တနင်္လာသားသမီးတို့ရဲ့အကြောင်း တနင်္လာသားသမီးတွေဟာမိတ်ဆွေပေါများတယ်၊လူချစ်လူခင်လည်း ပေါများတဲ့နေ့နာမ်ပိုင်ရှင်တွေဖြစ်တယ်၊ဒေါသထွက်တတ်ပေမဲ့ အပြင်မှာ ထုတ်ပီးအရမ်းမပွားပါဘူး၊မိသားစုအပေါ်မှာဆိုရင်တော့ နဲနဲစိတ်မရှည်တတ်ဘူး… အစွဲအလန်းကြီးပါတယ်၊ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲစွဲလမ်းနေတတ်တယ်၊စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တယ်၊ခင်ရတဲ့အပေါင်းအသင်းနဲ့ စကားပြောနေချိန်စိတ်ရှည်စွာနဲ့ စိတ်ဝင်တစားလက်ခံနားထောင်ပေးတတ်တယ်… ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့နေတတ်သလို သူများကိုပျော်ရွှင်မှုတွေ တခါတရံဖန်တီးပေးတတ်တယ်။သူငယ်ချင်းတွေ မိတ်ဆွေတွေကိုမက်မောစွာနဲ့ခင်တွယ်တတ်တယ်။အလုပ်လုပ်တဲ့နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ်…. စိတ်ကူးအမြင်ကျယ်တယ်၊ဗူးဆို ဖရုံမသီးတတ်ဘူး။ဖြစ်ချင်တာကို အမြန်ဆုံးအကောင်အထည်ဖော်ရမှကျေနပ်တတ်တယ်၊တခါတလေတော့ အလုပ်လုပ်တဲ့နေရာမှာဖြစ်ချင်တာနဲ့ ဖြစ်သွားတာနဲနဲလေးလွဲချော်နေတတ်တယ်…. ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတစ်ခုခုတွေ့မြင်ရရင်သနားတတ်တယ်၊တတ်နိုင်ရင် ကူညီလိုတဲ့စိတ်အပြည့်အဝရှိပါတယ်၊သို့ပေမဲ့ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့စိတ်လက်ပြတ်သားတယ် …. လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ပေါင်းသင်းတတ်ကြပါတယ်၊ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့လိုက်လျှောညီထွေစွာခင်မင်တတ်တယ်။ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားတယ်…. လူတစ်ယောက်ရဲ့ စိတ်ကို အတွင်းကျကျလေ့လာတတ်တယ်၊စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ်။ကိုယ်မကြိုက်သောအရာတွေကိုပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တယ်။ ကိုယ်သာမှန်နေရင် ဘာကိုမှဂရုမစိုက်ပဲနေသလောက် မှားနေရင်တော့ တောင်းပန်ဖို့လည်းဝန်မလေးတတ်ဘူး။အပေါင်းအသင်းတွေကြားမှာလည်း ယုံကြည်မှုအပြည့်အဝရှိရှိနဲ့ နေတတ်တယ်၊တနင်္လာသားသမီးတွေဟာ စိတ်ကူးယဉ်ဆန်တယ်…. အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကိုလေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေပါ။အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့ကိုယ်က သူ့ထက် ချော့နေရတဲ့အနေအထားပါပဲ။်ဗေဒင်ဆရာ ဂျာမိုးဦး နေပြည်တော် Unicode တနင်္လာသားသမီးတို့ရဲ့အကြောင်း […]
Day: July 18, 2020
အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ ချစ်ခြင်းရဲ့ လျို့ဝှက်ချက်
အချစ်ရေးအိမ်ထောင်ရေးအဆင်ပြေဖို့ ဒီနည်းကို မဖြစ်မနေသုံးပါ ချစ်ခြင်းရဲ့ လျို့ဝှက်ချက် နှစ်ပေါင်း ၂၅ နှစ်တိုင် ပြသနာလုံးဝမဖြစ်စေတဲ့နည်းလေးပါ စုံတွဲတွေအဆင်ပြေစေချင်လွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ် တစ်ခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက်၂၅နှစ်အတွင်းမှာ တခါမှကတောက်ကဆမဖြစ်ဖူးဘူးလို့ မြို့မှာနာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာကအဲဒီ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကိုမေးမြန်းဖော်ထုတ်ဖို့ အစီအစဉ်တစ်ခု လုပ်လိုက်ပါတယ်။ အယ်ဒီတာ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလိုအိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက်ခဲ့ ကြပါသလဲ ခင်ဗျာ ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်းပြောပါတယ်… “ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကိုသွားခဲ့ကြပါတယ်။ အဲဒီမှာမြင်းစီးသွားမယ်ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာကျွန်တော့်မြင်းက စီးရတာအဆင်ပြေပေမယ့် ကျွန်တော့်မိန်းမစီးတဲ့ မြင်းကတော့နည်းနည်းရိုင်းပုံရတယ်ဗျ။ လမ်းမှာ […]
မိသားစုအပေါ်တွေမှာ သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတဲ့ တနင်္ဂနွေသား သမီးတို့၏အကြောင်း
တနင်္ဂနွေသား သမီးတို့၏အကြောင်း တနင်္ဂနွေသားသမီးများဟာ လူ့ဘဝကိုစရောက်ပြီဆိုကတည်းကစိတ်ကြီးတယ်၊ငိုလွယ်တယ်၊ဒေါသဖြစ်လွယ်တယ်၊ပျော်ပျော်လည်းနေတတ်သလိုဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ…. မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ်၊ မိသားစုအပေါ်ကိုသိတတ်ပြီး စွန့်စားပေးဆပ်တတ်တယ်၊ စိတ်ပြတ်သားသလောက် အစွဲအလန်းလည်းကြီးတတ်ပါတယ်…. တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာလည်း စိတ်စွဲနေတတ်တယ်၊ကိုယ်လိုချင်တဲ့ အရာကို သူများလက်ထဲကိုမရောက်စေချင်တတ်ပါ၊တစ်ခါတစ်လေတစ်ယူသန်တဲ့စိတ်တွေလည်းရှိတတ်ကြတယ်။ ဒါဆိုရင်ဒါပဲ မပြောင်းလဲတတ်ဘူး ခေါင်းနဲနဲမာတယ်၊အလုပ်လုပ်တဲ့ နေရာမှာ ကိုယ်ဖြစ်ချင်တဲ့နေရာကိုရောက်အောင်သွားတတ်တယ်၊ကိုယ်လုပ်နေတဲ့ အလုပ်ကိုဖြစ်အောင်လုပ်တယ်…. ဘယ်တော့မှလက်မလျော့တတ်ပါ၊အပြင်မှာပြတ်သားသလိုနေတတ်ကြပေမဲ့ရင်ထဲမှာတော့အစွဲအလန်းကြီးတတ်တယ်၊ကိုယ့်ရဲ့အရှေ့မှာ စိတ်မကောင်းစရာတွေတွေ့ရင်သနားတဲ့စိတ်ရှိတယ်ကူညီလိုတဲ့စိတ်တွေလည်း အပြည့်ရှိပါတယ်….. အလုပ်လုပ်တဲ့နေရာတွေမှာတော့ နည်းစနစ်ရှိရှိလုပ်ကိုင်တတ်ပြီး လူတွေရဲ့စိတ်ကိုစူးစမ်းလေ့လာတာကို ဝါသနာပါကြတယ်။ အားနေရင် သီချင်းနားထောင်တာတို့ သီချင်းဆိုတာတို့ ဝါသနာပါပြီး စိတ်အေးလက်အေးနေရတာကို နှစ်သက်ကြတယ်။ စကားပြောရင်တည်ငြိမ်စွာနဲ့ပြောဆိုတတ်ပြီး စွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တဲ့အကျင့်လေးကိုပိုင်ဆိုင်ထားကြမယ်။အချစ်ရေးဟာတော့ ချစ်ရတဲ့သူကိုအရမ်းချစ်ပေမဲ့ အနေဝေးနေကြတတ်တယ်။ဗေဒင်ဆရာ ဂျာမိုးဦး နေပြည်တော် unicode တနင်္ဂနွေသား သမီးတို့၏အကြောင်း တနင်္ဂနွေသားသမီးများဟာ လူ့ဘဝကိုစရောက်ပြီဆိုကတည်းကစိတ်ကြီးတယ်၊ငိုလွယ်တယ်၊ဒေါသဖြစ်လွယ်တယ်၊ပျော်ပျော်လည်းနေတတ်သလိုဒေါသဖြစ်ရင်လည်း သူမဟုတ်တော့အတိုင်းပါပဲ…. မိသားစုအပေါ်တွေမှာလည်း သံယောဇဉ်ရှိတတ်သလို ဆွေမျိုးသားချင်းတွေကိုလည်း ချစ်တတ်ကြတယ်၊ မိသားစုအပေါ်ကိုသိတတ်ပြီး စွန့်စားပေးဆပ်တတ်တယ်၊ စိတ်ပြတ်သားသလောက် […]
“အို” သွေးပိုင်ရှင်လေးတွေကို ချစ်သူတော်မယ်ဆိုရင် သိထားသင့်တဲ့အချက်(၇)ချက်
အချစ်ရေး အဆင်ပြေဖို့ဆိုရင် ချစ်သူနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်ပေးဖို့ အရေးကြီးဆုံးပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ချစ်သူကို နားလည်ဖို့ဆိုရင် သူ့ရဲ့ စိတ်နေစိတ်ထား၊ အမူအကျင့်လေးတွေကို သိမှဖြစ်မှာပါ။ ဒါကြောင့် အိုသွေး ပိုင်ရှင်လေးတွေကို ချစ်သူတော်ထားရင် ဒီအချက်လေးတွေကိုသိထားမှ သူတို့လေးတွေကို နားလည်ပေးနိုင်မှာပါနော်။ (၁) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူလေးတွေ အိုသွေး ပိုင်ရှင်တွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့သူတွေဖြစ်တာကြောင့် တွေဝေတုံ့ဆိုင်းနေတာမျိုးမရှိဘဲ ဆုံးဖြတ်ချက်ချရာမှာ ပြတ်သားကြပါတယ်။ ဒါပေမယ့် တခြားသူတွေအမြင်မှာတော့ အားနည်းတဲ့သူ၊ အပျင်းကြီးတဲ့သူတစ်ယောက်ဖြစ်နေတတ်ပြီး ပျော့ညံ့တယ်လို့ အထင်ခံရတတ်ပါတယ်။ (၂) စိတ်ဓာတ်ပြင်းထန်တယ် ဖြစ်ချင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်တဲ့သူ၊ လိုချင်တာကို မရရအောင်ယူတဲ့သူတွေဆိုတာ အို သွေးတွေပါပဲ။ စိတ်ဓာတ်ပြင်းထန်ပြီး ကိုယ်လိုချင်တဲ့ result မျိုးမရတာ၊ ရှုံးနိမ့်တာမျိုးကိုလုံးဝလက်မခံနိုင်ကြပါဘူး။ ကိုယ်မျှော်လင့်ထားတဲ့ result နဲ့လွဲသွားရင် စိတ်ထိခိုက်တတ်ကြပါတယ်။ဒါကြောင့် မျှော်လင့်ချက်ကြီးကြီးမထားသင့်တဲ့သူမျိုးတွေပေါ့။ […]
သင်ညအိပ်ရင် ဘယ်ဘတ်ကို စောင်းအိပ်တက်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီ
