ချင်းလူမျိုး ဗုဒ္ဓဘာသာဝင် ဦးထျန်ဖရဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ခွေးလေး… ခွေးလေးရဲ့နာမည်က Bu(ကံကောင်း)တဲ့… နေ့တိုင်းဘုရားစင်ရှေ့မှာ ၁ဝမိနစ်လောက် ဦးချနေတက်တယ်တဲ့… ထူးခြားချက်အဖြစ် အဲဒီ Bu လေးမွေးတဲ့ အချိန်ကစပြီး ဦးထျန်ဖတို့ရဲ့စီးပွားရေး အရမ်းတိုးတက်အောင်မြင်တယ်တဲ့… အခုဆိုရင် Buလေးဟာ အသက် ၂နှစ်ရှိပါပြီ… အသက် ၂နှစ်မပြည့်ခင်ကတည်းက အသားလုံးဝ အစားတော့ပါဘူးတဲ့… ခွေးကလေးBu(ကံကောင်း)ဘုရာရှိခိုးနေစဉ်.. သာဓုပါ ကံကောင်းလေးရေ ဒီဘဝ တရိစ္ဆာန် နောက်ဆုံးဖြစ်ပါစေ credit……………Aung Ko Myo via Aung Thuya နေ့စဉ်၁၀မိနစ်ခန့် ဘုရာ; ရှစ်ခိုးတဲ့ ခွေးကလေး(သာဓုပါ ကံကောင်းလေးရေ ဒီဘဝ တရိစ္ဆာန် နောက်ဆုံးဖြစ်ပါစေ ချင်းလူမျိုး ဗုဒ္ဓဘာသာဝင် ဦးထျန်ဖရဲ့ ဘာသာရေးကိုင်းရှိုင်းတဲ့ခွေးလေး… ခွေးလေးရဲ့နာမည်က Bu(ကံကောင်း)တဲ့… နေ့တိုင်းဘုရားစင်ရှေ့မှာ ၁၀မိနစ်လောက် ဦးချနေတက်တယ်တဲ့… ထူးခြားချက်အဖြစ် အဲဒီ […]
Day: May 24, 2020
ရေကျချိန်မှာ အလွမ်းပြေသွားရောက်ဖူးမျှော်ရင်း ဒေသခံတွေမျက်ရည်စို့ရတဲ့ သဖန်းဆိပ်ဆည်ထဲက ဘုရားကြီး
သဖန်းဆိပ်ဆည်ထဲက ဘုရားကြီးဖြစ်ပါတယ်…မိုးရာသီ ရေပြည့်ချိန်မှာ ရေအောက်မှာ စံနေတော်မှုပြီး နွေရာသီ ရေကျမှ ခုလို ပြန်ပေါ်လာတာဖြစ်ပါတယ် ၁၉၉၈ခုနှစ်က ဆည်တည်တော့ ရွာတွေရွှေ့ပြောင်းကြရတယ် တချို့မရွေ့ပြောင်းနိုင်တဲ့ အရာတွေ ရေအောက်ရောက်သွား တယ်… ဆည်ရေလျော့တဲ့အခါ မွေးရပ်ရွာက ဘုရားကြီးကို သွားဖူးကြတယ် လှေပေါ်ကနေ ဘုရားဖူးနေတဲ့သူတွေ ကြည့်ပြီး မျက်ရည်စို့ရတယ် သဖန်းဆိပ်ဆည်ကြီးကနေ ပေးဝေတဲ့ ရေတွေကြောင့် စစ်ကိုင်းတိုင်းအတွင်းက တောင်သူတွေ လယ်ယာစိုက်ပျိုးရေးအတွက် များစွာ အဆင်ပြေကြပါတယ် သဖန်းဆိပ်ဆည်ကြီးကနေ ထုတ်လုပ်ပြီး ပေးဝေတဲ့ လျှပ်စစ်မီးတွေကြောင့် ဒေသတော်တော်များများ မီးတွေလင်းနေပါပြီ… အများကောင်းကျိုးအတွက် ပေးဆပ်ခဲ့ကြရတဲ့ သဖန်းဆိပ်ဆည် ဧရိယာထဲက ဒေသခံတွေရဲ့ ရင်ထဲက နာကျင်မှုတွေကတော့ ခုထိရှိနေဆဲပါ… အများအကျိုးအတွက် ပေးဆပ်ခဲ့ကြတာပဲဆိုပြီး ဂုဏ်ယူခဲ့ကြပေမယ့်လည်း ခုလို ဆည်ရေတွေကျချိန် နေရာဟောင်းလေးကို အလွမ်းပြေလာကြည့်မိတိုင်း သူတို့တတွေ မျက်ရည်ဝဲနေဆဲပါပဲ […]
အဲကွန်းနဲ့ လျှပ်စစ်ပစ္စည်းတွွေဝယ်ရင် ဒါလေးတွေကို စစ်ပါ မဟုတ်ရင် အိမ်တွင်းသူခိုး တကောင်ရောက်နေသလိုပါပဲ . . ./
အဲကွန်းနဲ့လျှပ်စစ်ပစ္စည်းတွေဝယ်ရင်အဲဒါကိုကြည့်ပါ အဲဒါလေးကို Star rating လို့ခေါ်ပါတယ်။ အဲဒါမပါရင် ဘာတံံဆိပ်ဖြစ်ဖြစ် စွမ်းအင်သုံးစွဲမှုက ကိုယ်တိုင်တိုင်းကြည့်မှကောင်းမကောင်းသိရမှာပါ။ ပုံမှန်ကတော့1-Star ကနေ 5-Star ထိရှိပါတယ်။ နိုင်ငံအလိုက် Rating သတ်မှတ်ချက်တော့ကွဲပြားနိုင်ပါတယ်။ ဒေသတွင်းကဆို ယိုးဒယားနဲ့ စင်္ကာပူ နိုင်ငံတွေရဲ့ Rating ကအစစ်အမှန်ရထားတာဆိုရင် တကယ်ကောင်းတဲ့ပစ္စည်းဖြစ်ပါတယ်။ 5-star အဆင့်လျှပ်စစ်ပစ္စည်းတွေက စွမ်းအင်သုံးစွဲွဲအရမ်းသက်သာပါတယ်။ အိမ်သုံးအဲကွန်းမှာတော့Start rating မြင့်ရင်မြင့်သလိုဝယ်ရင်းဈေးတော့ Rating နိမ့်တဲ့စက်တွေစာရင် ၂၅% လောက်ပိုကောင်းပိုနိုင်ပါတယ်။ ဒါပေမယ့်် တနှစ်မကြာခင်မှာပဲ မီတာခသက်သာသွားလို့ နောက်နှစ်တွေမှာ တနှစ်ကိုမီတာခ သိန်းကျော်သက်သာနိုင်ပါတယ်။ ဈေးကွက်ထဲမှာတော့ Star rating မပါပဲမီတခသက်သာတဲ့ အဲကွန်းတွေလည်းရှိပါတယ်.. ဒါပေမယ့်နားလည်မှသိနိုင်မှာပါ။ လျှှပ်စစ်ပစ္စည်းတွေဝယ်တိုင်းCOP , EER ဘယ်လောက်ရှိလဲမေးကြည့်ပါCOP-3.5 အောက် ၊EER-11အောက်စက်တွေဝယ်မယ်ဆိုရင် ဒါလေးဖတ်ကြည့်ပေးပါမဖြေနိုင်ရင်..မဝယ်ပါနဲ့။ဝယ်မိရင်အိမ်ပေါ်မှာ အိမ်တွင်းသူခိုးတကောင်ရောက်နေသလိုပါပဲ။ ဥပမာ အဲကွန်း […]


