အချစ်နှင့်ဘဝ
ကောင်လေးတွေ တကယ်ချစ်မိပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက်
ကောင်လေးတွေ တကယ်ချစ်မိပြီဆိုရင် ပြုမူတတ်တဲ့အချက် ၉ ချက် သင့်အပေါ် တကယ်ချစ်တဲ့ချစ်သူနဲ့ ဆုံတွေ့ရတာ နေ့တိုင်းကံကောင်းနေတာပါနော်။ အတိတ်မှာ သင်ကတကယ်ချစ်ခဲ့ပေမယ့် သင့်ကိုတကယ်မချစ်တဲ့သူနဲ့လည်း ဆုံခဲ့ရမှာပါပဲ။ အဲဒီအချိန်မှာ ကြီးကြီးမားမားစိတ်ထိခိုက်တာတွေ၊ အသည်းကွဲတာတွေကို ခံစားရမှာပါ။ အသည်းကွဲပြီဆိုရင် ယုံကြည်မှုတွေလည်း ပျောက်ဆုံးသွားမှာပဲဖြစ်ပါတယ် … ။ မျှော်လင့်ချက်တွေလည်း ဆုံးရှုံးသွားမယ်။ အမှန်တရားတွေကိုလည်းညလက်မခံနိုင် ဖြစ်လာပါလိမ့်မယ်။ နောက်ထပ် မချစ်မိတော့အောင် သင့်ကိုယ်သင် ကတိပေးနေတော့မှာပါ။ အချစ်စစ်ကိုမတွေ့မချင်း ဘယ်သူ့ကိုမှမချစ်မိအောင် နေမယ်လို့ သင်ပြောခဲ့မှာပါပဲ။ ဒါပေမယ့် အလုပ်ထက် အပြောက ပိုလွယ်ပါတယ်နော် …. ။ Relationship တစ်ခုမှာ ကောင်လေးတွေက စကားများတာ၊ လေပေါတာကို မကြိုက်ပါဘူး။ အဲဒီအခါ သင့်ချစ်သူက တကယ်ချစ်လား၊ မချစ်ဘူးလားဆိုတာကို လေ့လာဖို့ လိုလာပါပြီ။ ပထမဆုံးအချက်နေနဲ့ ကောင်လေးတွေက အပြောကောင်းပါတယ်။ […]
အထွေအထွေဗဟုသုတ
်ပညာရှင်တွေပြောတဲ့ လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခု အဓိပ္ပါယ်
ပညာရှင်တွေပြောတဲ့ လုံးဝလျစ်လျူမရှုထားသင့်တဲ့ အိမ်မက် ၅ ခုနဲ့ အဓိပ္ပါယ် အိမ်မက်ပညာရှင်တွေအဆိုအရ အိမ်မက်ဆိုတာ ကျွန်တော်တို့ရဲ့ ဘဝနဲ့မသိစိတ်တွေမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ပက်သက်တဲ့ အရေးကြီးအချက်အလက်တွေကို ပြောပြနိုင်တယ်လို့ဆိုပါတယ်။ အိမ်မက်တွေဟာ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာဖြစ်ပျက်နေတာတွေကိုထိုးထွင်းသိစေနိုင်ပါတယ်။ ဒီအိမ်မက်တွေဟာ မကြာခန ဒါမှမဟုတ် ရံဖန်ရံခါ မက်လေ့ရှိကြောင်း သင်သတိထားမိကောင်းထားမိပါလိမ့်မယ်။ အိမ်မက်တွေနဲ့ပက်သက်ပြီး သူ့လူမျိုးရိုးရာဓလေ့အရ အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ အမျိုးမျိုးရှိကြပါတယ်။ ခုပြောပြချင်တာက Oneirologyလို့ခေါ်တဲ့ အိမ်မက်တွေနောက်ကွယ်က အဓိပ္ပါယ်ကိုလေ့လာတဲ့ပညာအရ စိတ်ပညာရှင်တွေဖွင့်ဆိုထားတဲ့အရာတွေဖြစ်ပါတယ်။ကဲ..ဒီတော့ သင်မက်ခဲ့ဖူးပေမယ့် လျစ်လျူရှုထားတတ်တဲ့ အိမ်မက် တွေက ဘာကိုဆိုလိုတယ်ဆိုတာအောက်မှာဖတ်ကြည့်လိုက်ကြရအောင်.. ထိခိုက်ဒဏ်ရာရတာနဲ့ သေခြင်းတရားနဲ့ပက်သက်တဲ့အိမ်မက် အိမ်မက်ထဲမှာ ထိခိုက်ဒဏ်ရာရတာတွေ သေပီးသားလူတွေ စသဖြင့် မက်ခဲ့ရင် ဒါကဘာကိုပြောတာလဲဆိုရင် “သင့်ဘဝအတွက် အရေးကြီးတဲ့လူတစ်ယောက်ယောက် အရေးကြီးတဲ့အရာတွေကို ဆုံးရှုံးသွားမှာကိုကြောက်တာ ဒါမှမဟုတ် သင့်ကိုသင်လုံခြုံမှုမရှိတာကိုခံစားနေရတယ်”လို့ဆိုလိုတာပါ။ သင့်အိမ်မက်ထဲမှာ သေပီးသားလူကို ပြန်မက်တာဟာ သင့်ရဲ့မသိစိတ်က အဲ့ဒီ ဆုံးရှုံးမှုအတွက် […]
