ကျမ္မာရေး ဗဟုသုတ

သိသိသာသာ အသားအရည်ပိုကြည်လာစေမယ့် Detox Water ပြုလုပ်နည်း../

ကျန်းမာရေးအတွက် Detox Water ပြုလုပ်နည်း အိမ်မှာနေ့တိုင်း လုပ်သောက်ဖြစ်တဲ့ Detox Water ပါ။ သောက်တာတစ်ပတ်လောက်ရှိပါပြီ။ သိသိသာသာ လန်းဆန်းပေါ့ပါးလာပါတယ်။ အသားအရည်လည်း အရင်ထက်ပိုကြည်လာတယ်လို့ထင်ရတယ်။ သယ်ချင်းတို့ကိုလည်း သောက်စေချင်လို့ လုပ်နည်း မျှဝေလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်း ၁။ သံပရာသီး (Lime) ၂။ သခြားသီး (Cucumber) ၃။ တရုတ်နံနံ (Celery) ၄။ ပူစီနံ (Mint) ၅။ ရှောက်ရွက် (Lemon leaf) ၆။ သစ်ကြမ်းပိုးခေါက် (Cinnamon) ၇။ စပါးလင် (Lemongrass) ၈။ ပျားရည် (Honey) ၉။ ဂျင်း (Ginger) ၁၀။ ရေသန့်် (Purified Drinking Water) လုပ်နည်း (၁ လီတာစာ) […]

အေထြအေထြဗဟုသုတ

မေတ္တာဖြင့်လမ်းခွဲနိုင်အောင် ကြိုးစားကြည့်ပါ…/

မေတ္တာဖြင့်လမ်းခွဲနိူင်အောင် ကြိုးစားကြည့်ပါ လမ်းခွဲတယ်ဆိုတာနှစ်မျိုးရှိပါတယ်။ ကောင်းသောလမ်းခွဲခြင်းနဲ့ မကောင်းသောလမ်းခွဲခြင်းတို့ပင် ဖြစ်ပါသည်။ ကောင်းသောလမ်းခွဲခြင်းနဲ့(မေတ္တာ) လမ်းခွဲရင်ဝမ်းနည်းစရာမလိုပါဘူး။ မကောင်းသောလမ်းခွဲခြင်းနဲ့ (တဏှာ)လမ်းခွဲရင်တော့ ဝမ်းနည်းရပါလိမ့်မယ်။ တဏှာဆိုတာ တစ်ဖက်အာရုံပေါ်မှာ ငြိကပ်နေတဲ့သဘောရှိပါတယ်။ တစ်ဖက်အာရုံကို အာရုံပြုပြီးတော့ မိမိရဲ့ကိုယ်စိတ်နှစ်ပါး ချမ်းသာမှုကို ရယူလိုတဲ့ သဘောရှိတယ်။ ဒီတော့ လူတစ်ယောက်နဲ့တစ်ယောက် ခေတ္တခဏဆုံတွေ့ပြီးလို့ လမ်းခွဲရတဲ့အခါ ကိုယ်ခွဲရလိုက်တဲ့ ပုဂ္ဂိုလ်အပေါ်မှာတဏှာငြိ ကပ်တွယ်တာနေမယ် သံယောဇဉ်နဲ့နှောင်ဖွဲ့ ရစ်ပတ်စွဲလမ်းနေမယ်ဆိုရင် မိမိရဲ့စိတ်အစဉ်မှာ မိမိနဲ့လမ်းခွဲလိုက်ရတဲ့ပုဂ္ဂိုလ်ကိုပဲ အမြဲတမ်းတမြင်ယောင်နေတဲ့အတွက် မိမိရဲ့စိတ်အစဉ်ကို မိမိကိုခွဲထွက်သွားတဲ့ပုဂ္ဂိုလ်ကပဲအနိုင်ယူ လွမ်းမိုးထားတဲ့အတွက် မိမိမှာဝမ်းနည်းရပါတယ် မေတ္တာနဲ့လမ်းခွဲပြီဆိုရင်တော့ တစ်ဖက်ပုဂ္ဂိုလ်ကမိမိရဲ့ စိတ်အစဉ်မှာ မလွမ်းမိုးတော့ပါဘူး။ မေတ္တာရဲ့သဘောက တစ်ဖက်အာရုံပေါ်မှာငြိကပ်, တွယ်တာ, နှောင်ဖွဲ့နေတဲ့သဘောမရှိပါဘူး။ တစ်ဖက်သားကို ကောင်းစားစေချင်တယ်။ ချမ်းသာစေချင်တယ်။ အစစစအရာရာအဆင်ပြေစေချင်တယ်။ တစ်ဖက်သားကောင်းကျိုးရတယ်ဆိုရင် ကျေနပ်နေတဲ့သဘောရှိပါတယ်။ လူချင်းထိပ်တိုက်တွေ့အခါမှာလည်းပဲ တစ်ဖက်သားကောင်းကျိုးဖြစ်စေမည့်စကား, စိတ်, အကြံကိုပဲ ပြောဆိုတွေးတက်ပါတယ်။ […]