သင်ညအိပ်ရင် ဘယ်ဘတ်ကို စောင်းအိပ်တက်တဲ့ သူတစ်ယောက် ဆိုရင်တော့ ထီပေါက်တာထက် ပိုပြီးတန်ဖိုးရှိသွားပါပြီ ဘာကြောင့် ဒီလိုမေးရသလဲဆိုတော့ သင်ရဲ့အိပ်စက်ပုံဟာ သင်ရဲ့စိတ်နဲ့ကိုယ် ကျန်းမာရေးအတွက် အရမ်းကိုအရေးတကြီး ပတ်သတ်နေလို့ပါပဲ။ အကယ်၍ သင်အနေနဲ့ ဘယ်ဘက်ကိုစောင်းအိပ်လေ့မရှိရင်တော့ အခုဖော်ပြသွားမယ့် အကြောင်းအရာတွေကို အဆုံးထိဖတ်ကြည့်ရင်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ သင်ကြိုးစားလာပါလိမ့်မယ်။ခန္ဓာကိုယ်ကို ဘယ်ဘက်သို့စောင်းအိပ်ခြင်းက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆိပ်အတေက်တွေနဲ့ မလိုလားအပ်တဲ့ အခြားသောအရာဝထ္တုတွေကို ခန္ဓာကိုယ်ကနေ ဖယ်ရှားသွားအောင် ကူညီပေးနိုင်လို့ပါပဲနော်။ ဒီလို ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေသာမက ဦးနှောက်ထဲက ဓာတုအညစ်အကြေးတွေကိုလည်း ဘယ်ဘက်စောင်းအိပ်ခြင်းဖြင့် ဖယ်ရှားပေးနိုင်ပါတယ်။သင့်ဆီမှာ နှလုံးပြသာနာရှိနေမယ်ဆိုရင် ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက သင့်ကိုကူညီပေးနိုင်ပါတယ်။ ဘာကြောင့်ဆိုတော့ ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက နှလုံးသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ရင်ပူခြင်းဝေဒနာ ခံစားနေရသူတွေအနေနဲ့လည်း ဘယ်ဘက်ကိုစောင်းအိပ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ညာဘက်ကိုစောင်းအိပ်ခြင်းက ဒီဝေဒနာကို ပိုမိုဆိုးရွှားစေနိုင်ပြီး ဘယ်ဘက်ကို ဆယ်မိနစ်ခန့်လောက် စောင်းအိပ်လိုက်ရုံနဲ့တင် […]
လူတွေအနားလာပြီး ရေတိုက်ဖို့ လက်နှစ်ဖက်မြှောက်ပြီးတောင်းဆိုနေခဲ့တဲ့ ရှဥ့်လေး (ရုပ်သံ)
လူတွေအနားလာပြီးရေတိုက်ဖို့ တောင်းဆိုနေခဲ့တဲ့ ရှဥ့်လေးရဲ့ရုပ်သံဟာ online ပေါ်မှာအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။ Video ထဲမှာတော့ ရှဥ့်ဟာ ရေဘူးကိုင်ထားတဲ့ကလေးငယ်အနားချဉ်းကပ်သွားပြီးနောက် ရေတိုက်ဖို့ရှေ့လက်နှစ်ဖက်ကိုမြှောက်ပြီးတောင်ဆိုနေခဲ့တာပါ ။ ထိုအချိန်မှာတော့ ရှဥ့်လေး ရေဆာနေတာကိုသတိထားမိသွားခဲ့ကြပြီး ကလေးငယ်မှာလည်းသူ၏ရေသန့်ဘူးကို ဖွင့်ပြီးရေတိုက်ဖို့ကြံနေပေမဲ့ ” သူ့ကို ဘယ်လိုရေတိုက်ရမှာလဲ ” ဆိုပြီး ပြောလိုက်တဲ့အချိန်မှာမှ video ရိုက်ကူနေသူက ရေသန့်ဘူးကိုယူပြီး ရှဥ့်လေးအနားသို့ ထားပေးလိုက်ပါတယ် ။ ထိုအချိန်မှာတော့ ရှဥ့်ဟာ သူ၏ပါးစပ်ကိုရေဘူးအပေါက်နားကပ်ပြီး ရေတစ်ဘူးလုံးကုန်တဲ့အထိသောက်ပစ်ခဲ့ပါတယ် ။ ရေကုန်သွားတဲ့အချိန်မှ ရှဥ့်လေးဟာ ကလေးတွေရဲ့အနားကနေ ထွက်သွားခဲ့ပါတော့တယ် ။ အဆိုပါ video ကိုရိုက်ကူးခဲ့တဲ့နေရာကိုတော့ အတိအကျမသိရပေမဲ့ ၊ လူတွေကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သိလွန်တဲ့ ရှဥ့်လေးကိုတော့ လူအတော်အများက ချီးကျူးခဲ့ကြပါတယ် ။ တစ်ချို့ကျတော့လည်း ” အတော်လေး ရေဆာနေပုံပဲ […]