ကြားသိရသမျှ
သားအမိနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာ၊ အပြုံးပီတိတို့နဲ့ မိသားစုပြန်လည်ဆုံစည်းတဲ့နေ့(ရုပ်သံ)
ၾကားသိရသမွ်
အဆိုတော် ကိုမနော အနေနဲ့ ရတနာပုံတက္ကသိုလ်ကို (၇)ရက်အတွင်း လာရောက်တောင်းပန်ဖို့ အသိပေးထားတဲ့ (ရုပ်/သံ)
အဆိုတော်မနောအနေနဲ့ ရတနာပုံတက္ကသိုလ်ကို (၇)ရက်အတွင်း လာရောက်တောင်းပန်ဖို့ အသိပေး တေးသံရှင်အဆိုတော် မနောရဲ့ လွန်ခဲ့တဲ့ရက်ပိုင်းကထွက်ရှိထားတဲ့ ကိုလူပျိုသီချင်းရိုက်ကူးရာမှာ ရတနာပုံတက္ကသိုလ်ရဲ့ ‌ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ရုပ်သံများ ပါရှိတဲ့အတွက် ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေဟာ ဒီကနေ့မနက်ပိုင်းက ရှင်းလင်းမှုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာရိုက်ကူးထားတဲ့ ရုပ်သံတွေဟာ ရတနာပုံတက္ကသိုလ်ရဲ့ ဂုဏ်သိက္ခာ၊ ကျောင်းသား/သူတွေရဲ့ ဂုဏ်သိက္ခာကို ညှိးနွမ်းစေပြီး အဲ့ဒီ MTV ရိုက်ကူးချိန်က ကျောင်းအုပ်ချုပ်ရေးတွေရဲ့ ခွင့်ပြုချက်မရှိဘဲနဲ့ သူတို့သဘောအတိုင်း သူတို့ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပွဲပြုလုပ်တဲ့ကျောင်းသားတွေကပြောပါတယ်။ ” အာ့တွေနဲ့ပတ်သက်ပြီး ကိုမနော နဲ့ အဲ့ဒီထဲမှာပါဝင်သရုပ်ဆောင်ထားသူတွေက ရတနာပုံတက္ကသိုလ်ကျောင်းသား/သူတွေ၊ ကျောင်းအုပ်ချုပ်ရေး ဆရာ/ဆရာမတွေကို တစ်ပတ်အတွင်းပြန်လည်တောင်းပန်ဖို့ ရှင်းလင်းပွဲလုပ်ရတာဖြစ်ပါတယ်”လို့ ရတနာပုံတက္ကသိုလ်ကျောင်းသား ကိုမျိုးချစ်ဇော်ကပြောပါတယ်။ အခုလိုဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး အဆိုတော်မနောရဲ့ လက်ကိုင်ဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ဖုန်းဝင်ပေမယ့် ဖုန်းကိုင်ဖြေကြားတာမရှိပါဘူး။ အဲ့ဒီသီချင်းဟာ အခုအချိန် လူမူကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေပြီဖြစ်တဲ့အတွက် ရတနာပုံတက္ကသိုလ်ကျောင်းသားတွေကိုလည်း လူသိရှင်ကြား […]
အထွေအထွေဗဟုသုတ
ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူး( ဘာဖြစ်လို့လဲ သမီး ?)