သတင္း

မြောက်ဥက္ကလာပမြို့နယ်၊ ဆေး၂​ရှေ့တဲ့…/

မြောက်ဥက္ကလာစခန်းက လက်မြောက်ထားတဲ့ကတုံး အမေကတိုက်ပိုင်ရှင် သားကငမူး အမြဲသောက်ပြီးရူးနေတဲ့ကောင် သူတို့မြေညီထပ်မှာဌားတဲ့ Beauty Saloon လဲ ဆိုင်ဖွင့်တဲ့ချိန်ဆို ဆိုင်ထဲထိ အတွင်းခံပဲဝတ်ပြီး ရည်းစားစကားပြောလို့ပြော မိုက်ကြေးခွဲလို့ခွဲ ဆိုင်လာတဲ့ကာစတမ်မာဆိုလဲရိုက်လွှတ် ရဲစခန်းတိုင်လဲ တပတ်နဲ့ပြန်ပြန်ထွက်လာလို့ နောက်ဆုံးသူဒဏ်မခံနိုင်လို့ ၃ လနဲ့ဌားခအဆုံးခံပြီးပြေးခဲ့ရတယ်။ အပေါ်အခန်းဌားနေတဲ့ သင်္ဘောသားမိန်းမလဲ ယောကျာ်းသင်္ဘောတတ်တဲ့ချိန်ဆို ညဘက်အခန်းခိုးခိုးဝင်ဖို့လုပ်လို့ ပြောင်းပြေးရတယ်။ ဆေးကျောင်းရှေ့မို့ ဆေးကျောင်းကကလေးတွေ ခဲနဲ့ထု ပိုက်ဆံတောင်း ပြသာနာရှာလို့ ကလေးတွေ ရဲစခန်းသွားအမှုဖွင့်လဲဘာမှ့မထူးပါဘူးတဲ့။ ဒီနေ့တော့ ဘေးဆိုင်ငွေင်္ဒဂါးကမခံနိုင်တော့ ရဲမတိုင်တော့ပဲ ကိုယ့်ဟာကိုယ်ပဲလုပ်တော့ ကွဲကျပြဲကျပေါ့။ ဒီလိုမျိုးတွေ ကျနော်တို့ဘေးပတ်ဝန်းကျင်မှာ အများကြီးဖြစ်နေပါပြီ။ အမှုမဲ့ အမှတ်မဲ့ ငါနဲ့မဆိုင်ဘူးဆို တနေ့ကိုယ့်အလှည့်ရောက်လာပါလိမ့်မယ်။ ကျနော်တို့ခင်များတို့ရဲ့ပတ်ဝန်းကျင်မှာ တကယ့်ကိုတရားဉပဒေစိုးမိုးဖို့ လိုအပ်နေပါပြီ။ တာဝန်ရှိသူများသိစေရန် ခေမာသီလမ်း​၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆေး၂​ရှေ့ မူရင်း credit ========= မွောကျဥက်ကလာစခနျးက […]

ဗေဒင်

တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (25-5-2020 to 31-5-2020)…/

တနင်္ဂနွေသားသမီး ငယ်ရွယ်သူများ အထူးစန်းပွင့်မည့်ကာလဖြစ်သလို ရုတ်တရက်အိမ်ထောင်ကျတတ်သော ကာလပါ လုပ်ငန်းနှင့်ပါတ်သက်၍ မိမိကြံရွယ်ထားသောအကြံအစည်များ အထမြောက်အောင်မြင်ပါလိမ့်မည် လက်ရှိလုပ်ငန်းတွင် လက်အောက်ငယ်သားအချင်းချင်း နားလည်မူလွဲမှားခြင်း ရန်များခြင်းများ ဖြစ်နေတတ်ပါသည် ကျန်းမာရေးမှာ ဒူးအဆစ်အမြစ်များနာ၍ မလှုပ်ချင်မကိုင်ချင် ဖြစ်နေလိမ့်မည် ထီ 96ပါသောထီထိုးပါ ယတြာ ကြံတစ်ညွှန့်နှင့် သပြေ၆ညွှန့်ပူး၍ဘုရားလှုပေးပါ တနင်္လာသားသမီး အတိုက်အခံတွေ အလွန်များနေသော ကာလပါ မိမိ၏အောင်မြင်မူအပေါ်တွင် မနာလိုသူများ၏ တိုက်ခိုက်ခြင်းခံရပါလိမ့်မည် ဘယ်လိုအခြေအနေပဲကြုံကြုံ မိမိရဲ့ကြိုးစားမူကို လုံးဝမလျှော့ပါနှင့် နှစ်ဆတိုး၍ထပ်ကြိုးစားပါ အထူးချွန်ဆုံး အောင်မြင်မူရလာဘ်များကို ခံစားရပါလိမ့်မည် ကျန်းမာရေးတွင် အာရုံကြောအားနည်းတတ်ပါသည် သတိမကြာခဏမေ့တတ်ပါသည် ထီ 90ပါသောထီကိုထိုးပါ ယတြာ သစ်သီး၆မျိူးဘုရားလှုပေးပါ အင်္ဂါသားသမီး ကျန်းမာရေး အထူးဂရုပြုရမည့်ကာလပါ ရုတ်တရက်ကြီး ခေါင်းတွေမူးဝေလာတတ်ပါတယ် ဒီလိုကာလတွေမှာ အစားမှားဆေးမှားဖြစ်တတ်လို့ အထူးသတိပြုရပါလိမ့်မည် ရပ်ဝေးခရီးမသွားသင့်သော ကာလပါ အထူးသဖြင့် ရေလမ်းခရီးရှောင်ပါ […]