အသံအားကောင်းကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို သီချင်းတစ်ပုဒ်ထဲနဲ့ စွဲဆောင်နိုင်ခဲ့တဲ့ အဆိုတော် Lဆိုင်းဇီ က အမြဲပျော်ပျော်နေတက်သူဖြစ်သလို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလဲ သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေနဲ့အတူပျော်စရာလေးတွေကို သာဝေမျှလေ့ရှိပါတယ်။ သို့ပေမယ် ယနေ့မှာတော့ သူ့ရဲ့ ဆရာအတွက် စိတ်မကောင်းဖြစ်ရတဲ့အကြောင်းကို ရိုးရှင်းစွာ ရေးသားဖော်ပြခဲ့ပါတယ်။အဲ့ဒါကတော့ ” တော်ရုံတန်ရုံ ကျွန်မ စာရေးပြီး FB ပေါ် စာ ရေးမတင်တတ်ပါဘူး… တော်ရုံကိစ္စဆို ခေါင်းထဲမှာ မထဲ့တတ်လို့ပါ…ဒီနေ့တော့ ကျွန်မ ရေးပါမယ်… ဒီနေ့ မနက် ၉:၁၅ ကတော့ကျွန်မရဲ့ ဘဝမှာ…ဝိညာဉ်နဲ့ပတ်သက်ပီး…သေမလောက်ခံစားရတဲ့ အချိန်ဖြစ်ခဲ့ရပါတယ်…ဘုရားသခင်က အရာအားလုံးကိုသိမြင်ပီး ဘုရားဘုန်းအဖို့ဖြစ်တယ်လို့ပဲ…မျက်ရည်များနဲ့အတူဝန်ခံခဲ့ရပါတယ်…😭” “ဒီနေ့ခေတ်မှာ ယုံကြည်သူ အင်္ဂါချင်းဆိုတာ..ဘယ်ဆီများရောက်သွားသလဲလို့တောင်တွေးမိပါတယ်..😢ထပ်တူဝမ်းနဲရမယ့်အချိနိမျိုးမှာ… ကြိတ်ပျော်နေတဲ့သူတွေ တွေ့ရတော့….ရင်ထဲစို့နစ့်ရလောက်အောင်ပဲ..အလွန်ဝမ်းနဲမိပါတယ်….😢 ဒီနေ့ခေတ်က မီဒီယာခေတ်ဖြစ်နေတော့…ခရစ်ယာန်မီဒီယာတွေကနေ စလိုက်တဲ့ အရာလေးတခုကနေ…ခုလောက်ထိဖြစ်သွားခဲ့တာပဲလေနော်…” “ဘယ်မှာလဲ အင်္ဂါချင်း…? ဘယ်မှာလဲ ဘုရားမေတ္တာ….?တချို့ကခရစ်ယာန်ဖြစ်ရတာတောင်ရှက်မိတယ်လို့ပြောတဲ့အဖွဲ့တွေကရှိသေးတယ်……စိတ်မကောင်းစရာပါပဲ😢….. […]