ဘန်ကောက်ကနေ ရေးမြို့ ကို မိဘ မပါဘဲ ပြန်လာတဲ့ အာဂကလေး နှစ်ဦး
ဘန်ကောက်ကနေ ရေးမြို့ ကို မိဘ မပါဘဲ ပြန်လာတဲ့ အာဂကလေး နှစ်ဦး ကိုဗစ် ကာလ ထိုင်းနိုင်ငံထဲကနေ မြန်မာနိုင်ငံထဲ ကို အသက် ၉ နှစ်အရွယ် နဲ့ အသက် ၁၂ နှစ်အရွယ် ကလေးနှစ်ယောက် မိဘအုပ်ထိန်းသူလူကြီးမပါဘဲ မြဝတီနယ်စပ်၊ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား ၂ မှတဆင့် မနေ့က ဇူလိုင်လ ၁၆ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် ဝင်ရောက်လာတာကို အံ့သြစွာတွေ့ခဲ့ရတယ်လို့ မြဝတီ မဲဆန္ဒနယ်မြေ အမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်စင်အောင်က ပြောပါတယ်။ အဆိုပါ ကလေးနှစ်ဦးကို မြဝတီ BCF ဇုန် အဝင်ဝမှာ တန်းစီစဉ် မေးမြန်းကြည့်ရာ ဘန်ကောက်က မိဘတွေထံ ကျောင်းပိတ်ရက်မှာ သွားလည်ခဲ့ကြောင်းပြောပြပါတယ်။ အခုကျောင်းတက်ရတော့မှာဖြစ်လို့ နေရပ်ကို ပြန်လည်ဝင်ရောက်ခဲ့ကြောင်း၊ […]
သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်ကငါးရုပ်
သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်ကငါးရုပ် (မြန်မာနိုင်ငံလက္ခဏာဆရာလောကတွင်) လက္ခဏာပညာရပ်ကိုအသက်အငယ်ဆုံး အောင်မြင်ခဲ့ပြီးလက္ခဏာကြည့်ပရိသတ်၏ ၇၅%ထောက်ခံချက်ကိုရရှိထားကာ လက္ခဏာတွင် ထီပေါက်ကံပါလာပါက ထီပေါက်သူ အများဆုံးရွေးထုတ်ပေး သောဆရာဖြစ်သည်။ ကျွန်ုပ်ဆီမှာ ဘုတ်ကင်ကြိုယူမယ်ဆို လမ်းဘေးဈေးနဲ့ဟောတဲ့ဆရာမဟုတ်တဲ့အတွက် လမ်းဘေးဈေးပေးခြင်း၊ဉာဏ်ပူဇော်ခကို အာလူး၊ကြက်သွန် ကုန်ဈေးတန်းမှာဝယ်သလို ဈေးဆစ်ခြင်းများမပြုလုပ်ကြပါရန်။လက္ခဏာကြည့်ပရိသတ်အားလေးစားစွာဖြင့်အသိပေးအပ်ပါသည်။ သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်ကငါးရုပ် ကျွန်ုပ်သည် လက္ခဏာပညာကို အသက်၁၃နှစ်ထဲကလေ့လာလိုက်စားခဲ့သည် သင်ယူခဲ့သောပညာရပ်များကိုလဲ အပြင်တွင် လက်တွေ့ကျကျလေ့လာသုံးသပ်ပြီးမှ လက္ခဏာဆရာလောကသို့ဝင်လာခဲ့တာပါ … လက္ခဏာပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ၇၅% လောက်မီးမောင်းထိုးပြထားသလိုပါပဲ…..ပိုစ့်အသစ်တွေလဲမတင်ဖြစ်တာအတော် ကြာသွားပါပြီ …ဘုတ်ကင်ယူသူလဲတအားများနေလို့ ဒီလတော့လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာရှိတဲ့ငါးရုပ်နဲ့ပတ်သက်၍တင်ပြပေးသွားမယ် ။ လက်ဝါးပြင်ရဲ့လက်သူကြွယ်အောက်မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့မှားတတ်တဲ့ငါးရုပ်သင်္ကေတတခုပါတတ်တယ် …သေချာကြည့်ရင်တော့ကွဲပါတယ်….