ဖေဖေ သမီး ဘုရားကို နောက်တစ်ခါ ထပ်မသွားတော့ဘူး… ဘာဖြစ်လို့လဲ သမီး ? ဘုရားကို သမီးသွားတော့ တွေ့တဲ့လူတိုင်းက ဘုရားဝတ်ပြုနေတဲ့ အချိန်မှာတောင် ဖုန်းသုံးနေတဲ့သူနဲ့ အတင်းပြောနေတဲ့သူနဲ့ ဘယ်သူမှ တလေးတစား မရှိကြဘူး သူတို့အားလုံးဟာ သူတော်ကောင်းယောင် ဆောင်နေကြတာပဲ ဖေဖေ… ဒါဆို သမီး ဘုရား မသွားတော့ဖို့ မဆုံးဖြတ်ခင် ဖေဖေ သမီးကို တစ်ခုလောက် လုပ်ခိုင်းလို့ရမလား…? ပြောကြည့်လေ ဖေဖေ ဘာများလဲ… ဒါဆို သမီး ဖန်ခွက်ထဲ ရေအပြည့်ထည့်ပြီး ဘုရားကို ၂ ပတ် လမ်းလျောက်ရမယ် ဒါပေမယ့် ရေတော့ လုံးဝမဖိတ်ရဘူးနော် ဒါလေးများ သမီး လုပ်နိုင်ပါတယ် ဖေဖေ ခဏအကြာ…. .သမီး ပြန်ရောက်ပီ ဖေဖေ ဒီမှာကြည့် ရေ […]
အထွေအထွေဗဟုသုတ
အိမ်ထောင်သည် အစ်မကြီး တစ်ယောက် ရဲ့ တောင်း ဆိုချက် အရ တင်ပေးလိုက် ပါပြီ …
အစ်မကြီး တစ်ယောက် ရဲ့ တောင်း ဆိုချက် အရ တင် လိုက်ပါပြီ… နောက်အိမ်ထောင် ပြု တဲ့ ဖခင် ၊မိခင်တိုင်း လိုလို အများစု ဘဝဇာတ်သိမ်း မကောင်းကြပါဘူး …။ ကျန်ရစ်ခဲ့တဲ့ အမေ့ အဖေ့ ကို အသနားပိုပြီး သားသမီး များက ပို ချစ်ကြတယ် …။ အသိစိတ်က အဖေ အမေ ဆိုပေမယ့် မသိစိတ်ကကြည်ညိုလို့ မရတဲ့ ဖခင်၊မိခင် ဖြစ်နေတာပါ …။ အသိစိတ်က သွေးသား တော်စပ်ပေမယ့် မသိစိတ်က သူစိမ်းတစ်ယောက် လိုဘာ ခံစားချက်မှမရှိသလောက် ဖြစ်နေတော့တာပါ …။ အသက် အရွယ် ကြီး လာတာနဲ့ အမျှ သား ရင်း သမီး ရင်း […]
ကြားသိရသမျှ
“လိုင်းပေါ်မှာတော့ကျနော်ပေါက်တယ်လို့ ပြောနေကြတာပေါ့၊တကယ်ကကျနော့်ဆိုင်ကထွက်တာပါ ” လို့ ပြောလာတဲ့ ဦးစိုးဝင်း
