖွဖွပေးရင်း နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားတွေ တတွတ်တွတ်ပြောနေတဲ့ ရေမွန့်မိခင်ရဲ့ဗီဒီယိုဖိုင်

အနမ်းတွေတဖွဖွပေးရင်း နောက်ဆုံးအနေနဲ့နှုတ်ဆက်စကားတွေ တတွတ်တွတ်ပြောနေတဲ့ ရေမွန့်မိခင်ရဲ့ဗီဒီယိုဖိုင် အဆိုတော်ရေမွန်ကတော့ ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့မှာပဲ သူချစ်ရတဲ့သူတွေအားလုံးကို အပြီးတိုင်နှုတ်ဆက်သွားခဲ့တာ ဖြစ်ပါတယ် ။ နောက်ဆုံးအချိန်အထိတိုင်အောင် အမှန်တရားဘက်က ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ ရေမွန်က အစာအိမ်သွေးကြောပေါက်ပြီး ကွယ်လွန်သွားခဲ့ရတာ ဖြစ်ပါတယ် ။ ရေမွန်ရဲ့ဈာပနပွဲကိုတော့ ဒီနေ့ဇွန်လ (၂၅) ရက်နေ့မှာပလွတ်မြောက်နယ်မြေကတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ရေမွန်ရဲ့နောက်ဆုံးခရီးကို မိသားစုဝင်တွေ၊မိတ်ဆွေတွေ၊ ပရိသတ်တွေနဲ့ ပြည်သူတွေ လိုက်ပါပို့ဆောင်ခဲ့ကြတာ ဖြစ်ပါတယ် ။ မီးသင်္ဂြိုဟ်ခါနီးအချိန်မှာတော့ မိခင်ဖြစ်သူက ရေမွန်ရဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ရင်း နှုတ်ဆက်အနမ်းတွေ တဖွဖွပေးခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သားလေးရဲ့ခေါင်းကိုသပ်ပေးရင်းနဲ့ သူမရင်ထဲက ပြောချင်ခဲ့တဲ့ စကားတွေကို ဖွင့်ဟပြောပြခဲ့တာလည်း ဖြစ်ပါတယ် ။ ရေမွန်ရဲ့မိခင်ကတော့ သားလေးစိတ်ဖြောင့်ဖြောင့်နဲ့သွားနိုင်ဖို့အတွက် နွေးထွေးတဲ့မေတ္တာတွေနဲ့ ဘေးကနေ […]

ၾကားသိရသမွ်

ပြင်သစ်နဲ့ပေါ်တူဂီဘောလုံးပွဲစဉ်မှာ FREE BURMA အင်္ကျီကိုင်ပြီး မြန်မာနိုင်ငံအတွက်အားပေးခဲ့တဲဲ့ ပေါ်တူဂီပရိသတ်တစ်ဦး

မနေ့ကတော့ ပေါ်တူဂီနိုင်ငံ၊ Budapest မြို့မှာ ပြင်သစ်နဲ့ ပေါ်တူဂီဘောလုံးပွဲစဥ်ကို ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ် ။ ဒီပွဲကို ” Chan Views UK” ဆိုတဲ့ Sport News Blogger တစ်ဦးကလည်း သွားရောက်ကြည့်ရှုခဲ့တာ ဖြစ်ပါတယ် ။ သူကတစ်ဆင့် Live လွှင့်ပေးခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ပေါ်တူဂီပရိသတ်တစ်ဦးက မြန်မာနိုင်ငံအတွက် အားပေးခဲ့တာကို တွေ့ရပါတယ်။ ပေါ်တူဂီပရိသတ်တစ်ဦးက “Chan Views UK” ကပေးတဲ့ တီရှပ်ကိုကိုင်မြှောက်ပြီး အားပေးခဲ့တာ ဖြစ်ပါတယ် ။ တီရှပ်ရဲ့အရှေ့ဘက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာပုံပါရှိပြီး အနောက်ဘက်မှာတော့ ” Free Burma” ဆိုတဲ့စာတန်းပါရှိတာပဲ ဖြစ်ပါတယ် ။ ဒီတီရှပ်ကိုကိုင်ပြီး အားပေးခဲ့တဲ့ ပေါ်တူဂီပရိသတ်တစ်ယောက်ရဲ့ဗီဒီယိုက အခုဆိုရင် လူမှုကွန်ယက်စာမျက်နှာထက်မှာ အတော်လေးရေပန်းစားနေတာ ဖြစ်ပါတယ် […]