အောင်မြင်ရေးလမ်းကြောင်းကဖြောင့်မတ်တယ် …. ငါးရုပ်ကတော့အချွန်အတက်လေးတွေပါတယ် …ငါးရုပ် သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင်ထင်ရှားသလို အောင်မြင်ရေးလမ်းကြောင်းထက် ပိုကောင်းတတ်တယ်… လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကိုပြောင်းလဲသွားတဲ့အထိ ငါးရုပ်ကပေးစွမ်းနိုင်ပါတယ် …. တနင်္ဂနွေဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး […]
မသင်းသင်းကို မမှန်မကန်လိမ်လည်ထွက်ဆိုမှုဖြင့် အရေးယူပေးရန် ရုံးတော်တွင် လျှောက်ထားလိုက်ပြီ
ဦးဝေဠုကျော်ရှေ့နေမှ မသင်းသင်းဦးအား မမှန်မကန်လိမ်လည် ထွက်ဆိုမှုဖြင့် အရေးယူပေးရန် ရုံးတော်တွင်လျှောက်ထားလိုက်ပြီ…. မသင်းသင်းမှတခြားအမျိုးသား တဦးကိုလည်း ကာမလိမ်လည်မှုနဲ့ တရား စွဲခဲ့ဘူးတဲ့ အတွေ့အကြုံရှိသူ ဖြစ်နေ မသင်းသင်းဦး VS ကိုဝေဠုကျော် ပြန်လှန်စစ်မေးခြင်း (ဒုတိယ) အကြိမ်ကိုဝေဠုကျော်၏ ရှေ့နေမှ မသင်းသင်းဦးအား စစ်မေးချက်များ ယခင် ရုံးချိန်းမှအဆက် ရှေ့နေမေး ….စာမျက်နှာ ၂၅၄ မှ ၈၃၉ ထိသက်သေခံအဖြစ်တင်ပြထားသောသက်သေခံ (ည) (ဋ) (ဌ) အသံဖိုင်များ အနက်ကျန်ရှိသောစာမျက်နှာ ၂၅၄ မှ ၈၃၉ ထိ အသံဖိုင်များတွင်လည်း ကိုဝေဠုကျော် မှ ကျမအားလက်ထက်ပေါင်းသင်းပါမည် ဟု ကတိပေးပြောကြားထားသည့် စကားရပ်များ ပါဝင်ခြင်း မရှိဆိုလျှင် မသင်းသင်းဦးဖြေ …..ပါပါသည် ရှေ့နေမေး ……ကိုဝေဠုကျော် မှ မည်သည့် နေ့ရက်တွင် […]
လူသိနည်းပြီး သတိမမူကြတဲ့ တံမြက်စည်း နိမိတ်../
လူသိနည်းပြီး သတိမမူကြတဲ့ တံမြက်စည်းနိမိတ် ၁။ အပျိုတွေ တံမြက်စည်း ကျော်မိရင် အိမ်ထောင်မကျခင် ဗိုက်ကြီးတတ်ပါတယ်။ ၂။ အပျို၊ လူပျိုတွေ ခြေဖျားပေါ်ကျော်ပြီး တံမြက်စည်း ခတ်မိရင် အဲ့ကလေးတွေ အိမ်ထောင်မကျတော့ပါဘူး။ တံမြက်စည်းကို တံတွေးနဲ့ ပြန်ထွေးခိုင်းပါ။ ၃။ အိမ်နီး ခြံနီးချင်းတွေ ကိုယ့် အိမ်/ခြံဝကစပြီး တံမြက်စည်း လာလှည်းသွားရင် ဝင်မယ့်လာဘ် မဝင်တော့ပါဘူး။ သူ့အိမ်ဝက ပြန်လိုက်လှည်းယူပါ။ ၄။ တံမြက်စည်းသစ်နဲ့ အိမ်ထဲက အိမ်ပြင် စ မလှည်းရပါဘူး။ ပစ္စည်းတစ်ခုခု အိမ်ဝချပြီး အိမ်ထဲ အရင်လှည်းထည့်ရပါတယ်။ ၅။ ကိုယ့်မိသားစုတွေအကုန် ကံဆိုးနေတယ်ထင်ရင် ရှေ့၊ နောက် အိမ်တံခါးတွေဖွင့်ထားပြီး အိမ်ရှိလူကုန် အိမ်လယ်ကစ ရှေ့နောက်အပေါက်ဘက်ကို တံမြက်စည်း လှည်းခိုင်းပါ။ ၆။ အိမ်ဝင်တံခါးမှာ တံမြက်စည်း […]