ယခုသတင်းကို မုံရွာဂေဇက်မှကူးယူဖော်ပြသည် ကနီမြို့နယ် ဝရာကျေးရွာမှ ကားသမားတစ်ဦး ထီသိန်းတစ်သောင်းခွဲဆု ဆွတ်ခူး ကိုအောင်ကြီး မုံရွာ၊ဇူလိုင်-၁ ယနေ့ထွက်ရှိသော ၁၇ ကြိမ်မြောက် အောင်ဘာလေထီ၏ အမြင့်ဆုံး သိန်းတစ်သောင်းခွဲဆု ကို စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝရာကျေးရွာရှိ ကားသမားတစ်ဦးဖြစ်သူ ကိုသောင်းထိုက်လင်းမှ ဆွတ်ခူးရရှိခဲ့သည်။ သိန်းတစ်သောင်းခွဲပေါက်ခဲ့သော ည-၈၅၃၀၉၅ ထီလက်မှတ်အား မုံရွာမြို့ ဗိုလ်ချုပ်လမ်း ရဲတိုက်တန်းရှိ အောင်ဆုထူးပိုင် ထီဆိုင်မှ ထိုးခဲ့ခြင်းဖြစ်ကြောင်း ထီဆိုင်ရှင် ကိုစိုးဝင်း ကပြောသည်။ “ကျွန်တော်ပေါက်တယ် ထင်ကြတာ၊ ဆိုင်က ဝန်ထမ်းကောင်မလေးရဲ့အစ်ကိုပေါက်တာပါ။ ဒီကိုလာရင်း ထီထိုးနေကြပါ။ အခု သူက ခရီးလွန်နေလို့ လှမ်းတော့ အကြောင်းကြားထားပါတယ်” ဟု ၎င်းကပြောသည်။ မုံရွာမြို့အောင်ဆုထူးပိုင် ထီဆိုင်ပိုင်ရှင် ကိုစိုးဝင်းသည် ယခင် သိန်းတစ်သောင်းအမြင့်ဆုံးဆုချီးမြှင့်စဉ်က ပေါက်ခဲ့ဖူးသူ ဖြစ်ပြီး ယခုအကြိမ်တွင်လည်း […]
ကြားသိရသမျှ
သိန်းတစ်ထောင်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားတဲ့ အဖျော်ဆရာ . . .
ဗေဒင်
(၇) ရက်သားသမီးများ အတွက်…၂၀၂၀ ဇူလိုင်လ (၁)ရက်မှ ၊ (၇)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန်
(၇) ရက်သားသမီးများ အတွက်… ၂၀၂၀ ဇူလိုင်လ (၁)ရက်မှ ၊ (၇)ရက်အတွင်း ဆောင်ရန် ၊ ရှောင်ရန် ၊ သတိပြုရန် ၊ ယတြာပြုရန် (၁)ပတ်စာ ဟောစာတမ်း တနင်္ဂနွေ သားသမီးများအတွက် တနင်္လာ သားသမီးများအတွက် အင်္ဂါ သားသမီးများအတွက် ဗုဒ္ဒဟူး သားသမီးများ အတွက် ကြာသပတေး သားသမီးများအတွက် သောကြာ သားသမီးများ အတွက် စနေ သားသမီးများအတွက် အကျွန်ုပ်၏ ဣဌသဘောဆောင်သည့် ကောင်းသောဟောချက်များ မှန်ကန်၍ ၊ အနိဌသဘောဆောင်သည့် မကောင်းသောဟောချက်များ တက်တက်စင်အောင် လွဲမှားပါစေသတည်း။ …. ။ မိတ်ဆွေတို့၏ကောင်းကျိုးများကို အစဉ်လိုလားသော… မင်းသိမ်းခိုင် (ရွှေရမ်းထူးလင်း) Unicode Version (၇) ရက်သားသမီးများ အတွက်… ၂၀၂၀ ဇူလိုင်လ […]
ၾကားသိရသမွ်